Saturday, March 21, 2015

မူလ​ပညာ​ရေး​ဥပဒေ​ကို မ​ဆို​စ​လောက်​ပဲ ပြင်ဆင်​ဖို့ ဥပဒေ​ကြမ်း​တင်​သွင်း​ကြောင်း ဝေဖန်​နေ

အမျိုးသား ပညာရေး ကော်မရှင် ဖွဲ့စည်း ရေးကို ထပ်မံ ထည့်သွင်း ထားပြန်။
အမျိုးသား လွှတ်တော် မှာ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင် တဲ့ ဥပဒေကြမ်း အစီရင်ခံစာ ကို ဥပဒေကြမ်း ကော်မတီ က တင်သွင်း လိုက်တာ မှာ မူလ အမျိုးသား ဥပဒေ ကို အနည်းမျှ သာ ပြောင်းလဲ ထားတာ တွေ့ ရတယ် ဆိုပြီး ဝေဖန်သံ တွေ ထွက် ပေါ်လာပါတယ်။

အာဏာခွဲဝေယူရေး အရေးကြီး အဆိုတင်

တိုင်းရင်းသားတွေ တင်တဲ့ အဆိုတွေကို အစိုးရက ထိရောက်အောင်လုပ်တာ မရှိလို့ ဒေါ်ဒွဲဘူဆို
၂၀ဝ၈ ဖွဲ့စည်းပုံအရ သတ်မှတ်ထားတဲ့ ပြည်နယ်၊ တိုင်းတွေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တွေမှာ အာဏာ ခွဲဝေမှု၊ သယံဇာတ နဲ့ အခွန် အကောက်ခွဲဝေမှုတွေ ပီပီပြင်ပြင် ဖြစ်လာအောင် ဥပဒေ၊ နည်း ဥပဒေတွေကို လိုအပ်သလို ပြင်ဆင် ပြဌာန်းပေးဖို့ တိုက်တွန်းတဲ့ အရေးကြီး အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ မတ်လ ၂၀ ရက်နေ့က တင်သွင်းခဲ့ပါတယ်။

ဆင်းရဲသားမြေယာမရှိသူများအတွက် လယ်ဧက ၅ သောင်းကျော် ထိုင်းခွဲပေးမည် (မြန်မာပြည်မှာ မဟုတ်ပါ)


ထိုင်းနိုင်ငံ ခရိုင် ၁၅ ခုက ဆင်းရဲသား မြေယာမရှိသူတွေ နေထိုင်လုပ်ကိုင်ဖို့အတွက် လယ်ယာမြေ ဧက ၅ သောင်းကျော် (ရိုင် ၁၁၁၂၁၀)ကို ပေးအပ်ဖို့ ထိုင်းအစိုးရက အတည်ပြု လိုက်ပါတယ်။