Sunday, December 1, 2013

စားကျက်မြေအား ဥပဒေမဲ့ ရောင်းချခြင်း


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၁၉)ပိုင်၊ မြို့ပြ (ပလပ်)တွင်ရှိသော စားကျက်မြေ ကွင်းအမှတ် (၂/ဃ) (၄)ဧကခန့်ရှိသော ပလပ်မြေကို ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၇)ကျောင်းလမ်းနေသူ စစ်မှုထမ်းဟောင်း ဦးစံတင်၊ စစ်မှုထမ်းဟောင်း ဗိုလ်ကြီး လှတင်ဦးနှင့်အတူ ကိုယ်ကျိုးစီးပွားအတွက် ဥပဒေမဲ့စွာ ခြံကွက်ဖော်ရောင်းချနေခြင်းဖြစ်ပါသည်။ (၄၀×၆၀)ပေ

Tuesday, November 26, 2013

စည်းမျဉ်း၊ စည်းကမ်းနှင့် နားလည်မှုကြားက ပဋိပက္ခ


ကိုရဲ


မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တစ်သမတ်တည်း သတ်မှတ်ပြဌာန်းထားသည်။ မည်သည့်မြို့၊ မည်သည့်လမ်း၊ မည်သည့်နေရာတွင် မည်ကဲ့သို့မောင်းနှင်ရမည်ဟူ၍ သီးခြားသတ်မှတ်ထားခြင်းမရှိပေ။ ကွဲပြားချက်ဆို၍ လမ်းအခြေအနေပေါ်မူတည်ကာ မည်သည့်နေရာတွင် အရှိန်လျှော့မောင်းနှင်ရမည်၊ မည်သည့်နေရာတွင် ပုံမှန်မောင်းနှင်နိုင်မည် ဆိုသည်ကိုသာ အချက်ပြလမ်းညွှန်ဆိုင်းဘုတ်များဖြင့် သတိပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအစိုးအရအဖွဲ့အနေဖြင့် အဂတိလိုက်စားသည့် အုပ်ချုပ်ရေးမှူးများကို အရေးယူရာတွင် ထိရောက်မှုအားနည်း


ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်မှ ကျေးရွာ ပြည်သူလူထုအပေါ် ငွေကြေးများမတရားကောက်ခံခြင်း၊ တရားမ၀င် ကျွဲနွား
မှောင်ခိုလုပ်ငန်းများမှ လိုင်ကြေးများကောက်ခံနေမှုနှင့်ပတ်သက်၍ ထိရောက်စွာအရေးယူပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနအသီးသီးသို့ ၂၀၁၃ ခုနှစ်၊ စတင်ဘာလ(၃၀)
ရက်နေ့တွင် ဒေသခံရွာသူ/ရွာသားများမှ တင်ပြတိုင်ကြားခဲ့သော်လည်း အရေးယူပေးခြင်းမရှိသည့်အတွက် စိတ်ပျက်မိကြောင်း တိုင်ကြားသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

Monday, November 25, 2013

ချင်းမိုင်ငြိမ်းချမ်းရေးခရီးစဉ်တိုးတက်အောင်မြင်ဟုဆို

Photo: ချင်းမိုင်ငြိမ်းချမ်းရေးခရီးစဉ်တိုးတက်အောင်မြင်ဟုဆို
Friday, 22 November 2013 23:04 သျှမ်းသံတော်ဆင့်
E-mail Print

နိုဝင်ဘာ ၂၂ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ကျင်းပသော မြန်မာငြိမ်းချမ်းရေးစင်တာနှင့်နိုင်ငံရေးပါတီများတိုင်း
ရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲတိုးတက်အောင်မြင်မှု ပိုမိုရရှိလာကြောင်း SNLD မှ စိုင်းညွန့်လွင်ကပြောပါသည်။

alt

ချင်းမိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ

“ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ ဒီတခေါက် တွေ့ဆုံခွင့်ရတာ အကျိုးရှိပါတယ်။ တခြားပါတီဆိုရင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ မတွေ့ဖူးသေးဘူး။ မဆွေးနွေးဖူသေး ဘူး။ ဒီဆွေးနွေးပွဲမှာ လာတွေ့ရတော့ တိုင်းရင်းသားတွေ ဘာကြောင့်လက်နက်ကိုင်တိုက်ပွဲ
ဝင်နေရသလဲဆိုတာသူတို့သိသွားတယ်။ ဆိုတော့တဖြည်းဖြည်းနဲ့ အောင်မြင်မှုရလာတယ်လို့ဆိုရပါမယ် ”
ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ Myanmar Peace Center ၏ ဖိတ်ခေါ်မှုကြောင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ
၁၁ ခုနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များ တွေ့ဆုံမှုကို ချင်းမိုင်မြို့ ရှိတ်အစ်စထားနားဟိုတယ်
တွင် ယနေ့နံနက် ၉ နာရီမှ မွန်းတည့်အထိ ပြုလုပ်ခဲ့ပါသည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ဦးတည်ဆွေးနွေးခဲ့ ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့်ခေါင်းဆောင်များက ပြောပါသည်။

“ ပြည်တွင်းထဲက နိုင်ငံရေးပါတီတွေစဉ်းစားချက်နဲ့ ကျနော်တို့ဒီကစဉ်းစားချက်တွေကို အမြင်ချင်းဖလှယ်
ကြတယ်။ အဓိကကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးကြပါတယ်။အဲတာတွေကတော့ ငြိမ်းချမ်းရေးဘယ်လိုရှိသလဲ၊ ငြိမ်းချမ်းရေးကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အဖြေရှာဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲ ရှိဖို့လိုအပ်တယ်။စတာတွေဆွေးနွေးပါတယ်။ နားလည်မှုပိုမိုရရှိလာတယ်လို့ဆိုရပါမယ် ” ဟုသျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှ က ပြောပါသည်။

ငြိမ်းချမ်းရေးတည်ဆောက်နေချိန် တနိုင်ငံလုံးအပစ်ရပ်ရေးအတွက် ကြိုးပမ်းနေချိန်တွင် တဖက်ကလည်း ကချင် ပြည်နယ်တွင်တိုက်ပွဲများ ဖြစ်ပွါးနေသည့်အပေါ် စိုင်းညွန့်လွင်က ဤကဲ့သို့ သုံးသပ်ပါသည်။

“တိုက်ပွဲကတော့ ချက်ချင်းရပ်တန့်လို့ ရဦးမှာမဟုတ်ပါဘူး။ ရင်ဆိုင်တိုက်ပွဲတွေတော့ ဖြစ်နေဦးမှာဘဲ ။ ဒီတိုက်ပွဲတွေ ကြောင့်လဲ ဒေသခံလူထု တော်တော်လေး အခက်အခဲရင်ဆိုင်နေရတယ်။ ဒါပေမယ့် ၂ ဦး၂
ဘက်စလုံးကတော့ တိုက်ပွဲ တွေဆင်နွဲနေပေမယ့် ငြိမ်းချမ်းရေးကိုတော့ မထိခိုက်စေရပါဘူးလို့သဘော
တူညီချက်တွေ ဝန်ခံကတိတွေပေး ထားရပါ တယ်” ဟု ဆိုပါသည်။

အစိုးရနှင့် နိုင်ငံရေးပါတီများ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ယခုတွေ့ဆုံပွဲသည် ပထမဆုံး
အကြိမ် ပြည်ပ တွေ့ဆုံပွဲဖြစ်ပြီး ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ ခုပါဝင်ပါသည်။ သို့သော် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးအသင်းက တက်ရောက်ခြင်းမရှိခဲ့ပေ။
နိုဝင်ဘာ ၂၂ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ကျင်းပသော မြန်မာငြိမ်းချမ်းရေးစင်တာနှင့်နိုင်ငံရေးပါတီများတိုင်း
ရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲတိုးတက်အောင်မြင်မှု ပိုမိုရရှိလာကြောင်း SNLD မှ စိုင်းညွန့်လွင်ကပြောပါသည်။

“မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရ”

                                                                    နိုဝင်ဘာ ၂၃  မြတ်ညို(အလွတ်သတင်းထောက်)
         မဟာချိုင် ခွန်ခုအရပ်တွင် နေထိုင်သည့် မော်တော်ဆိုင်ကယ် အပို  ပစ္စည်း ထုတ်လုပ်သည့် အလုပ်ရုံမှ အလုပ်သမားတစ်ဦး ညဘက် အချိန်ပို ဆင်း၍ အိမ်အပြန် လမ်းတွင် အမည်မသိသူများ ရိုက်နှက်သဖြင့် ယမန်နေ့ က သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။
         အသက် ၂၃ နှစ်အရွယ် မွန်အမျိုးသား မင်းချမ်းမွန် ဆိုသူသည် ၂၀၁၃ ခု နိုဝင်ဘာ ၂၀ ရက်နေ့ညဥ့် ၁၁ နာရီခန့်က  အလုပ်အတူတူ လုပ် သည့် ညီဖြစ်သူ  အောင်မြင့်ဦး အား မိဘများ နေအိမ်သို့ ပြန်လည် ပို့ဆောင် ခဲ့ပြီး ပြန်သွားခဲ့စဉ် ရိုက်သတ်ခံခဲ့ရခြင်းဖြစ်သည်။
           ဖခင်ဖြစ်သူ ဦးငွေဌေး က“၁၁ နာရီ  မိနစ် ၅၀  လောက်မှာ ဆေးရုံ ကဖုန်းလာပါတယ်။ သားစီးသွား တဲ့ ဆိုင်ကယ်က ကျနော်တို့နေတဲ့စွယ် ပါဟမ်းလမ်းထိပ်မှာ လဲနေတဲ့အတိုင်းပါပဲ။ ဦးခေါင်း၊လည်ပင်းနဲ့  မျက်နှာ   ရောင်ကိုင်းပြီး သတိလုံးဝမရခဲ့ဘူး။ စီဝိချိုင်၅ ဆေးရုံ မှာပဲ မနေ့က ဆုံးသွားပါတယ်” ဟုပြောသည်။

"၅နှစ်အရွယ် ရခိုင်မိန်းကလေးငယ်တစ်ဦး အသတ်ခံရ"

နိုင်ဝင်ဘာ ၁၉ မြတ်ညို(အလွတ်သတင်းထောက်)
         ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၏  မြစ် တဘက်ကမ်းရှိ ကြာညိုပြင်ကျေးရွာ မှ ဦးခင်အောင်+ဒေါ်မိုးမိုးစံ တို့၏
သမီး အသက်၅နှစ်အရွယ် မငယ်ငယ် အား ယမန့်နေ့ညဥ့်က ဘင်္ဂါလီ များ သတ်ဖြတ်ပစ်ခဲ့ကြောင်းသိရှိရသည်။
            ဒေသခံတစ်ဦးက မငယ်ငယ် ၏ ဦးခေါင်းတွင် သံစူးများဖြင့်ထိုး ထားသည့် ဒဏ်ရာ ၂ခုရှိကြောင်း  ရိန်ဂျာရွာမှ ဘင်္ဂါလီများ က ကြာညို   ပြင်ရွာ တွင်ရှိသော ဗီဒီယို ရုံတွင်းသို့ ၀င်ရောက်၍ ဓါးဖြင့် ၀င်ခုတ်သဖြင့် လူအများထွက်ပြေးခဲ့ကြရသည် ဟုဆိုသည်။ သူမ၏ အလောင်းအား ယနေ့နံနက် ပိုင်း တွင် ရွာပြင် လယ်တောစပ် တွင် တွေ့ရှိ ရပြီး ယခု အခါ ဆေးရုံတွင် ဆေးစစ်ချက်ယူနေသည်ဟုသိရသည်။
             ဖူးခက်မြို့တွင် အလုပ်လုပ်နေသည့် မငယ်ငယ် ၏ အဒေါ်ဖြစ်
သူက မူ အဓမ္မပြုကျင့်ခဲ့ပြီး ခေါင်းဖြတ်သတ်ခဲ့ကြောင်း အဝေးကြားသ
တင်းကို  ပြောပြသည်။
             အချက်အလက် အတိအကျ သိရှိလိုသူများအနေဖြင့်
အပေါက်ဝ ရဲစခန်းမှူး ဦးလှမောင် 094 921 9273  နှင့်  ငွေလွှဲဒိုင်
ကိုမောင်လှ 094 967 0727  တို့ကို ဆက်သွယ်မေးမြန်းကြပါရန်။




"အကျဉ်းသားမိသားစုတွေ တွေ့ခွင့်မရ၊ ပေးခွင့်မရတော့ ဆိုကြဆဲကြ"

Sunday, November 3, 2013

NDF ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပုံမှန်အစည်းအဝေး ကျင်းပ

 
 
၂-၁၁-၂၀၁၃ရက်နေ့ နံနက် ၁၀း၃၀နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်ရုံးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ လစဉ်ပုံမှန်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒု-ဥက္ကဌများဖြစ်ကြသော ဦးစိုးဝင်း၊ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၁)ဦးကြည်သန်း၊ အတွင်းရေးမှူး(၂) ဦးနေမင်း ကျော်၊ အတွင်းရေးမှူး(၃) ဦးကျော်သူရ၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များဖြစ်ကြသော ဦးမြင့်ဖေ၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးကျော်အောင်၊ ဦးတိုးတိုး၊ ဦးမြင့်ဌေး၊ ဦးအောင်ဆန်း၊ ဦးအောင်ဇင်၊ ဗဟိုအလုပ်ကော်မတီဝင်များဖြစ်ကြသော ဦးထက်အောင်ကျော်၊ ဦးစိုးဦး၊ ဦးအေးမင်းထွန်း၊ ဦးမြင့်ဦး၊ ဦးခင်မောင်သန်း၊ ဦးကြီးမြင့်နှင့် ကရင်ပြည်နယ်စည်းရုံးရေးမှူး ဦးအောင်ဝင်းလှိုင် တို့ တက်ရောက်ခဲ့ကြသည်။

Friday, November 1, 2013

Facebook စီမံခန့်ခွဲရေးအဖွဲ့တွင် မြန်မာတဦးလည်း ပါဝင်



မြန်မာနိုင်ငံတွင် လူကြီးလူငယ်များအကြား သုံးစွဲမှုနှုန်း မြင့်မားသည့် Facebook လူမှုကွန်ရက် စာမျက်နှာ စီမံခန့်ခွဲရေး အဖွဲ့တွင် မြန်မာ တဦးကို အလုပ်ခန့်အပ်ထားကြောင်း Facebook Team မှ တာဝန်ရှိသူတဦး၏ ပြောလိုက်ကြောင်း Myanmar Ict for Development Organization (MIDO) မှ စီမံကိန်းမန်နေဂျာက ဧရာဝတီသို့ ပြောသည်။
Facebook စာမျက်နှာပေါ်တွင် ရေးသားသည့် တချို့သော အချက်များသည် သုံးစွဲသူနှင့် စီမံခန့်ခွဲရေး အဖွဲ့အကြား သဘောတူ ထားသည့် စည်းကမ်းချက်များကို ချိုးဖောက်မှုများ၊ တဦးနှင့်တဦး အမုန်းတရား ပွားစေမည့် အရေးအသားများ၊ တဦးက တဦးကို ခြိမ်းခြောက်ခြင်းများ၊ တစုံတဦးအပေါ် ထိခိုက်နစ်နာစေသော အရေးအသားများ ရှိနေခြင်းကြောင့် ယင်းသို့ မြန်မာ ဘာသာစကားကို တတ်ကျွမ်းနားလည်သူအား ခန့်ထားခြင်းဖြစ်ကြောင်း သိရသည်။

Thursday, October 31, 2013

“မြန်မာအလုပ်သမားတစ်ဦးဓါတ်လိုက်သေဆုံး”





အောက်တိုဘာ ၂၈      ကိုဖုန်း(စူရတဋ္ဌာနီ)
      ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဋ္ဌာနီမြို့ ၀တ်ပတူရပ်ကွက်ရှိ ပန်းရံဆိုဒ်တစ်ခုတွင်နေထိုင် သည့် မြန်မာအလုပ်သမားတစ်ဦး မီးမလာသဖြင့်  သွပ်ပြားညှပ်သည့်ကပ်ကြေးဖြင့် မီးကြိုးကိုဖြတ်ေ တာက်စဉ် မီးပြန်လာသဖြင့်ဓါတ်လိုက်သေဆုံး သွား ခဲ့သည်။
    သဆုံးသူမှာတနင်းသာရီတိုင်း၊သရက်ချောင်းမြို့ နယ်၊ဆင်ကြမ်းကျေးရွာမှအဘဦးသက်ချို+ဒေါ်မူမူေ အး တို့၏ သားကြီး အသက် ၁၆ နှစ်အရွယ်   မောင်ပိုင်ပိုင်စိုး ဆိုသူဖြစ်သည်။

Friday, October 25, 2013

ဖော်ကောင်လုပ်ကုန်ပြီး

ကျွန်နော့ နာမည်က ဗိုလ်ကြီး ဖြိုးသက်ထွန်းပါ..မိသားစုက ကနေဒါနိုင်ငံမှာ နေပါတယ်။ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၄၇ )သင်တန်းဆင်းတစ်ယောက်ဖြစ်ကာ တပ်ရင်း(၈၅/၉၉) နဲ့နေပြည်တော် စစ်ရုံးချုပ် တို့မှာတာဝန်ထမ်းဆောင်ခဲ့ဘူးပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ မျက်လုံးအားနည်း ချို့ယွင်းမှု့ ကြောင့် ဆေးပင်စင်ယူကာ ကနေဒါနိုင်ငံသို့ထွက်ခွာခဲ့ပါတယ်။

Online စာမျက်နှာတွေကနေ နိုင်ငံရေး လူမျိုး/ဘာသာရေး သွေးထိုးလှုံ့ဆော် ၀ါဒဖြန့် နေသော pages တွေဟာ နေပြည်တော် စစ်ရုံးချုပ်မှ ချုပ်ကိုင်ခိုင်းစေနေကြောင်းကို ကျွန်နော် ပါဝင်ပတ်သက်ခဲ့ဘူးသမျှ သိကျွမ်းထားသလောက် ဖောက်သည်ချပါ၇စေ..။

Global Fund For Women ဂုဏ်ပြုမယ့် အမျိုးသမီးခေါင်းဆောင် ၃ ဦးမှာ မြန်မာတဦး ပါဝင်



အမေရိကန်နိုင်ငံ အခြေစိုက် Global Fund For Women အဖွဲ့ကြီးက ကမ္ဘာ တဝန်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူတွေကို  ဂုဏ်ပြုဖို့ ရွေးချယ်ရာမှာ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် – မြန်မာနိုင်ငံ(WLB) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို ပါဝင်ကြောင်း သိရပါတယ်။
ကမ္ဘာ့ အမျိုးသမီးရေးရာတွေနဲ့ ပတ်သက်ပြီး ကူညီ ထောက်ပံ့မှုတွေ ပေးနေတဲ့ Global Fund For Women က လုပ်ဖော် ကိုင်ဖက် တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အမျိုးသမီးအရေး လှုပ်ရှားသူတွေကို ၅ နှစ် တကြိမ် ဂုဏ်ပြုတဲ့အခမ်းအနား ကျင်းပ ပါတယ်။
အခု လာမယ့် ၂၅ နှစ်မြောက် အခမ်းအနားအတွက် ဒေါ်တင်တင်ညို အပါအဝင် ကိုလံဘီယာ နိုင်ငံသူ Karmen Ramírez Boscán နဲ့ နိုင်ဂျီးရီးယား နိုင်ငံသူ Ndidi Nwuneli တို့ကို ရွေးချယ်ထားကြောင်း သိရပါတယ်။

ပြည်သူ့ဘက်တော်သား

“စိန်စီတဲ့ပတ်စပို့ထက်လုံခြုံမှုရှိတဲ့ပတ်စပို့စာအုပ်ဖြစ်ဖို့လိုသည်”



ဒီနေ့ပြည်တွင်းထုတ်The Voice Weekly နေ့စဉ်ထုတ်သတင်းစာမှာ ထိုင်းရောက်မြန်မာအလုပ် သမားတွေကိုင်ဆောင်တဲ့ယာယီပတ်စပို့စာအုပ်တွေကို အနီရောင်နိုင်ငံကူးလက်မှတ်အဖြစ် ပြောင်းလဲထုတ် ပေးမယ်ဆိုတဲ့သတင်းဖတ်ရတယ်။ ဒီစာအုပ်ဟာအခြားနိုင်ငံတွေကို ထွက်လို့ရလောက်တဲ့ပတ်စပို့မဟုတ်ပဲ OnlyThailand(ထိုင်းနိုင်ငံအတွက်) လောက်သာသုံးလို့ရတဲ့ ပတ်စပို့ဆိုရင်တော့ မြန်မာအလုပ်သမားတွေ ရင်ခုန်ကြမှာမဟုတ်ဘူးလို့ ကျနော်ထင်တယ်။

မုဒိန်းမှုကို Youtube ပေါ်တင်ခဲ့သည့် GTC ကျောင်းသူလေး

Wednesday, October 16, 2013

တိုင်းရင်းသားမွန်လူမျိုး(၁၀)ဦး၏ သိမ်းဆည်းခံမြေနေရာ အစားထိုးပြန်လည်ရရှိရေး စုံခုံဖွဲ့ပြီးသော်လည်း ယနေ့အချိန်ထိမစစ်ဆေးသေး


အောက်တိုဘာ ၁၆

ပဲခူးမြို့၊ အပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေယာဉ်ကွင်းဧရိယာနှင့်မလွတ်ကင်းသည့် နွားတဲကုန်းကျေးရွာတွင် နေထိုင်သော မိသားစုဝင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
မှ မြေနေရာအစားထိုးအဖြင့် ပေ၂၅×ပေ၄၀တစ်ကွက်၊ ပြောင်းရွေ့စရိတ် ငွေတစ်သိန်းကျပ်၊ ဆီးတစ်ပုံး၊ ဆန်တစ်အိပ်ပေးပြီး ဥဿာမြို့သစ်၊ မြေတိုင်း၂၄၊ သီးသန့်စံပြကွက်သစ်
သို့ ပြောင်းလဲနေရာချထားပေးခဲ့ရာတွင် ရာအိမ်မှူး ဦးလှိုင်ထွန်း(ကုလားလူမျိုး)၊ အုပ်ချုပ်ရေးမှူး ဦးချစ်ရွှေတို့၏ ချယ်လှယ်မှုကြောင့် မွန်တိုင်းရင်းသား(၁၀)ဦး အပါအ၀င် မိသာစုဝင်
(၃၀)ခန့်မြေနေရာမရှိခဲ့ကြောင်း ဒေသခံတစ်ဦးမှ ပြောကြားသည်။

Saturday, September 28, 2013

လျှပ်စစ်မိတာသုံးစွဲခအပြင် ပျောက်ဆုံးယူနစ်ပါပေးဆောင်နေရသည့် သပြုကျေးရွာ

လျှပ်စစ်မိတာသုံးစွဲခအပြင် ပျောက်ဆုံးယူနစ်ပါပေးဆောင်နေရသည့် သပြုကျေးရွာ


ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ သပြုကျေးရွာ၊ အိမ်နံပါတ် - 3/265နေ
3/5 -K.V.A မှ မီတာအမှတ် - Y-B 50568\ဖြင့် လျှပ်စစ်မီးသုံးစွဲသူ ကျွန်တော် ဦးစိုးနိုင်
မှတ်ပုံတင်အမှတ် - KWA-125630 ကိုင်ဆောင်သူသည် 1993 ခုနှစ်-
လျှပ်စစ်သုံးစွဲသည့်နေ့မှစပြီး ယခုအချိန်ထိ
လစဉ်မှန်မှန် နိုင်ငံတော်လျှပ်စစ်ဝန်ကြီးဌာနမှ သတ်မှတ်ထားသော
(၁)ယူနစ်လျှင် (၃၅)ကျပ်နှုန်း၊ ထိန်းသိမ်းစောင့်ရှောက်ခ
(၁၀၀၀)ကျပ်နှုန်းအား လစဉ် (၂၁)ရက်နောက်ဆုံး
ထားပြီး ဒါးပိန်လျှပ်စစ်ရုံးသို့ ပေးဆောင်ခဲ့ပြီးဖြစ်ပါသည်။

“လူလိမ်လင်မယား၂ဦးအားတွေ့ရှိပါက အကြောင်းကြားပေးကြပါရန်”


       အောင်ဝင်းမြင့် အသက် ၄၁ နှစ် ယာယီပတ်ပို့ အမှတ် TD 062847  နှင့်  အေးသက်မွန် အသက် ၃၃ နှစ်  ယာယီပတ်စပို့အမှတ် TD 062535  ဇနီး   မောင်နှံ၂ဦးတို့သည် ဘန်ကောက်မြို့ ဖက်ကဆင်  ၉၅ လမ်းတွင် နေထိုင်ကြသည့်ချည်ထည်နှင့်    ဆေးဆိုးပန်းရိုက် စက်ရုံအလုပ်သမား၁၄ဦးတို့ထံမှ စုစုပေါင်း ဘတ်ငွေ တစ်သိန်းခြောက်ထောင် လိမ် လည်သွားခဲ့ပြီးနောက်ဘန်ကောက်မြို့နှင့်အနီးပတ်ဝန်းကျင်တို့တွင်  ရှောင်တိမ်းနေထိုင်နေကြောင်းသိရှိရသည်။

Friday, September 27, 2013

လူသက်တရားခံအား ယနေ့အချိန်ထိ မုပွန်ရဲစခန်းမှ မဖော်ထုတ်နိုင်သေးသည့်ဖြစ်ရပ်




လွန်ခဲ့သော ၁၉၊ ၅၊ ၂၀၁၃ ရက်နေ့ နံနက်(၆)နာရီကျော်အချိန်ခန့်တွင် မော်လမြိုင်မြို့၊ သိရိမင်္ဂလာရပ်ကွက်၊ (၁၇)လမ်း၊ အမှတ်(၈၂၆) နေ
အဖဦးစိုးသိန်း၏ သားဖြစ်သူ ကျော်နိုင်(ခ)ဂျိုကာ၊ အသက်(၃၃)နှစ်မှာ ရုပ်ပျက်ဆင်းပျက်ရက်ရက်စက်စက် သက်ဖြတ်ခံထားရသည့် ဒဏ်ရားများဖြင့်
မီးရထားလမ်းပေါ်တွင် မရှုမလှသေဆုံးခဲ့ရသော်လည်း ယနေ့အချိန်ထိ မုပွန်ရဲစခန်းမှ လူသက်တရားခံကို မဖော်ထုတ်နိုင်သေးကြောင်း မိသားစုဝင်တစ်ဥိး
၏ ပြောပြချက်အရ သိရသည်။

Sunday, September 22, 2013

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကော်မတီသို့ ပေးပို့သည့် ဆွေးနွေးချက်စာတမ်း

 
 
September 21, 2013 at 11:54pm
 
အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကော်မတီသို့ ပေးပို့သည့် ဆွေးနွေးချက်စာတမ်း မင်္ဂလာပါခင်ဗျာ ... လေးစားအပ်တဲ့(အပစ်အခတ်ရပ်) ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် များ၊ နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များ ခင်ဗျား။ နိုင်ငံရေးအရ ထူးခြားပြီး ငြိမ်းချမ်းရေးရရှိရေးအတွက် ဦးတည် ကြိုးပမ်းကြမည့်ဆွေးနွေးပွဲမှာ ယခုလိုတွေ့ဆုံဆွေးနွေးခွင့်ရတဲ့အတွက် အလွန်ပဲ ၀မ်းသာပီတိဖြစ်ရ ကြောင်း ဦးစွာတင်ပြ ပြောကြားလိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ကော်မတီ (ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်)ရဲ့ ဆွေးနွေးပွဲဖိတ်ကြား ချက်အရ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ က လေးစားစွာ ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးတဲ့နေရာမှာ တစ်မျိုးသားလုံး၊ နိုင်ငံသားအားလုံးအကျိုးစီးပွားကို ရှေ့ရှုပြီးပါတီစွဲ၊ လူမျိုးစွဲ ကင်းစွာ

Friday, September 20, 2013

ရည်ရွယ်ချက် ၅ ခုနဲ့ ထိုးဖောက်ဖွဲ့တည်လာတဲ့ NDF


 
ဇူုးဇူးမွန်  စက်တင်္ဘာ ၁၉/၂၀၁၃

ပြည်ထောင်စုမြန်မာနိုင်ငံတွင် အခြေခံလူ့အခွင့်အရေးများကို အာမခံနိုင်မည့် တရားဥပဒေစိုးမိုးသည့် စစ်မှန်သောဒီမိုကရေစီ စနစ်သို့ ပြောင်းလဲရောက်ရှိနိုင်ရေးအတွက် ငြိမ်းချမ်းသောနည်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်၊ တိုင်းရင်းသားများအားလုံး၊ အဆင့်အတန်းနှင့် အခွင့်အလမ်းပါ တန်းတူညီမျှမူကို အခြေခံသည့် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးကို တညီတညွတ်တည်း ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသော အထွေထွေပြဿနာများကို မြန်မာတိုင်းရင်းသားအချင်းချင်း ကိုယ်တိုင် ဖြေရှင်းလျှက် အမျိုးသားပြန်လည်သင့်မြတ်ရေး အမှန်တကယ်ရရှိအောင် ဆောင်ရွက်သွားရန် မြန်မာ့စီးပွားရေးနှင့် လူမူဘ၀မြင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏အခြေအနေနှင့်လိုက်လျောညီထွေရှိမည့် ခေတ်မီစီးပွားရေး မူဝါဒများကို ချမှတ်ကျင့်သုံးသွားရန် ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးနှင့် နိုင်ငံအချင်းချင်းနားလည်မူရရှိရေးအတွက် လွတ်လပ်၍ နိုးကြားတက်ကြွသော နိုင်ငံခြား ရေးမူဝါဒကို ကိုင်စွဲကျင့်သုံးသွားရန် ဆိုတဲ့ ရည်ရွယ်ချက်ငါးရပ်နဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၉ရက်နေ့မှ စတင်ကာ တရားဝင်ပါတီအဖြစ် ရပ်တည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်(၁၉)ဦးနဲ့ ပါတီစတင်တည်ထောင်ပြီး တည်ဆောက်ရေးကာလ ဖွဲ့စည်းပုံစည်းမျဉ်းမူကြမ်းကို ရေးဆွဲ ကာ ထိုစည်းမျဉ်းများနဲ့အညီ ဆောင်ရွက်လုပ်ကိုင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့နောက် ၁၀-၁-၂၀၁၁ ရက်မှာ ပထမအကြိမ် ဗဟိုဦးစီး ကော်မတီအစည်းအဝေးကို စည်းရုံးကျင်းပနိုင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဒီမိုကရေစီနည်းလမ်းများနဲ့အညီ ပြန်လည်ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ ပါတီအနေနဲ့ လက်ရှိနိုင်ငံရေး၊ စည်းရုံးရေးအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်စေရန်အတွက် ပါတီဖွဲ့စည်းပုံစည်းမျဉ်းကို ပြင် ဆင်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

အခြေခံဥပဒေကို ဖျက်ပြီးပြင်မှရမယ်လို့ပြောနေခြင်းက အခြေခံဥပဒေနားမလည်ဘဲ နိုင်ငံရေးပါးမ၀တာလို့ပြောတဲ့ ဦးသိန်းညွှန့် နှင့်တွေ့ဆုံခြင်း

 
အမျိုးသားဒီမိုကရေစီပါတီသစ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍အရပ် ဖက်လူ့အဖွဲ့အစည်းများမှအခြေခံ ဥပဒေကို ပြင်ဆင်ပြီးသော်လည်းချို့ယွင်းချက်များရှိနေနိုင်သေးသည့် အတွက် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ပြီးပြင်မှ သာ ပြီးပြည့်စုံနိုင်မည်ဟူသော အမြင်များနှင့်ပတ်သက်၍ အမျိုး သားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

ဆီဒိုးနားတွင် လျှို့ဝှက်ကင်မရာဖြင့် ဇာတ်ကား မဟုတ်မှန်ကြောင်း ငြင်းဆို


ဆီဒိုးနားဟိုတယ်တွင်လျှို့ဝှက်ကင်မရာတပ်ဆင်ပြီးရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်
တစ်ခုဖြန့်နှံ့လျက်ရှိပြီးအချိန်ကိုက်ဆီဒိုနားဟိုတယ်၏ Website အား Hack ခံရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးဆီဒိုးနားဟိုတယ်ရဲ့ အိုင်တီဌာနမှ Website Hack ခံရခြင်းမဟုတ်ကြောင်းပြောပါတယ်။

“ပြင်လိုစိတ်ရှိဖိုလိုတယ်”



           


                                                “ပြင်လိုစိတ်ရှိဖိုလိုတယ်”
       မိဘတိုင်း သားသမီးတွေကိုချစ်ကြတယ်။ ဆင်စီးပြီးမြင်းရံချင်ကြတာ မိဘတိုင်းရဲ ဆန္ဒပဲ။ တော်တဲ့သား လိမ္မာယဉ်ကျေးတဲ့သားသမီးတိုင်းကို မိဘတိုင်းလိုချင်ကြတယ်။ မိဘတိုင်းဟာ သားသမီးကို ချမ်းသာ ကြီးပွား ထိပ်တန်းရောက်စေချင်ကြတဲ့ စေတနာရှိကြတယ်။ အငြင်းပွားဖွယ်မရှိ။
           နိုင်ငံသားတိုင်းလည်း မိမိတိုင်းပြည်ကို ကြီးပွားတိုးတက်စေချင်ကြမှာဖြစ်သလို  ခေတ်မီဖွံ့ဖြိုးတိုး တက်စေချင်မှာလည်း မြေကြီးလက်ခပ်မလွဲဘူလို့ ယူဆတယ်။ 

“မြန်မာပြည် ဘာကြောင့်မွဲခဲ့ရသလဲ”
               မြန်မာစစ်အာဏာရှင် အဆက်ဆက်ပြောခဲ့ကြတာကတော့ တိုင်းပြည်ကိုချစ်တယ်။ အချုပ်အခြာ အာဏာကိုကာကွယ်စောင့်ရှောက် တယ်။ မဆလ ခေတ်မှာများဆိုရင် အနှစ် ၂၀- အနှစ်၃၀ စီမံကိန်းတွေ ဘယ်လောက်အောင်မြင်ကြောင်းတွေ  နိုင်ငံပိုင် မီဒီယာတွေမှာ မိုးလုံးပြည့် မုသားဝါဒတွေနဲ့လိမ်လည်လှည့် ဖြားခဲ့ကြတယ်။   နအဖ-န၀တ ခေတ်မှာ ကျတော့ မြစ်တွေ့လျှင် တံတားဆင်၊ ပြည်ရွာ အရောက်လမ်းတွေ ဖေါက်။ 

Wednesday, September 18, 2013

ပုဒ်မ ၅၀၅(ခ)ဖြင့် ဖမ်းဆီးခံထားရသည့် ဦးဝင်းချို(ပါ)၆ဦး ရုံးထုတ်ဗွီဒီယို...

အိုမန်-မြန်မာ ဘောလုံးပွဲ သတင်းမှန်


ဓာတ်ပုံ - AP

ယမန်နေ့က ရန်ကုန်၌ ကစားခဲ့ကြသည့် မြန်မာ၊ အိုမန်ဘောလုံးပွဲတွင် မြန်မာပြည်သူတို့၏ စိတ်သဘောထားကောင်းမြတ်မှုနှင့် အားကစားကို ချစ်မြတ်နိုးမှုအား ကမ္ဘာက သိအောင် ထင်ထင်ရှားရှား ပြသခွင့်ရခဲ့ကြ သည်။ အခွင့်အရေးကို လက်လွတ်မခံပဲ မြန်မာ့စိတ်ရင်းစေတနာကို
ထုတ်ဖေါ်ခဲ့ကြသည့် ပရိတ်သတ်ကြီးအား နိုင်ငံတော်အစိုးရကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတကြီးကိုယ်တိုင် ရုပ်မြင်သံကြားက ချီးမွန်းပြောဆိုရန် စီစဉ်နေသည်။

“အိမ်အကူအလုပ်သမ၂ဦးလွတ်မြောက်ပြီ”



စက်တင်ဘာ၁၇     မင်းဘခက်
                 လေလကြာအိမ်အကူအဖြစ် အခန်း ပိတ်လှောင်ခိုင်းစေခံနေခဲ့ရ သည့်  မြန်မာအလုပ် သမ ၂ဦး ယနေ့တွင် MAT အဖွဲ့၏ ကူညီမှုဖြင့် လွတ်မြောက်လာပြီးဖြစ်ကြောင်းသိရသည်။
             ပြန်လည်လွတ်မြောက်လာခဲ့ကြသူများမှာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရွှေဘော်ကုန်းကျေး ရွာမှ အသက် ၁၇ နှစ်အရွယ် မအေးမြသူနှင့် သထုံမြို့နယ် သမ္ပာန်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် မစမ်းဝင်း တိုဖြစ်ကြသည်။

ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် တင်ပေးသော သူရဲကောင်း(၆)ဦး၏ အမှု ရုံးချိန်းပြန်ချိန်း






ပဲခူးမြို့နယ်တရားသူကြီး ဒေါ်ခင်မေယု ရာထူးမှ နုတ်ထွက်အနားယူခဲ့သည့်အတွက်  ပုဒ်မ-၅၀၅(ခ)ဖြင့်ဆွဲဆိုထားသည့် ဦးဝင်းချို(ပါ)၆ဦး အမှုအား ယမန့်နေ့တွင် တွဲဖက်မြို့နယ်
တရားသူကြီး(၁)ရုံး- ၂၇၊ ၉၊ ၂၀၁၃ ရက်နေ့သို့ ရုံးချိန်းပြန်ချိန်ခဲ့ကြောင်း သတင်းရရှိသည်။

Sunday, September 15, 2013

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့နှင့်ပတ်သက်၍ အင်တာနက်သတင်း မှန်ကန်မှုမရှိကြောင်း ဂေါပကအဖွဲ့ပြောဆို


        သက်တမ်း(၃)လမျှသာရှိသေးသော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်
ဂေါပက(၁၅)ဦးပါအဖွဲ့နှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာအချို့တွင် ပုဂ်ဂိုလ်
ရေးထိခိုက်သည့် ရေးသားဖော်ပြချက်များသည် မှန်ကန်မှုမရှိကြောင်း
ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးမှ သတင်းမီဒီယာများအား
စက်တင်ဘာလ(၁၂)ရက်နေ့တွင် ကျိုက်
ထီးရိုးသမိုင်းပြတိုက်  ပြောကြားခဲ့သည်။
        ဖြစ်စဉ်မှာ ယနေ့တာဝန်ထမ်းဆောင်လျှက်ရှိသည့်
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင်များသည် သက်မှတ်ထားသည့်
အရည်အချင်းများနှင့်
ပြည့်မှီပြီး အများပြည်သူများ၏ ဆန္ဒဖြင့် ဒီမိုကရေစီကျကျ မဲစနစ်ဖြင့်
ရွေးချယ်တင်မြှောက်ထားသူများဖြစ်သည့်အပြင် သြ၀ါဒဆရာတော်ကြီးများမှ
အသိအမှတ်ပြုထားသူများဖြစ်၍ မွန်ပြည်နယ်အစိုးရအဖွဲ့မှ
တရားဝင်ခန့်အပ်တာဝန်ပေးထားသူများဖြစ်သည်။

Saturday, September 14, 2013

“မြန်မာအလုပ်သမား ၁၁၀ ဦး အကူညီလိုအပ်နေ”



                      စက်တင်ဘာ ၁၃  ရက်  မြတ်ညို (အလွတ်သတင်းထောက်)
              ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်းဂလုတ်မြို့ (Buketta) ဘူကစ်တာအရပ် တွင် ရှိသော  AEK  SUPACHOK ဆောက်လုပ်ရေးကုမ္ပဏီ တွင် ပန်းရံလုပ်နေကြသော   မြန်မာအလုပ် သမား  ၁၁၀ ဦးတို့ပြဿနာပြေလည်မှု မရရှိသေး   ကြောင်း သိရသည်။
             ယခင်ကာလများက၁၅ရက်တစ်ကြိမ်လုပ်ခ ရှင်းပေးေ သာ်     လည်း ယခုလုပ်အားရှင်းမပေးသည်မှာ တစ်လခွဲ တိုင်တိုင် ရှိလာပြီဖြစ်သည်။ ထို့ကြောင့် အလုပ်သမားများအားလုံး တညီတ ညွတ် တည်း စက်တင် ဘာလ  ၇ ရက်နေ့ ကတည်းကအလုပ် မဆင်းပဲ နေခဲ့ကြခြင်းဖြစ်သည်။ အလုပ်သမားများအားလုံးတို့မှာ ယာယီပတ်စပို့နှင့် ၀တ်ပါမစ်များလုပ်ထားကြပြီး ဇူလိုင်လကတည်း က ကျေထားပြီးဖြစ်ကြသည်။ အလုပ်ရှင်က အလုပ်မဆင်းပါက  ပုလိပ်ကိုဖမ်းခိုင်းမည်ဟုပြောဆိုပြီး ရေမီးဖြတ်ထားခဲ့သဖြင့် အလုပ်သမား များမှာ အခက်ကြုံခဲ့ကြရခြင်းဖြစ် သည်။

Friday, September 13, 2013

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့၏ ရှင်းလင်းချက်

 
ယနေ့တာဝန်ထမ်းဆောင်လျှက်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင်များသည် သက်မှတ်ထားသည့် အရည်အချင်းများနှင့်
ပြည့်မှီပြီး အများပြည်သူများ၏ ဆန္ဒဖြင့် ဒီမိုကရေစီကျကျ မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ထားသူများဖြစ်သည့်အပြင် သြ၀ါဒဆရာတော်ကြီးများမှ
အသိအမှတ်ပြုထားသူများဖြစ်၍ မွန်ပြည်နယ်အစိုးရအဖွဲ့မှ တရားဝင်ခန့်အပ်တာဝန်ပေးထားသူများဖြစ်သည်။ ဈေးသူဈေးသား- ဈေးသာယာရေး
ကော်မတီများ၏ ကြည်ညိုလေးစားခြင်းခံရသူများလည်းဖြစ်ပါသည်။

Sunday, September 8, 2013

တရားစီရင်ရေးမှာ အုပ်ချုပ်ရေးပိုင်းက ဝင်စွက်ဖက်ခွင့်မရှိတော့ဘူးလို့ သူရဦးရွှေမန်း ပြောကြား

ဒီကနေ့ခေတ် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ အရင်အစိုးရခေတ်ကလို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်လို့ မရတော့ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လွှတ်တော်အနေနဲ့လည်း အများပြည်သူလိုလား လက်ခံနိုင်တဲ့ ဥပဒေတွေကို လွှတ်တော်က ရေး ဆွဲပြဌာန်းသွားမှာဖြစ်ကြောင်း ရန်ကုန်မြို့က လွှတ်တော်ရုံးမှာပြုလုပ်တဲ့ ဆွေးနွေးပွဲ မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။

“ခွေးကိုဆဲတဲ့မြန်မာအလုပ်သမားကို ထိုင်းလူမျိုးက သေနတ်ဖြင့်ပစ်သတ်”

မင်းဘခက် ၆   မြတ်ညို(အလွတ်သတင်းထောက်)
  ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ချန်ရပ် ကွက်တွင်နေထိုင်သည့်ရာဘာခြံအလုပ်သမား တစ်ဦး အား ခွေးကို ဆဲဆိုသဖြင့် ထိုင်းလူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆နာရီကျော်ခန့် က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသည့် ရာဘာခြံ အလုပ်သမားတစ်ဦး အချိုရည်နှင့် မုန်းများ ၀ယ်ရန်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန် လာသည့်အခါ ခွေပိုင်ရှင်က အိမ်ရှေ့မှ စောင့်နေပြီး ညာဘက်ရင်အုံနှင့် ညာဘက် မျက်ခုံး အပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်၂ချက် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။

Friday, September 6, 2013

သုဿန်မြေပျောက်ဆုံးလုဖြစ်နေသော ပြည်သူများအတွက် ပြည်သူနဲ့တသားတည်း ရပ်တည်နေသော (NDF)ပါတီ၏ ဆောင်ရွက်ချက်



    အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ပဲခူးခရိုင်စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးညိုလင်းမောင် ဦးဆောင်သောအဖွဲ့သည် ပဲခူးမြို့၊
ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈)၊ နယ်မြေ (၁၀)အတွင်း တည်ရှိသော သုဿန်မြေအား လုပ်ငန်းရှင်အချို့မှ ခြံစည်းရိုးများကာရံထားရှိမှုနှင့်ပတ်သက်
ပြီး ဒေသခံပြည်သူများ၏ အကူအညီတောင်းချက်အရ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့က သွားရောက်လေ့လာစုံစမ်းခဲ့ကြောင်း သတင်းရရှိသည်။