Thursday, December 25, 2014

မင်းအုပ်စိုးထိုးကြိတ်ရာမှ လက်လွန်၍ မဂ္ဂဇင်းအယ်ဒီတာတစ်ဦး သေဆုံး

 ရန်ကုန် - သရုပ်ဆောင် မင်းအုပ်စိုးသည် သရပါမဂ္ဂဇင်းမှ အယ်ဒီတာ မတေးနုရင် (ခ) မနုနုရင်ကို ထိုးကြိတ်ရာမှ လက်လွန်သေဆုံးသွားသည့်အတွက် ၎င်းအား ဖမ်းဆီး၍ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ဒုရဲမှူး သိန်းဝင်းက 7Day သို့ အတည်ပြုပြောကြားသည်။

Thursday, December 11, 2014

မြန်မာနိုင်ငံမှာ စစ်တပ်လွှမ်းမိုးမှု ကြီးမားဆဲ


၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန် အစိုးရ တက်လာကတည်းက မြန်မာနိုင်ငံ မှာ ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်လာတာကို မြင်တွေ့ ခဲ့ရပါတယ်။ အစိုးရက ဆင်ဆာဖြတ်တောက်မှုကို လျှော့ချပေးတဲ့အပြင် နိုင်ငံရေး အကျဉ်းသားတွေကို လည်း ပြန်လွှတ်ပေးခဲ့သလို ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေလည်း မြန်မာနိုင်ငံကို ၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။

ငှက်နဲ့ တိုက်တဲ့ MAI လေယာဉ် ပုံမှန်ပျံသန်းပြီ

ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံများ စာရင်းက မြန်မာ ဘယ်တော့ လွတ်မလဲ

နေစရာမရှိအောင် ဆင်းရဲသူတွေ အမြောက်အမြား ရှိနေဆဲ

Food Not Bombs Myanmar အဖွဲ့က ဆင်းရဲသားလူငယ်များအတွက် ရန်ပုံငွေရှာ


Wednesday, December 10, 2014

မြန်မာနှစ်ဦး နောက်အမှုချိန်း နှစ်လစောနေကြောင်း ထိုင်းသတင်းစာဖော်ပြ


ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲဆိုခံနေရသူ မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ်နှစ်ဦးရဲ့ အမှုကို စစ်ဆေးနေတဲ့ ကော့စမွီခရိုင် တရားရုံးက နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကို ချိန်းဆိုလိုက်တာဟာ ရှေ့ကိုနှစ်လစောပြီး သတ်မှတ်လိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာက ဖော်ပြပါတယ်။

ရည်းစားစာပေးသည်ကို လက်မခံသော ကျောင်းသူအား ရှစ်တန်းကျောင်းသားက ဓားဖြင့်ထိုး


ရည်းစားစာပေးသည်ကို လက်မခံ သောကြောင့် ရှစ်တန်း ကျောင်းသားက ကျောင်းသူကို ဓားဖြင့် ထိုးသည့် အမှု တစ်ခု ဒီဇင်ဘာ (၈) ရက်နေ့က လှိုင်သာယာ မြို့နယ်၊ (၁၇) ရပ်ကွက်၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ဖြစ်ပွား ခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ သိရသည်။

ကမ္ဘာ့လူကြိုက်အများဆုံး ရေကြောင်းခရီးစဉ် ၅ ခု စာရင်းတွင် ဧရာဝတီမြစ် ပါဝင်


ကမ္ဘာမှာ လူကြိုက်အများဆုံး ရေကြောင်း ခရီးစဉ် ၅ ခု စာရင်းထဲမှာ မြန်မာပြည်က ဧရာဝတီမြစ်ကြောင်း အပမ်းဖြေ ခရီးစဉ်လည်း ပါဝင်နေတယ်လို့ လူသိများတဲ့  Cruise Holidays ခရီးသွား လုပ်ငန်းရဲ့ စစ်တမ်းက ဆိုပါတယ်။

Tuesday, December 9, 2014

ပြိုင်ပွဲသွားပြိုင်ရင်း ပစ္စည်းထုပ်ပျောက်နေတဲ့ မြန်မာအလှမယ်

ဗင်နီဇွဲလားနိုင်ငံမှာ ပြုလုပ်နေတဲ့ Miss Tourism 2014 ကို သွားပြိုင်နေသော မြန်မာ အလှမယ် ဂျူးစံသာ တယောက် သူစီးသွားတဲ့ လေကြောင်းလိုင်းရဲ့ မှားယွင်းချက်ကြောင့် အ၀တ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေ ထည့်ထားတဲ့ ခရီးဆောင်အိတ်နှစ်လုံး ပျောက်နေတယ်လို့ သိရပါတယ်။

Miss Tourism Myanmar 2014 အလှမယ် ဂျူးစံသာ(ဓာတ်ပုံများ- Miss Golden land Myanmar Organization)

အသက်ကိုးနှစ်ရွယ်. ဒါပေမယ့် ကမ္ဘာ့အလှဆုံး စူပါမော်ဒယ်


ကမ္ဘာ့အလှဆုံး စူပါမော်ဒယ် အဖြစ် ရုရှားနိုင်ငံမှ အသက် ကိုးနှစ်အရွယ်
ကလေးမလေး တစ်ဦးက အသိအမှတ်ပြု ခံခဲ့ရ ပါတယ်။ သူမ အမည်ကတော့ Kristina Pimenova လို့ အမည်ရပြီး အသက် ၃ နှစ်သား အရွယ်မှာ ကတည်းက မော်ဒယ် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ် ပါတယ်။

မလုပ်ကိုင်တဲ့ စက်မှုဇုန်မြေတွေ ပြန်သိမ်းမယ်

အရှေ့ဒဂုံမှာ လုပ်ငန်း မလုပ်တဲ့ စက်မှု မြေများ
ရန်ကုန် တိုင်း အတွင်း က လုပ်ငန်း မလုပ်တဲ့ စက်မှုဇုန် မြေတွေကို အစိုး ရ က ရှေ့တပတ် နောက်ဆုံး ထားပြီး ပြန်သိမ်းဖို့ ရှိတယ် လို့ သိရပါတယ် ။

မြန်မာ အတွက် EU ထောက်ပံ့မှု အသစ် ကြေညာ

မြန်မာ အခြေအနေတွေ EU အနီးကပ် လေ့လာ
EU ဥရောပ သမဂ္ဂ က မြန်မာနိုင်ငံ အတွက် ယူရိုငွေ သန်း ၇ဝဝ နီးပါး အမေရိကန် ဒေါ်လာနဲ့ ဆိုရင် သန်း ၉ဝဝ နီးပါး ထောက်ပံ့မယ် လို့ ထုတ်ဖော် ကြေညာ လိုက်ပါတယ်။

လူသားချင်းစာနာမှု အကူအညီ လိုအပ်တဲ့နိုင်ငံစာရင်း မြန်မာပါဝင်


အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံက လူဦးရေ ၅၇ သန်းကို လူသားချင်းစာနာမှု အကူအညီ တွေပေးနိုင်ဖို့ ၂၀၁၅ ခုနှစ် အတွက် ဒေါ်လာသန်းပေါင်း ၁၆.၄ ဘီလျံလိုအပ်နေကြောင်း ကုလသမဂ္ဂက မေတ္တရပ်ခံ လိုက်ပါတယ်။ ဒီ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတဲ့ ၂၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ လူသားချင်း စာနာမှုဆိုင်ရာ မေတ္တာရပ်ခံ ချက်ထုတ်ပြန်တဲ့ ဂျနီဗာကနေ VOA သတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

ဖွဲ့စည်းပုံပြင်ရေးလက်မှတ်ထိုးသူ ဗိုလ်မှူးထောင်ချခံရမှု HRW ဝေဖန်


ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်ထိုးလို့ မြန်မာ စစ်အရာရှိ တဦးကို ထောင်ဒဏ် အပြစ်ပေးတဲ့ ဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ တကယ်ပဲ ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်နေ တာလား ဆိုတဲ့ သံသယပိုပြီး ကြီးမားစေတယ်လို့ HRW အဖွဲ့ကြီးက ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေး ထားပါတယ်။

Monday, December 8, 2014

ကာကွယ်နိုင်တဲ့ရောဂါတွေ နဲ့ မြန်မာကလေး ငါးသောင်း နှစ် စဉ်သေဆုံးနေဆဲ

ဓါတ်ပုံ - World Bank Myanmar
မြန်မာနိုင်ငံမှာ ကြိုတင်တားဆီး ကာကွယ်လို့ရတဲ့ ရောဂါတွေနဲ့ တစ်နှစ်ကို ကလေးငယ် ငါးသောင်းဝန်းကျင် သေဆုံးနေ ရဆဲ ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ် ကပြောပါတယ်။

မောင်တောအထွေထွေအုပ်ချုပ်ရေးရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမတစ်ဦး ပျောက်ဆုံး


မောင်တော မယကရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမ တစ်ဦး ပျောက်ဆုံး နေကြောင်း သူမ၏ ခင်ပွန်း ဖြစ်သူနှင့် မြို့ခံများ၏ ပြောပြ ချက်အရ သိရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် နိုင်ငံရေးတက်ကြွသူများ ဆန္ဒပြ


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ပေးဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁ဝဝ ခန့်က ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။

Tuesday, October 21, 2014

ဂုဏ်ယူပါတယ် မြန်မာ ယူ-၁၉

မြန်မာအသင်းစွမ်းဆောင်မှုအပေါ် ပရိသတ်များချီးကျူး

 မြန်မာယူ-၁၉အသင်း  ကာတာအသင်းကို ရှုံးနိမ်ခဲ့သော် လည်း အသင်း၏ပြိုင်ပွဲဝင်စိတ် ဓာတ်နှင့်ခြေစွမ်းအပေါ် လူမှုကွန်ရက်များမှတစ် ဆင့်ချီးကျုးမှုများပြုလုပ်ခဲ့ကြသည်။
‘‘Thiha Kyaw Zaw’’အမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသူကလည်း ‘‘ကျေနပ်တယ်ညီလေးတို့’’ မင်းတို့လုပ်ပေးနိုင်တာထက် အများကြီး ပိုပေးဆပ်ခဲ့တာပဲ။ ညီလေးတို့ရဲ့ စိတ်ဓာတ်ကိုလေးစားတယ်။ မြန်မာအသင်းဟာ ဆီမီးကိုထိုက်ထိုက်တန်တန်တက်လာခဲ့တယ် ဆိုတာ အာရှတစ်တိုက်လုံးသိအောင် ညီတို့စွမ်းဆောင်နိုင်ခဲ့တယ်’’ဟု ရေးသားခဲ့သည်။

အိန္ဒိယဘောလုံးသမားတဦးရဲ့ ဂိုးသွင်းပြီး ၀မ်းနည်းဖွယ်ဖြစ်ရပ်

အိန္ဒိယ ဘောလုံးကစားသမားတဦးဟာ သူ့ကန်သွင်းလိုက်တဲ့ ဂိုးအတွက် အောင်ပွဲခံ ဂျွမ်းထိုး လိုက်စဉ် ဒဏ်ရာရ သွားပြီးနောက် နောက်ဆုံး အသက်ပါ ဆုံးပါးသွားခဲ့ရပါတယ်။ 

မွေးဖွားမှုမှတ်ပုံတင်အစီအစဉ် ပထမဆုံး စတင်

မြန်မာနိုင်ငံရဲ့ မွေးဖွားမှု မှတ်ပုံတင်ခြင်း ရက်သတ္တ ပတ်လှုပ်ရှားမှု အစီအစဉ်ကို ပထမဆုံး အဖြစ် မကွေး၊ ဟားခါးနဲ့ မော်လမြိုင်မြို့ကြီးတွေမှာ အောက်တိုဘာလ ၂၀ ရက်နေ့က စတင်လိုက်ပါတယ်။

Saturday, October 18, 2014

ရေစိုသွားသော ဖုန်းကို ပြန်လည်ပြုပြင်နည်း (၅) ချက်


(၁) ဘတ္တရီကို ချက်ချင်းဆွဲဖြုတ်လိုက်ပါ
ဖုန်းကို ရေစိုလိုက်တာနဲ့ Power ပိတ်ဖို့ လုပ်မနေဘဲနဲ့ ဘတ္တရီကိုသာ ချက်ချင်း ဆွဲဖြုတ် လိုက်ပါ။ အဲလို ဘတ္တရီကို ဖြုတ်လိုက်ခြင်း အာဖြင့် သင့်ရဲ့ ရေစိုနေသော ဖုန်းကို ပြန်လည် ပြုပြင်နိုင်ပါလိမ့်မယ်။ အကယ်၍ iPhone ဆိုရင်တော့ power ကို အရင်ပိတ်ပြီးမှသာ ဘတ္တရီကို ဖြုတ်ပါ။

Wednesday, October 15, 2014

ကမ္ဘောဇလေယာဉ်ပေါ်မှာ ISနဲ့ ပတ်သက်တဲ့ စာရွက်တွေတွေ့

လုံခြုံရေးအတွက် ရဲတပ်ဖွဲ့က တိုးမြှင့် ဆောင်ရွက်နေ
အောက်တိုဘာ ၁၃ ရက်နေ့ က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ရန်ကုန်-ညောင်ဦး-မန္တလေး-ဟဲဟိုး ခရီးစဉ် KBZ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ်မှာ IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း တချို့ကို တွေ့ခဲ့အပြီး လုံခြုံရေး စိုးရိမ်မှုတွေ ဖြစ်သွားခဲ့ကြပါတယ်။

Tuesday, October 14, 2014

လိပ်ကျွန်းလူသတ်မှု အစိုးရသက်သေတွေ ထွက်ဆိုချက် အမှုမမြောက်

ဓာတ်ပုံ- ဂူဂဲလ်
လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး အစိုးရ တရားလိုပြ သက်သေ ထွက်ဆိုချက်တွေက လူသတ်မှုနဲ့ ဖမ်းဆီးခံထားရသူ မြန်မာ ၂ ဦး အတွက် အမှု မမြောက် နိုင်ဘူးလို့ သိရပါတယ်။

Friday, October 10, 2014

“လိပ်ကျွန်း လူသတ်မှုကို ထိုင်း တရားရုံးက ပယ်ချရတဲ့ အကြောင်းရင်း”

ဗြိတိန်နိုင်ငံသား နှစ်ယောက် အသက်ခံရတဲ့ အမှုနဲ့ပက်သက်ပြီး နိုင်ငံတော် မှုခင်း ဆရာဝန် ဌာနက အကြီးဆုံး ဒေါက်တာကတော့ ပြောပြီ၊ အဓိက ကတော့ ဒီအမှုကို တရားရုံးက ပယ်ချလိုက်တဲ့ အချက်တွေက

၂၀၁၅ တွင် တင်သွင်းသည့်ကားများ ဘယ်မောင်းဖြစ်ရန် ဌာနအားလုံး ထောက်ခံချက်လို

by  မိုးညို
၂၀၁၅ တွင် တင်သွင်းသမျှ မော်ဒယ်များ အားလုံးကို ဘယ်မောင်းကားများကိုသာ သွင်းခွင့်ပြုမည်ဆိုခြင်းမှာ သက်ဆိုင်ရာ ဌာနအားလုံး၏ ထောက်ခံချက်လိုအပ်ပြီး လတ်တလော မသေချာသေးကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးမင်းမင်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဒုဝန်ကြီးချုပ်နှင့် တွေ့ ဆုံ စဉ် လိပ်ကျွန်း လူသတ်မှု ကိစ္စ အမှုမှန် ပေါ်ပေါက်ရေး ဥပဒေနှင့် အညီ စစ်ဆေးပေးရန် တောင်းဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ
လိပ်ကျွန်းဖြစ်စဉ်မှာ အမှုမှန် ပေါ်ပေါက်ရေးကို ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့၊ မြန်မာသံရုံးက အထူးအဖွဲ့ လေ့လာနေမှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးဖို့၊ "အပြစ်ရှိသူကို အပြစ်မပေး မိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန် လိုသည်" ဟူသော ဥပဒေ စကားအတိုင်း သေချာစွာ စိစစ် လုပ်ဆောင် ပေးစေလိုကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်ကို ပြောကြားလိုက်ပါတယ်။

လိပ်ကျွန်းလူသတ်မှု တရာမျှတရေး ဂျပန်မှာတောင်းဆိုဆန္ဒပြ

ထိုင်းနိုင်ငံ ခိုတောင်း ခေါ် လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထိန်း သိမ်း ထားတဲ့ မြန်မာနိုင်ငံ သားတွေရဲ့အမှုကို တရားမျှမျှ တတဖြစ်အောင် စစ်ဆေး ဆောင်ရွက် ပေးဖို့ အတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့က ထိုင်းသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီးသုံးပါး ရှင်းလင်းပွဲတွင် ရန်ကုန်အစိုးရ အဖွဲ့ဝင်များ အိပ်ငိုက် သတင်းထောက်များ မေးမြန်းခွင့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ကန့်သတ်

ရန်ကုန်၊ အောက်တိုဘာ ၉
နိုင်ငံတော် ဘတ်ဂျက်ကိစ္စ၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကိစ္စများကို မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းခဲ့သည့် နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဦးစိုးသိန်းနှင့် အခြားပြည်ထောင်စု ၀န်ကြီး(၂)ဦးတို့၏ ရှင်းလင်းပွဲသို့ တက်ရောက် ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၏ အိပ်ငိုက်နေသည့်ပုံများ ““အိပ်မက်ဆုံရာ”” ခေါင်းစဉ်ဖြင့် ယခုရက်ပိုင်းတွင် လူမှုကွန်ရက်စာ မျက်နှာများ၌ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူများ အကြား ပြောဆိုဝေဖန်မှုများ ရှိနေသည်။

ထိုင်း-မြန်မာ အထူးစီးပွားရေး ဇုန်ု ပြန်လည်လုပ်ကိုင်ဖို့ သဘောတူ

အကောင်အထည်ဖေါ် တည်ဆောက်ရေး လုပ်ငန်းတွေ အလွန် နှေးကွေး နေတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူး စီးပွားရေး ဇုန်စီမံကိန်း ပြန်လည်သက်ဝင် လှုပ်ရှားလာနိုင်အောင်၊ ထိုင်း စီးပွားရေး လုပ်ငန်းတွေကို စီမံကိန်းရဲ့ ပိုမိုကြီးမားတဲ့ အခန်း ကဏ္ဍကနေ ဆောင်ရွက်ခွင့်ပြုဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာတို့ သဘောတူညီ လိုက်ကြပါတယ်။

အိန္ဒိယနဲ့ မြန်မာ ကားလမ်းတွေ ဖေါက်လုပ်ရေး လုပ်ငန်းစတင်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာ ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကြား ဆက်သွယ်ရေးလမ်းမတွေ ဖေါက်လုပ်ရေး စီမံကိန်းကို မနေ့က စတင်လိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် သမ္မတနဲ့တွေ့၊ ဒီနေ့ ရွှေတိဂုံဖူးမယ်

ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha (Credit: AFP) 
မြန်မာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​ထိုင်းနိုင်ငံ ​ဝန်ကြီးချုပ် ​Prayuth ​Chan-ocha ​က ​မနေ့တုန်းက ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​နေပြည်တော်မှာ ​တွေ့ဆုံခဲ့ပါတယ်။

လိပ်ကျွန်းလူသတ်မှု စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦး လွတ်မြောက်ရေး ဆန္ဒပြ

 ဓာတ်ပုံ – အောင်ကြီး

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ မြန်မာ အလုပ်သမား ၂ ဦး လွတ်မြောက်ရေး မြန်မာ့ လူမှုဘ၀ တိုးတက် မြင့်မားရေး အဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့ မနက်က ရန်ကုန်မြို့တော် ခန်းမရှေ့ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

ထိုင်းလိပ်ကျွန်း လူသတ်မှု၌ မြန်မာနှစ်ဦး တရားခံ မဖြစ်နိုင်ဟူသည့် ထင်မြင်ချက် ပိုမိုများလာ

ရန်ကုန်၊ အောက်တိုဘာ ၈

သံသယများစွာ၊ အငြင်းပွား ဖွယ်ရာများစွာဖြင့် ထိုင်းနိုင်ငံ၊ လိပ်ကျွန်း(Kho Tao)တွင် ဖြစ်ပွားခဲ့ သည့် ဗြိတိန် နိုင်ငံသား စုံတွဲ အသတ်ခံရခြင်းတွင် ၀န်ခံခဲ့သည့် မြန်မာနိုင်ငံသား နှစ်ဦး၏ ဖြစ်စဉ်မှာ ယခု ရက်ပိုင်းများအတွင်း ကမ္ဘာ့မီဒီယာများ၊ မြန်မာ့မီဒီယာများနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် အကြီးကျယ်ဆုံး သတင်းတစ်ပုဒ် အဖြစ် ကျယ်ပြန့်သထက် ကျယ်ပြန့် လာနေသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းမှ ဘဏ်အတိုးနှုန်း လျှော့ချနိုင်မည်

မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွ မှုနှုန်းကို လျော့ချနိုင်မှသာ ပြည်တွင်းဘဏ် တွေရဲ့ အတိုးနှုန်းကိုလည်း လျော့ချနိုင်မှာ ဖြစ်တယ်လို့ ဘဏ်လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြပြောဆို လိုက်ပါတယ်။

အဂတိလိုက်စားမှု နှင့် တိုးတက်ဖွံ့ဖြိုးမှု

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့  သက်တမ်း (၆) လအတွင်း လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ (၅၀၀) ကျော် လက်ခံရရှိခဲ့ပေမဲ့ (၃) စောင်ကိုသာ အရေးယူနိုင်ကြောင်း စက်တင်ဘာလ (၁၉) ရက်နေ့က သတင်းထုတ်ပြန်တဲ့ အတွက် လွှတ်တော်မှာရော သတင်းမီဒီယာ လောကမှာရော မေးမြန်းစရာ ဝေဖန်စရာ ဖြစ်လာပါတယ်။ လစာနဲ့ မစားလောက်လို့ လာဘ်စားတဲ့ ဝန်ထမ်းနဲ့ ချမ်းသာချင်လို့ လာဘ်စားတဲ့ ဝန်ထမ်းဆိုပြီး ဝန်ထမ်းနှစ်မျိုး ရှိပါတယ်။ စားဝတ်နေရေး ကျပ်တည်းလို့ အောက်ပိုင်းက ဝန်ထမ်းတွေ လာဘ်စားပြီး အထက်တန်းဝန်ထမ်းကတော့ စည်းစိမ်ခံစားချင်လို့ လာဘ်စားပါတယ်။

Thursday, October 9, 2014

မြန်မာကိုယ်စားလှယ်အဖွဲ့ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး အပြီးသတ်

မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် ထိုင်းရဲအဖွဲ့ (ဓာတ်ပုံ – မင်းဦး)
 
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ စွပ်စွဲခံရသူနဲ့ အစိုးရအစိုးရသက်သေကိုပါ မေးမြန်းစစ်ဆေးခွင့်ရခဲ့ပြီး သူတို့ရဲ့ ခရီးစဉ်ကို အဆုံးသတ်လိုက်ကြပါတယ်။

Friday, September 26, 2014

ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ


ခေါင်းလောင်းတွေ့ရှိပြီဟု ဆိုကာ လူထုကို လိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေး အတွက် ငွေကြေး ကျပ်သိန်း တစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။

ခေါင်း​ဖြတ်​သူ​ကို သိ​ပြီ​လို့ FBI ပြော

FBI ညွှန်ကြားရေးမှုး ဂျိမ်းစ်ကိုမီ
အမေရိကန် စာနယ်ဇင်း သမား ၂ ဦး နဲ့ ဗြိတိသျှ ပရဟိတ သမား တို့ကို ခေါင်းဖြတ် သတ်မှု ကျူးလွန်ခဲ့ တဲ့ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ဝင် ဟာ ဘယ်သူ ဘယ်ဝါ ဆိုတာ ကို ဖော်ထုတ် နိုင်ပြီ လို့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ FBI ရဲ့ ညွှန်ကြားရေးမှုး ဂျိမ်းစ်ကိုမီ က ပြောလိုက်ပါ တယ်။

ဆင်းကတ်​များကို ညွှန်​ကြားသည့်​အတိုင်း မ​ရောင်းပါက ကုမ္ပဏီ ပိတ်​သိမ်းမည်

တယ်​လီဖုန်း ဆင်း​ကတ်​​တွေကို သတ်​မှတ်​ညွှန်​ကြားတဲ့အတိုင်း မ​ရောင်းဘဲ ကိုယ်​ကျိုးရှာမှု​တွေ လုပ်​​နေတဲ့ ကုမ္ပဏီနဲ့ ဆိုင်​​တွေကို ပိတ်​သိမ်းတဲ့ အထိ အ​ရေးယူ သွားမယ်​လို့ ဆက်​သွယ်​​ရေးနဲ့ သတင်းအချက်​အလက်​ နည်းပညာ ၀န်​ကြီးဌာန ပြည်ထောင်စု ဒုဝန်​ကြီးက ​ပြောပါတယ်​။

တယ်လီနောဆင်းကတ်များ မန္တလေးတွင် စတင်ရောင်းမည်ဟုကြေညာ

ရန်ကုန် စက်တင်ဘာ ၂၅

ဆက်သွယ်ရေး အော်ပရေတာ တယ်လီနောမြန်မာက မည်သည့် ဂျီအက်စ်အမ် ဟန်းဆက်နှင့်မဆို တွဲဖက်သုံးစွဲနိုင်သည့် သရီးဂျီ၊ တူးဂျီ ဆက်သွယ်ရေးမိုဘိုင်းဖုန်းဆင်းကတ် များကို စက်တင်ဘာ ၂၇ ရက်မှ စတင်ကာ မန္တလေးမြို့တွင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း စက်တင် ဘာ ၂၅ ရက် ည ၈ နာရီက သတင်း ထုတ်ပြန်ခဲ့သည်။

အဓမ္မပြုကျင့်မှုဖြင့် ချောင်းသာရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ထွက်ပြေးလွတ်မြောက်

ပုသိမ်၊ စက်တင်ဘာ ၂၄

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ခရိုင်၊ ချောင်းသာ ကမ်းခြေ နယ်မြေရဲစခန်း၌ ခယ်မဖြစ်သူအား အဓမ္မပြု ကျင့် သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့် ဖမ်း ဆီးစစ်ဆေး ခံနေရသော ဦးနိုင်ဝင်းသည် စက်တင်ဘာ လ(၁၂) ရက်နေ့ ညတွင် ချောင်း သာနယ် မြေ ရဲစခန်း အချုပ်မှ ထွက်ပြေး လွတ်မြောက် သွားကြောင်း တရားလိုများက မြန်မာသံတော်ဆင့် သို့ ပြော သည်။

Thursday, September 25, 2014

ထိုင်းဘတ်ငွေ မီလျံကျော်ပါတဲ့ ပိုက်ဆံအိတ်ကို မြန်မာစားပွဲထိုးက ပိုင်ရှင်ဆီပြန်ပေး

အသက်(၁၉)နှစ်အရွယ် မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ် စိုင်းယင် (အင်္ကျီအနီ ၀တ်ဆင်ထားသူ)ဟာ ထိုင်းနိုင်ငံ ချင်းမိုင်တောင်ပိုင်း ပဒပ်မြို့နယ်ထဲက Phet Doi Ngam Sawatdee Jao ထိုင်း စားသောက် ဆိုင် မှာ စားပွဲထိုး လုပ်နေပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၃/ ၂၀၁၄)
၁၃၇၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်
(၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄  ရက်)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း

၁။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရန်နှင့် ကာကွယ်ရန်တို့အတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၉ တို့ပါ ပြဋ္ဌာန်းများအရ အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ကို ဖွဲ့စည်း တာဝန်ပေးလိုက်သည်-

Wednesday, September 24, 2014

နိုင်ငံတော် သမ္မတကြီး နာမည် အသုံးပြု၍ ငွေလိမ်လည်ခဲ့

ရွေးချယ်စရာ မရှိတော့၍ ဂျာနယ် နှစ်စောင်ကို တရားစွဲဟု ဝန်ကြီး ဦးရဲထွဋ် ပြော


Eleven ဂျာနယ်နှင့် မြန်မာသံတော်ဆင့် ဂျာနယ်တို့ကို တရားစွဲရန် ပြင်ဆင်ရခြင်းမှာ ရွေးချယ်စရာ လမ်းမရှိတော့သောကြောင့်သာ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

သိန္နီမြို့နယ် ရဲတပ်ဖွဲ့မှူး နားထင်ကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်

by ကံသာ


သိန္နီမြို့နယ်ရဲတပ်ဖွဲ့ရုံးအတွင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးက မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၄ ရက် နံနက်၃ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဝင်းမြင့်သည် ၎င်းကိုင်ဆောင်ထားသော သေနတ်ဖြင့် နားထင်ကို တေ့ပစ်ကာ အဆုံးစီရင်သွားခြင်း ဖြစ်သည်။ သေနတ်ဒဏ်ရာဖြင့် ညည်းညူနေသည့် ရဲတပ်ဖွဲ့မှူးအား အပြင်မှ ပြန်ရောက်လာသော သားဖြစ်သူက တွေ့ရှိရာမှ အော်ဟစ်အကူအညီတောင်းသဖြင့် စခန်းရုံးတာဝန်ရှိသူများ ရောက်ရှိလာပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း နာရီပိုင်းအတွင်း သေဆုံးသွားခြင်းဖြစ်သည်။

Monday, September 22, 2014

တရားမ၀င်ဆေးဝါး ၅ မျိုး မသုံးစွဲရန် ကြေညာ

 မသုံးစွဲရန် ကြေညာထားသည့် ဆေးဝါး ၅ မျိုး
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနက ဈေးကွက်အတွင်းရှိ ဆေးဝါးတွေကို စိစစ်ခဲ့ရာ ဆေးဝါး ၅ မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ တရားမဝင် ဆေးဝါးတွေ ဖြစ်ကြောင်း စိစစ်တွေ့ရှိလို့ မသုံးစွဲကြဖို့ ကျန်းမာရေး ၀န်ကြီးဌာနက ကြေညာ လိုက်ပါတယ်။

ဓာတ်ဆီအရောင်းဆိုင်ဝန်ထမ်းအချို့ ဓာတ်ဆီအငွေ့ကြောင့် အာရုံကြောဆိုင်ရာ ရောဂါများ ခံစားလာရ

ရန်ကုန် ၊ ၂၂-၉-၂၀၁၄

မြန်မာနိုင်ငံ အတွင်းရှိ ဓာတ်ဆီ အရောင်းဆိုင် များတွင် တာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်းအချို့ ဓာတ်ဆီအငွေ့ကို ရှူရှိုက်မှု များလာ မှုကြောင့် ဦးနှောက်နှင့် အာရုံကြော ထိခိုက်ကာ အာရုံကြော ဆိုင်ရာ ရောဂါများ ခံစားလာရကြောင်း အဆိုပါ ရောဂါများ ခံစား နေရသည့် ဓာတ်ဆီ အရောင်းဆိုင် ဝန်ထမ်း အချို့၏ ပြောပြချက်အရ သိရသည်။

စောငမန်းကို ထိုးသတ်အနိုင်ယူ၍ နံပါတ်တစ် လက်ဝှေ့ချန်ပီယံ ရွှေခါးပတ် ပိုင်ရှင်ဖြစ်ခဲ့သည့် ထွန်းထွန်းမင်း

ရန်ကုန် စက်တင်ဘာ ၂၁

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးပြီး HS မှ စီစဉ်သည့် မြန်မာပြည် လက်ဝှေ့ချန်ပီယံ လုပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ နံပါတ်တစ်ဘယ်သူလဲ ခေါင်းစဉ်ဖြင့် ရေကုန် ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

မဲဆောက်တွင် လူကုန်ကူးဂိုဏ်း ဖမ်းဆီးရမိ

ဖမ်းဆီးမိ မြန်မာနိုင်ငံသားများ (ဓာတ်ပုံ -manager online)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မှာ လူကုန်ကူးဂိုဏ်းအဖွဲ့ဝင် ထိုင်းနိုင်ငံသား ၈ ဦးနဲ့ တရားမ၀င်နေထိုင်သူ မြန်မာနိုင်ငံသား ၇၅ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။