Tuesday, September 16, 2014

မြ၀တီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားနံဘေး ပတ်လမ်းတွင် ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိ

Written by: 
ကိုရွှေသိန်း (မြ၀တီ)
Written by: 
ကိုရွှေသိန်း (မြ၀တီ)
Written by: 
ကိုရွှေသိန်း (မြ၀တီ)

By ကိုရွှေသိန်း(မြ၀တီ)
မြ၀တီမြို့ အမှတ်(၁)ရပ်ကွက် မြန်မာ- ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားနံဘေး ပတ်လမ်း(ယာဘက်)မှ ဗံကားပစ္စည်း အရောင်းဆိုင်ရှေ့လမ်းနံဘေးတွင် ချိန်ကိုက်စနစ် မိုင်းတစ်လုံးအား စက်တင်ဘာ ၁၅ ရက် နံနက် ၆ နာရီခွဲတွင် တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာမှ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

Google က ထုတ်တဲ့ တန်ဖိုးနည်း ဒီဇိုင်းလှ စမတ်ဖုန်း Android One


တန်ဖိုးနည်း Android One စမတ်ဖုန်းကို India မှာစတင်ရောင်းချနေပါပြီ။ ၄င်းစမတ်ဖုန်းကို Google I/O 2014 မှာစတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာ စမတ်ဖုန်းမကိုင်နိုင်သေးသူ five billion ကျော်အတွက် တန်ဖိုးနည်းနည်းနဲ့ ၀ယ်ယူနိုင်အောင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိစမတ်ဖုန်းတွေခေတ်စားနေတဲ့အချိန်မှာ သာမန်ဖုန်းခေါ်ဆိုမှူအတွက် feature phone (ခေါ်) keypad phone ကိုပဲသုံးစွဲနေတဲ့သူတွေ အများအပြားရှိနေသေးပါတယ်။

ငွေကြေးမတတ်နိုင်သူ ကျောင်းသူကျောင်းသားများအတွက် NLD မှ အခမဲ့ ကျူရှင် သင်ကြားပေး

ငွေကြေးမတတ်နိုင်သူ ကျောင်းသူ ကျောင်းသားများအား အခြား ပြည့်စုံသော ကျောင်းသူ ကျောင်းသားများ နည်းတူ ကျောင်းပြင်ပ စာသင်ကြားမှု (ကျူရှင်) များကို သင်ကြားပေးသည့် အမေ့အိမ် ပညာဒါန အခမဲ့ကျောင်းကို ကယားပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြီးခဲ့သော စက်တင်ဘာ(၇)ရက်နေ့ နာနတ်တော ပန်းသီရိဒေါ ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေကို လှိုင်သာယာနည်းပညာတက္ကသိုလ်ရှေ့ ဒီနေ့ ဆန္ဒပြမည်

ကွန်ပျုတာ တက္ကသိုလ် ဗဟန်းတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့ ဆန္ဒပြခဲ့ကြစဉ်
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) တွေက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုကို လှိုင်သာယာ နည်းပညာ တက္ကသိုလ်ကျောင်းရှေ့မှာ ဒီနေ့ နေ့လယ် ၁၁ နာရီခွဲ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

မူးယစ်ဆေးတိုက်ဖျက်ရေး ပျက်ကွက်တဲ့၂၂ နိုင်ငံထဲ မြန်မာပါဝင်

ရှမ်းပြည်နယ်အတွင်းက ဘိန်းစိုက်ခင်း။
မူးယစ်ဆေး တိုက်ဖျက်ရေးမှာ ပူးပေါင်း ဆောင်ရွက်မှုမရှိတဲ့ ၂၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အမေရိကန် သမ္မတက သတ်မှတ်လိုက်ပါတယ်။ နိုင်ငံခြားဆက်ဆံရေး ခွင့်ပြုမိန့် ချမှတ်ရေး ဆိုင်ရာ အက်ဥပဒေ (FRAA) အရ အမေရိကန်နိုင်ငံကို သိသိသာသာ ထိခိုက်မှုရှိစေတဲ့ ကမ္ဘာပေါ်က အဓိက ဘိန်းထုတ်လုပ်တဲ့နိုင်ငံတွေနဲ့ တဆင့်ဖြန့်ချီတဲ့နိုင်ငံတွေရဲ့ စာရင်းကို သမ္မတက သတ်မှတ်ပြီး လွှတ်တော်ကို နှစ်စဉ်တင်းသွင်း ရတာဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး ကတိ အများစု အကောင်အထည်ဖော်ဖို့ မြန်မာပျက်ကွက်

အမေရိကန် အကြီးတန်းသံတမန်ဟောင်း Dr. Kurt Campbell
မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲ မှုတွေ၊ ကတိက၀တ်တွေကို မြန်မာ အစိုးရ အနေနဲ့ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ အမေရိကန် အကြီးတန်း သံတမန်ဟောင်း တဦးက ဝေဖန်ပြောခဲ့ ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ထိစပ်ဆက်ဆံရေး မူဟာလည်း ကနဦးအားဖြင့် အစိုးရပိုင်း ဆက်ဆံရေးဖြစ်ပြီး နောက်ပိုင်းအတွက်တော့ စိန်ခေါ်ချက်တွေ ရှိနေတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း Kurt Campbell က ပြောခဲ့တာပါ။ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

Monday, September 15, 2014

MOU အလုပ်သမားတစ်ရာကျော် နယ်စပ်သို့ပြန်ပို့ပြီ”


၂၀၁၄ ခု စက်တင်ဘာလ ၁၅ ၊ခရမ်းသားလေး

ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာတွင်ရှိသော မူစယ် အန်ဖေခေါင်ရွဲ၊ တန်ဘွန်စလဖန်၊ ဖစ်ဘူရီမြို့နယ် တွင်ရှိသော အလုပ်သမား တင်သွင်းသည့် မြန်မာအမျိုးသမီးတစ်ဦးပိုင် SARISA INTERNATIONAL EMPLOYMENT.CO.TH ကုမ္ပဏီတွင် အချိန်အတန်ကြာ အလုပ်အကိုင်မရပဲ အခက်ကြုံ နေရသည့် မြန်မာအလုပ်သမားတစ်ရာကျော်တို့အား ယနေ့တွင်နေရပ်သို့ ပြန်ပို့လိုက်ပြီးဖြစ်သည်။

ငါတစ်ယောက်တည်း


စက်တင်ဘာ-၁၄ 

အကြောင်းမညီညွတ်လို့
ဘောင်းဘီချွတ်ပြီးပုဆိုးဝတ်ပြလိုက်တာ 

လှတယ်လို့ပြောတဲ့လူကပြော
မလှပါဘူးလို့ဆိုတဲ့သူကဆို 
မဆိုးပါဘူးကွာဟုဝေဖန်သူကဝေဖန်

Sunday, September 14, 2014

ပြည်ခိုင်ဖြိုးအမှုဆောင်ကို NLD တရားစွဲ

NLD နဲ့ ဒေါ်အောင်ဆန်း စုကြည်အပေါ် ဝေဖန် တိုက်ခိုက်တဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေခဲ့မှုနဲ့ ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင် တဉီးကို ပြီးခဲ့တဲ့ ရက်ပိုင်းက NLD က တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

မြေပုံမြို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမူ ယခုလ ၂ဝ ရက်တွင်အပြီးသတ်မည်

ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ ဘင်္ဂါလီများ  ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့် စစ်ဆေးခြင်း လုပ်ငန်းအား ယခုလ ၂ဝ ရက်တွင်အပြီး သတ်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဦးလှသိန်းက ထုတ်ဖော်ပြောသည်။

မန္တလေးဗကသကျောင်းသူကို လက်ပံတောင်းအမှုနဲ့ ဖမ်းဆီး

မဖြူနှင်းထွေး တုံရွာ အ၀င် ဇရပ်တွင် ဒေသခံတစ်ချို့ နှင့် အတူထိုင်ကာ တယ်လီဖုန်းဆက်သွယ်ရန် ပြုလုပ်နေစဉ်မြင်တွေ့ရပုံ။ ဓါတ်ပုံ - ThanLarWaddy Times
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ် မန္တလေး ခရိုင်အဖွဲ့ ဝင် မဖြူနှင်းထွေး ကို လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်းဒေသမှာ မေလကဖြစ်ခဲ့တဲ့ ရွာသားတွေနဲ့ တရုတ် ဝန်ထမ်း တွေရဲ့ ပဋိပက္ခ နဲ့ ပတ်သက်လို့  ရဲတပ်ဖွဲ့ က မနေ့ ကနေ့ လည်မှာ မန္တလေးမြို့ နေအိမ်ကနေ ဖမ်းဆီး ခေါ်ဆောင်သွား တယ်လို့ သိရပါတယ်။

သြဂုတ်လအတွင်း ယာဉ်တိုက်မှု ၁၀၃၆ သေဆုံးမှု ၂၅၉ ဦးရှိ (ရုပ်/သံ)

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မြန်မာတနိုင်ငံလုံး ယာဉ်တိုက်မှု ၁၀၃၆ မှုဖြစ်ပွားခဲ့ပြီး ၂၅၉ဦး သေဆုံးကာ ၁၅၅၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။ ဦးဇော်ဖေ သတင်းပေးပို့ ထားပါတယ်။ DVB TV - 13.09.2014

ယီမင်ဖိနပ်စက်ရုံ လုပ်သား ၃ဝဝကျော် ဆန္ဒပြနေတာ ၆ရက်ကျော် (ရုပ်/သံ)

လှိုင်သာယာ စက်မှုဇုံ၂က ယီမင်ဖိနပ်စက်ရုံ အလုပ်သမား ၃ဝဝ နီးပါးဟာ လုပ်ခလစာ တိုးမြှင့်ရေး အတွက် စက်ရုံရှေ့မှာ နေ့ညမပြတ် ဆန္ဒပြနေတာ ၆ ရက်ကျော် လာပေမယ့် သူတို့ရဲ့  တောင်းဆိုချက်တွေ မရရှိသေးပါဘူး။ ဒီသတင်းကို ဦးသူရိန်က တင်ဆက်­ထား ပါတယ်။ DVB TV - 13.09.2014

စင်ကာပူကို မြန်မာအိမ်ဖော်စေလွှတ်မှု ယာယီရပ်တန့်ထား

စင်ကာပူနိုင်ငံမှာ မြန်မာ အိမ်ဖော်တွေ အခွင့်အရေး ဖိနှိပ်ချိုးဖောက်ခံ နေရတဲ့ အတွက် မြန်မာအစိုးရက စင်ကာပူနိုင်ငံကို အိမ်ဖော် အလုပ်သမား စေလွှတ်တာတွေ ခေတ္တရပ်နား ထားတယ်လို့ မြန်မာပြည်ပ အလုပ်အကိုင် အေဂျင်စီး ဖယ်ဒရေးရှင်းအဖွဲ့က ပြောပါတယ်။