Sunday, May 11, 2014

ဒေါ်အောင်ဆန်းစုကြည်၏ မအူပင်ဟောပြောပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောသည့် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စည်းရုံးဟောပြောပွဲကို မေလ ၁ဝရက် နံနက်က ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မအူပင်တက္ကသိုလ်ဘေးရှိ အိုင်ဝိုင်ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့သည်။
ဖွဲ့စည်းပုံပြင်ဆင်ရန် ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဟောပြောပွဲအပြီး ပြည်သူကို မေးခွန်းသုံးခု မေးခွင့်ပေးခဲ့သည်။ ဟောပြောပွဲကို ဧရာဝတီတိုင်း မြို့နယ်အသီးသီးမှ ပရိတ်သတ် ခန့်မှန်းခြေ သုံးသောင်းကျော် တက်ရောက်ခဲ့ပြီး ၁ဝနာရီ ၄ဝမိနစ်ခန့်တွင် ဟောပြောပွဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီဖြစ်သည်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ)

mizzimaburmese

No comments:

Post a Comment