အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံ အတွင်း စတင် ဝင်ရောက်သည့် နေ့မှစ၍
မိုးနှောင်း ကာလအထိ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်း ရပ်ဝန်းများ
အားကောင်းလာကာ မုန်တိုင်း
Saturday, May 10, 2014
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကို ဂုဏ်ပြု၍ ပန်းပုထုမည်
မြန်မာနိုင်ငံ၏ မိုးလေဝသ ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာထွန်းလွင်ကို
ဂုဏ်ပြုသောအားဖြင့် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေတွင် ပုံတူပန်းပုရုပ်
ထုလုပ်ခြင်းနှင့် ပုံတူရေးဆွဲခြင်းကို ပြုလုပ်မည် ဖြစ်ကြောင်း
ပန်းပုပညာရှင် ဦးကျော်ကျော်မင်းက ပြောကြားသည်။
စစ်တပ်မှ ဖမ်းဆီးထားသည့် SNLD ပါတီဝင် ကျိုင်းတုံတရားရုံး၌ ရမန်ယူ
မေ ၉ ရက် ၂၀၁၄
သျှမ်းပြည်တပ်မတော်အား ဆက်သွယ်ထောက်ပံ့သည်ဟုစွပ်စွဲကာ အစိုးရတပ် ခလရ ၂၄၅ မှ ဖမ်းဆီး ထားသည့် ကျိုင်းတုံမြို့နယ် ပိန်းတောဝ့်ကျေးရွာအုပ်စု နမ့်လင်းမိုင်ရွာနေ SNLD ပါတီဝင်စိုင်းအိုက်ဂျဲန် ယနေ့ ကျိုင်းတုံတရားရုံး၌ ရမန်ယူရကြောင်း ကြားသိရပါသည်။
လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ လိုင်စင်ထုတ်ပေးခြင်း နောက်ဆုံး အကြိမ်ဟုဆို
လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များကို တစ်နေရာ တည်းနှင့်အပြီး (One Stop
Servi −ce) စနစ်ဖြင့် တရားဝင်မှတ်ပုံတင် ပြုလုပ်ပေးခြင်းသည် ယခုအကြိမ်
နောက်ဆုံးဖြစ်ပြီး နောင်တွင်ယခု ကဲ့သို့ ပြုလုပ်ပေးတော့မည်မ ဟုတ်ကြောင်း
ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ သတင်းရရှိသည်။
ဆက်ဆံရေးရုံး စီးနင်းမှု ဖြေရှင်းချက်ပေးဖို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် တောင်းဆို
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း
(RCSS/SSA) ရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က အစိုးရရဲ့ သဘောတူညီချက်နဲ့
ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးကို အကြောင်းပြချက်မရှိ စီးနင်းရှာဖွေခဲ့မှုကို
ဖြေရှင်းချက်ပေးဖို့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဦးအောင်မင်းဆီ စာပို့ပြီး တောင်းဆို
လိုက်တယ်လို့ သိရပါတယ်။
မြေနိမ့်ရာ လှံစိုက်နေသည့် ချင်းပြည်နယ် အစိုးရလား
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်ဟု ဆိုရပေမည်။ ယခု ကဲ့သို့ အဆင်းရဲဆုံး နှင့်ဖွံ့ဖြိုးမှု အနိမ်ကျဆုံး ပြည်နယ် ဖြစ်သည့် ချင်းပြည်နယ်တွင် မြို့နယ်ပေါင်း ၉ မြို့နယ် ရှိသည့်အနက် ကန်ပက်လက်မြို့ နယ် သည်ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးမြို့ နယ်ဟု ဆိုရပေမည်။
တောင်တရုတ် ပင်လယ် ပြဿနာ ပြေလည်ရေး မြန်မာ ဦးဆောင်ဆွေးနွေးမည်
အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့နှင့်
တရုတ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်း ပွား နေသည့်
တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှု ပြဿနာ ပြေလည်ရေး လိုက်နာရမည့် ကျင့်ဝတ် (Code
of Conduct for South China Sea) ပေါ်ထွန်းရေး နေပြည်တော် အာဆီယံ
ထိပ်သီးအစည်းအဝေးတွင် ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း
သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က
ပြောသည်။
မူလတန်း ကျောင်းအပ်နှံရာတွင် မိဘတချို့ အခက်အခဲတွေ့
နာမည်ကြီး အစိုးရ အခြေခံပညာကျောင်းတချို့ မူလတန်း
ကျောင်းသားကျောင်းသူသစ် လက်ခံရာမှာ သတ်မှတ်ချက်ထက် ကျော်လွန်တဲ့
တောင်းဆိုမှုတွေကြောင့် ကျောင်းအပ်ရာမှာ အခက်အခဲတွေ ကြုံနေရတယ်လို့
ကျောင်းသားမိဘတွေက ပြောပါတယ်။
အမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိသွားမည့် ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်းများ
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ (၄၈)အထူး ယာဉ်လိုင်းတွေမှာ အမျိုးသမီး
ယာဉ်နောက်လိုက်တွေ ခန့်အပ်ဖို့စီစဉ်နေပြီး လက်ရှိမှာ အမျိုးသမီး
ယာဉ်နောက်လိုက်တွေ စမ်းသပ်လိုက်ပါ နေပြီလို့ သိရပါတယ်။ မကြူကြူခိုင်ဟာ
ဗိုလ်တထောင်ကနေ လှော်ကားကို ပြေးဆွဲတဲ့ (၄၈)အထူးယာဉ်လိုင်းမှာ အမျိုးသမီး
ယာဉ်မောင်းအဖြစ် စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မမကြူကြူခိုင်က
အရင်ကဈေးရောင်းခဲ့ပေမယ့် မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေတဲ့အတွက်
ယခုလိုယာဉ်နောက် လိုက်အလုပ်ကို လုပ်ကိုင်လာတာဖြစ်ပါတယ်။
ရန်ကုန်တွင် လေပြင်းတိုက်ပြီး မိုးဆက်တိုက် ရွာသွန်း၍ အဆောက်အအုံ အချို့ ပျက်စီး၊ လူနှစ်ဦး သေဆုံး
ရန်ကုန်၊ မေ ၉
ရန်ကုန်တိုင်း ဒေသကြီး အတွင်း မေလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့က လေပြင်း တိုက်ခတ်ကာ မိုးဆက်တိုက် ရွာသွန်းမှုတို့ကြောင့် အဆောက်အအုံ အချို့ ပျက်စီးခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်း မေလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့က လေပြင်း တိုက်ခတ်ကာ မိုးဆက်တိုက် ရွာသွန်းမှုတို့ကြောင့် အဆောက်အအုံ အချို့ ပျက်စီးခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ကလေးတွေဆီအရောက်သွားတဲ့ စာသင်ခန်း
(မေစစ်ပိုင် ရေးသားသည်)
စစ်ကျန် ဘတ်စ်ကားဟောင်းကြီးကို ပြန်လည်ပြုပြင်ထားတဲ့ ကားတွင်းစာသင်ခန်းပေါ်မှာ “အေ၊ ဘီ၊ စီ၊ ဒီ” ကို အသံထွက်ဆိုရင်း ဖတ်စာအုပ်ထဲက အက္ခရာတွေကို ကြည့်လိုက်၊ ဗလာစာအုပ်ထဲမှာ ချရေးလိုက်၊ စာလုံး မှားသွားရင်၊ စိတ်ကြိုက်မတွေ့ရင် ခဲဖျက်နဲ့ဖျက်လိုက် ပြန်ရေးလိုက် လုပ်နေတာတဲ့ ကျောင်းသား က တော့ မောင်ကျော်သက်လို့ ခေါ်တဲ့ လက်ဖက်ရည်ဆိုင်ဝန်ထမ်းတဦးဖြစ်ပါတယ်။
ကလေးသူငယ်ဆိုင်ရာ သံတမန်အဖြစ် နန်းခင်ဇေယျာနှင့် စောဖိုးခွားတို့ကို ခန့်အပ်မည်
ရန်ကုန်၊ မေ ၉
မြန်မာနိုင်ငံတွင်းရှိ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်ရန် အတွက် အလှမယ် နန်းခင်ဇေယျာနှင့် ရက်ဂေး တေးသံရှင် စောဖိုးခွားတို့ကို ကလေးသူငယ်များဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ စီမံကိန်း ဒါရိုက်တာ ဦးအာကာက ပြောကြားသည်။
မြန်မာနိုင်ငံတွင်းရှိ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်ရန် အတွက် အလှမယ် နန်းခင်ဇေယျာနှင့် ရက်ဂေး တေးသံရှင် စောဖိုးခွားတို့ကို ကလေးသူငယ်များဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ စီမံကိန်း ဒါရိုက်တာ ဦးအာကာက ပြောကြားသည်။
ဆုပန်ထွာရဲ့ စေ့စပ်ပွဲ ကန့်ကွက်ခြင်း နောက်ဆက်တွဲ ကြေညာချက်
ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ၊ ဓာတ်ပုံ- ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ်
ဆုပန်ထွာ၊ ကိုဥက္ကာကျော်တို့ရဲ့
စေ့စပ်ကြောင်းလမ်းခြင်းကို ကန့်ကွက်ခဲ့သူ ဒေါ်မဉ္စူအောင်က အခု မေ လ ၉ ရက်နေ့
ထုတ် ကြေးမုံသတင်းစာမှာ ကိုဥက္ကာကျော်ရဲ့ ရှေ့နေတွေက မယဉ်ကျေးတဲ့
အသုံးအနှုန်းတွေနဲ့ သတိပေး ကြေညာချက်ကို တုံ့ပြန်တဲ့ ကြေညာချက်
ထုတ်ပြန်လိုက်ပါတယ်။
DVB - သြစတြေးလျနိုင်ငံသား DVB သတင်းထောက်ကို ပြည်နှင်ဒဏ်ပေး
မီဒီယာလွတ်လပ်ခွင့်အတွက် ဝေဖန်မှုတွေ ရှိနေချိန်မှာပဲ မကွေးမြို့ဆန္ဒပြပွဲမှာ
ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သြစတြေးလျနိုင်ငံသား DVB
သတင်းထောက်ကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ ဦးသူရိန်က ပေးပို့ထားပါတယ်။
ရိုက်ကူး လွင်မှိုင်း DVB TV - 09.05.2014
ဖွဲ့စည်းပုံပြင်ရေး ဦးစားပေးလုပ်ရန် ကေအန်ယူကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေ
အဓိကထားလုပ်ဆောင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကို
တိုက်တွန်းပြောဆိုလိုက်ပါတယ်။
RCSS/SSA နဲ့ ဆက်သွယ်သူ မတရားသင်းပုဒ်မနဲ့ တရားစွဲခံရ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ငြိမ်းချမ်းရေး ဆွေးနွေး။ |
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းက စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်ကို ဒီကနေ့ ကျိုင်းတုံရဲစခန်းကို ပြန်လည်လွှဲပြောင်းလိုက်ပြီး အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့ ဆက်သွယ်လို့ ဆိုပြီး မတရားသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းက SNLD ပါတီဥက္ကဋ္ဌ ကတော့ ပြည်သူတယောက်အနေနဲ့ မလိုလားအပ်ဘဲ ဓားစာခံဖြစ်ရတယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
Friday, May 9, 2014
ကားသွင်းခွင့်မူဝါဒ မပြောင်းတော့ဟု ဦးဝင်းမြင့် ကတိပေး
အစိုးရသစ်လက်ထက်တွင်
ကားတင်သွင်းခွင့်မူဝါဒနှင့် ပတ်သက်ပြီး မိမိလက်ကျန်သက်
တမ်းတွင်ထပ်မံအပြောင်းအလဲ ပြုလုပ်တော့မည်မဟုတ်ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းမြင့်ကပြောကြားသည်။
ဝန်ကြီးချုပ် နုတ်ထွက်ပေးလိုက်ရတဲ့ ထိုင်းဒီမိုကရေစီ
ထိုင်းနိုင်ငံရေးလောကမှာ အငြင်းပွားဖွယ် နိုင်ငံရေးသမား
သက်ဆင်ရှင်န၀ပ်ရဲ့ “ကိုယ်ပွားကလေး” ရာထူးကနေ ဆင်းပေးလိုက်ရပြန်ပါပြီ။
ဒါပေမယ့် ထိုင်းနိုင်ငံရေး ပြဿနာ ပိုကောင်းသွားမယ်လို့တော့ ဘယ်သူမှ
မမျှော်လင့်ကြပါဘူး။
ဆုပန်ထွာက ကြေးမုံသတင်းစာကနေ သတိပေးပြီ
ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ၊ ဓာတ်ပုံ- ကိုဥက္ကာကျော် ဖေ့စ်ဘုတ်
သရုပ်ဆောင် ဆုပန်ထွာက မေလ ၈
ရက်နေ့ထုတ် အစိုးရသတင်းစာ တစောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ အများသိ စေရန်
သတိပေးကြေညာချက်တစောင် ထုတ်ပြန်ပါပြီ။ ပထမ တခါလည်း ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်ကနေ တုံ့ပြန်ခဲ့ပါသေးတယ်။ Thursday, May 8, 2014
မြီးကောင်ပေါက် အရွယ်နှင့် မျိုးဆက်ပွား ကျန်းမာရေး
အမျိုးသမီးတွေကို အကြမ်းဖျင်းအားဖြင့် အရွယ် ၃ ပိုင်းခွဲပြီး
သတ်မှတ်ပါတယ်။ လူမှန်း သိတတ်စ အရွယ်ကနေ ဆယ်ကျော်သက် မြီးကောင်ပေါက် အထိ
ပထမအရွယ်၊ ဆယ်ကျော်သက် အရွယ်ကနေ အနည်းငယ် တည်ငြိမ်စ ပြုလာပြီ ဆိုရမယ့်
လူလတ်ပိုင်း အရွယ်၊ ဒီနောက်တော့ လောကရဲ့ အထုအထောင်း အစမ်းအသပ်
အရိုက်အခတ်များနဲ့ နေသားကျချိန် တတိယ အရွယ်ဆိုပြီး အကြမ်းဖျင်းအားဖြင့်
ခွဲခြားပြီးအရွယ် ၃ ပါး အလိုက် ကျန်းမာရေး အခြေခံဗဟုသုတ လေးတွေကို
ဆွေးနွေးပြောပြ ချင်ပါတယ်။
မိန်းကလေးတွေဟာ ငယ်စဉ် ကလေးဘဝကနေ ဆယ်ကျော်သက်အရွယ် အပိုင်းအခြားမှာ
ကိုယ်ခန္ဓာ တည်ဆောက်ပုံရော၊ ဇီဝကမ္မ ဖြစ်စဉ်တွေမှာရော တဖြည်းဖြည်း
ဖွံ့ဖြိုးပြောင်းလဲ လာကြပါတယ်။ ဒီ အပြောင်းအလဲ တွေဟာ ခန္ဓာကိုယ်ရဲ့
ဦးခေါင်းပိုင်း ထဲက ဦးနှောက်အတွင်းမှ ဟော်မုန်းများ အချိန်ကိုက်
ထွက်ရှိလာမှုကြောင့် ဖြစ်ပါတယ်။ အဲဒါကိုလူတွေက“ကြီးကောင်ဝင်လာပြီ”လို့
ခေါ်ဝေါ် သမုတ်ကြရင်း မိန်းကလေးငယ်လေးဟာ ကလေးဘဝကနေ ဆယ်ကျော်သက် အရွယ်သို့
တစတစနဲ့ ချဉ်းနင်းဝင်ရောက် လို့ လာပါတော့တယ်။
သန်းခေါင်စာရင်း အတွက် ၂ လတိုးပြီး ဆက်လက် ကောက်ယူမည်
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အပြီးသတ်ကောက်ယူရန် ၂ လ ထပ်မံ
တိုးချဲ့ထားပြီး ကချင်ပြည်နယ်တွင် ကျေးရွာ ၉၇ ရွာနှင့် ရခိုင်ပြည်နယ်တွင်
ခရိုင် ၅ ခုအနက် ခရိုင် ၃ ခုတို့ စာရင်းကောက်ယူရန် ကျန်သေးကြောင်း သိရသည်။
ထိုင်းယာယီဝန်ကြီးချုပ်ခန့်အပ်
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra နဲ့ ၀န်ကြီးအတော်များများကို
ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက ရာထူးကဆင်းခိုင်းလိုက်ပြီးနောက်မှာ တက်လာတဲ့
အိမ်စောင့်အစိုးရက ယာယီဝန်ကြီးချုပ်ကို ခန့်လိုက်ပြီ ဖြစ်ပါတယ်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Niwatthamrong Boonsongpaisan ကို
ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
အိုဘားမား သမီးများစီးသည့်ကားနောက်သို့ ကားတစ်စီးလိုက်လာ၍ အိမ်ဖြူတော်ခေတ္တပိတ်ရ
အမေရိကန်သမ္မတ
အိမ်တော်အနီး တားမြစ်နေရာ တစ်ခုသို့ ခွင့်ပြုချက်မရှိသော
မော်တော်ယာဉ်တစ်စီး ၀င်ရောက် ခဲ့ပြီးနောက် အိမ်ဖြူတော်ကို ခဏ
ပိတ်ထားခဲ့ရသည်ဟု အမေရိကန် အရာရှိများက ပြောသည်။
ပင်ဆယ်ဗေးနီးယား ရိပ်သာ လမ်းတွင် ကားများ တားဆီးသည့် မောင်းတံများကို နှိမ့်ထားစဉ် အို ဘားမား၏ သမီးလိုက်ပါလာ သော မော်တော်ယာဉ်တန်းနောက် မှ ကားတစ်စီးကပ်၍ လိုက်ပါ လာခဲ့ကြောင်း သိရသည်။
ပင်ဆယ်ဗေးနီးယား ရိပ်သာ လမ်းတွင် ကားများ တားဆီးသည့် မောင်းတံများကို နှိမ့်ထားစဉ် အို ဘားမား၏ သမီးလိုက်ပါလာ သော မော်တော်ယာဉ်တန်းနောက် မှ ကားတစ်စီးကပ်၍ လိုက်ပါ လာခဲ့ကြောင်း သိရသည်။
မယ်လဒုက္ခသည် ဇနီးမောင်နှံ အသတ်ခံရ
မေ ၇ရက်၊ ၂၀၁၄ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်၊ ပလောတား ကျေးရွာအနီး ပြောင်းဖူးခင်း အတွင်းရှိ တဲတစ်လုံးထဲ၌ ယမန်နေ့ည ၉နာရီခွဲအချိန်တွင် မယ်လဒုက္ခသည်စခန်းအတွင်း နေထိုင်သူ ဇနီးမောင်နှံနှစ်ဦး အသတ်ခံခဲ့ရသည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်၊ ပလောတား ကျေးရွာအနီး ပြောင်းဖူးခင်း အတွင်းရှိ တဲတစ်လုံးထဲ၌ ယမန်နေ့ည ၉နာရီခွဲအချိန်တွင် မယ်လဒုက္ခသည်စခန်းအတွင်း နေထိုင်သူ ဇနီးမောင်နှံနှစ်ဦး အသတ်ခံခဲ့ရသည်ဟု သိရသည်။
လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီးသွားသည့် ဖာချယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အလောင်းကို ပဲပုပ်ခင်းတွင် ပြန်တွေ့
မိုင်းတုံ၊ မေ ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ဧပြီလ ၁၉ ရက်နေ့ညက ဖာချယ်ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်သို့ ရုပ်ဖျက်ထားသည့် သေနတ်ကိုင်အဖွဲ့ တစ်ဖွဲ့မှ လာရောက်ဖမ်းဆီးမှု ခံခဲ့ရသည့် ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်၏ အလောင်းကို အဖမ်းခံရပြီး ၁၇ ရက်အကြာ မေလ ၆ ရက် နေ့လယ်ပိုင်းက ရွာအနောက်တောင်ဘက်ရှိ ပဲပုပ်ခင်းတစ်ခုတွင် တွေ့ရှိခဲ့ကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ဧပြီလ ၁၉ ရက်နေ့ညက ဖာချယ်ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်သို့ ရုပ်ဖျက်ထားသည့် သေနတ်ကိုင်အဖွဲ့ တစ်ဖွဲ့မှ လာရောက်ဖမ်းဆီးမှု ခံခဲ့ရသည့် ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်၏ အလောင်းကို အဖမ်းခံရပြီး ၁၇ ရက်အကြာ မေလ ၆ ရက် နေ့လယ်ပိုင်းက ရွာအနောက်တောင်ဘက်ရှိ ပဲပုပ်ခင်းတစ်ခုတွင် တွေ့ရှိခဲ့ကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
မတ္တရာတွင် ရဲအင်အား ၁၀၀ ဝန်းကျင် ချထားသည့် တပ်သိမ်းမြေ၌ မူလပိုင်ရှင်များ ပျိုးဝင်ကြဲ
မန္တလေး၊ မေ ၇
မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် ရေနံ့သာ ကျေးရွာအုပ်စု သပြေသာ ကျေးရွာကွင်းတွင် တပ်မတော်က သိမ်းယူခဲ့သည့် လယ်ယာမြေများပေါ်တွင် မူလပိုင်ရှင်များက မေလ ၇ ရက်နေ့တွင် ပျိုးဝင်ကြဲခဲ့ကြောင်း မတ္တရာမြို့နယ် သပြေသာကျေးရွာ ဒေသခံများက ပြောကြားသည်။
မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် ရေနံ့သာ ကျေးရွာအုပ်စု သပြေသာ ကျေးရွာကွင်းတွင် တပ်မတော်က သိမ်းယူခဲ့သည့် လယ်ယာမြေများပေါ်တွင် မူလပိုင်ရှင်များက မေလ ၇ ရက်နေ့တွင် ပျိုးဝင်ကြဲခဲ့ကြောင်း မတ္တရာမြို့နယ် သပြေသာကျေးရွာ ဒေသခံများက ပြောကြားသည်။
NLD နဲ့ ၈၈ ပူးပေါင်းပြီး မီးမှောင်းထိုးမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား
Photo credit:The 88 Generation Peace and Open Society Facebook
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို ပြည်သူတွေ ပိုမိုနားလည်နိုင်ရေးနဲ့
အဓိကထား ပြင်ဆင်ဖို့လိုတဲ့ အချက်ကို မီးမောင်းထိုး ပြနိုင်ရေးအတွက် ၈၈
မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ဟောပြောပွဲတွေ ကျင်းပဖို့ စီစဉ်
တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
လာမည့်နှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲ မေးခွန်း တစ်နိုင်ငံလုံး တစ်စုံသာ ထုတ်မည်
ရန်ကုန်၊ မေ ၇
ပညာရေး ဝန်ကြီးဌာန အခြေခံပညာကျောင်းများရှိ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲ မေးခွန်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းကဲ့သို့ တစ်နိုင်ငံလုံး တစ်စုံသာ ထုတ်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ပြောကြားသည်။
ပညာရေး ဝန်ကြီးဌာန အခြေခံပညာကျောင်းများရှိ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲ မေးခွန်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းကဲ့သို့ တစ်နိုင်ငံလုံး တစ်စုံသာ ထုတ်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ပြောကြားသည်။
Wednesday, May 7, 2014
နောက်ဆက်တွဲ ငလျင် ငါးကြိမ်ဆက်တိုက်လှုပ်
Author: ရဲနောင်
မြန်မာ စစ်တပ်နှင့် စီးပွားရေး မလုပ်ရန် အိုဘားမားကို မြန်မာ့အရေး အဖွဲ့များ တောင်းဆို
မြန်မာနိုင်ငံ၌ စစ်တပ်နှင့် ဆက်နွယ်သည့် လုပ်ငန်းများတွင် အမေရိကန်
အနေနှင့် ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် တားမြစ်ထားသည့်
ပိတ်ဆို့ဒဏ်ခတ်မှုကို ဆက်လက်သက်တမ်းတိုးရန် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့
၂၉ ဖွဲ့က သမ္မတ အိုဘားမားအား တောင်း ဆို တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။
အာဏာအလွဲသုံးစားမှုဖြင့် ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှနုတ်ထွက်ရန် အမိန့်ချ
ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းဝန်ကြီးချုပ်
ယင်းလပ်ရှင်နာဝပ်ကို အာဏာ အလွဲသုံးစားမှုနဲ့ ရာထူးကနေ နုတ်ထွက်ဖို့ အမိန့်ချ
မှတ်လိုက်ပါတယ်။
မကွေးမြို့တွင် သတင်းသမားများ ဆန္ဒပြ
သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချမှုနဲ့ မီဒီယာတွေ အပေါ် ဖိနှိပ်မှုတွေကို
ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ အာဏာပိုင်တွေ ခွင့်မပြုတဲ့ကြားက မကွေးမြို့မှာ
မေ ၇ ရက် ဒီနေ့ မနက် ၉ နာရီမှာ ရာနဲ့ချီတဲ့ သတင်း သမားတွေနဲ့ ဒေသခံတွေ
ဆန္ဒပြ ခဲ့ကြပါတယ်။
မေ ၈ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာထွန်းလွင်)
By ဒီဗွီဘီ
မေ ၇ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့တိမ်ပုံအရ
ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ
တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့
တိမ်အနည်းငယ် ဖြစ်ထွန်းနေပါ တယ်။
စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေရတဲ့ အမြန်လမ်း ဘယ်တော့ စိတ်ချရမလဲ
အစိုးရ ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေသည့် မနီလာ တစ်ယောက် တနင်္ဂနွေနေ့ည
ရန်ကုန်ကနေ နေပြည်တော်ပြန်မယ် လုပ်တော့ အမေကစိတ်မချစွာ တ တွတ်တွတ်မှာနေသည်။
''သင်္ကြန်တွင်းမှာ ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်က ကား တိုက်မှုတွေဆက်တိုက်ဖြစ်နေတော့ အမေကစိတ်ပူပြီးမှာနေတာ၊ အရင် ကတစ်ပတ်တစ်ခါပြန်လာနေတာ၊ အခုကိစ္စမရှိရင် ပြန်မလာနဲ့လို့ အမေပြောနေတယ်။ အဝေးပြေး ကားတွေကို စိတ်မချလို့တဲ့''ဟု မနီလာကဆိုသည်။
''သင်္ကြန်တွင်းမှာ ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်က ကား တိုက်မှုတွေဆက်တိုက်ဖြစ်နေတော့ အမေကစိတ်ပူပြီးမှာနေတာ၊ အရင် ကတစ်ပတ်တစ်ခါပြန်လာနေတာ၊ အခုကိစ္စမရှိရင် ပြန်မလာနဲ့လို့ အမေပြောနေတယ်။ အဝေးပြေး ကားတွေကို စိတ်မချလို့တဲ့''ဟု မနီလာကဆိုသည်။
လိုင်စင်မရှိဘဲ ရဲတပ်ကြပ်ကြီး အငှားယာဉ်မောင်းရာမှ လူနှစ်ဦးနှင့် ယာဉ်နှစ်စီးကို ၀င်တိုက်မိ
ရန်ကုန်၊ မေ ၆
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ တပ်ကြပ်ကြီးအဆင့်ရှိ ၀န်ထမ်းတစ်ဦးသည် ယာဉ်မောင်းလိုင်စင်မရှိဘဲ အငှား ယာဉ်တစ်စီးကို မောင်းနှင်ခဲ့ပြီး လူနှစ်ဦးနှင့် ယာဉ်နှစ်စီးကို ၀င်ရောက်တိုက်မိခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၅ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ရန်ကင်းလူသတ်မှု ဒုတိယအကြိမ် အမှုစစ်ဆေးရာ၌ ကွဲလွဲချက်များရှိနေ
ရန်ကုန်၊ မေ ၂
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက် ဝါးတံတား လမ်းမပေါ်၌ မတ် ၁၅ ရက် ည ၉ နာရီ ခန့်က အသက် ၂၅ နှစ်အရွယ် ကလေးသုံး ယောက်ဖခင်အား ဓားဖြင့်ခုတ်သတ်မှုကို ဒုတိယအကြိမ်အဖြစ် မေ ၂ ရက်က စစ်ဆေး ရာ၌ ကွဲလွဲမှုအချို့ရှိနေသည်ဟု သေဆုံး သူ၏ မိသားစုဝင်များက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက် ဝါးတံတား လမ်းမပေါ်၌ မတ် ၁၅ ရက် ည ၉ နာရီ ခန့်က အသက် ၂၅ နှစ်အရွယ် ကလေးသုံး ယောက်ဖခင်အား ဓားဖြင့်ခုတ်သတ်မှုကို ဒုတိယအကြိမ်အဖြစ် မေ ၂ ရက်က စစ်ဆေး ရာ၌ ကွဲလွဲမှုအချို့ရှိနေသည်ဟု သေဆုံး သူ၏ မိသားစုဝင်များက ဆိုသည်။
မစ္စယင်လတ်ကို ဝန်ကြီးချုပ်အဖြစ်အုပ်ချုပ်ခွင့် မရှိဟု ခုံရုံးဆုံးဖြတ်
ထိုင်းနိုင်ငံ အိမ်စောင့် အစိုးရ
မစ္စယင်လတ် ရှင်နာဝပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက
ဝန်ကြီးချုပ် ရာထူး အဖြစ် အုပ်ချုပ်ခွင့် မရှိတော့ကြောင်း ယနေ့မေလ ၇
ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီး ရှရီယာ ဥပဒေအရ ကြိမ်ဒဏ်သင့်
ဓာတ်ပုံ- ဂျာကာတာ ဂလုပ်ဗ်
အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါ
အာချေးမှာ ပြီးခဲ့တဲ့အပတ်က အုပ်စုဖွဲ့ မုဒိန်းကျင့်ခံခဲ့ရတဲ့ အမျိုးသမီး
တဦးကို တရားမဝင် လိင်ကိစ္စ ကျူးလွန်တယ်လို့ စွတ်စွဲပြီး လူပုံအလည်မှာ
ကြိမ်ဒဏ်ပေးခဲ့ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်က သူ့ဦးလေးကို သတ်ခဲ့တာ မဟုတ်ဘူးတဲ့
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်းဟာ သူ့ ဦးလေး ဖြစ်သူကို ကွက်မြက်ခဲ့တာ မဟုတ်ဘဲ မကြာ
သေးခင်က ပဲ အဲဒီကွန်မြူနစ်နိုင်ငံကို အလည်သွားခဲ့တုန်းက ကင်ဂျုံအန်ရဲ့ ဦးလေးကို တွေ့ခဲ့တယ်လို့ နာမည်ကြီး ဘတ်စကက်ဘော သမား Denis Rodman က ပြောလိုက်ပါတယ်။
သေးခင်က ပဲ အဲဒီကွန်မြူနစ်နိုင်ငံကို အလည်သွားခဲ့တုန်းက ကင်ဂျုံအန်ရဲ့ ဦးလေးကို တွေ့ခဲ့တယ်လို့ နာမည်ကြီး ဘတ်စကက်ဘော သမား Denis Rodman က ပြောလိုက်ပါတယ်။
Tuesday, May 6, 2014
ထောင်ထဲဝင်ဖို့ကြိုးပမ်းသူတို့ကို ရိုက်နှက် လူစုခွဲ
ပဲခူးတိုင်း ပေါင်းတည်မြို့အကျဉ်းထောင်ထဲကို ဒီကနေ့ တောင်သူတဦးကို ထည့်သွင်းချုပ်နှောင်ရာမှာ
သူ့မိတ်ဆွေအများအပြားက သူနဲ့အတူတူ ထောင်ထဲဝင်ဖို့ကြိုးစားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုက်နှက် တားဆီးလိုက်ပါတယ်။
သူ့မိတ်ဆွေအများအပြားက သူနဲ့အတူတူ ထောင်ထဲဝင်ဖို့ကြိုးစားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုက်နှက် တားဆီးလိုက်ပါတယ်။
လင်းဇာနည်ဇော် ဘာကြောင့် ကွာရှင်းကြောင်းကြော်ငြာထည့်သလဲ
.
သရုပ်ဆောင် လင်းဇာနည်ဇော်က
သူ့အိမ်ထောင်ဘက်နဲ့ လမ်းခွဲခဲ့ကြတာ ၁၄ နှစ် ကြာပါပြီ လို့
ပြောဆိုတဲ့အကြောင်း တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်မှာ ရေးထားပါတယ်။
ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာအုပ်စု၊ မြို့ရိုးကျေးရွာနေ ပြည်သူတစ်ဦး၏ ရင်ဖွင့်သံ (ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သိစေရန်)
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံကျေးရွာအုပ်စု၊ မြို့ရိုးကျေးရွာရှိ ကွင်းအမှတ်(၃၃၁/ခ) ကောလိယမြို့အမည်ရှိသော မြို့ရိုးကျေးရွာ ကျက်သရေဆောင်
လေယာဉ်ပေါ်က အိမ်သာထဲ မဖွယ်မရာလုပ်တဲ့ မိန်းကလေး
Virgin လေယာဉ် တစီး၊ ဓာတ်ပုံ- The Mirror
အရက်မူးနေတဲ့ အသက် ၂၀ ကျော်
ဗြိတိန်အမျိုးသမီးတယောက်ဟာ Virgin လေကြောင်းလိုင်း လေယာဉ် တစီးပေါ်က အိမ်သာ
ခန်းထဲမှာ အမျိုးသား တဦးနဲ့ မဖွယ်မရာ လုပ်ခဲ့တဲ့သတင်းက အွန်လိုင်းမှာ
ဟိုးလေး တကျော် ဖြစ်နေပါတယ်။
နိုင်ငံတကာအကူအညီကိစ္စ အီးယူသံအမတ်ကြီး ၈၈နဲ့တွေ့ဆုံ
EU ဥရောပသမဂ္ဂသံအမတ်ကြီး Roland Kobia နဲ့အဖွဲ့ဟာ မေလ (၅) ရက် မနက်ပိုင်းက
ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်အဖွဲ့ရုံးကို
လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ ဥရောပသမဂ္ဂအနေနဲ့
ဘယ်လို ကဏ္ဍမျိုးမှာ အကူအညီတွေ ဆက်ပေးဖို့ သင့်မလဲဆိုတဲ့ ၈၈ မျိုးဆက်ရဲ့
သဘောထားအမြင်တွေကို လာရောက် ဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်း ဆက်သွယ်
မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
စစ်ဘက်လျှို့ဝှက်ချက် ရောင်းချမှုဖြင့် တရုတ်နိုင်ငံသားတဦးကို ထောင် ၁၀ နှစ်ချမှတ်
By ဒီဗွီဘီ
တရုတ်စစ်ဘက်လျှို့ဝှက်ချက်တွေကို ပြင်ပနိုင်ငံတခုကို ရောင်းချခဲ့မှုအတွက်
တရုတ်နိုင်ငံသားတဦး ပြီးခဲ့တဲ့ မေ ၅ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ်
ချမှတ်ခဲ့ရပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖွဲ့စည်းပုံခုံရုံးတွင် အမှုရင်ဆိုင်
By ဒီဗွီဘီ
ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ
ခုံရုံးမှာ အာဏာအလွဲသုံးစားမှုနဲ့ ပတ်သက်တဲ့အမှုကို ဒီနေ့ ရင်ဆိုင်ပါတယ်။
နစ်မြုပ်သင်္ဘောပေါ်ပါ ပျောက်ဆုံးသူများကို ရှာဖွေသည့် ရေငုပ်သမား သေဆုံး
By ဒီဗွီဘီ
ပြီးခဲ့တဲ့လက နစ်မြုပ်သွားတဲ့ တောင်ကိုရီးယားသင်္ဘောပေါ်ရှိ
ပျောက်ဆုံးနေသူတွေကို ရှာဖွေတဲ့ ရေငုပ်သမားတဦး ဒီနေ့မှာ သတိလစ်
မေ့မြောသွားပြီးနောက် သေဆုံးခဲ့ပါတယ်။
ကားသွင်းခွင့်ကနေ အခွန် ကျပ် ဘီလီယံ ၈၀၀ ကျော် ရရှိ
By ဒီဗွီဘီ
အစိုးရသစ်လက်ထက် ကားတင်သွင်းခွင့် ပေါ်လစီ ဖြေလျော့ပေးခဲ့ပြီးနောက်
အကောက်ခွန် ဦးစီးဌာနဟာ စုစုပေါင်း အခွန် ကျပ်ငွေ ဘီလီယံ ၈၀၀
ကျော်ရခဲ့တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။
Subscribe to:
Posts (Atom)