မြန်မာနိုင်ငံမှာ အာဆီယံ ရုပ်ရှင်ပွဲတော်ကို ပထမဆုံးအကြိမ် မတ်လ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်းက
ဦးဆောင်စီစဉ်ကျင်းပမှာဖြစ်ပြီး ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံမှာ
မတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ အာဆီယံနိုင်ငံတွေက ရုပ်ရှင်တွေကို
ပြသမှာဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွင်း
နိုင်ငံပေါင်း ၉ နိုင်ငံက ရုပ်ရှင်ကားတွေ ပြသမှာ ဖြစ်ပြီး
မြန်မာနိုင်ငံအနေနဲ့ ကယန်းအလှ၊ ကြိုးတန်းနဲ့ ပန်းကြာဝတ်မှုန် စတဲ့ ရုပ်ရှင်
ဇာတ်ကား ၃ ကားကို ပြသသွားမှာ ဖြစ်ပါတယ်။
မြန်မာ့ရုပ်ရုပ်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက အာဆီယံရုပ်ရှင်ပွဲတော်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း အခုလို ပြောပါတယ်။