Saturday, July 26, 2014

မန်ယူပရိတ်သတ် ဦးရဲထွဋ်နဲ့ ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်ဒ်

မန်ယူ ပရိသတ်တဦးဖြစ်သူ ဦးရဲထွဋ်နဲ့ အလယ်က ချဲလ်ဆီး အလယ်တန်းလူ ဖရန့်လမ်းပတ်ဒ်၊ ဓာတ်ပုံ- ဦးရဲထွဋ်ဖေ့စ်ဘုတ်  
 
သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် အမေရိကန်ပြည်ထောင်စုကို ရောက်နေ တာ အွန်လိုင်းလောကသားတွေက အသိဆုံးပါ။ ဦးရဲထွဋ်ဟာ အမေရိကားမှာ သင်တန်းတခု တက်ရောက် သင်ယူနေပါတယ်။ 

ဧည့်သည် ဒူးထောက်ကြိုခိုင်းတဲ့ဟိုတယ်ကို ဝန်ကြီးဌာန ခေါ်ယူသတိပေး

ဟိုတယ်ခရီး ဝန်ကြီးဌာနက တည်းခိုခန်း/ဟိုတယ်လုပ်ငန်းရှင်တွေကို ညွှန်ကြားချက်တခု ထုတ်လိုက်ပါတယ်။
လိုတာထက်ပိုကဲတဲ့ မသင့်လျော်တဲ့ ဝန်ဆောင်မှုတွေ မပေးကြဖို့ပါပဲ။

အလှမယ်ဂျူးစံသာကို Miss Globe Myanmar အဖြစ်ကနေ ရပ်စဲ

အလှမယ်ဂျူးစံသာကို  Miss Globe Myanmar အဖြစ်ကနေ ရပ်စဲလိုက်ပြီဖြစ်ကြောင်း သူ့ရဲ့ အေဂျင်စီက ကြာသပတေးနေ့မှာ ပြောပါတယ်။
  

  • (အေဂျင်စီဒါရိုက်တာ ဒေါ်လှနုထွန်းနဲ့ တွဲရိုက်ထားတဲ့ပုံတပုံကို ဂျူးစံသာရဲ့ဖေ့စ်ဘုတ်တနေရာမှာ အခုလို တွေ့ရပါတယ်)

အိန္ဒိယက ခေါင်းကြီးတဲ့ ကလေး ခေါင်းပြန်သေး

ပြီးခဲ့တဲ့ ယခုလို အချိန်ကာလမှာ ကမ္ဘာ့ လူသိများသွားတဲ့ ကလေးငယ် တစ်ဦး ကတော့ ပုံမှာ မြင်တွေ့ နေရတဲ့ ၃ နှစ် အရွယ် သမီး အိန္ဒိယက Roona Begum ပဲ ဖြစ်ပါတယ်။ Hydrocephalus လို့ခေါ်တဲ့ ဦးနှောက်ထဲ ရေ၀င် တဲ့ ရောဂါ ဝေ ဒနာ ခံစား ရပြီး ကမ္ဘာ့ အကြီးဆုံး ခေါင်း ပိုင်ဆိုင်သူ တစ်ဦး ဖြစ်လာ ပါတယ်။

အသည်းကျောက်တည်တာ မဖြစ်အောင် ကာကွယ်နိုင်ဖို့


လူဆယ်ဦးမှာ တစ်ဦးနှုန်း လောက်ဟာ အသည်းမှာကျောက် တည်တဲ့ဝေဒနာ ခံစားရ လေ့ရှိပြီး 
အဲဒီလိုကျောက် မတည်ဖို့အတွက် အရည်များများ သောက်ပေးဖို့လို အပ်ပြီး သန့်စင်တဲ့ ရေများများ သောက်ပေး တာကတော့ အကောင်းဆုံး ပါပဲ။ ဆင်ဆင်ခြင်ခြင် စားရမှာ တွေကတော့ မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ဟေဇယ်စေ့၊ ပဲပိစပ်၊ ကန်စွန်းဥနဲ့ ချောကလက် စတာ တွေဖြစ်ပြီး အသား စားတာကို လည်း ဆင်ခြင်ရပါမယ်။

ဒါးပိန်မြို့ရဲဝန်ထမ်း လိုင်းခန်းများကြံ့ခိုင်မှု့မရှိသည့်အတွက်ဝန်ထမ်းမိသားစုများစိတ်ပျက်နေ

ဇူလိုင်-၁၇
ရန်ကုန်တိုင်းဒေသကြီး(မြောက်ပိုင်းခရိုင်)လှည်းကူးမြို့နယ်  ဒါးပိန်နယ်မြေရဲစခန်းအတွင်းရှိ  ရဲဝန်ထမ်းလိုင်းခန်းများကြံ့ခိုင်မှု့မရှိတော့သည့်အတွက်ရဲဝန်ထမ်းမိသားစုများစိတ်ပျက်နေရကြောင်းသိရသည်။

Monday, July 21, 2014

လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတ၀န်း ၁ ပတ်ခန့် မိုးဆက်ရွာမည်

DSC_1080 (Copy) copy
မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မူကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် မြန်မာနိုင်ငံတ၀ှမ်းမှာ မိုးရွာသွန်းမှုတွေ ဆက်ရှိမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ညို့အား အပြင်းဆုံး အိုင်တီ စွန့်ဦးတီထွင်သူ ဖြစ်လာတဲ့ Lucy

ကမ္ဘာ့ညို့အား အပြင်းဆုံး အိုင်တီ စွန့်ဦးတီထွင်သူ ဖြစ်လာတဲ့ Lucy 
Lucy Harrold လို့ အမည်ရတဲ့ အသက် ၂၅ နှစ် အရွယ် အင်္ဂလန်က မော်ဒယ် မလေး တစ်ဦး ဖြစ်ပါတယ်။ သူဟာ BirminghamLove.co.uk လို့ အမည်ရတဲ့ Dating ဝဘ်ဆိုဒ်ကို ပူးတွဲ တည်ထောင်သူ (Co-founder) ဖြစ်ပါတယ်။

Shopping ထွက်ရတာ ချစ်မြတ်နိုး သူတွေ အတွက်သတင်းကောင်း


Shopping ထွက်ရတာ ချစ်မြတ်နိုး သူတွေ အတွက် ရန်ကုန် ဘန်ကောက် ခရီးစဉ်အတွက် ထိုင်ခုံအားလုံးကို ၂၀% ဈေးလျှော့ပေးမဲ့ အထူး ပရိုမိုးရှင်း အစီအစဉ်ကို အဲအေးရှားမှ စတင် လိုက်ပါပြီ။ ဈေးဝယ်ထွက် သူများအတွက် စွဲမက်ဖွယ်ရာ သုခဘုံဖြစ်တဲ့ ထိုင်းနိုင်ငံကို လည်ပတ်ရင်း အမှတ် တရနေ့ရက်များစွာ ဖန်တီး လိုက်ပါ။

ကျန်းမာရေးအတွက် စာတိုလေးများ


(၁) ရေကို တစ်နေ့ ၃ လီတာ သောက်ပါက ရောဂါကင်းဝေးပြီး ကျန်းမာမည်။
(၂) သံပုရာရည်ကို တစ်နေ့တစ်ခွက် သောက်ပါက အဝလွန်ခြင်းကို ကာကွယ်နိုင်မည်။
(၃) နွားနို့ တစ်နေ့တစ်ခွက် သောက်ပါက အရိုးကျန်းမာမည်။

ရိုးရာဓလေ့ဖြင့် မီးလှုံရာမှ မိခင်နှင့်ကလေး မီးခိုးမွှန်ပြီး သေဆုံး

  ထိုင်းနိုင်ငံအလယ်ပိုင်း ပကျုတ်ခီရိခန်ခရိုင်မှာ မီးနေသည် မြန်မာအလုပ်သမတဦး ထင်း မီးမြှိုက်လှုံရာ ကနေ မီးခိုးငွေ့မွှန်ပြီး မွေးစကလေးပါ သေဆုံးခဲ့သလို အခန်းထဲက ဆွေမျိုး ၃ ဦးပါ အရေးပေါ် ဆေးရုံ တင်ထားရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

ပစ်ချခံရသည့် မလေးရှားလေယာဉ် ပျံသန်းမှုမှတ်တမ်း ခွဲထွက်ရေးသမားများ တွေ့ရှိ

 ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်း သေတ္တာကို ယူကရိန်း ခွဲထွက်ရေးတွေက ရှာဖွေ တွေ့ရှိခဲ့ကြပြီး ကျွမ်းကျင်သူတွေရဲ့ အတည်ပြုချက် မရမချင်း ထိန်းသိမ်းထားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က ဆိုပါတယ်။

အစိုးရတပ်နှင့် SSPP/SSA တိုက်ပွဲပြင်းထန် ကျေးလက်ရွာသား ၆ ရွာ စစ်ဘေး ထပ်ရှောင်

 ဂျူလိုင်လ ၂၁ ရက် ၂၀၁၄
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှား သည့် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းအား အစိုးရတပ်ခလရ ၂၄၈ နှင့် တခြားတပ်ဖွဲ့စစ်ကြောင်းများက ဂျူလိုင် ၂၀ နှင့် ၂၁ ရက်နေ့ တို့တွင် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသအတွင်း တပ်မှူးက ပြောသည်။

တိုင်းရင်းသားဒေသမှာ တိုက်ပွဲများလျှော့ကျပြီဟု ဦးအောင်မင်းပြော

ဂျူလိုင်လ ၂၁ ရက် ၂၀၁၄
တနင်္ဂနွေနေ့ ဂျူလိုင်လ ၂၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းက လွှတ်တော် ကိုယ်စားလှယ်များအား ဖိတ်ခေါ်ပြီး တည်ဆောက်နေသော ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းပြ ပြောဆိုခဲ့သည် ဟု ဆိုပါသည်။

လပေါ် လူသားခြေချနိုင်တာ ၄၅ နှစ်ပြည့်ပြီ

 ဂျူလိုင် ၂၀ ရက် ဒီကနေ့ဟာ လူသားတွေ လကမ္ဘာပေါ် ခြေချနိုင်ခဲ့တာ ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ Delivery Unit သို့ မေးမြန်း အကြံပြု တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်ချက်အား အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာ

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ၏ ၂၄-၅-၂၀၁၄ ရက်နေ့ နေပြည်တော် ကောင်စီ နယ်မြေခရီးစဉ်တွင် လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာနေ ကျေးရွာသူ ကျေးရွာသားများ၏ တင်ပြချက်အပေါ် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၏ ဆောင်ရွက်ထားရှိမှု အခြေအနေ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆပ်ကော်မတီ ၂၄-၅-၂၀၁၄ ရက်နေ့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကွင်းဆင်း ခရီးစဉ်အတွင်း လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာနေ ကျေးရွာသူ ကျေးရွာသားများ၏ "မင်းပြင် ဘူတာတွင် ခရီးသွား ပြည်သူများ နားနေရန်နှင့် ရထား အတက်အဆင်း လွယ်ကူစေရန် စင်္ကြံ ပြုလုပ်ပေးပါရန်" တင်ပြချက်နှင့် စပ်လျဉ်း၍ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ ပြည်သူများ ခရီးသွားလာ လွယ်ကူ မြန်ဆန်ရေး အတွက်၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

Sunday, July 20, 2014

မန္တလေး ဆူပူမှုဖြစ်စဉ်များ၌ ပြစ်မှု ကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်

မန္တလေး ဇူလိုင် ၁၉

မန္တလေးမြို့ ဆူပူမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူများအား မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စစ်ဆေး ဖော်ထုတ် ဖမ်းဆီးလျက် ရှိရာ ဇူလိုင် (၁၈)ရက်အထိ စစ်ဆေး ဖော်ထုတ်ချက်အရ လူသတ်မှုဖြင့် မသင်္ကာသူ(၈)ဦး၊ မီးရှို့ ဖျက်ဆီးမှုဖြင့် မသင်္ကာသူ (၁၃)ဦး၊ နာကျင်စေမှုဖြင့် မသင်္ကာသူ (၇)ဦး၊ ဆူပူ လှုံ့ဆော်မှုဖြင့် (၁၁)ဦး၊ ရဲအက်ဥပဒေအရ (၃)ဦး၊ လက်နက်မှုဖြင့် (၂)ဦး စုစုပေါင်း (၄၄)ဦးအား ဖမ်းဆီး အရေးယူ၍ ဥပဒေနှင့်အညီ စစ်ဆေးလျက် ရှိကြောင်းနှင့် ကျန်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကျဆင်းမှုမရှိကြောင်း ဦးရဲထွဋ် ပြော

မြန်မာနိုင်ငံ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ဗွီအိုအေ မြန်မာပိုင်းဌာနသို့ တွေ့ဆုံမေးမြန်းခန်းအတွက် လာရောက်စဉ်။ (ဇူလိုင် ၁၉၊ ၂၀၁၄)
 မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း သတင်းမီဒီယာ သမားတွေ ဖမ်းဆီးခံရတာ ၊ အပြစ်ပေး အရေးယူခံရတာ၊ ကန့်ချုပ်ချယ်မှုတွေ ပိုမို များပြားလာနေတာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် ကျဆင်းသွားခြင်း မဟုတ်ပဲ မီဒီယာသမားတွေရဲ့ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာဆိုင်ရာ ပြဿနာတွေ များလာတဲ့ အတွက် ကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ၀ါရှင်တန် ဒီစီမြို့မှာရှိတဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနကိုရောက်ရှိစဉ် သီးခြားပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ဦးရဲထွဋ်က အဲဒီလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေတွေကို ဦးကျော်ဇံသာက တွေ့ဆုံ မေးမြန်းထားပါတယ်။

မူလတန်းကလေး ၂၄ ဦး အမိုးနီးယားဓါတ်ဆိပ်သင့်

 ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ စက်မှုဇုန်မှာ ရှိတဲ့ ရတနာသိင်္ဂီ အအေးခန်း စက်ရုံမှာ မနေ့ မနက်ပိုင်းက အမိုးနီးယား ဓာတ်ငွေ့ ယိုစိမ့်ခဲ့တာကြောင့် အဲဒီ စက်ရုံနားက အ.မ.က (၃၁) ကျောင်းက ကလေး ၂၄ ဦး မြောက်ဥက္ကလာပမြို့နယ် ဆေးရုံမှာ တက်ရောက်ကုသ ခဲ့ရပါတယ်။

ကန့်ဘလူမှာ နောက်ထပ် တောင်သူ ၃၁ ဦးကို ထောင်ဒဏ်တွေ ချမှတ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တရားရုံးက စစ်တပ်နဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျေးရွာ ၄ ရွာက ရွာသား ၃၁ ယောက်ကို မနေ့က ထောင်ဒဏ် ၃ လကနေ ၃ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပါတယ်။

(၆၇)နှစ်မြောက် အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း (ရုပ်/သံ)