ယာဉ်တိုက်မှုဖြစ်ပြီး မီးလောင်သောကြောင့် စုစုပေါင်း ၁၂ ဦး သေဆုံးသည် (ဓာတ်ပုံ – မြန်မာ့အလင်း)
ဧပြီ(၁၈)၊ ၂၀၁၄
By စနေလင်း
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၆ မိုင် အကျော်တွင် ဧပြီလ
၁၂ ရက်နေ့ မနက် ၂ နာရီကျော်က ဖြစ်ပွားခဲ့သည် လူ ၁၂ သေဆုံးခဲ့သော
ကားတိုက်မှုတွင် ယာဉ်မဆင်မခြင် မောင်းနှင်သူ တောင်ပြာတန်း
မှန်လုံခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း
ဖြူးမြို့နယ်ရဲစခန်းမှ စုံစမ်းသိရှိရသည်။