Tuesday, September 4, 2012

ခိုင်မာတဲ့ယုံကြည်မှုကြီး မဖြစ်သေးတဲ့ငြိမ်းချမ်းရေး ဖားစည်ခရီးစဉ်




ကရင်ပြည်နယ်   ငြိမ်းချမ်း ရေးတည်ဆောက်ရာတွင် ယုံကြည် မှုဆင့်ဆင့်ရှိရာပထမအကြိမ် ယုံ ကြည်မှု တည်ဆောက်ပြီးနောက် ၂၀၁၂ခုနှစ်ဧပြီတွင်  ဒုတိယ အကြိမ် ယုံကြည်မှုနောက် ဆုံး  တတိအကြိမ်ယုံကြည်မှုကိုကရင် ပြည်နယ်ဘားအံမြို့ဟိုတယ်(ဇွဲ ကပင်)၌ ၂၀၁၂ ခုနှစ် စက်တင် ဘာ ၂ ရက်မှစ၍ ၂ရက်တိုင် ဆွေးနွေးတိုင်ပင်ကာ ခိုင်မာတဲ့ ယုံကြည်မှုများတည် ဆောက်ခဲ့ ကြသည်။

ဤကဲ့သို့ တည်ဆောက်ရာ တွင် ငြိမ်းချမ်းရေး စကားအတွက် ယုံကြည်သူတို့ရှိသလို သံသယ ဖြစ်သူတို့ရဲ့ အမြင်တို့ရှိကြောင်း သိရှိရ သည်။ ၂-၉-၂၀၁၂ ရက်နေ့ ကရင် တစ်မျိုးသားလုံးရဲ့ ကရင် အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှင့်ကရင် အဖွဲ့အစည်းခေါင်း ဆောင်များတွေ့ဆုံပွဲ၌ ဦးစန္ဒော ဘာသက ““ငြိမ်းချမ်း ရေးအတွက် နှစ်ဦးနှစ်ဖက်ရှိမယ်လို့ မျှော်လင့် ပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုး ဆောင်ရွက်ဖို့ပဲလိုပါတယ်။ မေး ချင်တာတွေ  မေးနိုင်တယ်။ တာဝန် ကျတဲ့ပုဂ္ဂိုလ်တွေ က လုပ်ကြဖို့တိုက်တွန်းတယ်။ တစ်ချိန်က ညီအစ်ကိုမောင်နှမ သတ်ကြတာမျိုး ဒီခေတ်အခါ နဲ့မသင့်တော်ဘူး။  ဘာသာရေး အဖွဲ့အသီး  သီးတွေပါဝင်တဲ့ အတွက်ဂုဏ်ယူပါတယ်””ဟုပြော ကြားခဲ့သည်။
KNU အထွေထွေ အ တွင်းရေးမှူးနော်စီဖိုးရာစိန်က““ကျွန် မတို့ ဆွေးနွေးတာ အဓိက အချက်(၂)ချက်ရှိပါတယ်။ ကျွန်မ တို့ထက် အရေးကြီးတဲ့လူတွေ အများကြီးပါတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ကျွန်မတို့ငြိမ်း ချမ်းရေးဆွေးနွေးပွဲမှာ ကြည့်မယ် ဆိုရင် ဒုတိယအကြိမ်မြောက် ဆွေးနွေးပြီးသွားပြီ။ ဆွေးနွေးတဲ့ အပေါ်မှာ ကျွန်မတို့အမြင်နဲ့ ကြည့်မယ်ဆိုရင် ပထမဦးဆုံးခြေ လှမ်းအဆင့်ပဲ ရှိသေးတယ်။  နှစ်ဦးနှစ်ဖက် အပစ်အခက်ရပ်စဲ ရေးဆွေးနွေး တဲ့အခါမှာ ခိုင်မာတဲ့ပြည်သူလူ ထုဘ၀လုံခြုံ မှုကို အာမခံနိုင်ဖို့ဆိုတာ ကျွန်မ တို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဖော်  ဆောင်မှုနဲ့ ပတ်သက်ပြီးကျွန်မတို့ကတစ်ဆင့် ပြီးသွားရင် ခိုင်မာတဲ့ငြိမ်းချမ်းရေး ဖြစ်ဖို့၊ ငြိမ်းချမ်းရေး အစစ် အမှန်ဖြစ်ဖို့အဓိကလုပ် သွားပါ မယ်။ အဲဒီအပေါ်မှာပဲ ခိုင် မာတဲ့ငြိမ်းချမ်းရေးကို တည်ထား နိုင်ဖို့အတွက် ပထမဦးဆုံးဖြစ်တဲ့ အပစ်အခတ်ရပ်ဆဲရေးကိုသေသေ ချာချာ လုပ်ဆောင်ဖို့လိုအပ်ပါ တယ်။ တတိယအကြိမ် ဆွေးနွေး မယ့် အချက်တွေကတော့ ရှေ့လ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ ဆွေးနွေးခဲ့တဲ့ အချက်တွေရဲ့ အ ဆက်ပဲဖြစ်ပါတယ်။ ပထမဦးဆုံး လူထုဘ၀ လုံခြုံမှုဆိုတာပါပါ တယ်။ အဲဒီအပေါ်မှာပဲ ဒုတိယ အကြိမ်ဆွေးနွေးတဲ့အခါမှာ ပြည် သူလူထုဘ၀လုံခြုံမှုနဲ့ သက်ရှင်နေ ထိုင်ဖို့ ဆက်ပြီး ဆွေးနွေးတဲ့အခါ မှာ နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို ဆုံး ဖြတ်ချက်ချခဲ့ပါတယ်။ နှစ်ဦးနှစ် ဖက်က လက်နက်ကိုင်တပ်ဖွဲ့တွေ လိုက်နာဖို့ဆိုတာကို အခုဆွေး နွေးနေကြပါတယ်။ တတိယအ ကြိမ်ဆွေးနွေးပွဲမှာပါ။ ဒီကျင့်ဝတ်  စည်းကမ်းတွေ ဆွေးနွေးချက် ချ မှတ်ပြီးတော့ ခိုင်မာတဲ့ အပစ်အ ခတ်ရပ်ဆဲရေးကို ဖော်ဆောင်နိုင် လိမ့်မယ်လို့ ထင်ပါတယ်။ ဒီဆွေး နွေးတဲ့အခါ တိုးတက်မှုတွေရှိရင် ရှိသလို အရင်လူမှုအသိုင်းအ၀ိုင်း အနေနဲ့ အကျယ်တ၀င့်ဆွေးနွေး ပွဲတွေ ညှိနှိုင်းကြည့်တဲ့အခါမှာ အစိုးရကလည်း လုပ်သင့်တာ လည်း လုပ်ရမှာပါလို့ အကြမ်း ဖျဉ်းပြောထားတာရှိတယ်။ လက် နက်ကိုင်အဖွဲ့အစည်းနဲ့ပက်သက် ပြီး ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်က နိုင်ငံတော် အစိုးရက အရင်(၂၀၀၈)ဖွဲ့စည်းပုံ အတိုင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ပဲရှိရမယ်ဆိုတာနဲ့ပတ်သက်ပြီး ဒါဘာမှ ဆန့်ကျင်ခြင်းမရှိပါဘူး။ ဒါဖွဲ့စည်းပုံနဲ့ဆိုင်တဲ့မေးခွန်းပဲဖြစ် တယ်။ နိုင်ငံရေးဆွေးနွေးတဲ့အခါ ကျရင် ဖွဲ့စည်းပုံဥပဒေ၊စစ်မှန်တဲ့ ပြည်ထောင်စုသားတွေ ပြည် ထောင်စုပုံစံမျိုးပေါ်အောင် ဖွဲ့ စည်းပုံမှာရော ပြင်ဆင်မှုလုပ် မယ်ဆိုတာ ပြောနေကြတယ်။ အစိုးရကိုယ်တိုင်ကပြောနေတာရှိ တယ်။ ကျွန်မတို့လိုချင်တဲ့ပုံစံမျိုး ဖြစ်အောင် နည်းနည်းတော့စောင့် ရမယ်။ ပြည်ထောင်စုစနစ်ဖွဲ့စည်း တည်ထောင်ထားတဲ့ နိုင်ငံတွေမှာ သိရသလောက်ပြည်နယ်လုံခြုံရေး တပ်ဖွဲ့ဆိုတာရှိတယ်။ ပြည်ထောင် စု တပ်မတော်ဆိုတာရှိတယ်။ ဘယ်ပြည်ထောင်စုသားတွေဘက် ကမှ ဒီပြည်နယ်သားတွေကို စစ် တပ်နဲ့ နှိမ်နင်းတာမရှိဘူး။ အခု ကျွန်မတို့ ပြည်ထောင်စုကြီးဟာ လည်း အားလုံးညှိနှိုင်းလို့အဆင် ပြေတယ်ဆိုရင်လည်း ကျွန်မတို့ ဘယ်သူကိုမှ ကြောက်စရာမလို ဘူး။ ဒါဖွဲ့စည်းပုံအတွက်၊ နောက် အမျိုးသားလုံခြုံမှုနဲ့ပတ်သက်ပြီး  ကရင်အမျိုးသားများအတွက် ကျွန်မတို့ ညှိနှိုင်း ဆွေးနွေးနေ တာဖြစ်ပါတယ်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေး ပဋိပက္ခ နယ်မြေတွေမှာရှိတဲ့ ကရင်လူမျိုး ဘ၀ လုံခြုံမှုကို ဦးစားပေးဆွေးနွေး နေတာဖြစ်တယ်။ စစ်ဘေးစစ် ဒဏ်ကို နှစ်ပေါင်း(၆၀)ကျော်ရင် ဆိုင်တိုက်ခိုက်ရတဲ့ ပြည်သူလူထု ကို ကျွန်မတို့ ဦးစားပေးရှင်းလင်း တာဖြစ်ပါတယ်””ဟု
ပြည်နယ်အသီးသီးမှတက် ရောက်လာကြတဲ့ ကိုယ်စားလှယ် များ၏မေးမြန်းချက်များကိုနော်စီဖိုး ရာစိန် အထွေထွေအတွင်းရေးမှူး က ပြန်လည်ဖြေကြားသည်။
ကရင်လက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ အစိုးရတပ်ဖွဲ့တွေ အပစ်အခတ်ကိစ္စ သိချင်ပါတယ်။
ကရင်လက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ပတ်သက်ပြီးKNUဘက်က သဘောထားကတော့ ကရင်အမျိုးသားတွေသင့်သင့်မြတ် မြတ်နဲ့ ဘယ်လိုနေနိုင်မလဲ၊နည်း လမ်းရှာဖွေတယ်။ အမြဲတမ်းညှိ နှိုင်းတယ်။ ပစ်တာခတ်တာတွေ မရှိဖို့KNUဘက်က ဒီသဘော ထားလေးညှိနှိုင်းတာရှိပါတယ်။ နယ်ခြားစောင့်တပ်နဲ့ပတ်သက်ပြီး သိချင်ပါတယ်။
အဲဒါကျတော့ နယ်ခြား စောင့်တပ်တွေထဲမှာ ဘယ်လူမျိုး တွေရှိနေသလဲဆိုတာ ဒီနယ်ခြား စောင့်တပ်တွေက အစိုးရကနေ တရားဝင်ဖွဲ့စည်းထားတဲ့DKBAဖြစ်တဲ့အတွက်  ကျွန်မတို့နဲ့တော့ မဆိုင်ပါဘူး။ အစိုးရနဲ့တော့ တိုက် ရိုက်ပတ်သက်နေပါတယ်။ ဒီတိုက် ပွဲဝင်နေတဲ့ အဖွဲ့တွေကလည်း လူမျိုးကို အခြေခံပြီး တိုက်ပွဲ တိုက်နေတာမဟုတ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ ဘက်က  ပြောစရာမရှိပါဘူး။ ကိုယ်စားလှယ်တစ်ဦးက ယုံ ကြည်မှုတည်ဆောက်တဲ့အခါ လူ ထုနဲ့KNU ကြား သဘောထား တွေကို သိချင်နေပါတယ်။
ကရင် ဒေသတွေမှာ ကရင် လူမျိုးတွေရဲ့ ယုံကြည်မှုအတွက် အများကြီးအကောင်အထည်ဖော် ပြီးသားပါ။
ပြည်သူလူထုအတွက် ဆက် ဆံရေးရုံးများ ဖွင့်မဖွင့် သိလို သည့်အပေါ် ““ဆက်ဆံရေးရုံး(၄) ခု ဖွင့်ထားတာရှိပါတယ်။ ဘုရား သုံးဆူဒေသမှာ (၁)ခု၊ ကျောက် ကြီးမှာ(၁)ခု၊ ထားဝယ်မှာ(၁)ခု၊ မကြာသေးမီက မြ၀တီမှာဖွင့်ထား ပါတယ်။ ဒီဆက်ဆံရေးရုံး ပိတ် ရတဲ့အကြောင်းအရင်းက ကျွန်မ တို့ အဓိကအားဖြင့် လုပ်ငန်းနှစ် မျိုးလုပ်ဖို့ဖြစ်တယ်။ တစ်ခုက လက်နက်ကိုင်အဖွဲ့အစည်းတွေ ကြားထဲမှာ ပဋိပက္ခနည်းနိုင်သမျှ နည်းအောင်၊ ချက်ချင်း ပြဿနာ တွေရှင်းလို့ရအောင် ဆက်ဆံရေး ရုံးတွေဖွင့်တာဖြစ်တယ်။ ကျွန်မ တို့ရုံးဖွင့်တာဟာ ပြည်သူလူထု တွေဒုက်္ခအမျိုးမျိုး ခံစားရတယ်။ ပြည်သူတွေအတွက် အခု အပြောင်းအလဲကာလမှာ အစိုးရ နဲ့ သူတို့ကြား ပြဿနာအခက် အခဲတွေ ကူညီဖြေရှင်းပေးနိုင်ဖို့ KNU နဲ့ အစိုးရဆွေးနွေးတဲ့အခါ မှာ ဒီကိစ္စတွေကို ပြောစရာရှိရင် လည်း ပြောသွားမယ်။ အလုပ် နှစ်ခုကိုလုပ်ဖို့ ဆက်ဆံရေးရုံးကို ဖွင့်တာဖြစ်ပါတယ်။ လိုအပ်တဲ့ အခါမှာ နေရာဒေသတွေမှာ ဆက်ဆံရေးရုံးဖွင့်ဖို့ ကျွန်မတို့ ဆန္ဒရှိပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့် ပိုင်းခြား ပြီး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီး ပြည် နယ်အဆင့်ဆင့်တွင် လုပ်ငန်း တာဝန်(၅)ရပ်နှင့် ပြည်ထောင်စု အဆင့်တွင် လုပ်ငန်းတာဝန်(၈) ရပ်တို့ကို မူဝါဒအဖြစ် ချမှတ် ထားပြီးဖြစ်ကြောင်းသမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ၃-၈-၂၀၁၂ နေ့တွင် ဇွဲကပင်ဟိုတယ်၌ ပြည်ထောင်စုအဆင့်ရှိ ငြိမ်းချမ်း ရေးဆွေးနွေးပွဲ စတင်ခဲ့ကြပါ သည်။ အဆိုပါအစည်းအဝေးသို့ ဦးစိုး သိန်း၊ ဦးခင်ရီ၊ ဦးဇော်မင်း၊ ဗိုလ် ချုပ်ဇော်ဝင်း၊ ဦးထွန်းဦး၊ ဦးအောင်မင်း၊ ဦးဝင်းထွန်းနှင့် သက်ဆိုင်ရာ အရာရှိကြီးများ၊ ကရင်ငြိမ်းချမ်း ရေးကိုယ်စား လှယ်ကြီးများဖြစ်ကြသည့် နော်စီ ဖိုးရာစိန်၊ ဗိုလ်မှူးဂလယ်ဒို၊ စော တာဒိုမှူး၊ ပြည် နယ်ကိုယ်စားပြု ကရင်ကိုယ်စား လှယ်တော်ကြီး များတက်ရောက် ကြကြောင်း သိရှိရပါသည်။


စိုးဝင်းနိုင်

copy from  http://www.hotnewsweekly.com

No comments:

Post a Comment