၁၁.၅.၂၀၁၄ရက်နေ့ ၁၂၃၅အချိန် သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ နယ်မြေ(၆)၊ ရေဆိပ်ကြီး
လမ်းရှိ ကိုခင်မောင်အေး (၅၀)နှစ်၊ (ဘ)
ဦးတင်အေးနေအိမ်တွင် ရေတင်ရန်အတွက်မီး
စက်နှိုးစဉ် မီးစက် အိတ်ဇောပိုက်မှ မီးဖွားများပွင့်ထွက်ကာ အနီးတွင်ရပ်ထားသော ဆိုင်ကယ်၏ကာပရိုက်တာမှဓါတ်ဆီများကျနေသည့်နေရာသို့ မီးဟပ်မိရာမှ စတင်လောင်ကျွမ်းခဲ့ရာ
၎င်း၏နေအိမ်နှင့် ပတ်ဝန်းကျင် ရှိနေအိမ်(၃)လုံးတို့အား ကူးစက်လောင်ကျွမ်းသွားခဲ့သဖြင့် ပြည်သူများနှင့် မီးသတ်ယာဉ်များရောက်ရှိ ငြှိမ်းသတ်ခဲ့၍ ၁၃၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကိုခင်မောင်အေး အား သန်လျင်မြို့မရဲစခန်း(ပ) ၃၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment