Wednesday, March 9, 2016

သမ္မတလောင်းအဖြစ်ရေပန်းစားနေသူ ဦးထင်ကျော်၏ ကိုယ်ရေးရာဇဝင် အကျဉ်း...

 
ကွန်းခြံကုန်းမြို့သား 1990 NLD ရွေးကောက်ခံကိုယ်စား
လှယ် ဂန္တဝင်စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက်
သားဖြစ်သည်။
၁၉၄၆ ဇူလိုင် ၂၀ တွင်မွေးဖွားသည်။ဒေါ်ခင်ကြည်ဖောင်ဒေး
ရှင်းတွင် အားကိုးရဆုံးသူဖြစ်သည်။ ဒီချုပ်အဖွဲ့ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားကိုးရဆုံနှင့် စိတ်ချရ
ဆုံးလူနည်းစုတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် အသက်တ
နှစ် တစ်လ တစ်ရက်ငယ်ရွယ်သူဖြစ်သော်လည်း မက်ဒရစ်
ကျောင်း(ဒဂုံ ၁)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူပညာ
ဆည်းပူးခဲ့သူဖြစ်သည်။

NLD ရွေးတဲ့သမ္မတလောင်း တိုင်းရင်းသားတွေ ထောက်ခံမည်


မတ်လ ၁၀ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သမ္မတလောင်း ၂ ဦး အမည်စာရင်း တင်သွင်းသွားဖို့ ရှိတဲ့အပေါ် တိုင်းရင်းသားပါတီတွေက ကြိုဆိုလိုက်ပါတယ်။
တိုင်းရင်းသားပါတီအတွေအနေနဲ့ သမ္မတလောင်းအမည်စာရင်း ယှဉ်ပြိုင်တင်သွင်းသွားမှာ မဟုတ်ဘဲ NLD က တင်သွင်းတဲ့ သမ္မတလောင်းတွေကိုပဲ ထောက်ခံသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။

ဒုသမ္မတလောင်းများ အမည်စာရင်းတင်သွင်း


 
NLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ဦးထင်ကျော် အမျိုးသားလွှတ်တော်အတွက် ဦးဟင်နရီဗန်ထီးယူတို့ကို ဒုသမ္မတလောင်းတွေအဖြစ်အမည်စာရင်းတင်သွင်းပါတယ်။
ပြည်ခိုင်ဖြိုးပါတီက ပြည်သူလွှတ်တော်အတွက် လက်ရှိဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်း။ အမျိုးသာလွှတ်တော်အတွက် အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်တို့ကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

အလုပ်ခွင်တွင်း သေဆုံးခဲ့သော မြန်မာအလုပ်သမားအတွက် လျော်ကြေးငွေ အမြန်ဆုံး ပြန်လည်ရရှိရေး MAT ကူညီမည်


သတင်း-မင်းဘခက်

ထိုင်းနိုင်ငံ ချာချင်ဆောင် ပဲလီယို-တလတ်ခေါ်ရီစွပ် ဈေးနား၂၄လမ်းရှိ ဆားကတ် အဟောင်းရောင်းဝယ်ရေးဆိုင်တွင် လွန်ခဲ့သော ၂လခန့်က အသက် ၂၁နှစ် အရွယ် မြန်မာ အလုပ်သမားတစ်ဦး အလုပ်ခွင် တွင်း သေဆုံးမှုကြောင့် အလုပ်ရှင်က သေဆုံးသူ၏ မိသားစုဝင်များ ကို လျော်ကြေးပေးမည်ဟုဆိုသော်လည်း ယနေ့အချိန်ထိ ရွေ့ဆိုင်းနေ မှုကြောင့် အမြန်ဆုံး ရရှိရေးအတွက် ထိုင်းနိုင်ငံ မြန်မာနိုင်ငံသားများ အဖွဲ့(MAT)က ကူညီပေးမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

ပဲခူးအထူးသတင်း

 
ဆေးအဆိပ်သင့်၍ပဲခူးဆေးရုံကြီးတွင်ကလေး၂၈ယောက်အနက်၃ဦးသေ၄ဦးအရေးပေါ်အခြေနေအဖြစ်ရန်ကင်း
ကလေးဆေးရုံမှလူနာတင်အထူးကားဖြင့်ယနေ့ညနေ၄နာရီ ကျော်ခန့်ကပို့ဆောင်လိုက်ရကြောင်းကျန်ကလေး
များကိုတော့နေပြည်တော်မှရောက်လာသောကလေးအထူးကုဆရာဝန်ကြီးကအနီးကပ်ပြုစုကုသပေးလျက်ရှိ
ပါကြောင်းသတင်းရရှိပါသည်။ဖြစ်ပွားပုံမှာ၎ရက်၅ရက်၆ရက်နေ့များတွင်မွေးဖွားသောကလေးငယ်များကို၇
ရက်နေ့ညနေပိုင်းကတာဝန်ကျနပ်စ်မများမှကလေးများကိုဘီပိုးကာကွယ်ဆေးထိုးရမည်လူနာရှင်များမှ၆၅၀၀
ကျပ်စီစု၍ကလေး၂၈ဦးအတွက်ဆေးသွားဝယ်ရန်လူနာရှင်များထဲမှပဲခူးမြို့ခံသားတစ်ယောက်ကိုမေတ္တာဦးဆေး
ဆိုင်သို့ဖုန်းဆက်ထားသည်အဲ့ဒီဆိုင်မှာဆေးသွားဝယ်ဟုပြော၍လူနာရှင်၂၈ဦး၏ကိုယ်စားသွားရောက်ဝယ်ယူစေ
ခဲ့ပါသည်၊ဆေးဝယ်ယူပြီး၁၀မီးနစ်ခန့်အကြာတွင်တာဝန်ကျဆရာမများကကလေးများကိုတဦးစီဆေးထိုးပေး
လိုက်ပါသည်ဝယ်ယူ၍ကလေးများကိုထိုးပေးလိုက်သောဆေးမှာBပိုးကာကွယ်ဆေးဟုသိရပါသည်