Saturday, March 9, 2013

NLD ညီလာခံဒုတိယနေ့ ဒေါ်စုမိန့်ခွန်းပြော

NLD ပထမဆုံးညီလာခံတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။
NLD ပထမဆုံးညီလာခံတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။
(မတ်လ ၉ ရက်၊ ၂၀၁၃)။


ဗွီအိုအေ (မြန်မာဌာန)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့မိန့်ခွန်းထဲမှာ ဘာတွေပြောသွားတယ် ဆိုတာနဲ့၊ ပြောသွားတဲ့ အထဲမှာ အဓိကကျမယ်လို့ထင်ရတဲ့ အချက်တချို့ကို ကောက်နုတ်တင်ပြရရင်တော့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်ကာလအတွင်း NLD ပါတီအနေနဲ့ ဗဟိုဦးစီးစနစ်ကျင့်သုံးခဲ့ရတဲ့အတွက် နားလည်မှု လွဲမှားခဲ့တာတွေ ရှိကောင်းရှိမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါဟာ NLD ပါတီမှာ ဗဟိုဦးစီးစနစ် ကျင့်သုံးခဲ့ဖူးတယ်ဆိုတာကို ပါတီခေါင်းဆောင်တယောက် ပထမဦးဆုံးအကြိမ် ၀န်ခံပြောဆိုခြင်းဖြစ်ပါတယ်။

Friday, March 8, 2013

ရခိုင် သမိုင်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပမည်


ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ၁၆ ရာစု က တည်ထားခဲ့သော သမိုင်းဝင်
 ရှေးဟောင်း ကိုးသောင်း ဘုရား (ဓာတ်ပုံ – နိရဉ္ဇရာ)

ရခိုင်ပြည်နယ်၌ လက်ရှိဖြစ်ပွားနေသော ဒေသတွင်း ပဋိပက္ခများနှင့်ဆက်စပ်၍ ရခိုင်သမိုင်းဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသွားမည်ဟု သိရသည်။
ဆွေးနွေးပွဲကို မတ်လ ၉ ရက်နေ့တွင် ဘန်ကောက်ရှိ မဟိဒေါ တက္ကသိုလ်၌ ကျင်းပမည် ဖြစ်ပြီး ပြင်သစ်နိုင်ငံမှ သမိုင်း ပညာရှင် Dr.Jacques P Leider ၊ နယ်သာလန်နိုင်ငံမှ Dr.Stephan နှင့် ဂျပန်နိုင်ငံမှ ပါမောက္ခ ဒေါက်တာ အေးချမ်း တို့က ရခိုင်သမိုင်းကြောင်း ဆိုင်ရာများကို ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း ထိုအခမ်းအနား ဖြစ်မြောက်ရေး ကော် မတီ အတွင်းရေးမှူးနှင့်ဘဏ္ဍာရေးမှူး ဖြစ်သူ ဦးရေ၀တ က ဧရာဝတီ ကို မိန့်သည်။

လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် မှန်ကန်မှု အားနည်းဟုဆို


မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့ အခမ်းအနားသို့
လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်သိန်းလင်း တက်ရောက်လာစဉ် (ဓာတ်ပုံ – ဧရာဝတီ)

လယ်ယာမြေစုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့၏ လုပ်ဆောင်ချက်များ မှန်ကန်ခြင်း မရှိဘဲ အားနည်းချက်များစွာ ရှိနေကြောင်း လယ်သမားများက ပြောသည်။
တနိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် မြေယာ အငြင်းပွားမှု ပြဿနာများနှင့် ပတ်သက်ပြီး လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းထားသော်လည်း လယ်ယာမြေကိစ္စ များကို စစ်ဆေး ဖော်ထုတ်ရာတွင် အားနည်းချက်များ ရှိနေပြီး ကော်မရှင် အဖွဲ့ဝင် တချို့သည် အငြင်းပွားဖွယ်ရာ လယ်ယာမြေ ကိစ္စရပ်တွင် ပါဝင် ပတ်သက်မှု ရှိနေသည်ဟု လယ်သမားများအရေး ဆောင်ရွက်နေသည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ကိုနေမျိုးဝေက ဧရာဝတီသို့ ပြောသည်။

မြန်မာ့ လူ့အခွင့်အရေး အခြေအနေများကို ဆက်လက်စောင့်ကြည့်ရန် AI တိုက်တွန်း


ရန်ကုန် (မဇ္ဈိမ)။   ။ သမ္မတ ဦးသိန်းစိန်၏ ဥရောပ ခရီးစဉ် အတွင်းတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ (AI) က ကြေညာချက် တစောင် ထုတ်ပြန်ပြီး ကုလသမ္မဂ္ဂ လူ့အခွင့်အရေးကောင်စီ အနေဖြင့် မြန်မာ
နိုင်ငံ အတွင်းရှိ လူ့အခွင့်အရေး အခြေအနေများကို အနီးကပ် ဆက်လက် စောင့်ကြည့်သွားရန် တိုက်တွန်း လိုက်သည်။

“မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်များအား ဆက်လက် ပြဋ္ဌာန်းထားရန် တောင်းဆိုချင်ပါသည်။ ပြည်တွင်း လူ့အခွင့်အရေး ယန္တရားများနှင့် တွဲဖက်ကာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရန် အတွက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်မှုများ ဆက်လက် ပြုလုပ်နိုင်ရေးကို မြန်မာအစိုးရက ခွင့်ပြု အာမခံချက် ပေးရန်လည်း တောင်းဆိုချင်ပါသည်” ဟု လူ့အခွင့်အရေး အန်ဂျီအို တခုဖြစ်သည့် AI ၏ မတ်လ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲတွင် ပါရှိသည်။

Wednesday, March 6, 2013

ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ

ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ

လယ်သမားအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေက ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မတ်လ ၆ ရက် ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ပါတယ်။

ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ သွားရောက်လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ဦးနေမျိုးဝေက အခုလို ပြောပါတယ်။

" ဒီနေ့ပဲ ဒဂုံမြို့နယ် တရားရုံးမှာ တရားသွားစွဲတဲ့အခါကျတော့ တရားသူကြီး အမျိုးသမီးက လေ့လာမယ်လို့ ပြောပြီးတော့ ကျွန်တော်ကလည်း ခရီးစဉ်တစ်ခုရှိတဲ့ အခါကျတော့ ခရီးစဉ်ကပြန်လာတဲ့အခါကျတော့မှ ကျွန်တော်တို့ရဲ့ ထွက်ဆိုချက်တွေ ပြန်လည်မေးမြန်းမယ်ပေါ့ဗျာ အဲ့ဒါပြောပါတယ်ဗျ၊ ချက်ချင်းတော့ တစ်ထိုင်တည်း အမှုမေးမြန်းတာတို့ မလုပ်သေးဘူးခင်ဗျ၊ ပုဒ်မတပ်ဖို့ကို သူလေ့လာမယ်လို့ ပြောတယ်"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ လယ်ယာမြေနဲ့ လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ဦးခင်ရွှေက အလုပ်သမားလုံခြုံရေးအင်အား နှစ်ရာကျော်နဲ့ ဦးနေမျိုးဝေကို ကြိုးတုပ်ချည်နှောင်ပြီး ရိုက်နှက်မယ်လို့ ပြောခဲ့တဲ့အတွက် ခုလို အမှုဖွင့်တိုင်ကြားလိုက်တာပါလို့ ဦးနေမျိုးဝေက ပြောပါတယ်။

ဒါကြောင့် ဇေကမ္ဘာဦးခင်ရွှေကို ဦးနေမျိုးဝေက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို လိုက်တာပါ။

အေးချမ်းမွန်မှ ( RFA Burmese ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်


လယ်သမားအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေက ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မတ်လ ၆ ရက် ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ပါတယ်။

ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ သွားရောက်လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ဦးနေမျိုးဝေက အခုလို ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည်သတိပေးချက်

ရန်ကုန်မြို့အပါအ၀င် မြို့ကြီးအချို့တွင် ခရမ်းလွန်ရောင်ခြည် အဆင့် (၁၃) နီးပါးကျရောက်လျက်ရှိ၊ အရေပြားဆိုင်ရာ ရောဂါများနှင့် အမြင်အာရုံချို့ တဲ့သော ရောဂါများ ဖြစ်ပွားနိုင်


ရန်ကုန်မြို့အပါအ၀င် မြို့ကြီးအချို့တွင် ခရမ်းလွန်ရောင်ခြည် အဆင့် (၁၃) နီးပါးကျရောက်လျက်ရှိနေတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောကြားလိုက်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (၈)နှင့် အထက်ဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အဆင့်လို့ သတ်မှတ်ထားပါတယ်။

ရဲထောင်ခြောက်တွင် ဖမ်းဆီးခံရသူများ(ဖြစ်ရပ်မှန်)


အမှုဖြစ်ရပ်မှန်အား လေးစားစွဖြင့်တင်ပြအပ်ပါသည်။

၁။      23.2.2013 ရက်နေ့ ည(73း0)နာရီအချိန်တွင် ဝေါမြို့နယ်၊
ညောင်ခါးရှည်ကျေးရွာ၊ လမ်းမတော်(၁)လမ်းရှိ မေတ္တာဦး လဘက်ရည်ဆိုင်သို့
တိုင်း ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ
လောင်းကစားမှုအတွက်ဝင်ရောက်ဖမ်းဆီးခဲ့ပါသည်။ ထိုဖမ်းဆီးသည့်ဖြစ်ရပ်မှန်ကို
အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
၂။      ထိုနေ့(စနေနေ့)ညနေ(၅)နာရီနှင့် (၆)နာရီကြားတွင် ညောင်ခါးရှည်ရွာ၏
တောင်ဘက်(၂)မိုင်ခန့်တွင်ရှိသော အထက်ပန်းညိုရွာနေ
ကိုငယ်လေး(ဘ)ဦးအောင်တင်သည် ထိုဆိုင်သို့ ရောက်ရှိလာပြီး ဆိုင်အပေါ်ထပ်၌
ပိုကာဒေါင်းမည်ဟုပြောပါသည်။ ဆိုင်ရှင်ကိုပိုင်းစိုးမှ

Tuesday, March 5, 2013

“အလုပ်သမားအရေးဆောင်ရွက်သူ၂ဦးအားထိုင်းရဲက ၄၅မိနစ်နေပူလှမ်း”

၂၀၁၃ မတ်လ၎
မြတ်ညို(အလွတ်သတင်းထောက်)                   

          ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှ မြန် မာပြည်သားရေးပူးတွဲလှုပ်ရှား မှုကော်မတီဥက္ကဌ ဦးမိုးကြိုး နှင့် ကိုဇေါ်လေးဆိုသူ နှစ်ဦးတို့အား မဲဆောက်ရဲများက ချစ်ကြည်ရေးတံတားထိပ်တွင် ၄၅ မိနစ်ကြာ နေပူလှမ်းခံခဲ့ရကြောင်း ကာယကံရှင် များက ပြောသည်။
   မတ်လ ၁ ရက်နေ့က ၎င်းတို့ဟာ မဲဆောက်မြို့က အက်စ်ဒီဖက်ရှင်စက်ရုံ (အရပ်အခေါ်- ချန်ပီယံ စက်ရုံ) မှ မြန်မာအလုပ်သမား ၅၂၁ ဦးတို့၏  ယာယီပတ်စပို့လျှောက်ထားမည့် စာရွက် စာတမ်း များ ကိုယူဆောင်၍ မြန်မာသံရုံးကိုပို့ရန် မဲဆောက်မြို့ ထိုင်း- မြန်မာချစ်ကြည်ရေးတံတားအနီးက One Stop Service ရုံးသို့ သွားကြစဉ် မဲဆောက်ရဲက စစ်ဆေးခဲ့သည်။
ဦးမိုးကြိုးတွင် လူမှာရော၊ စီးလာသည့် ဆိုင်ကယ်မှာပါ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံ ရှိရုံမက ထိုင်းဥပဒေဆိုင်ရာ ရှေ့နေအထောက်အကူပြုကွန်ယက် (LLC) ကွန်ယက်အဖွဲ့ဝင် ကတ်ပြား လည်းပါသည်။

သမ္မတကို တရားစွဲမှု ထူးခြားဖြစ်စဉ်အဖြစ် တရားရုံးက လက်ခံပြီ


လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်း ခဲ့မှုကြောင့်
မီးလောင်ဒဏ်ရာ ရခဲ့သည့် သံဃာတပါးကို မံရွာဆေးရုံပေါ်တွင် တွေ့ရစဉ်
 (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

လက်ပန်းတောင်းတောင် အကြမ်းဖက် ခံရမှုနှင့် ပက်သက်ပြီး ဒေသခံ ၃ ဦးက တရားလိုပြုပြီး ဆားလင်းကြီး မြို့နယ် တရားရုံးတွင် နိုင်ငံတော် သမ္မတကို တရားစွဲဆိုခဲ့ရာ မြို့နယ် တရားသူကြီးက ထူးခြားသော အမှုဖြစ်စဉ်ဖြင့် လက်ခံပြီး မတ်လ ၁၁ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။
၂၀၁၂ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသော သပိတ် စခန်းများကို အကြမ်းဖက် ဖြိုခွင်းခဲ့သည့်အတွက် အဓိက တာဝန်ရှိသည့် နိုင်ငံတော်သမ္မတကို တရားစွဲဆိုရခြင်းဖြစ်ကြောင်း လက်ပံတောင်းအရေး ကူညီပေးနေသည့် ကိုသောင်းထိုက်က ပြောသည်။
“အခုက တရားရုံးမှာ ဦးတိုက်လျှောက်တာပဲ ရှိသေးတယ်။ ဘာပုဒ်မနဲ့မှ တရားစွဲတာမျိုး မလုပ်ရသေးဘူး။ မြို့နယ် တရားသူကြီးကလည်း သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူတွေကို တင်ပြပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောတယ်။ ဒီအဆင့်မှာမှ တရားရုံးက လက်မခံရင် ခရိုင်၊ တိုင်းဒေသကြီး၊ ဗဟိုအဆင့်ထိ တရားစွဲဆိုသွားမယ်” ဟု ၎င်းက ဆိုသည်။

သနပ်ပင်မြို့နယ်ရှိ နွေးစပါးစိုက်ပျိုးသည့် လယ်သမားများ အောင်ရေမရှိသဖြင့် အခက်ကြုံ



ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်ရှိ တောင်သူလယ်သမားများ နွေစပါးစိုက်ပျိုးရာတွင် အောင်ရေမရရှိသဖြင့် စပါးအထွက်တိုးနှုန်းလျှော့နည်းမည့်အခြေ
အနေနှင့်သီးနှံပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂/၂၀၁၃ ခုနှစ် သနပ်ပင်မြို့နယ် နွေစပါးစိုက်ပျိုးရေး ရေပေးဝေမည့် အချိန်ဇယားအတိုင်း ရေမပေးဝေခြင်းနှင့် လောင်မီးကျေးရွာအနီးရှိ ရေတား
တာတမန်အား ဖွင့်ထားခြင်းကြောင့်ဖြစ်သည်။ “ ဆည်မြောင်းဦးစီးဌာနက စနစ်တကျရေပေးဝေခြင်းမရှိလို့ ကျွန်တော်တို့ နွေစပါးစိုက်ထားသည့် လယ်ယာမြေတွေ
အောင်ရေမရရှိတာ။ ရေပေးဝေတော့လည်း က၀မြို့နယ်ရှိ လယ်ယာမြေတွေကို ရေပေးဝေတဲ့ရက်နေ့ရောက်မှ မင်းရွာရေလွှဲပေါက်အသေး(၃)ပေါက်ကိုပဲဖွင့်ပေး
တယ်။ အဲဒီလိုဖွင့်ပေးပြီး (၁)ရက်အတွင်း ရေတွေပြန်ကျသွားတယ်။ လယ်ယာမြေထဲကို ရေသွင်းဖို့အချိန်မရလိုက်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လောင်မီးကျေး
ရွာအနီးရှိ ရေတားတာတမန်ကို ဖွင့်ထားခြင်းကြောင့် ဖြစ်သည် ”ဟု ဒေသခံလယ်သမားတစ်ဦးမှ ပြောသည်။

Monday, March 4, 2013

ဒေါက်တာဆိတ်ဖွား စုံစမ်းဖေါ်ထုတ်ရန် ပြည်ထောင်စု လွှတ်တော်တွင် ကြားနာ


ရန်ကုန်(မဇ္ဈိမ)။   ။ အင်တာနက်စာမျက်နှာပေါ်မှ လွှတ်တော်အား ဝေဖန်ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွား ဆိုသူမှာ မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းဖေါ်ထုတ်ရန် ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ကြားနာကြောင်း ထိုကြားနာမှုတွင် ပါဝင်သော The voice weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က ပြောသည်။

ဒေါက်တာဆိတ်ဖွား ကြားနာမှုအား ညနေ ၃ နာရီ ခန့်က စတင်ကာ  ၄၅ မိနစ်ဝန်းကျင် ကြာမြင့်ပြီး ဒေါက်တာ ဆိတ်ဖွား ဟုတ်မဟုတ်အား ကြားနာခံရသူများကို မေးမြန်းကြကြောင်း ဦးကျော်မင်းဆွေက ဆိုသည်။

“အဓိက ကတော့ ဆိတ်ဖွား ဘယ်သူလဲဆိုတာ မေးတာဘဲ။ ကျနော်တို့လည်း မသိပါဘူး။ တော်တော်များများ လည်း မသိပါဘူး ပြောကြတယ်” ဟု ၎င်းက မဇ္ဈိမသို့ပြောသည်။

မအူပင်ဆန္ဒပြပွဲ ပါဝင်သူတွေ တရားစွဲဆိုခံရ


မအူပင်ခရိုင် မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာမှာ အသိမ်းခံ လယ်ယာမြေတွေကို ပြန် ရဖို့ တောင်းဆိုရင်း လယ်သမားနဲ့ ရဲတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အခုတော့ ရဲဘက်ကနေ လယ်သမားတွေကို အမှုဖွင့် တရားစွဲဆို လိုက်ပါပြီ။ ပုဒ်မ ၃၀၂ လူသတ်မှု အပါအ၀င် လူစုလူဝေးလုပ်မှု၊ ၀တ္တရားနှောင့်ယှက်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို အမှုဖွင့်လိုက်ကြောင်း လယ်သမားအရေး လုပ်ဆောင်နေသူတွေ က ပြောပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မအေးအေးမာ က တင်ပြထားပါတယ်။