Friday, October 10, 2014

“လိပ်ကျွန်း လူသတ်မှုကို ထိုင်း တရားရုံးက ပယ်ချရတဲ့ အကြောင်းရင်း”

ဗြိတိန်နိုင်ငံသား နှစ်ယောက် အသက်ခံရတဲ့ အမှုနဲ့ပက်သက်ပြီး နိုင်ငံတော် မှုခင်း ဆရာဝန် ဌာနက အကြီးဆုံး ဒေါက်တာကတော့ ပြောပြီ၊ အဓိက ကတော့ ဒီအမှုကို တရားရုံးက ပယ်ချလိုက်တဲ့ အချက်တွေက

၂၀၁၅ တွင် တင်သွင်းသည့်ကားများ ဘယ်မောင်းဖြစ်ရန် ဌာနအားလုံး ထောက်ခံချက်လို

by  မိုးညို
၂၀၁၅ တွင် တင်သွင်းသမျှ မော်ဒယ်များ အားလုံးကို ဘယ်မောင်းကားများကိုသာ သွင်းခွင့်ပြုမည်ဆိုခြင်းမှာ သက်ဆိုင်ရာ ဌာနအားလုံး၏ ထောက်ခံချက်လိုအပ်ပြီး လတ်တလော မသေချာသေးကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးမင်းမင်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဒုဝန်ကြီးချုပ်နှင့် တွေ့ ဆုံ စဉ် လိပ်ကျွန်း လူသတ်မှု ကိစ္စ အမှုမှန် ပေါ်ပေါက်ရေး ဥပဒေနှင့် အညီ စစ်ဆေးပေးရန် တောင်းဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ
လိပ်ကျွန်းဖြစ်စဉ်မှာ အမှုမှန် ပေါ်ပေါက်ရေးကို ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့၊ မြန်မာသံရုံးက အထူးအဖွဲ့ လေ့လာနေမှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးဖို့၊ "အပြစ်ရှိသူကို အပြစ်မပေး မိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန် လိုသည်" ဟူသော ဥပဒေ စကားအတိုင်း သေချာစွာ စိစစ် လုပ်ဆောင် ပေးစေလိုကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်ကို ပြောကြားလိုက်ပါတယ်။

လိပ်ကျွန်းလူသတ်မှု တရာမျှတရေး ဂျပန်မှာတောင်းဆိုဆန္ဒပြ

ထိုင်းနိုင်ငံ ခိုတောင်း ခေါ် လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထိန်း သိမ်း ထားတဲ့ မြန်မာနိုင်ငံ သားတွေရဲ့အမှုကို တရားမျှမျှ တတဖြစ်အောင် စစ်ဆေး ဆောင်ရွက် ပေးဖို့ အတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့က ထိုင်းသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီးသုံးပါး ရှင်းလင်းပွဲတွင် ရန်ကုန်အစိုးရ အဖွဲ့ဝင်များ အိပ်ငိုက် သတင်းထောက်များ မေးမြန်းခွင့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ကန့်သတ်

ရန်ကုန်၊ အောက်တိုဘာ ၉
နိုင်ငံတော် ဘတ်ဂျက်ကိစ္စ၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကိစ္စများကို မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းခဲ့သည့် နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဦးစိုးသိန်းနှင့် အခြားပြည်ထောင်စု ၀န်ကြီး(၂)ဦးတို့၏ ရှင်းလင်းပွဲသို့ တက်ရောက် ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၏ အိပ်ငိုက်နေသည့်ပုံများ ““အိပ်မက်ဆုံရာ”” ခေါင်းစဉ်ဖြင့် ယခုရက်ပိုင်းတွင် လူမှုကွန်ရက်စာ မျက်နှာများ၌ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူများ အကြား ပြောဆိုဝေဖန်မှုများ ရှိနေသည်။

ထိုင်း-မြန်မာ အထူးစီးပွားရေး ဇုန်ု ပြန်လည်လုပ်ကိုင်ဖို့ သဘောတူ

အကောင်အထည်ဖေါ် တည်ဆောက်ရေး လုပ်ငန်းတွေ အလွန် နှေးကွေး နေတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူး စီးပွားရေး ဇုန်စီမံကိန်း ပြန်လည်သက်ဝင် လှုပ်ရှားလာနိုင်အောင်၊ ထိုင်း စီးပွားရေး လုပ်ငန်းတွေကို စီမံကိန်းရဲ့ ပိုမိုကြီးမားတဲ့ အခန်း ကဏ္ဍကနေ ဆောင်ရွက်ခွင့်ပြုဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာတို့ သဘောတူညီ လိုက်ကြပါတယ်။

အိန္ဒိယနဲ့ မြန်မာ ကားလမ်းတွေ ဖေါက်လုပ်ရေး လုပ်ငန်းစတင်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာ ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကြား ဆက်သွယ်ရေးလမ်းမတွေ ဖေါက်လုပ်ရေး စီမံကိန်းကို မနေ့က စတင်လိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် သမ္မတနဲ့တွေ့၊ ဒီနေ့ ရွှေတိဂုံဖူးမယ်

ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha (Credit: AFP) 
မြန်မာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​ထိုင်းနိုင်ငံ ​ဝန်ကြီးချုပ် ​Prayuth ​Chan-ocha ​က ​မနေ့တုန်းက ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​နေပြည်တော်မှာ ​တွေ့ဆုံခဲ့ပါတယ်။

လိပ်ကျွန်းလူသတ်မှု စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦး လွတ်မြောက်ရေး ဆန္ဒပြ

 ဓာတ်ပုံ – အောင်ကြီး

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ မြန်မာ အလုပ်သမား ၂ ဦး လွတ်မြောက်ရေး မြန်မာ့ လူမှုဘ၀ တိုးတက် မြင့်မားရေး အဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့ မနက်က ရန်ကုန်မြို့တော် ခန်းမရှေ့ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

ထိုင်းလိပ်ကျွန်း လူသတ်မှု၌ မြန်မာနှစ်ဦး တရားခံ မဖြစ်နိုင်ဟူသည့် ထင်မြင်ချက် ပိုမိုများလာ

ရန်ကုန်၊ အောက်တိုဘာ ၈

သံသယများစွာ၊ အငြင်းပွား ဖွယ်ရာများစွာဖြင့် ထိုင်းနိုင်ငံ၊ လိပ်ကျွန်း(Kho Tao)တွင် ဖြစ်ပွားခဲ့ သည့် ဗြိတိန် နိုင်ငံသား စုံတွဲ အသတ်ခံရခြင်းတွင် ၀န်ခံခဲ့သည့် မြန်မာနိုင်ငံသား နှစ်ဦး၏ ဖြစ်စဉ်မှာ ယခု ရက်ပိုင်းများအတွင်း ကမ္ဘာ့မီဒီယာများ၊ မြန်မာ့မီဒီယာများနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် အကြီးကျယ်ဆုံး သတင်းတစ်ပုဒ် အဖြစ် ကျယ်ပြန့်သထက် ကျယ်ပြန့် လာနေသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းမှ ဘဏ်အတိုးနှုန်း လျှော့ချနိုင်မည်

မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွ မှုနှုန်းကို လျော့ချနိုင်မှသာ ပြည်တွင်းဘဏ် တွေရဲ့ အတိုးနှုန်းကိုလည်း လျော့ချနိုင်မှာ ဖြစ်တယ်လို့ ဘဏ်လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြပြောဆို လိုက်ပါတယ်။

အဂတိလိုက်စားမှု နှင့် တိုးတက်ဖွံ့ဖြိုးမှု

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့  သက်တမ်း (၆) လအတွင်း လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ (၅၀၀) ကျော် လက်ခံရရှိခဲ့ပေမဲ့ (၃) စောင်ကိုသာ အရေးယူနိုင်ကြောင်း စက်တင်ဘာလ (၁၉) ရက်နေ့က သတင်းထုတ်ပြန်တဲ့ အတွက် လွှတ်တော်မှာရော သတင်းမီဒီယာ လောကမှာရော မေးမြန်းစရာ ဝေဖန်စရာ ဖြစ်လာပါတယ်။ လစာနဲ့ မစားလောက်လို့ လာဘ်စားတဲ့ ဝန်ထမ်းနဲ့ ချမ်းသာချင်လို့ လာဘ်စားတဲ့ ဝန်ထမ်းဆိုပြီး ဝန်ထမ်းနှစ်မျိုး ရှိပါတယ်။ စားဝတ်နေရေး ကျပ်တည်းလို့ အောက်ပိုင်းက ဝန်ထမ်းတွေ လာဘ်စားပြီး အထက်တန်းဝန်ထမ်းကတော့ စည်းစိမ်ခံစားချင်လို့ လာဘ်စားပါတယ်။

Thursday, October 9, 2014

မြန်မာကိုယ်စားလှယ်အဖွဲ့ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး အပြီးသတ်

မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် ထိုင်းရဲအဖွဲ့ (ဓာတ်ပုံ – မင်းဦး)
 
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ စွပ်စွဲခံရသူနဲ့ အစိုးရအစိုးရသက်သေကိုပါ မေးမြန်းစစ်ဆေးခွင့်ရခဲ့ပြီး သူတို့ရဲ့ ခရီးစဉ်ကို အဆုံးသတ်လိုက်ကြပါတယ်။