Friday, May 16, 2014

လားရှိုး ကမ္ဘောဇ(၁)နဲ့ CB ဘဏ်မှာ ပေါက်ကွဲမှုဖြစ်

ဒီမနက် လားရှိုးမြို့က ဘဏ် ၂ ခု မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ရေးထားပါတယ်။
ဘဏ်အဆောက်အအုံ အပြင်ဘက် ပေါက်ကွဲမှုတွေဖြစ်တယ်၊ ဘယ်သူမှ ထိခိုက် ဒဏ်ရာရခြင်းမရှိဘူးလို့ သိရပါတယ်။

ကမ္ဘောဇဘဏ်(၁)က ပြတင်းပေါက်မှန်တွေ ကွဲသွားတယ်၊ CB ဘဏ်မှာတော့ ဘေးက ထရန်စဖော်မာ ပျက်စီးပါတယ် တဲ့။

မနက် ၃း၃ဝ ဝန်းကျင်မှာ ဖြစ်တဲ့ သတင်းက မိုးလင်းချိန် အဲဒီလို အွန်လိုင်း တင်နိုင်တဲ့အတွက် စာဖတ်သူများအတွက် အကျိုးများလှပါတယ်။
ဘယ်လိုဗုံးအမျိုးအစားဖြစ်တယ် သို့မဟုတ် ဘာကြောင့်ပေါက်ကွဲတယ် ဆိုတာတွေကို စုံစမ်းရေးသားမယ်လို့ ထင်ပါတယ်။
မူရင်းသတင်း နဲ့ ဓာတ်ပုံများကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

မှန်တွေ ကွဲသွားတဲ့ ကမ္ဘောဇဘဏ် ၁


လားရှိုး မြို့ရှိ ကမ္ဘာဇ ဘဏ်(၁)နှင့် C B ဘဏ် များ တွင် ပေါက်ကွဲမှု ဖြစ်ပွား
=====================================
လားရှိုး မေ ၁၆

လားရှိုးမြို့ တွင် မေ ၁၆ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်က မိနစ်အနည်ငယ်ကွာခြားလျက် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရပ်ကွက်(၃) ဗိုလ်ချုပ်လမ်းနှင့် သဇင်လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်(၁) အောက်ဘက် ဝင်ပေါက်အနီးတွင် ပေါက်ကွဲမှုကြောင့် ပြူတင်းပေါက်မှ မှန်များအားလုံး ကွဲကြေခဲ့ပြီး ရပ်ကွက်(၂) စံကောင်းလမ်းနှင့် သိန်းနီ လမ်းထောင့်ရှိ သမဝါယမဘဏ် အဆောက်အဦး ဘေးကပ်လျက်ရှိသည့် (၁၁/၀.၄)ကေဗွီ (၁၆၀)ကေဗွီအေ ထရန်စဖော်မာ (၂) တိုင်စင်အောက် အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၄င်း ထရန်စဖော်မာတွင် တပ်ဆင်ထားသည့် 400 V Panel, Cap actior Bank နှင့် မီတာအမှတ် (XS -050483) (200/5) Aစီတီမီတာများ ကွဲကြေပျက်စီးသွားခဲ့ပြီး ဘဏ်နှင့်ကပ်လျှက် ဝင်းကားပစ္စည်းဆိုင် အလှကပ်မှန်များ ကွဲကြေခဲ့ကာ လူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ဧရာဝတီ http://blog.irrawaddy.org/2014/05/cb.html

No comments:

Post a Comment