Friday, February 13, 2015

ရွေးကောက်ပွဲနီးလာချိန် အစိုးရက ပြဿနာများ ဖန်တီးလာသည်ကို သတိပြုမိကြောင်း NLD နာယက သူရဦးတင်ဦးပြော


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ အစိုးရသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွား အတွက် ပြဿနာမျိုးစုံအား အချက်အမျိုးမျိုးဖြင့် ပြုလုပ်လာသည်ကို သတိပြုမိကြောင်း ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက သူရဦးတင်ဦး က ဖေဖော်ဝါရီ(၁၂) ရက်တွင် ပြည်သူ့ရင်ပြင်၌ NLD ပါတီက ပြုလုပ်သော ပြည်ထောင်စုနေ့ အခမ်းအနား သဘာပတိ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။

ကာမစိတ်ကြွစေသည့် ချောကလက်များရောင်းချနေမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်အရေးယူမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

လူမှုကွန်ရက် စာမျက်နှာ တစ်ခုဖြစ်သော ဖေ့ဘုတ်မှတစ်ဆင့် ချစ်သူများနေ့အတွက် အထူးထုတ်ဟုဆို၍ ကာမစိတ်ကြွ ချောကလက် များ ရောင်းချနေမှုကို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ် အရေး ယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဦးဗအုပ်ခိုင်က ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် မြန်မာ သံတော်ဆင့် သို့ ပြောသည်။

ကလေးစစ်သား ပပျောက်ရေး မြန်မာ ပံ့ပိုးမှုရှိ

မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည် အပ်နှံတဲ့ အခမ်းအနား။ (စက်တင်ဘာ ၃၊ ၂၀၁၂)
မြန်မာစစ်တပ်က ပြီးခဲ့တဲ့နှစ်အတွင်း ရာနဲ့ချီတဲ့ ကလေး စစ်သားတွေ ကို ပြန်လွှတ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကလေးစစ်သား အသုံးပြုမှု ဆန့်ကျင်ရေးနေ့ ဖြစ်တဲ့ ဖေဖေါ်ရီလ ၁၂ ရက်နေ့မှာ ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိသူတဦး က ချီးကျူးပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသား ၄ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကတိ လက်မှတ်ထိုးမှု ကုလကြိုဆို

ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့- သတင်းဓာတ်ပုံ- ဦးညိုအုန်းမြင့် MPC
သမ္မတ ဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရ အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့တို့ဟာ ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့တာအတွက် ကုလသမဂ္ဂ အတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က ကြိုဆိုလိုက်ပါတယ်။

လောက်ကိုင်မှာ ကျောင်းတွေအားလုံး ပိတ်ထားခဲ့ပါတယ်- မြို့နယ် ပညာရေးမှူး


ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ အစိုးရတပ်နဲ့ ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့အကြား တိုက်ပွဲတွေဖြစ်ခဲ့ ရပြီးနောက် လူထုဟာ မြို့ကို စွန့်ခွာထွက်ပြေး နေကြပါတယ်။

Wednesday, February 11, 2015

လေးပွင့်ဆိုင်တွေ့ဆုံပွဲ လိုချင်သည့်ရလာဒ် မရပါက ပင်မစစ်ကြောင်းမှလွဲ၍ ကျန်သပိတ်အားလုံးပေါင်းကာ တစ်ပတ်အတွင်း ရန်ကုန်ချီတက်မည်


မန္တလေးမှ ထွက်ခွာလာသည့် ကျောင်းသားသပိတ် ပင်မစစ်ကြောင်းသည် ပဲခူးတိုင်း ပြည်မြို့ရှိ ပြည်တက္ကသိုလ်ရှေ့တွင် ဟောပြောစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

Written by  စည်သူမောင်မောင်၊ ရေခဲ (ပြည်)
မအူပင်၊ ပြည် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေ ပြုပြင်ရေး လေးပွင့်ဆိုင်တွေ့ဆုံပွဲ ရလာဒ်သည် ကျောင်းသားများ လိုလားသည့် အဖြေမရပါက ဧရာဝတီ၊ ပခုက္ကူ-မြေလတ်- မုံရွာ သပိတ်စစ်ကြောင်း၊ ထားဝယ်-မော်လမြိုင် စစ်ကြောင်းတို့က ဒီမိုကရေစီ ပညာရေး စစ်ကြောင်းအဖြစ် ပူးပေါင်းကာ ရက်သတ္တပတ်အတွင်း ရန်ကုန်သို့ ချီတက်သွားမည်ဟု ဖေဖော်ဝါရီ ၁၀ရက်တွင် ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။

ညှိနှိုင်းပွဲအတွက် ကျောင်းသားသပိတ် ရပ်မည်မဟုတ်


အစိုးရက အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ သပိတ်စစ်ကြောင်းတွေ ရပ်တန့်ဖို့ မနေ့က သတင်းထုတ်ပြန်ခဲ့ ပေမဲ့လည်း ဆွေးနွေးပွဲ ရလဒ်တွေကို သတိကြီးကြီးနဲ့ စောင့်ကြည့်ရင်း သပိတ်ကိုတော့ ရပ်နားမှာ မဟုတ်တဲ့အကြောင်း ပင်မသပိတ်စစ်ကြောင်းက ဗကသကျောင်းသားတွေက ပြောဆိုလိုက်ပါတယ်။ဒီအကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လူ‬ 'အ' ကြီး ဒီမှာ‬ ဦးအောင်ဆန်း

#‎လူ‬ 'အ' ကြီး#
‪#‎ဒီမှာ‬ ဦးအောင်ဆန်း
ခင်ဗျားကြီးကလေ ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပြီး ဘာလို့ပဲပြုတ်နဲ့နံပြား ကြိုက်ရတာတုန်းဗျာ ... ဒီခေတ်ဗိုလ်ချုပ်တွေလို ဘလူးတွေ ဘလတ်တွေ ကြိုက်ခဲ့ပါတော့လား ... အဲ့ဒါမှ ခင်ဗျားအကြောင်း ဟောတဲ့ပြောတဲ့သူတွေကို ဘလူး ဘလက် လေးနဲ့ဧည့် ခံကြမှာပေါ့ ... ခုတော့ ဘယ်သွားသွား သူတို့ခမျာ ပဲပြုတ်နဲ့နံပြားပဲ စားနေရတယ် ...

ဝှိုက်ကတ်ဖြင့် ဆန္ဒပြုခွင့် သမ္မတအမိန့်ဖြင့် ငါးရက်အတွင်း ပြန်လည် ပယ်ဖျက်ဖွယ်ရှိနေ

Written by  မင်းမင်း 
ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့်မေလအတွင်း ကျင်းပဖွယ်ရှိသည့် အခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုနိုင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုမှုအပေါ် သမ္မတအမိန့်ဖြင့် ငါးရက်အတွင်း ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း ရန်ကုန်တွင် ဆန္ဒထုတ် ဖော်ရန်စီစဉ်နေသည့် ယာယီသက်သေခံလက်မှတ်မဲပေးခွင့် ပယ်ဖျက်ရေး ကော်မတီ (WCC) ၏ ပြန်ကြား ရေးတာဝန်ခံ မောင်းတီးဆရာတော်က မိန့်သည်။

Tuesday, February 10, 2015

ကျောင်းသား ဆန္ဒ​ပြတာ​တွေ ရပ်​ဖို့ အစိုးရ တော​င်းဆို

ဗုဒ္ဓဟူး နေ့မှာ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်စဖို့ သဘောတူ မှု ရထားပါတယ်။
မြန်မာ နိုင်ငံမှာ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သက်လို့ ဆန္ဒပြ ကျောင်းသား တွေ သိရှိရန် ထုတ်ပြန်ချက် ဆိုပြီး အစိုးရ က ထုတ်ပြန်လိုက် တဲ့ အထဲမှာ ကျောင်းသားတွေ ဘက်က ပြီးခဲ့တဲ့ လ ၂၈ ရက် နေ့ တုန်းက လက်မှတ်ထိုး ကတိပေး ထား သလို ဆန္ဒပြမှု တွေ ရပ်ဆိုင်း ပေးပါ လို့ တောင်းဆို ထားပါတယ်။

ကျောင်းသားသပိတ် ပင်မစစ်ကြောင်း ပြည်မြို့ ဝင်ရောက်

မန္တလေးက ရန်ကုန်ကို ချီတက်နေတဲ့ ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို ပြည်မြို့ဒေသခံ တွေက ဘုရားကြီးတိုးချဲ့ ဆည်မြောင်း ၀န်းအနီးမှာ ကြိုဆိုကြစဉ်။ (ဖေဖေါ်ဝါရီ ၉၊ ၂၀၁၅။ ဓာတ်ပုံ/ မာတင်ဆွေ fb)
အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်ရင်း မန္တလေးကနေ ရန်ကုန်ကို ဦးတည်ချီတက်လာ နေကြတဲ့ သပိတ်စစ်ကြောင်းဟာ မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ် ယုန်ဖြူတောင်နားမှာ အတားအဆီးတွေနဲ့ ကြုံခဲ့ရပေမယ့် လူအင်အားနဲ့ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

သပိတ်မှောက်ကျောင်းသား များ မော်လမြိုင် တက္ကသိုလ် ဝင်ခွင့်မရ

မော်လမြိုင်၊ ထားဝယ် ကျောင်းသားသပိတ် စစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့က မော်လမြိုင် မြို့တွင်း မှာ ချီတက်နေကြစဉ် / Photo: ကျောင်းသားသမဂ္ဂသတင်းလွှာ Facebook
မော်လမြိုင်နဲ့ ထားဝယ်တို့က အမျိုးသား ပညာရေး ဥပဒေ ကို သပိတ်မှောက် ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်း သူတွေကို မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက် တာ ဌေးအောင်က မော်လမြိုင် တက္ကသိုလ် ကျောင်းဝင်း ထဲကို ဝင်ရောက် ဟောပြောခွင့် မပေးဘူးလို့ သိရပါ တယ်။