၂၀၁၃ ခု မတ်လ ၁ ရက်
ကိုတီး
ဘန်ကောက်မြို့တောင်ဘက်
ကီလိုမီတာ ၁၂၃ခန့် အကွာတွင် ရှိသော ပင်လယ်အပန်းဖြေ
ချအမ်မြို့ရှိချိုစလီနာဝါ (3175 01141) ၂စီတွဲ ငါးဖမ်းလှေ တွင်
ရောင်းစားခံထားရ သည့် မြန်မာ အလုပ်သမား အချို့တို့ကို ပူးပေါင်း အဖွဲ့တို့က
ကယ်ထုတ်နိုင်ခဲ့သည်။
အလုပ်သမား ၁၄ ဦးအနက် ၅ဦးမှာ
မိမိသဘောဖြင့် အလုပ်လုပ်နေကြသူများဖြစ်ပြီး ကျန်၉ဦးတို့မှာ
ရောင်းစားခံထားရသူများဖြစ်ကြသည်။ ၎င်းတို့သည် ငါးဖမ်းလှေပေါ်တွင် အနည်း ဆုံး
လေးလမှ ၉လအတွင်း အလုပ်လုပ်နေကြရသည့် အလုပ်သမားများဖြစ်ကြသည်။