Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, March 19, 2016

မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးပုံစံ ပြောင်းနိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Kim Sok Chol တွေ့ဆုံဆွေးနွေး။ (သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)
မြန်မာနိုင်ငံမှာ မကြာခင် တက်လာတော့မယ့် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရသစ် လက်ထက်ကျရင် မြန်မာနိုင် ငံနဲ့ မြောက်ကိုရီးယားနိုင်ငံ အကြား ဆက်ဆံရေးဟာ အရင်လို စစ်ဘက်ဆက်ဆံရေး ဆက်လက် ရှိနိုင်တော့မှာ မဟုတ်ဘူးလို့ အကဲခတ်တွေက သုံးသပ်လိုက်ကြ ပါတယ်။ အမေရိကန်အစိုးရရဲ့ ဒီလထဲ အသစ်ချမှတ်လိုက်တဲ့ အရေးယူဒဏ်ခတ်မှု စာရင်းမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ရဲ့ နေရာမှာ ဗုဒ္ဓဟူးနေ့က အသစ်အစားထိုး ခန့်အပ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ခဲ့ပြီးတဲ့နောက် အခုလို သုံးသပ်ခဲ့ကြ တာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

Wednesday, March 9, 2016

သမ္မတလောင်းအဖြစ်ရေပန်းစားနေသူ ဦးထင်ကျော်၏ ကိုယ်ရေးရာဇဝင် အကျဉ်း...

 
ကွန်းခြံကုန်းမြို့သား 1990 NLD ရွေးကောက်ခံကိုယ်စား
လှယ် ဂန္တဝင်စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက်
သားဖြစ်သည်။
၁၉၄၆ ဇူလိုင် ၂၀ တွင်မွေးဖွားသည်။ဒေါ်ခင်ကြည်ဖောင်ဒေး
ရှင်းတွင် အားကိုးရဆုံးသူဖြစ်သည်။ ဒီချုပ်အဖွဲ့ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားကိုးရဆုံနှင့် စိတ်ချရ
ဆုံးလူနည်းစုတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် အသက်တ
နှစ် တစ်လ တစ်ရက်ငယ်ရွယ်သူဖြစ်သော်လည်း မက်ဒရစ်
ကျောင်း(ဒဂုံ ၁)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူပညာ
ဆည်းပူးခဲ့သူဖြစ်သည်။

NLD ရွေးတဲ့သမ္မတလောင်း တိုင်းရင်းသားတွေ ထောက်ခံမည်


မတ်လ ၁၀ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သမ္မတလောင်း ၂ ဦး အမည်စာရင်း တင်သွင်းသွားဖို့ ရှိတဲ့အပေါ် တိုင်းရင်းသားပါတီတွေက ကြိုဆိုလိုက်ပါတယ်။
တိုင်းရင်းသားပါတီအတွေအနေနဲ့ သမ္မတလောင်းအမည်စာရင်း ယှဉ်ပြိုင်တင်သွင်းသွားမှာ မဟုတ်ဘဲ NLD က တင်သွင်းတဲ့ သမ္မတလောင်းတွေကိုပဲ ထောက်ခံသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။

ဒုသမ္မတလောင်းများ အမည်စာရင်းတင်သွင်း


 
NLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ဦးထင်ကျော် အမျိုးသားလွှတ်တော်အတွက် ဦးဟင်နရီဗန်ထီးယူတို့ကို ဒုသမ္မတလောင်းတွေအဖြစ်အမည်စာရင်းတင်သွင်းပါတယ်။
ပြည်ခိုင်ဖြိုးပါတီက ပြည်သူလွှတ်တော်အတွက် လက်ရှိဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်း။ အမျိုးသာလွှတ်တော်အတွက် အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်တို့ကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

အလုပ်ခွင်တွင်း သေဆုံးခဲ့သော မြန်မာအလုပ်သမားအတွက် လျော်ကြေးငွေ အမြန်ဆုံး ပြန်လည်ရရှိရေး MAT ကူညီမည်


သတင်း-မင်းဘခက်

ထိုင်းနိုင်ငံ ချာချင်ဆောင် ပဲလီယို-တလတ်ခေါ်ရီစွပ် ဈေးနား၂၄လမ်းရှိ ဆားကတ် အဟောင်းရောင်းဝယ်ရေးဆိုင်တွင် လွန်ခဲ့သော ၂လခန့်က အသက် ၂၁နှစ် အရွယ် မြန်မာ အလုပ်သမားတစ်ဦး အလုပ်ခွင် တွင်း သေဆုံးမှုကြောင့် အလုပ်ရှင်က သေဆုံးသူ၏ မိသားစုဝင်များ ကို လျော်ကြေးပေးမည်ဟုဆိုသော်လည်း ယနေ့အချိန်ထိ ရွေ့ဆိုင်းနေ မှုကြောင့် အမြန်ဆုံး ရရှိရေးအတွက် ထိုင်းနိုင်ငံ မြန်မာနိုင်ငံသားများ အဖွဲ့(MAT)က ကူညီပေးမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

ပဲခူးအထူးသတင်း

 
ဆေးအဆိပ်သင့်၍ပဲခူးဆေးရုံကြီးတွင်ကလေး၂၈ယောက်အနက်၃ဦးသေ၄ဦးအရေးပေါ်အခြေနေအဖြစ်ရန်ကင်း
ကလေးဆေးရုံမှလူနာတင်အထူးကားဖြင့်ယနေ့ညနေ၄နာရီ ကျော်ခန့်ကပို့ဆောင်လိုက်ရကြောင်းကျန်ကလေး
များကိုတော့နေပြည်တော်မှရောက်လာသောကလေးအထူးကုဆရာဝန်ကြီးကအနီးကပ်ပြုစုကုသပေးလျက်ရှိ
ပါကြောင်းသတင်းရရှိပါသည်။ဖြစ်ပွားပုံမှာ၎ရက်၅ရက်၆ရက်နေ့များတွင်မွေးဖွားသောကလေးငယ်များကို၇
ရက်နေ့ညနေပိုင်းကတာဝန်ကျနပ်စ်မများမှကလေးများကိုဘီပိုးကာကွယ်ဆေးထိုးရမည်လူနာရှင်များမှ၆၅၀၀
ကျပ်စီစု၍ကလေး၂၈ဦးအတွက်ဆေးသွားဝယ်ရန်လူနာရှင်များထဲမှပဲခူးမြို့ခံသားတစ်ယောက်ကိုမေတ္တာဦးဆေး
ဆိုင်သို့ဖုန်းဆက်ထားသည်အဲ့ဒီဆိုင်မှာဆေးသွားဝယ်ဟုပြော၍လူနာရှင်၂၈ဦး၏ကိုယ်စားသွားရောက်ဝယ်ယူစေ
ခဲ့ပါသည်၊ဆေးဝယ်ယူပြီး၁၀မီးနစ်ခန့်အကြာတွင်တာဝန်ကျဆရာမများကကလေးများကိုတဦးစီဆေးထိုးပေး
လိုက်ပါသည်ဝယ်ယူ၍ကလေးများကိုထိုးပေးလိုက်သောဆေးမှာBပိုးကာကွယ်ဆေးဟုသိရပါသည်

Friday, October 16, 2015

ခက်ခက်ခဲခဲ ပြည်ပရောက် ကြိုတင်မဲ

မဲပေးဖို့စောင့်ဆိုင်းနေကြတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံ သားများ။ သတင်းဓာတ်ပုံ- စလုံးပေ့ခ်ျ
 မြန်မာပတ်စ်ပို့ ကိုင်ထားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင် မဲ ပေးနေကြရာမှာ အခက်အခဲ မျိုးစုံ နဲ့ ရင်ဆိုင်နေရတယ်လို့ စင်္ကာပူ နဲ့ တောင် ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ စင်္ကာပူနဲ့ တောင် ကိုရီးယား နိုင်ငံတွေမှာ အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့ အထိ ကြိုတင်မဲ ပေးခွင့်ပြု ထားပေမယ့် အချိန်လုံလောက်မှု မရှိဘူးလို့ ပြောကြ ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်း အောင်က တင်ပြပါမယ်။

Friday, May 22, 2015

လမ်းပြကြယ်ပါတီ နိုင်ငံရေးပါတီတစ်ခုအဖြစ် မှတ်ပုံတင်ခွင့်ရရှိ

 ပဲခူးမြို့အခြေဆိုက် ပါတီတစ်ခုဖြစ်သော လမ်းပြကြယ်ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၅ခုနှစ်၊ မေလ(၂၀)ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ်ခွင့်ပြုလိုက်
ပြီဖြစ်ကြောင်း ဦးအေးမြင့်(လမ်းပြကြယ်)၏ ပြောကြားချက်အရ သိရှိရသည်။

Wednesday, May 20, 2015

ပဲခူးတိုင်းဒေသကြီးဆည်မြောင်းဝန်ကြီးဌာနနှင့်အပြိုင် လွန်ဆွဲနေရသော က၀မြို့နယ်ရှိ လယ်သမား(၅)ဦး

ဘိုးဘွားမိဘများလက်ထက်မှစတင်၍ တရားဝင်အခွန်စည်းကြပ်စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိခဲ့သော လယ်ယာမြေဧရိယာ (၄၀)ဧကကျော်ခန့်အား ပဲခူးတိုင်းဒေသကြီးဆည်းမြောင်းဝန်ကြီးဌာနပိုင် လယ်ယာမြေအဖြစ်
သက်မှတ်ခြင်းအပေါ် မူလလက်ငုတ်ပိုင်ရှင်များဖြစ်ကြသော ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ညောင်ပင်ကျေးရွာအုပ်စု၊ သမဲ့ချောင်းကျေးရွာ၊ ကွင်းအမှတ်(၁၀၆၈-င) အတွင်း စိုက်ပျိုးလုပ်ကိုင်နေကြသည့် ဒေါ်တင်တင်ဦး ပါ
လယ်သမား(၅)ဦးမှ ၂၀၁၅ ခုနှစ်၊ မေလ(၁၃)ရက်နေ့တွင် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ ထပ်မံတင်ပြတိုင်တန်းထားကြောင်း သိရှိရသည်။

Saturday, May 9, 2015

အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ Barrenကျွန်းမှ မီးတောင်တစ်ခု ပေါက်ကွဲလာနိုင်ခြေရှိ ပေါက်ကွဲပါက မြန်မာနိုင်ငံကမ်းရိုးတန်းသို့ ဆူနာမီလှိုင်း ရိုက်ခတ်နိုင်၍ စောင့်ကြည့်


ကော့သောင်း မေ ၈

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ Barren ကျွန်းမှ ပေါ်ရိုမီးတောင်တစ်ခုသည် ဧပြီ ၂၂ ရက်မှ ၂၈ ရက်အတွင်း မီးခိုးပြာများထွက်ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အဆိုပါ မီးတောင်သည် Andaman ကျွန်းစုအတွင်း တည်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၏အနောက် ယွန်းယွန်း မိုင် ၃၂ဝ ခန့်၊ မြိတ်မြို့၏ အနောက်ဘက် မိုင် ၃၁ဝ ခန့်၊ ကော့သောင်းမြို့၏အနောက်မြောက် ဘက် မိုင် ၃၆ဝ ခန့်သာ ကွာဝေးကြောင်းသိရသည်။

Friday, May 1, 2015

မေဒေးနေ့ အလုပ်သမား ချီတက်ပွဲ လုပ်မယ်

ဒီနေ့ နိုင်ငံတကာ အလုပ်သမားများ နေ့ မေဒေးနဲ့ တိုက်ဆိုင်ပြီး ရန်ကုန် စက်မှုဇုံ လုပ်သား တွေလည်း အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်ရေး အပါအဝင် အလုပ်သမား အခွင့်အရေး တွေ အတွက် ချီတက် တောင်းဆို ကြ ဖို့ စီစဉ်ထား ပါတယ်။

ပန်ဆန်း ထိပ်သီးဆွေးနွေးပွဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ရောက်ရှိ


 တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီးစည်းဝေးပွဲ ကျင်းပမယ့် ၀ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့သို့ သကိုင်ရာအဖွဲ့ အစည်း ကိုယ်စားပြု ခေါင်းဆောင် တွေ ရောက်ရှိ လာကြပြီ ဖြစ်ပါတယ်။

Wednesday, March 25, 2015

အမှိုက်သယ်ယာဉ်မှ လမ်းတစ်လျှောက် ဆိုင်ကယ်သုံးစီးနှင့် ကားတစ်စီးအားတိုက်၍ ထွက်ပြေး


မန္တလေး မတ် ၂၄

မန္တလေးမြို့ အောင်မြေသာစံမြို့ နယ် နန်းရှေ့ ၁၉ လမ်း၊ မုန်တိုင်ဇရပ် အနီး၌ မတ် ၂၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမှိုက်သယ်ယာဉ် ၉ဌ/---- ထော်လာဂျီမှ လမ်းတစ်လျှောက် ဆိုင်ကယ်သုံးစီးနှင့် 7C/---- Honda Fit (NPW) အပြာရောင် ကားတစ်စီးတို့ကိုတိုက်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

Saturday, March 21, 2015

မူလ​ပညာ​ရေး​ဥပဒေ​ကို မ​ဆို​စ​လောက်​ပဲ ပြင်ဆင်​ဖို့ ဥပဒေ​ကြမ်း​တင်​သွင်း​ကြောင်း ဝေဖန်​နေ

အမျိုးသား ပညာရေး ကော်မရှင် ဖွဲ့စည်း ရေးကို ထပ်မံ ထည့်သွင်း ထားပြန်။
အမျိုးသား လွှတ်တော် မှာ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင် တဲ့ ဥပဒေကြမ်း အစီရင်ခံစာ ကို ဥပဒေကြမ်း ကော်မတီ က တင်သွင်း လိုက်တာ မှာ မူလ အမျိုးသား ဥပဒေ ကို အနည်းမျှ သာ ပြောင်းလဲ ထားတာ တွေ့ ရတယ် ဆိုပြီး ဝေဖန်သံ တွေ ထွက် ပေါ်လာပါတယ်။

အာဏာခွဲဝေယူရေး အရေးကြီး အဆိုတင်

တိုင်းရင်းသားတွေ တင်တဲ့ အဆိုတွေကို အစိုးရက ထိရောက်အောင်လုပ်တာ မရှိလို့ ဒေါ်ဒွဲဘူဆို
၂၀ဝ၈ ဖွဲ့စည်းပုံအရ သတ်မှတ်ထားတဲ့ ပြည်နယ်၊ တိုင်းတွေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တွေမှာ အာဏာ ခွဲဝေမှု၊ သယံဇာတ နဲ့ အခွန် အကောက်ခွဲဝေမှုတွေ ပီပီပြင်ပြင် ဖြစ်လာအောင် ဥပဒေ၊ နည်း ဥပဒေတွေကို လိုအပ်သလို ပြင်ဆင် ပြဌာန်းပေးဖို့ တိုက်တွန်းတဲ့ အရေးကြီး အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ မတ်လ ၂၀ ရက်နေ့က တင်သွင်းခဲ့ပါတယ်။

Tuesday, March 3, 2015

ပဲခူးမြို့၊ (Chinn Su)ချင်းစု အထပ်သားစက်ရုံလုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အလုပ်သမားတစ်ဦး ကိုယ်လက်အင်္ဂါချို့ယွင်းမှုဖြစ်ပွား


၂၀၁၅ခုနှစ်၊ ဇန်န၀ါရီ(၁၃)ရက်နေ့ နံနက်(၅)နာရီခန့်တွင် အထပ်သားစက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မယုယုခိုင်(ဘ)ဦးဘိုသန်းသည် ပဲခူးမြို့၊ချင်းစု(Chinn Su)အထပ်သားစက်ရုံရှိ သစ်လွှာဌာနတွင် လုပ်ငန်းဝင်နေစဉ်
အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် ဘယ်ဘက်လက်သန်းကြွယ်ချို့ယွင်းသွားသော်လည်း စက်ရုံးမှ လျှော်ကြေး(သို့)နစ်နာကြေးတစ်စုံတစ်ရာပေးအပ်ခြင်းမရှိခဲ့ကြောင်း သူမ၏ မိခင်ဖြစ်သူ ဒေါ်ဒေါင်းကြည်မှ ပြောပြသဖြင့် သိရှိရ
သည်။

Friday, February 27, 2015

မိကျောင်းကန်သပိတ်စခန်းကို စည်ပင်ရဲ ဖြိုခွင်း



26 February 2015
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့   မိကျောင်းကန်သပိတ်စခန်းကို စည်ပင်ရဲတွေက ၀င်ရောက် ဖြိုခွင်းရှင်းလင်းခဲ့ပြီး လူ ၁၈ ဦးကို ဖမ်းဆီးထားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေးဌာနက ရဲတွေက ဖြိုခွင်းရှင်းလင်းခဲ့ကြတာဖြစ်ပြီး သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးနဲ့ ဈေးသည် ၄ ဦး  စုစုပေါင်း ၁၈ ဦး ကို ဖမ်းဆီးသွားခဲ့တာပါ။

လောက်ကိုင်ဒေသတွင် ကလေးတဦး မိုင်းနင်း သေဆုံး

 အစိုးရတပ်တွေနဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ လောက်ကိုင် ဒေသမှာ အသက် ၁၀ အရွယ် ကိုးကန့် ကလေးငယ်တဦး  မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။
လောက်ကိုင်မြို့နယ် ချားဟော်ရွာမှာ ဗုဒ္ဓဟူးမနက်ပိုင်းက အဆိုပါကလေးငယ်ဟာ မနက်စာချက်ပြုတ်ဖို့အတွက် အိမ်အနီးနားမှာ ထင်းရှာရင်း မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံ စပိန် ခရီးသွားဧည့်သည် ရဲတပ်ဖွဲ့ရှာဖွေနေ

တိုက်ခိုက်ခံရသည့် စပိန်နိုင်ငံသား (ဓာတ်ပုံ - Zaw Shinn facebook)
မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်အတွင်း တိုက်ခိုက်ခံခဲ့ရတဲ့ စပိန်နိုင်ငံသားတစ်ဦး ရန်ကုန် ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေစဉ်အတွင်း၊ မနေ့က ဆေးရုံက ရုတ်တရက်ဆင်းသွားတဲ့ အတွက် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

ဆန္ဒပြအလုပ်သမားများအား ဆူပူအကြမ်းဖက်သူအဖြစ် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြမှုများ ဝေဖန်ခံရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ဆန္ဒပြ အလုပ်သမားများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ရာ၌ ““ဆူပူအကြမ်းဖက် ဆန္ဒပြအလုပ်သမားများ””ဟု သုံးနှုန်းထားမှုအပေါ် ဝေဖန် မှုများ ဖြစ်ပေါ်လျက် ရှိသည်။