Friday, December 28, 2012

ကင်ဆာရောဂါအတွက် ဆေးနည်းတစ်ခွက်

 
Soursop ဒူးရင်း၊ သြဇာဟာ ကင်ဆာရောဂါသည်တွေအားကိုးရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ ဘာမဟုတ် တဲ့ဆေးမီးတိုကလေးက ရောဂါကြီးကြီး မားမားကြီးတွေကို ပျောက်စေတာက တော့ အံ့သြစရာပါပဲ။ဒါကြောင့်တစ်ဦး   တစ်ယောက်ရဲ့ လက်တွေ့ပျောက်ကင်း သွားတဲ့ဆေးနည်းကလေးကို လစ်လျူမရှု       သင့်ပါဘူး။ဒီဆေးနည်းကလေးကတော့ ငွေရေးကြေးရေးလည်း သိပ်ကုန်ကျမယ်   မထင်ပါဘူး။

ကလေးငယ်ကို လူကုန်ကူးသူများအား အမှုဖွင့်အရေးယူ

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

၂၇-၁၁-၂၀၁၂ရက်နေ့ ၀၉၀၀အချိန် မူဆယ်လူကုန်ကူး(အထူး)အဖွဲ့ရုံးသို့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နေ ဦးသိန်းအောင်နှင့်ဇနီးဒေါ်နုနုအောင်တို့ရောက်ရှိလာပြီး ၎င်းင်းတို့၏သား ဖြစ်သူ မောင်ရဲရင့်အောင်(၃)နှစ်(၄)လအား တစ်ရပ်ကွက်တည်းနေ ဦးဖိုးလုံး(ခ)အညာသား(၅၄)နှစ်နှင့် ဇနီးဖြစ်သူ မမေရီကျော်(၃၀)နှစ်တို့မှ ခေတ္တငှါးရမ်းလိုကြောင်း၊ တရုတ်ပြည်တွင် အိမ်ထောင်ကျ နေသည့် ဦးဖိုးလုံး၏သမီးဖြစ်သူ မဇာနည်အေး(၂၄)နှစ်တွင် သားသမီးမရှိသဖြင့် တရုတ်ယောက္ခမများ ထံမှ အမွေရရှိရန် သားသမီးတစ်ဦးအားပြရန်နှင့် ပြနိုင်ပါကအမွေသန်းနှင့်ချီ ရမည်ဟုပြောပြီး မောင်ရဲရင့်အောင်အား တရုတ်ပြည်ရှိ မဇာနည်အေး၏တရုတ်ယောက်ျားထံ ၁၀ ရက်ခန့် ခေတ္တထား ပေးရန်နှင့် အမွေရရှိပါက ကလေးငှါးရမ်းခအဖြစ် ငွေကျပ်(၅၀၀၀၀၀ိ/-)ပေးမည်ဖြစ်ကြောင်း ၁၅-၁၁-၂၀၁၂ ရက်နေ့တွင် လာရောက်ပြောဆိုခဲ့သည်။

Wednesday, December 26, 2012

ဗုဒ္ဓဘာသာဝင်များ သိထားသင့်ပါတယ်

ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊
ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိ
ုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။
ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။
သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ...........
http://www.facebook.com/BuddhismBeams
ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊
ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိ
ုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့

နိုင်ငံတော်သမ္မတ မိန့်ခွန်းအပြည့်အစုံ

နိုင်ငံတော်သမ္မတ မိန့်ခွန်းအပြည့်အစုံ
-------------------------------------
ပြည်ထောင်စုဝန်ကြီးဌာန ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအားလုံး မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သ ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံအုပ်ချုပ်ရေးတာဝန်ယူပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ထမ်းဆောင်ခဲ့တာ တစ်နှစ်နဲ့ ကိုးလခန့်ရှိပြီဖြစ်ပါတယ်။ 
ခေတ်သစ် စနစ်သစ် ထူထောင် တည်ဆောက်ဖို့ အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဆင့်ဆင့် ဖွဲ့စည်းမှုများ စတင်ဆောင်ရွက် ခဲ့ပြီး 
ခေတ်စနစ်သစ် အတွက် လိုက်လျောညီထွေရှိမယ့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ၊ ပြင်ဆင်သင့်တာတွေ၊ အသစ်ရေးဆွဲသင့်တာတွေ 
ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။ အချို့ကိစ္စရပ်များဟာ မပြီးပြတ်သေးဘဲ ကဏ္ဍအလိုက်နဲ့ ဒေသအလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် 
ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ အချို့ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ အတည်ပြုပြဋ္ဌာန်းရန်ပြင်ဆင်ဆဲဖြစ်ပါတယ်။ 

ခေတ်ဟောင်းစနစ်ဟောင်းက ခေတ်သစ်စနစ်သစ်ကို ကူးပြောင်းရာမှာ 
တွေ့ကြုံရလေ့ရှိတဲ့ အတွေ့အကြုံနည်းပါးမှု၊ အပြောင်းအလဲအတွက် ပြင်ဆင်ချိန်လိုအပ်မှုနဲ့ အခြားရင်ဆိုင်ဖြေရှင်းရတဲ့ အခက်အခဲတွေ မည်သို့ပင်ရှိစေကာမူ ယခုထိ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ညင်သာ
ချောမွေ့အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြတဲ့ လွှတ်တော်၊ အစိုးရ၊ တရားလွှတ်တော်၊ တပ်မတော်နဲ့ ပြည်သူတစ်ရပ်လုံး
ကိုရော၊ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းအသီးသီးကို အထူးကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ယခင်အစိုးရက ပြည်သူများရဲ့ လိုအင်ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီ
စနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်တို့ကို ထူထောင်နိုင်ရန် လွှဲပြောင်း
ပေးခဲ့မှုအပေါ် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများနဲ့အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ
စနစ် ထွန်းကားရေး၊ တနည်းအားဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု
တာဝန်ကြီးကို ပထမအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် စတင်ဆောင်ရွက်ခဲ့ပါတယ်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသား စည်းလုံး
ညီညွတ်ရေးဟာ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု
အတွက် မရှိမဖြစ် အဓိကလိုအပ်ချက်ဖြစ်တဲ့အတွက်၊ ပါတီအသီးသီးနဲ့ရော တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ၊ မတူတာတွေ 
ဘေးမှာထားပြီး၊ တူညီတဲ့သဘောထားတွေနဲ့ နိုင်ငံအကျိုးပြုလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့တာကြောင့်၊ အထိုက်အလျောက် 
အောင်မြင်မှုရရှိနေသော်လည်း၊ အချို့နေရာတွင် ဆက်လက်ညှိနှိုင်း 
ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေလည်း ကျန်ရှိပါတယ်။
ကျန်ရှိတဲ့လုပ်ငန်းတွေ အောင်မြင်ရေးနဲ့ ကျွန်တော်တို့အစိုးရ ကြိုးပမ်းဆောင်ရွက်နေတဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများမှာ၊ တိုင်းရင်းသား
ညီအစ်ကို မောင်နှမအားလုံး၊ ပြည်သူတစ်ရပ်လုံး လက်တွဲပါဝင် ပူးပေါင်းပြီးဆောင်ရွက်ပေးကြပါလို့ နှိုးဆော်ပန်ကြားလိုပါတယ်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်စဉ် တစ်ချိန်တည်းမှာပဲ၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပြည်သူ့ဘဝလုံခြုံမှုနဲ့ လူမှုစီးပွားရေး တိုးတက်မှုတို့
အတွက် ပြည်သူဗဟိုပြု လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ပြုပြင်
ပြောင်းလဲရေး ဒုတိယအဆင့်အဖြစ် ဆောင်ရွက်ရန် မူဝါဒ ချမှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေဟာ ဒေသတွင်း အခြားနိုင်ငံများထက် နောက်ကျကျန်နေပြီး၊ ဆောင်ရွက်ရမယ့် လုပ်ငန်း
ပမာဏဟာ ကြီးမားကျယ်ပြန့်တဲ့အတွက်၊ ကာလတို၊ ကာလရှည် 
ဦးစားပေး အစီအမံတွေကို စနစ်တကျ ရေးဆွဲစီမံမှသာ၊ နိုင်ငံတော်
နဲ့ပြည်သူတွေအတွက် ထိရောက်အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွားရေးနဲ့ လူမှုရေး အကြံပေးကောင်စီနဲ့ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ပူးပေါင်းဆွေးနွေး
ညှိနှိုင်းပြီး “စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံ
မူဘောင်” ရေးဆွဲပြီးဖြစ်တဲ့ အတွက် ဒီနေ့ကျင်းပမယ့် စီမံကိန်းကော်မရှင် အစည်းအဝေးမှာ ဆွေးနွေး အတည်ပြုကြမှာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင် ညှိနှိုင်းရေးဆွဲနေစဉ် တစ်ပြိုင်တည်းမှာ စီးပွားရေးကဏ္ဍအလိုက် ပြုပြင်
ရမယ့် မူဝါဒ၊လုပ်ငန်းစဉ်တွေကို ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးကလည်းကောင်း၊ ဒေသအလိုက် လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် မူဝါဒ၊ လုပ်ငန်းစဉ်တွေကို တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ပြည်သူများအပါအဝင် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး သဘောထားအကြံဥာဏ်များ ရယူခဲ့ကြပါတယ်။

အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနေစဉ်မှာပဲ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ခေတ်နဲ့ဆီလျှော်ပြီး၊ ပြည်သူများ လက်တွေ
့လုပ်ကိုင်နိုင်မယ့် အခြေအနေတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲ
ခဲ့ကြပါတယ်။

ဒီလိုအချိန်တိုအတွင်း တစ်ခုပြီးမှတစ်ခု လုပ်ခြင်းမျိုးမဟုတ်ဘဲ 
ဆောင်ရွက်ရန်ရှိတဲ့ အလုပ်တွေကို တစ်ပြိုင်တည်း လုပ်ဆောင်နေသလို၊ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းရဖို့နဲ့ လူမှုစီးပွားရေးမှာ တိုးတက်စေမယ့် လုပ်ငန်းတွေကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ငွေလဲနှုန်းနဲ့ ငွေကြေးကဏ္ဍ အပြောင်းအလဲမှာ မက်ခရိုစီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်ရင်း တစ်ဖက်က တိုင်းပြည်စီးပွားရေးမှာ အရေးပါတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုတိုးတက် ရရှိရေးအတွက် အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ စက်မှုဇုန်နဲ့ စက်ရုံစု
စီမံကိန်းများ၊ မြို့ပြကျေးရွာဖွံ့ဖြိုးမှု စီမံကိန်းများကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့ရာတွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးမှုနဲ့ 
ဈေးကွက်ဝယ်လိုအား ကျဆင်းနေခြင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေး
ပိတ်ဆို့ထားမှု အပြီးတိုင်ရုပ်သိမ်းရန် လိုအပ်နေခြင်း၊ ကမ္ဘာ့ရာသီဥတု 
ဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်ခံစားရခြင်း၊ စတဲ့ အခြေအနေများ၏ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး
တိုးတက်မှု နှေးကွေးနေတဲ့အတွက် လက်ရှိအခြေအနေကနေပြီး ပြည်သူတို့ရဲ့ လက်ရှိစီးပွားရေး သိသာထင်ရှားစွာ တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းနှိုးဆော် လိုပါတယ်။

ယခုလို နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ သာမန်စီမံရုံဖြင့် အလိုအလျောက် ဖြစ်ထွန်းတိုးတက်လာမှာ မဟုတ်ဘဲ လက်တွေ့
အကောင်အထည်ဖော် ဆောင်ရွက်မှု ထိရောက်မှသာ အောင်မြင်
တိုးတက်မှာ ဖြစ်ပါတယ်။

လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု ထိရောက်အောင်မြင်ဖို
့အစိုးရ အုပ်ချုပ်မှုယန္တရားရဲ့ စီမံလုပ်ကိုင်မှု ထိရောက်ထက်မြက်ဖို့ လိုအပ်ပါတယ်။

နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းတိုးတက်အောင် ကြိုးပမ်းရာမှာ 
အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ အစိုးရအုပ်ချုပ်ရေးယန္တရား စွမ်းဆောင်ရည် ထိရောက်ထက်မြက်မှုအပေါ်မှာ မူတည်ပါတယ်။ 
ခေတ်စနစ်သစ်တစ်ရပ်ကို ပြုပြင်ပြောင်းလဲ တိုးတက်အောင် 
ဆောင်ရွက်ရာမှာလည်း ရှေးယခင် အတွေးအမြင် လုပ်နည်းအတိုင်း 
ဆောင်ရွက်လို့မရတော့ဘဲ ဒီမိုကရေစီကျင့်စဉ်နဲ့ လိုက်လျောညီထွေ
ရှိမယ့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ လူမှုရေး
အမြင်များနဲ့ ကျယ်ကျယ် ပြန့်ပြန့် တွေးခေါ်မြော်မြင် လုပ်ဆောင်ရမှာ
ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့အစည်း အနေနဲ့ရော၊ ပြည်သူများရဲ့ အခွန်ဘဏ္ဍာနဲ့ ပြည်သူ့ဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်း အားလုံးကို ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရ 
( Good Governance, Clean Government ) ဖြစ်အောင် ကြိုးပမ်းပြီး 
နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ကိစ္စအဝဝမှာ ပြည်သူလူထု အတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ မှာကြား တိုက်တွန်းခဲ့ပြီးဖြစ်ပါတယ်။

သို့ရာတွင် ပြည်သူလူထုနဲ့ ထိတွေ့နေတဲ့ ဌာနဆိုင်ရာနဲ့ မြို့နယ်၊ ရပ်ကျေး အဆင့်အထိ အဆင်မပြေမှု များစွာရှိနေတဲ့အပြင် အချို့နေရာဒေသ၊ ဌာနတွေမှာ -

-
ပြည်သူလူထု သဘောထားဆန္ဒနဲ့ ပြည်သူလူထုရဲ့ အသံကို နားမထောင်ဘဲ မတိုင်ပင်ဘဲ မိမိတို့သဘော အလျောက် ဆောင်ရွက်နေခြင်း၊

-
မိမိတို့ လုပ်ဆောင်မှုများ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိအောင် ချပြမှုမရှိခြင်း၊

-
ပြည်သူလူထုက သိလို၍ မေးမြန်းခြင်းနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက် တောင်းဆိုခြင်းများအပေါ် တာဝန်ယူဖြေရှင်းပေးမှု မရှိခြင်း၊

-
ကဏ္ဍအလိုက်၊ ဌာနဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ ဒေသန္တရ
အလိုက် ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနဲ့အညီ စီမံအုပ်ချုပ်
လုပ်ကိုင်မှု မရှိခြင်း၊

-
ထိုသို့ ဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိခြင်းကြောင့် နောက်ဆက်တွဲ 
အဂတိ လိုက်မှု၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခြင်း၊

-
အစိုးရ အုပ်ချုပ်ရေးယန္တရားသည် ပြည်သူများအတွက် လျှင်မြန်ချောမွေ့မှု
မရှိဘဲ နှောင့်နှေးကြန့်ကြာ၍ အခက်အခဲများ တွေ့ရှိနေခြင်း၊

-
စီမံခန့်ခွဲ အုပ်ချုပ်မှုစွမ်းရည် ကျဆင်းနေခြင်း၊

စတဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသောအစိုးရရဲ့ အင်္ဂါရပ်များ၊ အရည်အသွေးများ ချို့ယွင်းအားနည်းနေတာကို 
တွေ့ရှိရပါတယ်။ ထိုသို့ အားနည်းမှုများကြောင့် မြို့နယ်အဆင့်တွင်
ပြည်သူနှင့် ထိတွေ့ဖြေရှင်းနိုင်စွမ်းမရှိသည့် ပြဿနာများ၊ အချို့ဒေသ
တွင် ရပ်ကွက်ကျေးရွာအဆင့် အုပ်ချုပ်မှုကို ပြည်သူများက လိုလား
နှစ်သက်ခြင်း မရှိသည့် အခြေအနေများ ပေါ်ပေါက်တာကို တွေ့ရှိရတဲ့
အတွက် အောက်ခြေ ရပ်ကျေးအဆင့်မှ အထက် ပြည်ထောင်စုအဆင့်
အထိ ပြုပြင်ပြောင်းလဲ သင့်သည်များကို ပြုပြင်ပြောင်းလဲသွားဖို့ လိုအပ်လာပါတယ်။

ဒါကြောင့် အစိုးရဌာနအဖွဲ့အစည်းများရဲ့ စီမံအုပ်ချုပ်မှုစနစ် တိုးတက် 
ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ တတိယအဆင့် လုပ်ငန်းအဖြစ် သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။

စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရာမှာ
ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနဲ့အညီ ပြည်သူ့ဝန်ကို 
ဆောင်သော ပြည်သူ့ဝန်ထမ်းများဖြစ်အောင် ရပ်ကျေးအုပ်ချုပ်ရေးပိုင်း
မှ ပြည်ထောင်စု အဆင့်အထိ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြောင်းလဲခြင်း လုပ်ဆောင်ရမှာဖြစ်သလို အစိုးရအဖွဲ့အစည်း ယန္တရားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲခြင်း ကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြင်ဆင်ရာမှာ ခေါင်းဆောင်မှု
နေရာတွေမှာတာဝန်ယူကြရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့်ကအစ
ပြည်ထောင်စုဝန်ကြီး အဆင့်အထိ ခေါင်းဆောင်ကောင်းအင်္ဂါရပ်နဲ့ ညီညွတ်အောင် ပြုမူကျင့်ကြံ အားထုတ်ဖို့နဲ့ ပြည်သူတွေ အားကိုး
ယုံကြည် စိတ်ချရအောင်ကြိုးစားကြဖို့ ပြောကြားလိုပါတယ်။

ယခုပြုလုပ်လျက်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနဲ့အတူ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများကို မိမိတို့ဝန်ထမ်းတစ်ဦးစီ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းများ မြှင့်တင်ရန် လိုအပ်သကဲ့သို့ မိမိတို့ဝန်ထမ်းအဖွဲ့အစည်းအသီးသီး၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း အာရုံစိုက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒီလို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာမှာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် တစ်ရပ်တွင် အစိုးရနဲ့ ပြည်သူ အပြန်အလှန် ဆက်သွယ်ပူးပေါင်း 
ဆောင်ရွက်မှု ကောင်းဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ် 
ထွန်းကားရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများ
ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်မယ့် စီမံအုပ်ချုပ် လုပ်ကိုင်မှုကို
ပြောင်းလဲသွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မြို့နယ်တစ်ခုမှာ မြို့နယ်
အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ လူမှုရေး စီးပွားရေး လူထုလူတန်းစား ကိုယ်စားလှယ်ပါဝင်တဲ့ မြို့နယ်ကော်မတီ ဖွဲ့စည်းပြီးမြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ
စိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အရေးအရာကိစ္စ အရပ်ရပ်
အတွက် မြို့နယ်ကော်မတီအောက်မှာ ဆပ်ကော်မတီများ ဖွဲ့စည်း
ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။မြို့နယ်ရဲ့ အရေးအရာကိစ္စအားလုံးကို မြို့နယ် ကော်မတီအစည်းအဝေးဖြင့် စုပေါင်းဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်သည့် စနစ်ဖြင့် ဖွဲ့စည်းပြင်ဆင် ဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်။

ဒီလိုပဲ ခရိုင်ကော်မတီအဆင့်မှာလည်း အလားတူ ဆောင်ရွက်
သွားစေမှာဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာအဆင့်မှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်ထားပြီးလျှင် အခြားရပ်ကွက်ကျေးရွာ
လူကြီးများ ရွေးချယ်ပူးပေါင်း ပါဝင်တဲ့ ရပ်ကွက်ကျေးရွာကော်မတီ ဖွဲ့စည်းပြီးစုပေါင်းဆွေးနွေး တိုင်ပင်ဆုံးဖြတ်၊ အကောင်အထည်ဖော် 
ဆောင်ရွက်တဲ့စနစ် ဆက်လက်ဖွဲ့စည်းဆောင်ရွက်မှသာ ရှေးယခင် တစ်ဦးတစ်ယောက်တည်း အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့်
ဖြစ်ပေါ်ခဲ့သော ပြည်သူလူထု မလိုလားတဲ့ ပြဿနာတွေ လျော့နည်း
လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရများ
အနေနဲ့ ကော်မတီဖွဲ့စည်းမှု အဆင့်ဆင့် ခိုင်မာကောင်းမွန်အောင် 
ဆောင်ရွက်ကြဖို့နဲ့ ဆောင်ရွက်မှုကိစ္စများမှာ ဥပဒေနဲ့အညီဖြစ်ရေး စီမံဆောင်ရွက်သွားရန် မှာကြားလိုပါတယ်။

ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ မြို့နယ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ မြို့နယ်စည်ပင်
သာယာရေးလုပ်ငန်းဟာ အထူးအရေးကြီးတဲ့အတွက် အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်များသက်သက်ဖြင့် ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူ့လိုအပ်ချက်ကို
ဖြည့်ဆည်းရာမှာ အားနည်းချက်များ ရှိနိုင်ပါတယ်။ ၁၈၉၈ ခုနှစ်၊ 
မြန်မာနိုင်ငံ အက်ဥပဒေ အမှတ်၃အရ ပြဋ္ဌာန်းခဲ့တဲ့ မြူနီစီပါယ် အက်ဥပဒေဟာ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး၊ မြူနီစီပါယ်ကော်မတီမှာ
ပြည်သူလူထု အတွင်းက ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ စည်ပင်သာယာရေး လုပ်ငန်းများကို 
ဆောင်ရွက်ခဲ့သလို၊မြို့နယ်များမှာ စည်ပင်သာယာရေးကော်မတီကို မြို့နယ်လူထုအတွင်းက ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် ပါဝင်ဖွဲ့စည်းမှုနဲ့သီးခြားရပ်တည်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်
နိုင်အောင်ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများ လေ့လာသုံးသပ်
ပြင်ဆင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။

ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများအနေနဲ့လည်း ဥပဒေ လုပ်ထုံးလုပ်နည်း
များ ဖြေလျှော့ပြီးရုံးလုပ်ငန်းစနစ် မြန်ဆန်အောင် ဆောင်ရွက်ခြင်းတို့အပြင် ဘတ်ဂျက်လိုငွေ လျော့နည်းသက်သာစေရန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း စီးပွားရေးဆန်ဆန် 
ဆောင်ရွက်နိုင်ရန် ဦးစီးဌာန၊ ဘုတ်၊ ကော်ပိုရေးရှင်း ဖွဲ့စည်းမှု၊ ပြင်ဆင်
ပြောင်းလဲ ဆောင်ရွက်မှုများကို ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်း
ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားနည်း
နေခြင်းကို အစိုးရအဖွဲ့ကဏ္ဍအလိုက် ကော်မတီ (Cabinet Committee)
များ ဖွဲ့စည်းပြီး ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခြင်းဖြင့် မူဝါဒချမှတ်မှုများ ခိုင်မာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရ
အကြား ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းကို ဖွဲ့စည်းပုံအခြေခံ
ဥပဒေနဲ့အညီ အုပ်ချုပ်ရေးအာဏာ ခွဲဝေအပ်နှင်းမှုကို ဆောင်ရွက်ရာ
၌ ပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူ ဆောင်ရွက်ရမယ့် လုပ်ငန်းများနဲ့ တိုင်းဒေသကြီး ပြည်နယ်များက တာဝန်ယူ ဆောင်ရွက်
ရမယ့် လုပ်ငန်းများကို စနစ်တကျ ပိုင်းခြားသတ်မှတ်ခြင်းများကိုလည်း ပိုမိုထိရောက်မည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်လုပ်ဆောင်
သွားမည် ဖြစ်ပါတယ်။ အလားတူကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးအာဏာ ခွဲဝေပိုင်းခြားမှုကို သတ်မှတ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး
လုပ်နည်း မူဘောင်များ စီမံထိန်းသိမ်းမှုကို အဓိကထား၍
တာဝန်ခံဆောင်ရွက်ပေးရမှာဖြစ်ပြီး၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများကတော့ ဒေသမှာရှိတဲ့ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးကို
ကြီးကြပ်ကွပ်ကဲ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်
အေးချမ်းရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စအဝဝ
အတွက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် ရမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၅၆တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသည် မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်
ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်ကြောင်း ဖော်ပြထားပြီး
ဖြစ်တဲ့အတွက်ကြောင့် ဥပဒေနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်
သွားကြဖို့ မှာကြားလိုပါတယ်။

အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ်တိုးတက်ကောင်းမွန် 
အောင် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရေးလုပ်ငန်းစဉ်သည် ယနေ့ 
မိမိတို့အကောင်အထည်ဖော် ဆောင်ရွက်နေသော နိုင်ငံရေး ပြုပြင်
ပြောင်းလဲမှုများ၊ ဒီမိုကရေစီ အလေ့အကျင့်များ ရှင်သန်လာရေးအတွက် အဓိကအခန်းကဏ္ဍမှ နေ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ
ဖြစ်တဲ့အတွက် ဌာနအသီးသီးတွင် ပါဝင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအသီးသီးတို့၏ နိုင်ငံရေးစေတနာ မှန်ကန်စွာနှင့် အကောင်
အထည်ဖော် လုပ်ဆောင်နိုင်ကြရန် အလေးအနက် တိုက်တွန်းလိုပါတယ်။ 

ယနေ့အချိန်အခါဟာ နိုင်ငံသား တစ်ဦးချင်းစီအနေနဲ့လည်းကောင်း၊ အစိုးရအဖွဲ့အစည်း အသီးသီးအနေနဲ့ လည်းကောင်း၊ နိုင်ငံရေးပါတီ
အားလုံး အနေနဲ့လည်းကောင်း ကျရာကဏ္ဍမှ စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ဆောင်နိုင်မယ်ဆိုရင် မိမိတို့ ကြုံတွေ့ နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှု
အားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီးငြိမ်းချမ်းသာယာတဲ့ အနာဂါတ်
မြန်မာနိုင်ငံသစ်ကို မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် -

နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ ကောင်းမွန်သော အုပ်ချုပ်မှု ရှိ မရှိ တိုင်းတာချက်စံများအရ များစွာအားနည်းနေတာ တွေ့ရှိရပါတယ်။ 
ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်အောင် ဆောင်ရွက်
ရမယ့် အချက်များအနက် လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးထိန်းသိမ်းကြပါလို့ မှာကြားလိုပါတယ်။ တားဆီးထိန်းသိမ်းရာမှာ လာဘ်ပေးသူရော၊ လာဘ်ယူသူပါ တာဝန်ရှိတဲ့အလျောက် အမျိုးသား
အကျင့် စာရိတ္တ မထိခိုက်အောင် ပြည်သူများအားလုံး ပါဝင်ထိန်းသိမ်း
ပေးကြပါလို့ ပန်ကြားလိုပါတယ်။ပြည်သူ့ဘဏ္ဍာ၊ လစာရယူပြီး 
ပြည်သူ့ဝန်ကို ထမ်းဆောင်ကြတဲ့ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံ့သားကောင်းများ
အနေနဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ တစ်ဦးချင်း၊ တစ်ဌာနချင်း 
ကောင်းအောင် ပြုပြင်ကြ ဆောင်ရွက်ကြပြီး တိုင်းပြည်နဲ့လူမျိုး
ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ပြန်လည် ကောင်းမွန်အောင် စိတ်ဓါတ်ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်းနဲ့ နိုင်ငံအကျိုး၊ 
ပြည်သူ့ အကျိုးကို စေတနာကောင်းကောင်းနဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသော အစိုးရဖြစ်အောင် ဝိုင်းဝန်း
ကြိုးပမ်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာန ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအားလုံး မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သ ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံအုပ်ချုပ်ရေးတာဝန်ယူပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ထမ်းဆောင်ခဲ့တာ တစ်နှစ်နဲ့ ကိုးလခန့်ရှိပြီဖြစ်ပါတယ်။
ခေတ်သစ် စနစ်သစ် ထူထောင် တည်ဆောက်ဖို့ အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဆင့်ဆင့် ဖွဲ့စည်းမှုများ စတင်ဆောင်ရွက် ခဲ့ပြီး
ခေတ်စနစ်သစ် အတွက် လိုက်လျောညီထွေရှိမယ့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ၊ ပြင်ဆင်သင့်တာတွေ၊ အသစ်ရေးဆွဲသင့်တာတွေ
ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။ အချို့ကိစ္စရပ်များဟာ မပြီးပြတ်သေးဘဲ ကဏ္ဍအလိုက်နဲ့ ဒေသအလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသားအဆင့်
ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ အချို့ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ အတည်ပြုပြဋ္ဌာန်းရန်ပြင်ဆင်ဆဲဖြစ်ပါတယ်။

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာ

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာ...............

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ­­­­­­်မတော်(KIA) တို့အကြား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖော်ဆောင်ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက “၂၃ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲ အရမ်းပြင်းထန်လာတဲ့ သဘောရှိတယ်။ ကြားရတဲ့အခြေအနေအရ တပ်မတော်က KIA စစ်ဌာနချုပ်ရှိတဲ့လိုင်ဇာကို သိမ်းဖို့အတွက် အဓိက စစ်ရှိန်မြှင့်တယ်လို့ သိရပါတယ်။ အခု လိုင်ဇာကိုသိမ်းဖို့ လဂျားယန်မှာ တိုက်ပွဲပြင်းထန်နေတဲ့ ပုံစံဖြစ်ပါတယ်။ တပ်မတော်က လဂျားယန်ကို ကျော်လို့မရသေးဘူးလို့ ကြားရပါတယ်။ ဒီနေ့ (ဒီဇင်ဘာလ ၂၅ ရက်) နေ့မှာ ဗန်းမော်ဘက်ကို စစ်ကားအစီးရေ ၂၀ ထပ်တက်သွားတယ်လို့ ကြားရပါတယ်” ဟု ဒီဇင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ဒီရက်ပိုင်းဖြစ်နေတဲ့ တိုက်ပွဲအရှိန်တွေက KIO ဌာနချုပ်နဲ့နီးတဲ့ လဂျားယန်၊ ဘူးခါးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိတဲ့ ရွှေညောင်ပင်ရွာတစ်ဝိုက်၊ ပန်ဝါတစ်ကြောနဲ့ ချီဗွေဝန်းကျင်တွေမှာ နေ့တိုင်းနီးပါး ဆက်တိုက်လို ဖြစ်နေတယ်။ အထူးသဖြင့် အဲဒီနေရာတွေမှာ ABSDF (မြောက်ပိုင်း) တပ်နဲ့ KIA ပူးပေါင်းတပ်တွေဆိုတာ ပေါ်လာကတည်းက ပိုဖြစ်လာတယ်။ ABSDF (မြောက်ပိုင်း) ဆိုတာက အခုဒီရက်ပိုင်းမှ ပြန်ကြားလာတာ။ အရင်က ဒီလောက်ရှိခဲ့တာ မဟုတ်ဘူး။ ပူးပေါင်းတပ်တွေပေါ်လာမှ တိုက်ပွဲအရှိန်တွေ ပိုပြင်းလာတယ်” ဟု စစ်ဖြစ်ရာဒေသ၀န်းကျင်အနီးမှ ဒေသခံတစ်ဦးက ပြောသည်။

ဗလမင်းထင်တံတားအနီး ည ၉ နာရီကျော်ခန့်အချိန်တွင် သေနတ်သံများ သုံးရက်ဆက်တိုက် ကြားရသည်ဟု မြစ်ကြီးနားဒေသခံများက ဒီဇင်ဘာလ ၂၅ ရက်က ပြောကြားသည်။ တံတားကို ည ၆ နာရီမှ နံနက် ၆ နာရီအထိ ပိတ်ထားသည်။ ည ၇ နာရီအချိန်မှစတင်ပြီး မည်သည့်ဖြတ်သန်းမှုကိုမျှ ခွင့်မပြုကြောင်း သိရသည်။ ဗလမင်းထင်တံတားသည် မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့အပြင် တရုတ်နိုင်ငံကို ဆက်သွယ်ထားသော အဓိကတံတားဖြစ်ပြီး မြစ်ကြီးနားမြို့ အရှေ့ဘက်အခြမ်း မြစ်ကြီးနားမြို့ တွင်းနှင့် သုံးမိုင်ခန့်အကွာတွင် ရှိသည်။

ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းတွင် မလိရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိရာအနီး လက်နက်ကြီးသံများ ကြားရကြောင်း သိရသည်။ လက်နက်ကြီးပစ်ခတ်မှု ပြင်းသဖြင့် ၁၂ မိုင်ခန့်အကွာအဝေးမှ တောင်များတုန်ခါခဲ့သည်ဟု ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။ လက်နက်ကြီးအရှိန်ကြောင့် တောထဲ၌ တောင်ယာခုတ်နေ၊ ထင်းခုတ်နေသူများအားလုံး ရွာသို့လန့်ပြေးခဲ့ရသည်ဟု အဆိုပါဒေသခံက ဆက်လက်ပြောကြားခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက်ညကလည်း ရွှေညောင်ပင်ကျေးရွာဝန်းကျင်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

“၂၃ ရက်နေ့ နေ့လည်ပိုင်းလောက် တပ်မတော်လေကြောင်းကနေပြီးတော့ ဘူးခါးရေအားလျှပ်စစ်စက်ရုံကို လက်နက်ကြီးနဲ့ပစ်ပါတယ်။ ဒီစက်ရုံက မဖြိုခွဲခံရခင်အထိ KIA ဘက်ကနေ တာဝန်ယူပြီးတော့ လျှပ်စစ်ဓာတ်အား ပေးထားတာပါ။ လေကြောင်းကနေ စတိုက်တာကတော့ ကျွန်တော်သေချာမသိဘူး။ ဒီဇင်ဘာ ၂၄ ရက်နေ့က တော့သုံးကျော့လောက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ စစ်သားတွေက ကတုတ်ကျင်းထဲမှာ နေနေလို့ရပါတယ်။ ရွာသားတွေကတော့ သေနတ်သံကြားလို့ ပြေးလွှားရတော့ ဒဏ်ရာနဲ့ အသေအပျောက် များတတ်ပါတယ်။ လိုင်ဇာမှာဖွင့်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေ တိုးလာတယ်။ စာရင်းကတော့ အတိအကျ မသိရသေးဘူး” ဟု KIO ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားခဲ့သည်။

“ပန်ဝါနဲ့ မိုင် ၂၀ ၀န်းကျင်သာဝေးတဲ့ မိုင်တိုင်အမှတ် ၅ နဲ့ ၆ ကြားမှာ ဒီဇင်ဘာလဆန်းပိုင်းတည်းက  ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်။ ဒီလမှာ ဖြစ်နေတာကတော့ အများဆုံးပဲ။ အဲဒီနေရာက တရုတ်-မြန်မာနယ်စပ်လည်း ဖြစ်တယ်။ အဲဒီဘက်မှာတော့ စစ်ရှောင်ကချင်ရွာတွေ၊ ရွာပျက်တွေပဲ ရှိတယ်။ အခုလပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်” ဟု ပန်ဝါဒေသခံတစ်ဦးက ပြောပါသည်။

“ဒီဇင်ဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့မှာ ချီဗွေနားက ကန်ပိုင်ယန်မှာ လက်နက်ကြီးပစ်ခတ်သံတွေ ကြားတယ်။ ဘယ်သူတွေပစ်ကြမှန်း မသိဘူး။ နောက်ပြီး လေးငါးဆယ်မိနစ်ကိုတစ်ကြိမ် တဒက်ဒက်နဲ့ ပစ်နေကြတာ။ ချီဗွေမှာလည်း ဒုက္ခသည်တွေ တိုးလာတယ်။ အခုဆိုရင် ၄၀၀ ကျော်တောင်ရှိပြီ။ ဒုက္ခသည်စခန်းတောင် နှစ်ခုဖြစ်နေပြီ။ အခုအခြေအနေတွေအရ အရင်ကဆိုရင် ချီဗွေဒေသကို ကားလေးငါးစင်း နေ့တိုင်းဝင်ပေမယ့် အခုဆိုရင် တစ်စီးပဲဝင်တယ်။ ချီဗွေအနီးက ဂျိတ်လွယ်၊ နဘုတ်၊ ရစ်သန်း၊ ရစ်ကျော်၊ ဘုတ်ထော်ကျေးရွာသားတွေလည်း ချီဗွေမြို့ကို ပြောင်းနေကြတယ်။ အဲဒီရွာတွေက တပ်ပိုင်နယ်မြေထဲမှာ ရှိတယ်။ အဲဒါကို KIA က ပြန်စီးခဲ့တယ်၊ အခုကျတော့ အစိုးရတပ်စခန်းတွေက အဲဒီကုန်းတွေမှာ တပ်ပြန်ထိုင်ထားတယ်” ဟု ချီဗွေဒေသခံ ကျေးရွာသားတစ်ဦးက ပြောကြားခဲ့သည်။

မြစ်ကြီးနား-ဗန်းမော်လမ်း ကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ KIA သို့ ဒီဇင်ဘာလ ၂၃ ရက်တွင် အကြောင်းကြားခဲ့သည်။

EMG
တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ­­­­­­်မတော်(KIA) တို့အကြား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖော်ဆောင်ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက “၂၃ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲ အရမ်းပြင်းထန်လာတဲ့ သဘောရှိတယ်။ ကြားရတဲ့အခြေအနေအရ တပ်မတော်က KIA စစ်ဌာနချုပ်ရှိတဲ့လိုင်ဇာကို သိမ်းဖို့အတွက် အဓိက စစ်ရှိန်မြှင့်တယ်လို့ သိရပါတယ်။ အခု လိုင်ဇာကိုသိမ်းဖို့ လဂျားယန်မှာ တိုက်ပွဲပြင်းထန်နေတဲ့ ပုံစံဖြစ်ပါတယ်။ တပ်မတော်က လဂျားယန်ကို ကျော်လို့မရသေးဘူးလို့ ကြားရပါတယ်။ ဒီနေ့ (ဒီဇင်ဘာလ ၂၅ ရက်) နေ့မှာ ဗန်းမော်ဘက်ကို စစ်ကားအစီးရေ ၂၀ ထပ်တက်သွားတယ်လို့ ကြားရပါတယ်” ဟု ဒီဇင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

အဲပုဂံလေယာဉ်ပျက်က လွတ်လာသူ အင်နာရဲ့ အတွေ့အကြုံ

အဲပုဂံလေယာဉ်ပျက်က လွတ်လာသူ အင်နာရဲ့ အတွေ့အကြုံ
**********************************
MZ (Burmese-Newselite)
ဟဲဟိုး လေဆိပ်မှာ AirBagan လေယာဉ်ပျက်ကျတဲ့အထဲ ပါခဲ့သူ သြစတြေလျ နိုင်ငံသူ အင်နာ ဘာ့ခ်ျက သူအမေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာမှာ သူ့အတွေ့အကြုံကိုပါ ပြောပြပါတယ်။

".. အမေ။ ကျမပြောတာသေသေချာချာ နားထောင်နော်။ ကျမတို့ဘာအန္တရာယ်မှမဖြစ်ဘူး။ ဟုတ်ပြီလား။" .. အဲဒီလိုပြောပြီးမှ အင်နာ က လေယာဉ်ပျက်ကျတဲ့အကြောင်း စပြောတယ်လို့ သူ့အမေဖြစ်သူက သတင်းမီဒီယာကို ပြောပြခဲ့ပါတယ်။... သြစတြေလျသံရုံးကို အမြန်ဆက်သွယ်ပြီး ကျမတို့ကို ကိစ္စပြောပြပေးပါ။ ကျမတို့နဲ့ပါသမျှ ဘာမှမကျန်တော့ဘူး... လို့ အင်နာက ပြောပါတယ်။

သူတို့ဟာ လေယာဉ်ရဲ့နောက်ပိုင်း သုံးပုံ ၂ ပုံလောက်မှာ ရှိနေခဲ့ပြီး
လေယာဉ်ရှေ့ဘက်ပိုင်းကရော နောက်ဘက်ပိုင်းကပါ မီးခိုးတွေ ထွက်လာတော့ .. သွားပြီ။ ဒါနောက်ဆုံးပဲလို့ ထင်လိုက်တယ်။
လေယာဉ်နောက်ပိုင်းမှာ မီးလောင်နေပြီး နောက်တံခါးကနေ ထွက်လို့ မရဘူး။ နောက်တော့ လေယာဉ်ပျက် အရှေ့ပိုင်းကနေ ထွက်လို့ ရလိုက်တယ်။ တောအုပ်ထဲ လေယာဉ်ထိုးဆင်းလာတော့ တောင်ပံ၂ ဘက်စလုံး ပြုတ်ထွက်သွားတယ်။ အဲဒါကလည်း အင်မတန် ကံကောင်းတာ
ဖြစ်လိမ့်မယ်။ တောင်ပံသာကျန်နေရင် အဲဒီမှာ လောင်စာရှိတာမို့
ပေါက်ကွဲမှာသေချာတယ်။ - လို့ သူအမေဖြစ်သူကို ပြောပြခဲ့ပါတယ်။

သူတို့ကို ရန်ကုန်ကို ချက်ခြင်းပဲ လေယာဉ်နဲ့ ပြန်ခေါ်သွားချိန်မှာ ပျက်ကျနေတဲ့ လေယာဉ်အပေါ်ကနေပဲ ဖြတ်ပျံရပြီး လေယာဉ်ဟာ တကယ်ပဲ ၂ ပိုင်းပြတ်နေတာကို အပေါ်စီးက မြင်ခဲ့ရတယ်လို့
ပြောပြခဲ့ပါတယ်။

(ဓာတ်ပုံ- လေယာဉ်ပျက်ရာမှာ ပါခဲ့တဲ့ အန်နာ ဘာ့ခ်ျ)
ABC သတင်းကို ကိုးကားထားပါတယ်။


အေးချမ်းမွန်မှ Shwemyanmar media groupတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

MZ (Burmese-Newselite)
ဟဲဟိုး လေဆိပ်မှာ AirBagan လေယာဉ်ပျက်ကျတဲ့အထဲ ပါခဲ့သူ သြစတြေလျ နိုင်ငံသူ အင်နာ ဘာ့ခ်ျက သူအမေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာမှာ သူ့အတွေ့အကြုံကိုပါ ပြောပြပါတယ်။

".. အမေ။ ကျမပြောတာသေသေချာချာ နားထောင်နော်။ ကျမတို့ဘာအန္တရာယ်မှမဖြစ်ဘူး။ ဟုတ်ပြီလား။" .. အဲဒီလိုပြောပြီးမှ အင်နာ က လေယာဉ်ပျက်ကျတဲ့အကြောင်း စပြောတယ်လို့ သူ့အမေဖြစ်သူက သတင်းမီဒီယာကို ပြောပြခဲ့ပါတယ်။... သြစတြေလျသံရုံးကို အမြန်ဆက်သွယ်ပြီး ကျမတို့ကို ကိစ္စပြောပြပေးပါ။ ကျမတို့နဲ့ပါသမျှ ဘာမှမကျန်တော့ဘူး... လို့ အင်နာက ပြောပါတယ်။

Tuesday, December 25, 2012

ပြည့်တန်ဆာများတရားဝင်လိုင်စင်ရ ရှိအောင် ကြိုးပမ်းသွားမည်ဟု အမျိုးသမီးလွှတ်တော်အမတ်တစ်ဦး ပြော



Monday, 24 December 2012

ပြည့်တန်ဆာများကို တရား ဝင်လိုင်စင်ထုတ်ပေးပြီး၊ စနစ်တကျ လုပ်ကိုင်နိုင်အောင် ကြိုးစားဆောင် ရွက်သွားမည်ဟု NLD ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ပြောသည်။
''ပြည့်တန်ဆာမရှိတဲ့ နိုင်ငံဆို တာမရှိပါဘူး၊ ပြည့်တန်ဆာဆိုတာ ဘုရားရှင်လက်ထက်ကတည်းက ရှိတာပါ။ ပပျောက်အောင်လုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ပပျောက် အောင်လည်း လုပ်လို့မရပါဘူး''ဟု ¤င်းက ပြောသည်။

Sunday, December 23, 2012

လဒ နားခြင်းနဲ့  အယူတော်မင်္ဂလာ

လဒ နားခြင်းနဲ့  အယူတော်မင်္ဂလာ
===================

အခုတလော ဖွနေတဲ့ အကြောင်းလေးနဲ့  ပတ်သက်ပြီး တတ်သမျှ မှတ်သမျှ ရှယ်လိုက်တာ ဖြစ်ပါတယ်။
ဘုရားမှာ လဒနားရင် ဘာဖြစ်မလဲ။
အခုအချိန် နကတ်အလိုအရ ဒီဇင်ဘာ ၂၅ ကျော်ရင် အကောင်းတွေ ရောက်မယ်။ အခုကာလက စနေနဲ့  ပါပ စုံသက်ရောက်နေတဲ့ အချိန် ဖြစ်တယ်။ အခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့  ရောက်ရင် မြန်မာနိုင်ငံ စတင်ပြီး လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ တုန်းက ဂြိုလ်ခွင်တွေ အနေအထားအတိုင်း တစ်သွေမတိမ်း နီးပါး တူညီနေတဲ့ အချိန်ကို ရောက်မယ်။
ရောက်ရင် ဟိုတုန်းကလို မြန်မာနိုင်ငံ အစိပ်စိပ်အမွှာမွှာနဲ့  ရောင်စုံသူပုန် ထလေမလား မစိုးရိမ်ပါနဲ့ ။ ဂြိုလ်ခွင်တွေသာ အရင်ပုံစံ ပြန်ခင်းမှာ ကံကြမာက အရင်ပုံစံ ပြန်မလာဘူး။ သမိုင်းတစ်ပတ်ပြန်လည်တတ်တယ်ဆိုပေမယ့် အယူ တော်မင်္ဂလာအလိုအရ ပိုမိုကောင်းမွန်မယ့် နိမိတ်တွေ ထွန်းနေတယ်။ ပြီးတော့ နားတဲ့ဘုရားက ရွှေတိဂုံစေတီတော်မြတ်ကြီး ဖြစ်နေတဲ့ အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့  တန်ခိုးအာနုဘော်ကိုလည်း ထည့်တွက် ရမယ်။

နှစ်တန့်  မှာ ကသစ်ဥယျာဉ် ရတဲ့အတွက် မင်္ဂလာပေါ် မင်္ဂလာဆင့်မယ်။ အကောင်းတွေ လာတော့မယ် ဆိုတဲ့ သဘောပဲ။ 

လူတွေက လဒ နားတာကိုသာ ပြောနေတာ။ ရွှေတိဂုံ ဖြစ်နေတာကို မပြောဘူး။ ဒီကြားထဲ အချောင်သမား ဘင်္ဂါလိမ်တွေက အကြောင်းရှာပြီး ဖွနေတာ တွေ့ ရတယ်။ 

ကိုဒင်္ဂါးရေးထားတာက ကညာဆက်တဲ့ဟာကိုပဲ အယူတော်မင်္ဂလာ ဦးနိုးက ကောက်ယူတာကို ပြောထားတာ။ လဒဟာ ဗုဒဟူးနဲ့  စနေ ပေါင်းထားတဲ့ အတွက် ဒီနာမ်ကိုပဲ ယူရမယ်။ လဒ ဘာကောင်ဆိုတာကို ထည့်တွက်ပေမယ့် ဒီလောက်အထိ အရေးမကြီးတော့ဘူး။ 

လဒ နားတဲ့အချိန်ကိုလည်း ထည့်တွက်ရမယ့်။ ညနေစောင်း ဖြစ်တဲ့အတွက် လဒရဲ့ မူရင်း သက်ရောက်မှုတွေ လျော့နည်းသွားပြီဆိုတာလည်း သဘောပေါက်ဖို့ လိုတယ်။

အဓိပါယ် ကတော့ လူတွေ မသိနားမလည်ဘဲ လျှောက်ပြောနေသလို မကောင်းတဲ့ အနက် မထွက်ဘူး။ အကောင်းထက် အကောင်းဆင့်တဲ့ အနက်ကို အယူတော်မင်္ဂလာက ကောက်ယူတယ်။

"ရွှေတိဂုံဘုရား လဒနားက-တိုင်းခြားပြည့်ရှင် ခန့် ညားလျှင်
ဖိုဝင်ဇော်ဂျီ-တပသီနှင့်
ပြည်တန်ပတမြား-ပေါ်ထွက်ငြားအံ့"

ဆိုတာ အယူတော်မင်္ဂလာကိန်းအရ ပတမြားအား ပြည်တန်တယ်။ ပြီးတော့ အထွတ်အမြတ် လို့  သတ်မှတ်ခဲ့ကြတယ်။ 
ဒီတော့ မြန်မာနိုင်ငံတစ်ဝှမ်း အသရေလွှမ်းမယ့် ဇမူဒိတ် အောင်နိမိတ်လို့  ပဲ ဖွင့်ဆိုနိုင်တယ်။ 

(အယူတော်မင်္ဂလာ ဖွင့်ဆိုချက်မှ)


credit to : News of Myanmar's photo.
လဒ နားခြင်းနဲ့  အယူတော်မင်္ဂလာ
===================

အခုတလော ဖွနေတဲ့ အကြောင်းလေးနဲ့  ပတ်သက်ပြီး တတ်သမျှ မှတ်သမျှ ရှယ်လိုက်တာ ဖြစ်ပါတယ်။
ဘုရားမှာ လဒနားရင် ဘာဖြစ်မလဲ
အခုအချိန် နကတ်အလိုအရ ဒီဇင်ဘာ ၂၅ ကျော်ရင် အကောင်းတွေ ရောက်မယ်။ အခုကာလက စနေနဲ့  ပါပ စုံသက်ရောက်နေတဲ့ အချိန် ဖြစ်တယ်။ အခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့  ရောက်ရင် မြန်မာနိုင်ငံ စတင်ပြီး လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ တုန်းက ဂြိုလ်ခွင်တွေ အနေအထားအတိုင်း တစ်သွေမတိမ်း နီးပါး တူညီနေတဲ့ အချိန်ကို ရောက်မယ်။

ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ

ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး)
Sunday, 23 December 2012


“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။

နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန်ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် မြန်မာမိန်းမငယ်များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာ အလုပ်အကိုင် လာရောက်ရှာဖွေကြခြင်းဖြစ်၏။ သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာသူတို့ ထုံးစံအတိုင်း လူကယ်ရီနှင့် ပွဲစား များကြောင့် ပြည့်တန်ဆာဘ၀သို့ ရောက်ရှိခဲ့ကြရကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ရင်ဖွင့်ပြောကြားသည်။

မြန်မာပိုင် ပြည့်တန်ဆာရုံများပေါ်လာ

သို့သော် လွန်ခဲ့သည့် နှစ် (၂၀)ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ (၃၀)ခန့်ရှိရာ နမ့်ကျိုင်းဖိ၊ ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအ၀င် ထိုင်းလူမျိုးပိုင်ရုံများသာရှိပြီး မြန်မာပြည့်တန်ဆာရုံဟူ၍ သီးခြားမရှိဘဲ ထိုင်းပြည့်တန်ဆာများကြားထဲတွင် အရောအနှောသဘောသာ ရှိခဲ့ကြသည်။ လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာများသာ အဓိကလုပ်ကိုင်ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။

ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည်ခေါ်ရာတွင် “မဲဆောက်ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာမိန်းကလေးတွေနဲ့ ပြုစုမယ်။ တို့မဲဆောက်ဆိုတာက မြန်မာမိန်းကလေးတွေပေါတဲ့မြို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။

လက်ရှိ မဲဆောက်မြို့လယ်ရှိ ပြည့်တန်ဆာရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မသဲသဲက “ဒီအလုပ်လုပ်တာ ငွေရလွယ်တယ်လို့ပြောနေကြတယ်။ မလွယ်ပါဘူးရှင်၊ အလုပ်တခါလုပ်ရင် ကျမတို့ရုံမှာ ဘတ် (၃၀၀) ရတယ်၊ တချို့ရုံဆိုရင် ဘတ် (၂၀၀) ပဲရတယ်။ အလုပ်ရှင်က တ၀က်၊ ကိုယ်က တ၀က်ရတယ်။ ကိုယ်ရတဲ့အထဲက စားစရိတ်၊နေစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ပုလိပ်ကြေးက အစ အဖြတ်ခံရတယ်။ ကျမတို့ဘ၀လည်း ရရစားစားပါပဲ။ ဖာရုံဆိုတာက တရားဝင်ဖွင့်ခွင့်ရတာ မဟုတ်တော့ ဟိုလူဒီလူ ဖားရတာတွေကလည်းရှိတယ်။ ဒ်ီကြားထဲ အလကားလိုက်ပေးရတာမျိုး လည်း ရှိတယ်။ အပိုင်ရဲတွေဆိုရင် သူတို့ကို ရုံကပိုက်ဆံလည်း ပေးရတယ်။ သူတို့လိုရင် အလကားလည်းလိုက်ပေးရတယ်။ ဒီကရဲနဲ့ ဗမာရဲက စကားသာ မတူကြတာ အကျင့်စရိုက်နဲ့ ရိုက်စားလုပ်တာကတော့ အကုန်တူတယ်” ဟု ပြောသည်။

ဆက်လက်၍ “အိမ်ကိစ္စ အကြောင်းတစုံတရာရှိလို့ မြ၀တီကိုသွားတဲ့အခါမှာ ရဲ၊ လ၀က၊ ပြည်သူ့ စစ်၊ မီးသတ်နဲ့ အခြားတာဝန်ရှိသူတွေဟာ ကျမတို့ဘ၀ကိုသိတော့ အကြောင်းအမျိုးမျိုးရှာပြီး စစ်ဆေးတယ်၊ ရစ်တယ်။ အဲ့ဒါသူတို့ရဲ့အလိုဆန္ဒကို ဖြည့်ပေးမှပဲ သွားရေး၊ လာရေး အဆင်ပြေတော့တယ်။ နေ့ခင်းကြောင်တောင် ရဲဂိတ်ထဲမှာသူတို့နဲ့ အိပ်ရတာရှိသလို တချို့ဆို တွေ့ကရာမှာရှိတဲ့ အိမ်သာထဲမှာပဲ သူတို့နဲ့ သွားရတဲ့အထိ ကြုံဖူးတယ်။ နောက်ကို ကျမတို့ဆီကလူတွေဟာ မြ၀တီကိုသွားရင် အဖော်(ကွန်ဒုံး) အမြဲဆောင်သွားရတယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကာကွယ်ရသေးတယ်။ မဲဆောက်မှာက ပြည့်တန်ဆာမှုနဲ့ တရားစွဲတာမရှိပေမယ့် ဗမာပြည်မှာကတော့ရှိတယ်၊ ထောင်ကျနိုင်တယ်။ မြန်မာအချင်းချင်း ကုတ်သွေးစုပ်ခံရတာက ပိုပြီးဆိုးတယ်”ဟု ပြောသည်။

ရည်ရွယ်ချက်မရှိသူများလည်း ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာများ၏ ပြောပြချက်များအရ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရန် အလုပ်လာရှာကြသော်လည်း အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် ဖြစ်သွားကြရကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်လုပ်ကိုင်ခြင်း မဟုတ်ကြောင်း ပြောသူများလည်း ရှိသည်။

အသက် (၁၈) နှစ်အရွယ် မနှင်းဆီက “ဒီအလုပ်လုပ်တာ (၂) နှစ်ရှိပြီ။ ပွဲစားက သမီးကို ဘန်ကောက်မှာ အိမ်ဖော်အလုပ် တလ ဘတ် (၅,၀၀၀)ရမယ်ဆိုပြီး ကျလောက်အောင်ပြော တော့ အိမ်ကလည်း ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ ဘန်ကောက်မရောက်ဘဲ ဒီဘ၀ကို ရောက်ခဲ့ရတယ်။ ရောက်စမှာ စကားလည်းနားမလည်၊ ဘယ်သူနဲ့မှလည်း အတွေ့မခံဘူး။ သမီးကို ထိုင်းသူဌေးအဖိုးကြီးတယောက်နဲ့ အိပ်ခိုင်းတယ်။ ပွဲစားနဲ့ ခေါင်းကဘယ်လောက်ရသလဲတော့ သမီးမသိဘူး။ သမီးတို့အိမ်ကို လူကြုံနဲ့ဗမာငွေ (၃) သိန်း ပို့ပေးတယ်။ အမေကစာပို့လာတယ်။ ပို့လိုက်တဲ့ငွေရတဲ့အကြောင်း၊ သမီးလိမ်လိမ်မာမာနဲ့ အလုပ်ကြိုးစားဖို့ပြောတယ်။ အမေ့စာဖတ်ပြီး ကျမ ရူးမတတ်ဖြစ်ခဲ့တယ်။ အခုတော့လည်း မထူးဇာတ်ပဲ ခင်းလိုက်ရတော့တယ်။ ဒီအလုပ်လုပ်တာ နောက်ပိုင်းမှာ အမေတို့ကော၊ သမီးတို့မြို့ကလူတွေလည်း သိကုန်ပြီ၊ အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ လူကြုံနဲ့တော့ ငွေလေး ဘာလေး ပို့နိုင်တာပဲရှိတယ်။ ဘ၀ရှေ့ရေးကတော့ သမီးတို့ရုံမှာ အရင်ကလုပ်ခဲ့ကြတဲ့အစ်မတွေ အဖွဲ့အစည်းက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားကို ရောက်သွားတာတွေ ရှိတယ်။ သူတို့ငွေပြန်ပို့လို့ ဗမာပြည်က သူတို့မိဘတွေလည်း တိုက်နဲ့တာနဲ့ ဖြစ်ကုန်ပြီ။ သမီးလည်းအဆက်သွယ်ရှာပြီး နိုင်ငံခြားကိုသွားဖို့ စဉ်းစားထားတယ်” ဟု ပြော သည်။

ပြည့်တန်ဆာအလုပ်ဖြင့် မိဘများကို ပြန်လည်ထောက်ပံ့နိုင်သူများ အနည်းငယ်သာ ရှိပြီး အများစုမှာ လက်ရှိဘ၀မှ ရုန်းမထွက်နိုင်ဘဲ ပျော်ရင်းပါးရင်းဖြင့် အချိန်ကုန်သူများလည်း အများအပြားရှိသည်။

သက်မွန်မြင့်နှင့်တူသည်ဟု လူပြောများသည့် မိန်းကလေးက “ညဖက်အလုပ်လုပ်ပြီး နေ့ဘက် တရေးတမောအိပ်ပြီးရင် မဲဆောက်ဈေးထဲသွားပြီး ဘီယာသောက်၊ စီးကရက်သောက်၊ ထမင်းစား၊ ကာရာအိုကေဆိုပြီး ကိုယ့်ဘ၀ကို ပျော်အောင် လုပ်ယူရတယ်။ ကျမတို့ လုပ်အားခအပြင်ကို လာလည်တဲ့ဧည့်သည်တွေက တရာမျိုး၊ နှစ်ရာမျိုး မုန့်ဖိုး ပေးသွားတာတွေရှိတယ်။ အဲ့ဒီအပိုဝင် ငွေတွေနဲ့ စားသောက် ပျော်ပါးရတာပေါ့။ ဒီအလုပ်လုပ်နေရပေမယ့် ကျမတို့လည်း နှလုံးသားနဲ့ပါ၊ အပြင်မှာလည်း ချစ်သူရည်းစားတွေ အသီးသီးရှိကြတယ်။ ညဘက်အလုပ်လုပ် နေ့ဘက် သူတို့နဲ့အတူ စားသောက်နေထိုင် သွားလာရတာပေါ့။ ကျမတို့ရည်းစားက ကျမတို့ကို နေ့ပဲပိုင်တယ်၊ ညကိုတော့ ရုံကပိုင်တယ်။ ကိုယ့်ရည်းစားလည်း အခြားလူတွေရဲ့ရည်းစားလို တူတူတန်တန်ရှိအောင် အိမ်ခန်းငှားပေးရတယ်၊ မော်တော်ဆိုင်ကယ် ၀ယ်ပေးထားရတယ်။ ကိုယ်ကချစ်တော့ သည်လိုမှမလုပ်ရင် သူများဆီပါသွားမယ်” ဟု ပြောသည်။

မဲဆောက်ဈေးမှ ကာရာအိုကေဆိုင်ရှင် မြန်မာ အမျိုးသမီးတဦးကမူ “ဒီမိန်းကလေးတွေကို ပိုက်ဆံစုဖို့၊ အိမ်ကိုငွေပို့ဖို့ ကျမတို့လည်း ပြောပါတယ်။ အထိန်းအကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်ကုန်ပြီ၊ သူတို့ညဘက် လုပ်လို့ရတာကို နေ့ဘက်မှာ လာဖြုန်းကြတယ်။ သူတို့ ရည်းစားထားတဲ့ သူတွေကလည်း မဲဆောက်မှာ လက်ကြောတင်းအောင် အလုပ်မလုပ်စားချင်တဲ့ ကောင်လေးတွေ က ဒီကလေးမလေးတွေကို ခြူစားနေကြတာ။ သူတို့ရည်းစားတွေကို နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ မော်တော်ဆိုင်ကယ်အပြင် အိမ်ခန်းပါ ငှားပေးတဲ့အထိဖြစ်တယ်။ ယောက်ျားတယောက်ကို မိန်းကလေးနှစ်ယောက်က အပြိုင်လုပြီး ကျမဆိုင်ထဲမှာ ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ပုတ်ကြနဲ့ ခဏခဏ ကြုံရတယ်” ဟု ပြောသည်။

မဲဆောက်ရှိ တည်းခိုခန်းတခုတွင်အလုပ်လုပ်ကိုင်နေသည့် ကိုအောင်က “ခေတ်စနစ်က မကောင်းတော့ ကျနော်တို့ မြန်မာတွေလည်း စာရိတ္တဆိုတာ ဘာလည်းမသိတော့ဘူး၊ အဆိုးအကောင်းလည်း မသိကြတော့ဘူး။ ကျနော်တို့ တည်းခိုခန်းမှာဆိုရင် ဧည့်သည်က မြန်မာမိန်း ကလေးလိုရင် ခေါ်ပေးရတယ်။ လာပို့တဲ့သူက ဆိုင်ကယ်နဲ့လာတယ်၊ လာတာက သုံးယောက်။ ကလေးက (၁)နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ မိဘတွေနဲ့အတူလာတယ်၊ ဆိုင်ကယ်မောင်းတာ က အဖေ၊ အမေလုပ်သူက ပြည့်တန်ဆာဆိုတော့ ဧည့်သည်နဲ့ အခန်းတက်နေတဲ့အချိန်မှာအဖေလုပ်တဲ့သူက ကလေးကိုနို့ဘူးတိုက်ပြီး အပြင်ကစောင့်တယ်။ ကလေးအမေ အခန်းတက်ပြီးတာနဲ့ သားအမိ၊သားအဖသုံးယောက် ဆိုင်ကယ်နဲ့အတူတူ ပြန်သွားကြတယ်။
အဲလိုပဲ အမေနဲ့ သမီး ပြည့်တန်ဆာရုံ တရုံထဲမှာအတူတူ အလုပ်လုပ်ကြတာလည်းရှိတယ်။ မဲဆောက်မှာ ကျနော်တို့ မြန်မာတွေရဲ့ အဖြစ်ကတော့ ပြောလို့တောင် ယုံနိုင်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီ” ဟု ပြောသည်။

ဆန္ဒအလျောက် ပြည့်တန်ဆာလုပ်သူ များလာ

သို့သော် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာအလုပ် လာလုပ်ကြသည့် မြန်မာမိန်းကလေး အတော်များများမှာ ကိုယ့်သဘောနဲ့ကိုယ် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ကြသူ များလာသည်။ ယခင်က ပြည့်တန် ဆာ လူသစ်တယောက်ရရန် အခက်ခဲရှိသော်လည်း လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်မှစပြီး မဲဆောက်နှင့် ပြည်တွင်းမှပွဲစားများ အချိတ်အဆက် လုပ်လာကြသည့်အတွက် ယခင်လိုအခြေနေမျိုး မဟုတ်တော့သည့်အကြောင်းကို ပြည့်တန်ဆာဘ၀မှနားပြီး ပြည့်တန်ဆာရုံထောင်ထားသူ မြန်မာအမျိုးသမီးတဦးက ပြောသည်။

သူမက “ကျမ ဒီအလုပ်ကို အသက် (၁၈) နှစ်လောက်က လုပ်လာတာ၊ အခု (၄၀) ကျော်ပြီ။ ကျမတို့ခေတ်က လူသစ်တယောက်ရဖို့ဆိုတာမလွယ်တော့ အလုပ်ရှင်တွေကလည်း နည်းအမျိုးမျိုးသုံးပြီး လူသစ်ရှာဖွေခဲ့ရတယ်။ အခုဆိုရင် မြန်မာပြည်မှာ စားဝတ်နေရေး အကျပ်အတည်းရှိ တော့ ပြည်တွင်းမှာရှိတဲ့ ပွဲစားကနေတဆင့် ကိုယ်လိုချင်တဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုး မှာလို့ရတဲ့အထိ ဖြစ်သွားပြီ။ ကျမတို့ရုံက အထက်တန်းလွှာရုံမဟုတ်ဘူး၊ ဝေနေယျတွေအတွက်ဖွင့်ထားတော့ သာမန်လက်လုပ်လက်စား အလုပ်သမားတွေအလာများတယ်။ အခန်းတခါ တက်ရင် ဘတ် (၂၀၀)ပဲယူတယ်။ ကျမတို့နဲ့ ကောင်မလေးတွေက တယောက်တ၀က် ယူရတယ်။ သူတို့ကို တလတခါ ငွေရှင်းပေးရတယ်။ တချို့ ကြိုထုတ်တဲ့လူလည်း ရှိတယ်။ ငွေရှင်းတဲ့ အချိန်ကျရင် အိမ်လခနဲ့ ပုလိပ်ကြေး တယောက် (၁,၀၀၀) နုတ်တယ်။ သူတို့ကို ထမင်းပေးတယ်၊ ဟင်းဖိုး (၁) နေ့ (၂၀) ပေးတယ်။မဲဆောက်မှာ တနိုင်တပိုင်အိမ်ရုံအပါဝင် လက်ရှိဖာရုံ (၂၀) လောက်ရှိတယ်။ ရုံတိုင်း ပုလိပ်ကို လစဉ်ကြေးပေးရတယ်။ တလ (၈,၀၀၀)ကနေ (၁၀,၀၀၀) ကြားရှိတယ်။ လိုင်းကြေးပေးထားတော့ အဖမ်းအဆီးရှိရင် ကြိုရှောင်လို့ရတယ်။ ဘန်ကောက်ကလာတဲ့ အထူးအဖွဲ့တို့၊ စီမံချက်အဖွဲ့စုံတို့ကျတော့ သူတို့လည်းဘာမှလုပ်ပေးလို့မရဘူး။မနှစ်က ကျမတို့ရုံကို ၀င်ဖမ်းတော့ ကျမယောက်ျားကို ဖာရုံထောင်မှုနဲ့ ရုံးတင်တာ ထောင် (၂) နှစ်နဲ့ (၇) လကျသွားတယ်” ဟု ပြောသည်။

ယခင်က ပြည့်တန်ဆာလုပ်ငန်းကို ဒေသခံလူမျိုးများက ဦးစီးလုပ်ကိုင်ကြရာမှ ယခုအခါ မြန်မာများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နားလည်မှုယူကာ “အိမ်ဘိ” ဟုခေါ်သည့် (ပြည့်တန်ဆာ) အိမ်ရုံများထောင်ပြီး ကိုယ့်အဆက်သွယ်နှင့်ကိုယ် လုပ်စားကြသည်ဟု လက်ရှိ မဲဆောက် ပြည့်တန်ဆာရုံတခုမှ ခေါင်းတဦးဖြစ်သူ ကိုအာနိုးက ရှင်းပြသည်။

ကိုအာနိုးက “ကိုယ့်မြန်မာတွေအချင်းချင်း အိမ်ရုံထောင်ပြီး လုပ်စားကြတော့ ပိုပြီး တွက်ခြေကိုက် တယ်။ ဟန်ပြအနေနဲ့ အိမ်ရှေ့မှာ ဈေးဆိုင်လေး ဖွင့်ထားမယ်၊ စက်ချုပ်ဆိုင်ဖွင့်ထားမယ်။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ အပြင် အော်ဒါတို့ သွားဖို့ကြတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးရတယ်။ တချို့ မိန်းကလေးတွေက မိသားစုရှိတော့ အော်ဒါလာတဲ့အချိန်မှာ ဖုန်းနဲ့ပဲ အဆက်သွယ်လုပ်ရ တယ်” ဟု ပြောသည်။

ညိုညိုဟု အမည်ရှိသည့် အသက် (၂၅)နှစ်ဝန်းကျင် မိန်းကလေးကလည်း သူမအလုပ်နှင့် ပတ်သက်၍ ရယ်ရယ်မောမောဖြင့် ယခုကဲ့သို့ ရှင်းပြသည်။

“ဧည့်သည်ခေါ်လို့ ဟိုတယ်ကိုသွားရင် ကျမယောက်ျားက မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ အလုပ်သွားရင် တခါတလေ ကလေးပါခေါ်သွားရတယ်။ ကျမသားလေးက (၁)နှစ်ခွဲပဲရှိသေး တယ်။ ကျမဧည့်သည်နဲ့ အခန်းတက်ရင် ကျမယောက်ျားက ကလေးကိုနို့ဘူးတိုက်ရင်း အပြင်က စောင့်တယ်။ လူတွေက ကျမတို့လိုလူတွေကိုအပြစ်ပြောချင်ကြတယ်။ ကျမက ခန္ဓာကိုယ်ကိုပဲ ရောင်းတာပါ၊ ကျမမေတ္တာနဲ့ နှလုံးသားကတော့ လင်နဲ့ကလေးပေါ်မှာ အပြည့်အ၀ရှိပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ကို ထမင်းကျွေးတာမှမဟုတ်ဘဲ။ ကျမတို့လို မြန်မာမိသား စု မဲဆောက်တခွင်မှာ ရာနဲ့ချီရှိပါတယ်။ ကျမယောက်ျား ပန်းရန်လုပ်ရင် တနေ့ (၁၀၀) ထက်ပိုမရဘူး၊ မိဘဆွေမျိုးသားချင်းတွေကို ကူညီဖို့မပြောနဲ့၊ ကိုယ်တောင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့ ယောက်ျားက ကလေးထိန်း၊ အကြိုအပို့လုပ်ပေါ့။ အော်ဒါတခါ သွားရင် (၅၀၀) ရတယ်၊ (၁) နာရီတောင်မကြာဘူး၊ ညအိပ်ရင် (၁,၅၀၀)ရတယ်။ ဗမာပြည်က မိသားစုတွေကို မျက်နှာမ ငယ်အောင် အိမ်နဲ့ယာနဲ့ဖြစ်အောင် ကူညီနိုင်ခဲ့တယ်။ ကျမတို့လို အိမ်ထောင်သည်တွေ ဒီအလုပ် လုပ်စားတာ မဲဆောက်မှာ ရာနဲ့ချီရှိတယ်။ ဒီအလုပ်က မိုးရွာတုန်း ရေခံရတာ၊ အရွယ်ရလာရင် ဘယ်သူမှ ကိုယ့်ကိုသုံးတော့မှာ မဟုတ်ဘူး။ အဓိကကတော့ လင်မယားချင်း နားလည်မှု ရှိဖို့ပဲလိုတယ်” ဟု ပြောသည်။

ပန်းဦးဈေးကွက်

ပန်းဦးရောင်းရာမှ ပြည့်တန်ဆာလောကတွင် ကျင်လည်ခဲ့ရသူ အသက် (၁၉)နှစ်အရွယ် မနွေးနွေးက သူ့အဖြစ်ကို ပြန်ပြောင်း ပြောဆိုရာမှာ “သမီးကျောင်း (၅)တန်းထိနေခဲ့ဖူးတယ်၊ မော်လမြိုင်ကပါ။ ဟိုမှာသမီးတို့မောင်နှမ(၄) ယောက်ရှိတယ်။ သမီးကအကြီးဆုံး၊ အမေက သင်္ဘောဆိပ်မှာ အကြော်ရောင်းတယ်။ ဈေးထဲမှာ နေ့ပြန်တိုးယူပြီး အရင်းအနှီးလုပ်ရတယ်။ အဖေက လေဖြတ်ထားတယ်၊ လမ်းမလျှောက်နိုင်ဘူး။ အမေ့လုပ်စာနဲ့ မိသားစုဘ၀ ဘယ်လိုမှရပ်တည်လို့မရဘူး။ နေ့စားလုပ်ရင် (၁,၅၀၀) ကျပ်ထက်ပိုမရဘူး၊ ဆန် (၁) ပြည်က (၁,၀၀၀)ကျော်တယ်။ ကျမတို့အိမ်မှာ မနက်(၁)ပြည်၊ ည(၁) ပြည်ချက်ရတယ်။ နောက်ဆုံး အမေနဲ့သမီး မဲဆောက်မှာအလုပ်လာရှာတယ်။ ကြက်သွန်ခွာတယ်၊ ပန်းရန်လုပ်တယ်၊ အလုပ်က အဆင်မပြေတဲ့ကြားထဲ ပုလိပ်က ခဏခဏဖမ်းတော့ နောက်ဆုံးမှာ သမီးတို့နယ်ကပဲ ခေါင်းလုပ် တဲ့လူနဲ့ ဆက်မိတယ်။ အမေက ကျမကို မိသားစုအတွက် ကျမကိုရောင်းဖို့ပြောတော့ လက်ခံ လိုက်တယ်။ ဘတ် (၁၅,၀၀၀)နဲ့ ဈေးတည့်သွားတယ်။ ခေါင်းနဲ့တ၀က်စီရတယ်။ သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ဆိုပြီး မုန့်ဖိုး ဘတ် (၃,၀၀၀)ပေးတယ်။ ရတဲ့ငွေတွေကို အမေ့ကိုပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ကိုယ့်အောက်က လူတွေက ကျောင်းနေတော့ အိမ်ကို လစဉ်ပိုက်ဆံပို့ ပေးရတယ်။ ပါကင်ဖောက်တဲ့ကိစ္စက ဒီလိုရှိပါတယ်။ ပထမတကြိမ် ဖောက်ရင် (၁၅,၀၀၀)၊ ဒုတိယအကြိမ်မှာ (၈,၀၀၀)၊ တတိယအကြိမ်မှာ (၃၀၀၀)လောက်ရတယ်။ သုံးကြိမ်စလုံး သမီးကိုလုပ်တဲ့ အဖိုးကြီးတွေ ကွန်ဒုံးမသုံးကြဘူး။ နောက်မှ ပြန်စဉ်းစားပြီး တော်တော် ကြောက်သွားတယ်။ မဲဆောက်ဆေးရုံကြီးမှာ ဆေးစစ်တော့ ဒီနေ့ထိ ဘာရောဂါမှတော့ မရှိသေးဘူး” ဟု ပြောသည်။

မြန်မာပြည့်တန်ဆာကျန်းမာရေး

မဲဆောက်မြို့ရှိ ပြည့်တန်ဆာများနှင့် ပတ်သက်၍ ပြည့်တန်ဆာများသည် မဲဆောက်ဆေး ရုံကြီးတွင် (၃) လတကြိမ် သွေးစစ်ကြရပြီး (၁)ပတ်တခါ သားအိမ်စစ်ဆေးမှု ခံယူရသည်ဟု မဲဆောက်ဆေးရုံကြီးမှ အထက်တန်းသူနာပြုတဦးက ပြောကြားသည်။ ဆေးရုံကြီးနှင့်ပြည့်တန် ဆာရုံများ အမြဲတမ်းအဆက်အသွယ်ရှိကြောင်း၊ လိင်မှုဆိုင်ရာ ရောဂါများကူးစက်မှုမဖြစ်ရအောင် ပညာပေးအစီစဉ်များကို ဆေးရုံကြီးနှင့် အစိုးရမဟုတ်သော အဖွဲ့အချို့မှ အကူညီပေး လုပ်ဆောင် လျက်ရှိကြောင်း ရှင်းပြသည်။

ဆေးစစ်မှုနှင့် ပတ်သက်၍ သွယ်သွယ်အမည်ရှိ မိန်းကလေးက “ဆေးပုံမှန်စစ်ရတာကတော့ ကိုယ့်အတွက်ပဲ။ ဆေးလာမစစ်တဲ့လူကို ဆေးရုံက သူဌေးမဆီ ဖုန်းနဲ့ဆက်ပြီးတိုင်ပြီဆိုရင် အတိုင်ခံရတဲ့လူကို ငွေရှင်းတဲ့ရက်မှာဒဏ်ငွေ (၅၀၀) ဖြတ်တယ်။ ရောဂါဖြစ်ပြီး သေတဲ့လူတွေ ရှိတော့ရှိတယ်။ ကြာကြာမှတခါ ဖြစ်တာပါ။ ဧည့်သည်တွေကို ကွန်ဒုံးစွပ်ခိုင်းဖို့၊ ကွန်ဒုံးမပါဘဲ မလုပ်ကြဖို့ သတိတော့ထားရတယ်။ ဖာကျိုးရင် ဆေးထိုးလို့ရပေမယ့်အေအိုင်ဒီအက်စ် ဖြစ်ရင်တော့ ဘ၀ဆုံးပြီ။ တချို့ဧည့်သည်တွေက မူးမူးရူးရူးနဲ့ အစွပ်ကိုမသုံးချင်ဘူး၊ တချို့ကျတော့လည်း လုပ်ရင်းတန်းလန်းနဲ့အစွပ်ကိုခိုးဖြုတ်တာလည်းရှိတယ်။ အန္တရယ်များတော့ချော့မော့ပြီးပြောရတယ်။ ပြောလို့မရတဲ့အဆုံး ကိုယ်ပဲ အမျိုးသမီးကွန်ဒုံး သုံးရတယ်။ ဘန်ကောက်မှာ အလုပ်ရမယ်၊ လစာကောင်းတယ်၊ ငွေလည်းကြိုယူလို့ရတယ်ဆိုပြီး ပွဲစားက အိမ်ကို မြန်မာငွေ (၂) သိန်းပေးခဲ့တယ်။ ဒီရောက်မှပဲ ဒီဘ၀ရောက်ခဲ့ရတာပါ။ အယုံမလွယ်ကြဖို့ ဗမာပြည်က လူတွေကို သိစေချင်တယ်” ဟု ပြောသည်။

ရန်ကုန်သူ ဖြူဖြူကလည်း “သမီးက ဒီအလုပ်ကို ရန်ကုန်မှာကတည်းက လုပ်တာပါ။ မဲဆောက်မှာက လိမ္မာရင်ငွေစုပြီး အိမ်ကိုငွေပို့နိုင်သေးတယ်။ ရန်ကုန်မှာက ပြည့်တန်ဆာလုပ်တဲ့ လူများပြီး ပျော်ပါးနိုင်တဲ့ လူတွေကနည်းတော့ တွက်ခြေမကိုက်ဘူး။ ဒါကြောင့် မဲဆောက်ကို လာတာပါ။ ရန်ကုန်မှာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရဲ၊ မီးသတ်တွေက အလကားခေါ်တာကများတော့ ဒီဘက်ထွက်လာတာက ပိုကောင်းတယ်ဆိုပြီး မဲဆောက်ကို အရင်ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ရောက်လာတာပါ။ ဒီမှာက ပုလိပ်ကြေးလောက်ပဲပေးရတယ်။ဒါကို ကျမတို့ နားလည်ပါတယ်။ ဖာသည်နဲ့ရဲဆိုတာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ” ဟု ပြောသည်။

အလုပ်သမား မြန်မာပြည့်တန်ဆာများလည်းရှိအခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် မဲဆောက်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမများလည်း ပြည့်တန်ဆာလောကအတွင်း ရောက်ရှိမှုများရှိသည်။ ပြည်တွင်းရှိ မိဘများမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေး ပြဿနာများအပြင် တရားမ၀င် ထီလောင်းကစားမှုများကြောင့် အိုးပျောက်၊ အိမ်ပျောက်ဖြစ်ကာ ပို့သမျှငွေ အလျဉ်မမီဖြစ်ပြီး ငွေနောက် လိုက်ရင်းဖြင့် ပြည့်တန်ဆာဖြစ်သွား သူများလည်း အများအပြားရှိသည်ဟု အိမ်ရုံတွင် လုပ်ကိုင်နေသူတဦးကလည်း ပြောသည်။

မဲဆောက်ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်စားပွဲထိုးများတွင် မြန်မာ မိန်းကလေးများအများစု လုပ်ကိုင်နေကြသည့် အကြောင်းကို စားပွဲထိုးမြန်မာအမျိုးသမီး မနွဲ့က “တချို့ကျတော့လည်း ရောက်ခါစမှာ ရှက်တော့ ရိုးရိုးစားပွဲထိုးပဲလုပ်တယ်။ အိမ်က ခဏခဏ ပိုက်ဆံမှာတာလည်းပါတယ်၊ ကိုယ်ကလည်းမဲဆောက်မှာ မော်တော်ဆိုင်ကယ်နဲ့ အိမ်နဲ့ နေချင်တာလည်းပါတယ်။ ကိုယ့်အချင်းချင်း အရင်ရောက်တဲ့သူတွေကလည်း စည်းရုံးတော့၊ ဆိုင်ပိတ်ချိန် မနက် (၂)နာရီဆိုရင် ဧည့်သည်တွေနဲ့ လိုက်အိပ်တော့ တခေါက်ကို(၁,၀၀၀) လောက်ရတယ်။ ဆိုင်မှာရတဲ့လခက (၁) လ သုံးလေးထောင်ထက် မပိုဘူး။ ဒီလိုပဲ အတုမြင်အတတ်သင်ရာကနေ ဖြစ်သွားကြတာပါ။ အနှိပ်သည်လောကမှာလည်း ငွေရလွယ်တော့ ဗမာပြည်ကလာတဲ့ မိန်းကလေးတွေ တနေ့ထက်တနေ့ ပိုပိုများလာတယ်။ အနှိပ်သည်တွေကျ တော့ တခါနှိပ်ရင် (၂) နာရီကို ဘတ် (၂၄၀)ကိုယ်က (၁၀၀) ပဲရတယ်၊ ကျန်တာက အလုပ်ရှင် ယူတယ်။ နေထိုင်စားသောက်ရေးကိုတော့ သူတို့တာဝန်ယူတယ်။ အဲဒီကနေ အစပြုပြီး နောက်ဆုံးကိုယ့်ကိုယ်ကို ရောင်းစားတဲ့ဘ၀ကို ရောက်သွားတာတွေ အများကြီးရှိတယ်”ဟု ပြောသည်။

ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ် သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟု အမည်ခံယူထားသည့်မဲဆောက်ရောက် အထက်တန်းပြဆရာမ တဦးကလည်း ရင်ဖွင့်ပြောကြားသည်။

သူမက “ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရပြီးလုပ်စရာ အလုပ်မရှိဘူး။ ရှိပြန်တော့လည်းဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှဆက်စပ်လို့ မရဘူး။ လက်ရှိမြန်မာပြည်အခြေနေနဲ့ဆိုရင် လူမွှေးပြောင်ဖို့ မလွယ်ဘူး။ စကားကြီး စကားကျယ် ပြောတယ်လို့ တော့ မထင်ပါနဲ့၊ ကျမတို့က စနစ်ဆိုးကြီးရဲ့ သားကောင်တွေပါ။ ဘွဲ့ရ ကျောင်းဆရာမတောင် လူမွှေးမပြောင်ဘူးဆိုတော့ သာမန်လူဆိုရင် ပိုဆိုးပြီပေါ့။ ကျောင်းဆရာမဖြစ်ပြီး ဖာသည် လုပ်ရကောင်းလားဆိုပြီး ကျမကိုအပြစ်ပြောတဲ့လူလည်း ရှိပါတယ်။ ကျမ သူတို့ကို နားလည်ပေးလိုက်ပါတယ်။ ဂျင်မလေးဂျမ်းသီချင်းထဲကလိုပေါ့၊ ဂျင်ဆိုတာ သူ့ဖာသာသူ မလည်တတ်ပါဘူး။ လည်အောင်ဖန်တီးပေးတဲ့ အဓိကတရားခံ မရှိတော့တဲ့ အချိန်ကျရင် ဂျင်မလေးတွေ ကံကောင်းလာမှာပါ” ဟုပြောသည်။

(ဤသတင်းဆောင်းပါးပါ ကာယကံရှင်များ၏အမည်ရင်းများကို လွှဲပြောင်းထားသည်)

အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး)
Sunday, 23 December 2012


“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။

သေရွာပြန်ကျောင်းသူတစ်ယောက် မြို့တွင်းသို့အဝင်မခံ

သေရွာပြန်ကျောင်းသူတစ်ယောက် မြို့တွင်းသို့အဝင်မခံ
ဒီဇင်ဘာလ(၂၀)

စာဖတ်သူအပေါင်းတို့ခင်ဗျား...
ကျနော်များ သတင်းဌာနမှ မေတ္တာရပ်ခံလိုပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးကို ကြားသိရခြင်း အလွန်ကို ဆို့နင့် ကြေကွဲဖွယ်ရာ သတင်းအဖြစ် ဖော်ပြချင်ပါတယ်။ ဖြစ်စဉ်က မန္တလေးမြို့ ကြာနီကန်သုဿာန်မှာ သေဆုံးပြီး လူတစ်ယောက် သတိပြန်လည်လာတဲ့ ကိစ္စပါ။ သေဆုံးသွားသူအတွက် ယူကြုံးမရ ဖြစ်နေရတဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းနဲ့ မိတ်ဆွေအပေါင်းတို့က ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။ ကျနော်တို့ ဆွေမျိုးတော်စပ်ခြင်းမရှိပါတဲ့ လူတွေလည်း ဒီသတင်းအပေါ် ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာအဖြစ်က ပေါ်လာတယ်။ သေဆုံးပြီးလူလို့ သတ်မှတ်ပြီးရင် အသက်ပြန်ရှင်လာသော်လည်း လူရှင်များနေထိုင်ရာ မြို့ရွာတွင်းသို့ ဝင်ရောက်ခွင့် မပြုကြတော့ပါဘူး။ မြို့ရွာ ထိခိုက်နစ်နာတယ် အမင်္ဂလာ ကိစ္စလို့ ပြောဆိုပြီး ပြန်လည်ခေါ်ဆောင်သွားဖို့ ကန့်ကွက်ကြတယ်။

ပြုံးသူမှာ မျက်ရည်စတွေနဲ့ ဖြစ်ရပါပြီ။ တကယ်ကို ဝမ်းသာလို့ပြုံးပျော်နေပြီး မျက်ရည်ကျရအောင် ပျော်ရွှင်နေတဲ့ သူမရဲ့ အသိုင်းအဝိုင်းမှာ ဝမ်းနည်းပြီး ရှိုက်ကြီးတငင် ငိုယိုကြရပါပြီ။ ကျနော်တို့ ငယ်စဉ်က သင်ခဲ့ရတဲ့ ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ ဇာတ်လမ်းက ဘယ်လောက်များ ကြေကွဲစရာဖြစ်ခဲ့သလဲဗျာ..

ကျနော်တို့ စာဖတ်သူအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြမယ်လို့ ယူဆမိပါတယ်။ ဗုဒ္ဓဘာသာဆိုတာ ကံသာပဓာနလို့ ခံယူထားပါတယ်။ ကိုယ်ပြုတဲ့ ကောင်းခြင်း ဆိုးခြင်းကို ကိုယ်သာ ပြန်ခံစားရတယ်လို့ ဆိုထားပါတယ်။ အခြားသော အယူဝါဒတွေဟာ ဗုဒ္ဓဝါဒမဟုတ်ဘဲ ရောထွေးယှက်တင် ဖြစ်နေခြင်းပါ။ ရှေးရိုးအယူဝါဒတွေကို မစွန့်လွှတ်နိုင်သေးတဲ့သူတွေကို အယူသည်းသူတွေလို့ အများစုက ခေါ်ဆိုကြပါတယ်။ မလိုအပ်တော့တဲ့ အယူဝါဒတွေကို စွန့်ပယ်ဖို့ လိုအပ်ပါပြီ။ လူသားတစ်ဦး ပြန်အသက်ရှင်လာတာကို နွေးထွေးစွာ ကြိုဆိုသင့်တယ်။ ဒီလိုမှ မဟုတ်ခဲ့ရင် သူမဟာ နောက်တစ်ကြိမ် ပြန်သေသွားပါလိမ့်မယ်။ အသက်သေခြင်းမဟုတ်ဘဲ လူသားတစ်ဥိးအတွက် ဘဝသေခြင်း ဖြစ်သွားမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

တောင်းပန်ချက်- ဘာသာရေးရာကျွမ်းကျင်သူ၊ အယူဝါဒရေးရာ ကျွမ်းကျင်နှံ့စပ်သူ၊ သမိုင်းသုတေသီ များမှ အဆိုပါဖြစ်ရပ်အပေါ် ဖြေကြားရှင်းလင်းမှုဖြင့် သေရွာပြန် လူသားတစ်ဦးကို ဆက်လက်အသက်ရှင်ခွင့် ပေးသင့် မပေးသင့်ဆိုသည်ကို ဆွေးနွေးပေးကြပါရန်။

မုံရွာတိုင်းမ် သတင်းအဖွဲ့
-----------------------------------------------------------------------------
ဒီနေ့မန္တလေး ကြာနီကန်သုဿန်မှာ ဖြစ်ပွါးတဲ့ထူးခြားတဲ့ဖြစ်ရပ်။

ဒီနေ့မွန်းလွဲ၁၂နာရီ၁၅မိနစ်မှာ ကုန်ထုတ်ဓါတုဗေဒ မဟာတန်းကျောင်းသူလေး အသုဘမီးသဂြိင်္ုခါနီး မိခင်ဖြစ်သူမှနောက်ဆုံးအနေနှင့် နမ်းလိုက်စဉ်နှလုံးခုန်သံကြားရ၍ ဆရာဝန်ပင့်စမ်းသပ်ရာ အသက်ရှင်နေကြောင်းသိရှိရ။ မိခင်ဖြစ်သူမှာဝမ်းသာလွန်း၍ထကသော်လည်း ရပ်ကွက်လူထုက မြို့နာမှာစိုးလို့ဟုဆိုကာ မြို့ထဲသို့အဝင်မခံ၍ မိန်းကလေးခမျာ ကြူကြူပါအောင်ငိုပါတော့သည်။ အခြားအသုဘတစ်ခုလာပို့သူ မန္တလေးသိန်းဇော်ကိုယ်တိုင် ဝင်ခွင့်ပြုရန်တောင်းပန်ပြောဆိုသော်လည်း မြို့လူထုကလက်မခံသဖြင့် မိဘများမှမြို့ပြင်တွင် အိမ်ဆောက်ပေး၍ နေစေမည်ဟုသိရပါသည်။ ယနေ့လိုခေတ်တွင် ရှေးရိုးအယူအဆများကြောင့် မဟာတန်းကျောင်းသူတစ်ယောက် လူထဲမတိုးတော့မည့်အဖြစ်မျိုးကား ထိုမိန်းကလေးဘဝအတွက် နစ်နာလွန်းလှပါသည်။ တတ်စွမ်းသူများ ထိုမိန်းကလေးကို ကူညီကြပါခင်ဗျာ။

Source: Kaung Naing
Photo: fssms.blogspot.com
Monywa Time

ဒီဇင်ဘာလ(၂၀)

စာဖတ်သူအပေါင်းတို့ခင်ဗျား...
ကျနော်များ သတင်းဌာနမှ မေတ္တာရပ်ခံလိုပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးကို ကြားသိရခြင်း အလွန်ကို ဆို့နင့် ကြေကွဲဖွယ်ရာ သတင်းအဖြစ် ဖော်ပြချင်ပါတယ်။ ဖြစ်စဉ်က မန္တလေးမြို့ ကြာနီကန်သုဿာန်မှာ သေဆုံးပြီး လူတစ်ယောက် သတိပြန်လည်လာတဲ့ ကိစ္စပါ။ သေဆုံးသွားသူအတွက် ယူကြုံးမရ ဖြစ်နေရတဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းနဲ့ မိတ်ဆွေအပေါင်းတို့က ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။ ကျနော်တို့ ဆွေမျိုးတော်စပ်ခြင်းမရှိပါတဲ့ လူတွေလည်း ဒီသတင်းအပေါ် ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာအဖြစ်က ပေါ်လာတယ်။ သေဆုံးပြီးလူလို့ သတ်မှတ်ပြီးရင် အသက်ပြန်ရှင်လာသော်လည်း လူရှင်များနေထိုင်ရာ မြို့ရွာတွင်းသို့ ဝင်ရောက်ခွင့် မပြုကြတော့ပါဘူး။ မြို့ရွာ ထိခိုက်နစ်နာတယ် အမင်္ဂလာ ကိစ္စလို့ ပြောဆိုပြီး ပြန်လည်ခေါ်ဆောင်သွားဖို့ ကန့်ကွက်ကြတယ်။

ကချင်အရေး လွှတ်တော်တွင် အရေးတကြီးဆွေးနွေးမည်

ကချင်အရေး လွှတ်တော်တွင် အရေးတကြီးဆွေးနွေးမည် 
===============================
ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကေအိုင်အေကြား နှစ်ဘက် တိုက်ပွဲတွေဟာ ပိုပြီးပြင်းထန်လာနေတဲ့အတွက် ငြိမ်းချမ်းရေးရနိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ်အစည်းအဝေးမှာ ကချင်ပြည်နယ်အရေး အရေးတကြီးအဆို တင်သွင်းပြီး ကချင်ငြိမ်းချမ်းရေးအတွက် အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲအခြေအနေကို ပိုပြီး သိရှိနိုင်အောင် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကိုယ်တိုင် ကချင်ပြည်နယ်ကို ရောက်ရှိလေ့လာနေပါတယ်။ ဒီအကြောင်း ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အကြောင်းစုံ ပြောပြပေးပါမယ်။

အခုဆိုရင် ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကေအိုင်အေကြား တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတဲ့ အနေအထားဖြစ်နေတာက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ အင်မတန်ကြီးမားတဲ့ အခက်အခဲ အကျပ်အတည်းကို ဖြစ်စေတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နမ်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့ တပြည်နယ်လုံး၊ ပြည်နယ်သူ၊ ပြည်နယ်သား အားလုံး ဒုက္ခဖြစ်နေတာနဲ့ ကျနော်တို့ ပြည်နယ်ရဲ့ ဒီအခက်အခဲကလည်း ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းအတွက်လည်းပဲ ဖြောင့်ဖြူးဖို့အတွက် ခက်တဲ့အတွက်ကြောင့် ဒီဟာကတော့ နှစ်ဖက်စလုံးကို ယုံကြည်မှု မြန်မြန်တည်ဆောက်ပြီးတော့ ယုံကြည်မှု မြန်မြန်ရစေချင်တာနဲ့ အပစ်အခတ် အမြန်ဆုံး ရပ်စေချင်တာကတော့ ရင်ထဲက စကား၊ ရင်ထဲက အပြည့်အဝရှိတဲ့အနေအထားပေါ့။”

ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေဟာ နှစ်နဲ့ချီကြာမြင့်လာတာနဲ့အမျှ နှစ်ဘက်စလုံးက တိုက်ပွဲအရှိန်ကို ပိုပြီးတော့ မြှင့်လာတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေရေးထိုင်ရေး၊ ကျမ်းမာရေးအပြင် အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေး၊ကုန်ထုတ်လုပ်ရေးတွေကိုပါ ဆိုးဆိုးဝါးဝါးထိခိုက်စေတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

“အကုန်လုံးအဆင်ပြေဖို့ကတော့ ငြိမ်းချမ်းသွားမှပဲ ဖြစ်နိုင်တဲ့အနေအထားပါ။ အခုက အစစအရာရာ ပညာရေး၊ ကျမ်းမာရေးကအစ အားလုံး၊ အားလုံးပေါ့၊ စိုက်ရေးပျိုးရေး၊ မွေးမြူရေး အကုန်လုံး၊ နေတာထိုင်တာကအစ ကြာလာလေ၊ လူဦးရေများလာလေ။ ကြာလာလေ စိတ်ဓာတ်ကျလေ၊ ကြာလာလေ ဒုက္ခများလေ အဲ့လိုဖြစ်နေတယ်။"

ဒါ့အပြင် နှစ်ဘက်ထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်ပြေးဒုက္ခသည် သိန်းဂဏန်းလောက်ထိ မြင့်တက်လာတဲ့ အချိန်မှာ ကလေးငယ်တွေအတွက် ပညာသင်ယူနိုင်ရေး ကိုပါ ထိခိုက်ပျက်ပြားစေနေတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို အချိန်ကြာလာတာနဲ့အမျ ဒေသတွင်း တည်ငြိမ်မှုမရှိဘဲ အခြေအနေဆိုးဝါးလာနေတဲ့ ကချင်ပြည်နယ်အရေး ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတင်ပြနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးဖြစ် ကချင်ပြည်နယ်စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီရဲ့ ဥက္ကဌ ဦးခက်ထိန်နန်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အခုလွှတ်တော်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စာတင်ထားတယ်။ အခုလာမယ့် ဆဌမအကြိမ်မှာ ဆွေးနွေးခွင့်ရမယ်လို့ မျှော်လင့်တယ်။ ကျနော်တို့လည်း ကိုယ့်ဒေသကို ကိုယ်ပြည်နယ်ကို ရောက်လာတာ အခုနှစ်ရက်၊ သုံးရက်ရှိလာပြီဆိုတော့ ဒီကိစ္စလည်း ဒီမှာဆွေးနွေးပြီးတော့ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ဆွေးနွေးဖို့၊ တတ်နိုင်ဘက်က အကြံညဏ်တောင်းဖို့ ဒီဟာတွေတော့ ကျနော်တို့ အစီအစဉ်တွေတော့ ဆွဲနေပါတယ်။”

အခုဆိုရင် ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေ ထိုးစစ်ဆင်နိုင်ဖို့အတွက် မြန်မာစစ်တပ်ဘက်က စစ်သည်အင်အားတွေ တိုးပြီးချလာဖို့ လုပ်ဆောင်နေသလိုပဲ တိုက်ပွဲတွေအတွင်းမှာလည်း အဆင့်မြင့်စစ်တပ်သုံးလေယာဉ်တွေ၊ လက်နက်ကြီးတွေပါ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေဟာ အခြေအနေ ပိုပြီးတော့ ဆိုးဝါးလာနေတယ် လို့လည်း ကချင်သတင်းစဉ်က ကိုနော်ဒင်းက ပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ ကေအိုင်အေဌာနချုပ် လိုင်ဇာဘက်သာမကပဲနဲ့ ကချင်ပြည်နယ်တခုလုံးမှာ တိုက်ပွဲ အရှိန်အဟုန်တွေက မြင့်မားလာနေတာကို တွေ့ရတယ်။ အစိုးရဘက်က တိုက်လေယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အတော်လေး အသုံးပြုလာတာကိုလည်း တွေ့ရတာပေါ့။ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကလည်း ရထားသုံးစီးလောက်နဲ့ အောက်မြန်မာပြည်က စစ်သား သောင်းဂဏန်းလောက် ကချင်ပြည်နယ်ထဲကို ပို့ထားလိုက်ပြီ။ အခုလည်း စစ်ရေးအရ ကေအိုင်အိုကို သူတို့က ချေမှုန်းဖို့အတွက် အခြေအနေတွေရှိတော့ ကချင်တွေဘက်က တိုက်စစ်လည်း မဆင်သေးဘူး။ ထိုးစစ်လည်း မလုပ်သေးဘူး အစိုးရကို။”

အခုဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးဝန်းကျင်နဲ့ ကေအိုင်အေရဲ့ တပ်စခန်းချထားတဲ့နေရာအထိ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်  ထိုးစစ်တွေ အပြင်းထန်ဆုံး မြှင့်တင်လာတဲ့ မြန်မာအစိုးရနဲ့ ခံစစ်နဲ့ ပြန်တိုက်နေတဲ့ ကချင်တပ်တွေကြား ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာအနေအထားကို ရောက်ရှိနေပြီး ဒုက္ခသည်စခန်းတွေက စစ်ပြေးပြည်သူတွေအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ပြည်တွင်း လူမှုအဖွဲ့အစည်းတွေကလည်း လိုအပ်တဲ့ ကျမ်းမာရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့အတွက် စားနပ်ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းတွေကနေ ကြိုးစားနေကြတယ်လို့လည်း ကချင်ပြည်နယ်အရေးစောင့်ကြည့်နေသူတွေ ပြောပါတယ်။

(source-VOA)

===============================
ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကေအိုင်အေကြား နှစ်ဘက် တိုက်ပွဲတွေဟာ ပိုပြီးပြင်းထန်လာနေတဲ့အတွက် ငြိမ်းချမ်းရေးရနိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ်အစည်းအဝေးမှာ ကချင်ပြည်နယ်အရေး အရေးတကြီးအဆို တင်သွင်းပြီး ကချင်ငြိမ်းချမ်းရေးအတွက် အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲအခြေအနေကို ပိုပြီး သိရှိနိုင်အောင် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကိုယ်တိုင် ကချင်ပြည်နယ်ကို ရောက်ရှိလေ့လာနေပါတယ်။ ဒီအကြောင်း ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အကြောင်းစုံ ပြောပြပေးပါမယ်။

Monday, December 17, 2012

တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ပြောင်းလဲခြင်းသည် ကျောင်းသား/သူများကို အခက်အခဲဖြစ်စေကြောင်း ကျောင်းသားမိဘများပြောဆို


ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အ.ထ.က ကျောင်းခွဲရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ကြမည့် ကျောင်းသား/ကျောင်းသူများသည် ယခုနှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် စာစစ်ဌာနပြောင်းလဲဖြေ ဆိုရမည်ဖြစ်သည့်အတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း ကျောင်းသားမိဘများ၏ ပြော ကြားချက်အရ သိရှိရသည်။
ရွှေညောင်ပင်ကျေးရွာ အ.ထ.က ကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူများသည် ၁၉၉၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ သက္ကသိုလ်ဝင်စားမေးပွဲကို သက္ကလစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုခဲ့ရာ ကျန်မာရေး၊ နေထိုင်ရေး၊ လုံခြုံရေးပြည့်စုံမှုကြောင့် စိတ်လက်ချမ်းသာစွာဖြင့် ဖြေဆိုခဲ့ကြ၍ မြို့နယ်အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထအဆင့် များရရှိခဲ့သော ကျောင်းတစ်ကျောင်းဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမြင့် မားသည့် ကျောင်းလည်းဖြစ်ပါသည်။

Saturday, December 15, 2012

မြန်မာ အမျိုးသမီးတစ်ဦးလျှင် ယွမ်ငွေသုံးသောင်း သုံးထောင်ဖြင့် တရုတ်ပြည်သို့ ပို့ဆောင် ရောင်းချနေသည့် လူကုန်ကူးသူဖမ်းဆီးရမိ

မြန်မာ အမျိုးသမီးတစ်ဦးလျှင် ယွမ်ငွေသုံးသောင်း သုံးထောင်ဖြင့် တရုတ်ပြည်သို့ ပို့ဆောင် ရောင်းချနေသည့် လူကုန်ကူးသူဖမ်းဆီးရမိ

Saturday, 15 December 2012
ဘိုကလေးမြို့နယ် မြင်းကကုန်းကျေး ရွာနေ ဒေါ်လှရီ ၅၃ နှစ် (ဘ)ဦးလှတင်၏ သမီးဖြစ်သူ ကြူကြူမော် ၃၅ နှစ် (ဘ) ဦးစိန်ထွန်းရီနှင့် သူငယ်ချင်း မူမူစံ ၃၅ နှစ်(ဘ) ဦးစံငြိမ် တို့နှစ်ဦးသည် နိုဝင် ဘာအတွင်းက ရန်ကုန်မြို့မှ ပြန်လာရာ လွန်ခဲ့သော ရှစ်နှစ်ခန့်က မြင်းကကုန်း ကျေးရွာမှ ထွက်ခွာသွားခ
ဲ့သူ ခင်ဖြိုး ၂၂ နှစ် (ဘ)ဦးမြကြိုင်နှင့် တူးတူးမာ ၃၂ နှစ် (ဘ) ဦးကြည်ဝင်း တရုတ်ပြည် ပူစီမြို့နယ် နေသူတို့နှစ်ဦး လိုက်ပါလာကြပြီး ဒေါ်လှရီ နေအိမ်၌ တည်းခိုခဲ့ကြသည်။

ထိုစဉ် ¤င်းတို့နှစ်ဦးမှ ကြူကြူမော်နှင့် မူမူစံတို့နှစ်ဦးကိုမူဆယ်တွင် အလုပ် လုပ်ကိုင်ရန်ပြောဆိုစည်းရုံး၍ ခေါ် ဆောင်သဖြင့် ကြူကြူမော်နှင့် မူမူစံ နှစ်ဦးလည်း ခင်ဖြိုးနှင့်တူးတူးမာတို့ နှင့်အတူရန်ကုန်မြို့သို့ လိုက်ပါသွားခဲ့ ကြသည်။

တစ်လခန့် အကြာဒီဇင်ဘာ ၂ ရက်တွင် မြင်းက ကုန်းကျေးရွာနေ ဒေါ်လှရီ၏ နေအိမ်သို့ တူးတူးမာထပ်မံ ရောက်ရှိလာပြီး ကြူကြူမော်ထံမှ မိခင်ဒေါ်လှရီအတွက် ငွေကျပ်နှစ်သိန်း ခြောက်သောင်းထည့် ပေးလိုက်ကြောင်း၊ မူမူစံ၏ မိခင်ထံသို့လည်း မူမူစံထံမှ ပေးလိုက်သော ငွေကျပ် သုံးသိန်းလာ ရောက်ပေးပို့သည်ဟုဆို၏။

ဒေါ်လှရီ ၏ သမီးကြူကြူမော်နှင့် မူမူစံတို့ အား တွေ့ဆုံ ဆက် သွယ်ပြောဆိုလိုပါ လျှင်ရန်ကုန်မြို့သို့လိုက်ပါ၍ အင်တာ နက်မှတစ်ဆင့် ဆက်သွယ်နိုင်ပါကြောင်း ပြောပြ၏။ ထို့ကြောင့်လည်း ဒေါ်လှရီက တူးတူးမာဆိုစကားကို ယုံကြည် လက်ခံပြီးသမီးကြူကြူမော်နှင့် အင်တာနက်မှတွေ့ဆုံနိုင်ရန် ဒီဇင်ဘာ ၄ ရက် ည ၇ နာရီက ဒေါ်လှရီသည် တူးတူးမာနှင့် အတူ ရန်ကုန်သင်္ဘောကို စောင့်ဆိုင်းနေကြ၏။

ထိုစဉ် မြင်းကကုန်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လူကုန်ကူးနေသူ တူးတူးမာရောက် ရှိနေကြောင်း သတင်းအရ ဒေါ်လှရီနှင့် တူးတူးမာတို့အား ရဲစခန်းတွင် ခေါ်ယူစစ်ဆေးရာ တူးတူးမာ၏ ဝန်ခံချက် အရ ကြူကြူမော်နှင့် မူမူစံတို့နှစ်ဦး ကိုတရုတ်ပြည် ပူစီမြို့နယ် ခေါနန်း ကျေးရွာ တရုတ်အမျိုး သားများ ထံသို့ ပို့ဆောင်ပေးပြီး တစ်ဦးလျှင် တရုတ် ယွမ်ငွေ ၃၃ဝဝဝ ဖြင့် ရောင်းစားခဲ့ ကြောင်း စစ်ဆေးသိရှိရသည်။

ထို့ကြောင့် ဒီဇင်ဘာ ၅ ရက် ည ၈ နာရီ မိနစ်၂ဝ တွင် ဒေါ်လှရီ၏ တိုင်တန်းချက်အရ မြင်းကကုန်းရဲစခန်းမှ (ပ) ၄ဝ/၂ဝ၁၂ လူကုန်ကူးတား ဆီးကာကွယ် ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်လှစ် ပြီး လူကုန်ကူးမှု ကျူးလွန်သူ တူးတူး မာအား ဖမ်းဆီးအရေးယူ ထားရှိကြောင်း သိရသည်။ ကျန်ရှိနေသည့် ခင်ဖြိုး ကိုလည်း ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Saturday, 15 December 2012
ဘိုကလေးမြို့နယ် မြင်းကကုန်းကျေး ရွာနေ ဒေါ်လှရီ ၅၃ နှစ် (ဘ)ဦးလှတင်၏ သမီးဖြစ်သူ ကြူကြူမော် ၃၅ နှစ် (ဘ) ဦးစိန်ထွန်းရီနှင့် သူငယ်ချင်း မူမူစံ ၃၅ နှစ်(ဘ) ဦးစံငြိမ် တို့နှစ်ဦးသည် နိုဝင် ဘာအတွင်းက ရန်ကုန်မြို့မှ ပြန်လာရာ လွန်ခဲ့သော ရှစ်နှစ်ခန့်က မြင်းကကုန်း ကျေးရွာမှ ထွက်ခွာသွားခဲ့သူ ခင်ဖြိုး ၂၂ နှစ် (ဘ)ဦးမြကြိုင်နှင့် တူးတူးမာ ၃၂ နှစ် (ဘ) ဦးကြည်ဝင်း တရုတ်ပြည် ပူစီမြို့နယ် နေသူတို့နှစ်ဦး လိုက်ပါလာကြပြီး ဒေါ်လှရီ နေအိမ်၌ တည်းခိုခဲ့ကြသည်။

Friday, December 14, 2012

တပ်မ (၇၇) အောက်ခြေစစ်သည်များ စားဝတ်နေရေး အကြပ်တွေ့နေ

(Photo: AFP)
မြို့တွင်း လုံခြုံရေး အစောင့်တာဝန်ကျ စစ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)


ပဲခူးတိုင်းအတွင်း အခြေစိုက်တဲ့ တပ်မ (၇၇) ရဲ့ တပ်ရင်းတွေမှာ အောက်ခြေ စစ်သည်တွေဟာ သူတို့  ရရှိတဲ့ လစာနဲ့ အခြေခံ ရိက္ခာ လုံလောက်မှု မရှိတဲ့ အတွက် စားဝတ်နေရေး ကြပ်တည်း ဆိုးဝါးနေတယ်လို့  စုံစမ်း သိရှိရပါတယ်။

လက်ပံတောင်း ဆန္ဒပြမှုအတွက် မန္တလေးတွင် ၄ ဦးကို ဖမ်းဆီး


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် စီမံကိန်းသပိတ် အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့တွင် သံဃာတော်များနှင့်အတူ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ (ဗကသ) အဖွဲ့မှ တချို့ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

လယ်သိမ်းပြီး စက်မှုဇုန် အဖြစ် ရောင်းစား ခဲ့ကြောင်း ဇေကမ္ဘာ ကုမ္ပဏီ ဝန်ခံပြီ

လယ်မြေများ သိမ်းယူပြီး စက်မူဇုန်အဖြစ် ရောင်းစားခဲ့ကြောင်း ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်က ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန် မင်္ဂလာဒုံတရားရုံး၌ ၀န်ခံပြောဆိုခဲ့သည်။
ဇေကမ္ဘာ ကုမ္ပဏီက မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ကုမ္ပဏီအား အသေရေညှိုးနွမ်း စေမှုဖြင့် တရားစွဲဆိုခဲ့သည့် အမှု ရုံးချိန်း စစ်ဆေးသည့် အချိန်တွင် ဦးမြင့်ဇော်က အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

အစိုးရ ပူးပေါင်းတပ်များ KIA ကို ယနေ့ နံနက် ထိုးစစ်ဆင်


........................................................................
သန်းထိုက်ဦး| December 14, 2012

ကချင်ပြည်နယ် လဂျားယန်ဒေသအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စခန်းများကို ယနေ့နံနက်တွင်အစိုးရ ပူးပေါင်း တပ်ရင်းများက ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် KIA က အမြင့်ဆုံး တပ်လှန့်ထားကြောင်း သိရသည်။

အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၃၈၈၊ ၃၈၃ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၄၀ ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် KIA လိုင်ဇာဌာနချုပ် အပါအ၀င် ရှေ့တန်းစခန်းများကို တပ်လှန့်ထားခြင်း ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

ထိုင်းရဲ

မြန်မာနိုင်ငံဟာချမ်းသာသောနိုင်ငံဟူ၍ကမ္ဘာကအသိပါသည်။ဘယ်လောက်ထိချမ်းသာသလဲဆိုရင်ထားဝယ်
မှထွက်သောသဘာဝဓာတ်ငွေ့မှရောင်းရသောသောဝင်ငွေသည်ပြည်သူတွေကိုတစ်လလျှင်တစ်သိန်းစီပေး
လို့နိုင်သည်တဲ့။ပြည်သူတွေကတော့ဆင်းရဲးလွန်း၍စီးပွားရေးအရထိုင်းနိုင်ငံတွင်လာရောက်အလုပ်ကိုင်စီးပွား
ရှာနေတယ်ဆိုတာလဲလူတိုင်းသိပါတယ်။နိုင်ငံတစ်နိုင်တွင်ပြည်သူတွေရဲ့အသက်အိုးစည်းစိမ်သည်။ပြည်သူရဲ
တွင်တာဝန်ရှိပါသည်။နိုင်ငံရဲ့ရန်ကိုကာ
ကွယ်ရာမှာစစ်သားတွေရဲ့တာဝန်ဖြစ်သည်။ထိုင်းနိုင်ငံကိုအစီးပွားရေးအရမြန်မာပြည်သားပေါင်းအနည်းမီူး
မီူးနှင့်ဝင်ရောက်လာကြသည်။တရားမဝင်ရောက်လာတော့၊ထိုင်းဥပဒေရရဲတွေဖမ်းပြီးမီမီနိုင်ငံကိုပြန်ပို့သည်။
ခူပ်နောင်သည်။ဥပဒေရလုပ်တော့လက်ခံနိုင်စရာပါ၊ထိုင်းရဲတွေဘတ်မရှိတော့ဖမ်းသည်ဘတ်မိတ္တူဟူ၍ဖမ်း
သည်။ဘတ်စစ်မပေးသောသူဌေးမဖမ်းပါ၊တရားမစွဲပါ။အလုပ်သမားတွေအသွတ်မီုးသွတ်ကာအခန်းကျင်း
တွေမှာထားတာတွေကိုတော့တရားမစွဲပါ။အလုပ်ငန်းခွင်သုံးကားတွေနှင့်အလုပ်သမားတွေကိုအကြိုအပို့
လုပ်တာတွေမြင်ပါလိပ်မည်။

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီ ပေးပါသည်


Legal Aid Project ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေ
များ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက်ပြစ်မူကျူးလွန်စော်ကားခံရသော(female survivos of gender based violence) အမျိုးသမီးများအတွက် အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲဥပဒေကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်

မိဒီယာကပဲနိုင်မလား ဇေကမ္ဘာကပဲနိုင်မလား


          ဇေကမ္ဘာ ကုမ္မဏီ၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူ ဒေါက်တာခင်ရွှေမှ The Hot News Weekly Journal 25-31 oet 2012 ထုတ်စာမျက်နှာ(၇)တွင် “ဘုရားဝတ္တကမြေပါဝင် လို့ ဇေကမ္ဘာ ကုမ္မဏီအား တရားစွဲဆို” ခေါင်းစီးသတင်းကိုရေးသားသူ သတင်းထောက်စိုးဝင်းနိုင်အား ရန်ကုန် တိုင်းဒေ သကြီးတရားလွှတ် တော်ရုံး၌ တရားရုံးများမထေမဲ့မြင်ပြုမှုဆိုင်ရာ ဥပဒေဖြင့် အရေးယူပေးရန် ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

Wednesday, December 12, 2012

လာဘ်စားမှုများကို ပြည်ထဲရေးဌာန ကိုင်တွယ်အရေးယူမည်


လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ အထောက်အထား အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ နိုင်ငံပိုင် သတင်းစာတွေကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဦးပိုင်အစ

ဦးပိုင်အစ

 

၁။        ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထိုအချိန်က န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့) အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက် (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း အမိန့် ကြော်ငြာစာ အမှတ် ၇/၉၀ ဖြင့် ကြေညာခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်းပြီး နောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့သည့် ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်သည်။

 

ဦးပိုင်စနစ်

 

၂။        "ဦးပိုင်" စနစ်ဆိုသည်မှာ မိမိအရင်းထက် အဆပေါင်းများစွာပိုသော လုပ်ငန်းကိုင်ငန်းများကို ဖြန့်ခွဲချုပ်ကိုင် သည့် လက်ဝါးကြီးအုပ်စနစ်ဖြစ်သည်။ စစ်တပ်ဦးပိုင်လီမိတက်သည် အထူးကုမ္ပဏီတခုအနေဖြင့် ၎င်းမှ အပြည့်အ၀ပိုင် ဆိုင်သော ကုမ္ပဏီများနှင့်ကုမ္ပဏီခွဲများသည် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကို ရရှိခံစားရမည်ဖြစ်သည်။ သို့သော် တွဲဖက်လုပ်ကိုင်သောကုမ္ပဏီများမှာမူ ဤအခွင့်ထူးကို မခံစားရချေ။

 

ဦးပိုင်လီမိတက်သည် သေးသေးမွှားမွှားလုပ်ငန်းနှင့် အရှုံးအမြတ်မသေချာသော လုပ်ငန်းမျိုးတွင် မပါဝင်ကြချေ။ဦးပိုင် သည် ဖရစ်ဝါနာ၊ ဒေ၀ူးတို့နှင့် ဖက်စပ်လုပ်ခြင်းဖြင့် ပွဲဦးထွက်ခဲ့သည်။ ယခု စစ်တပ်ဦးပိုင်လီမိတက်တွင် အစုရှယ် ယာဝင်များက ဒါရိုက်တာရွေးချယ်ခွင့်မည်သို့ရှိကြောင်း ရှင်းအောင် မကြေညာခဲ့ကြောင်း တွေ့ရှိရသည်။

 

ရည်ရွယ်ချက်

 

၃။        တရားဝင်ဖော်ပြထားသော ရည်ရွယ်ချက် (၄) ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

(က)     တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး။

 

(ခ)       စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး။

 

(ဂ)       ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး။

 

(ဃ)     နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး။

 

အမှန်တွင်မူ ဦးပိုင်လီမိတက်ကို န၀တ/နအဖ စစ်အုပ်စုက တည်ထောင်လိုက်သည့် ရည်ရွယ်ချက်ထဲတွင် စစ်တပ် အရာရှိကြီးများကသာ ထိပ်ပိုင်းမှ ချယ်လှယ်အကျိုးခံစားရရေး၊ တပ်သားများ၏လခကိုဖြတ်ပြီး အရင်းပြုကာ သွေးစုတ် ရေး စသည်တို့ အလိုလိုပါဝင်ပြီးဖြစ်နေသည်။ အောက်ခြေတပ်မှူးတပ်သားများ၏ဘ၀ကို အသေခံပဲစားဘ၀မှ မြှင့်တင် မည့်ရည်ရွယ်ချက် လုံးဝမပါဝင်ချေ။

 

ချုပ်ပြောရလျှင် စစ်အာဏာရှင်သက်ဆိုးရှည်ရေးနှင့် စစ်ဗိုလ်ချုပ် မိသားစုများ၏ ရာသက်ပန်အကျိုးစီးပွားအတွက် တိုင်းပြည်၏စီးပွားရေးအသက်သွေးကြောတခုလုံးအား အာဏာဖြင့် လက်ဝါးကြီးအုပ်ရန် ပြင်ဆင်လုပ်ကိုင်ခြင်းပင် ဖြစ် သည်။

 

 ဦးပိုင်ဖွဲ့စည်းပုံ

 

၎။        ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက်တွင် ဥေဿျှာင်အဖွဲ့ ဖွဲ့စည်းပုံနှင့် ဥက္ကဋ္ဌရုံး (ဒါရိုက်တာ အဖွဲ့) ဖွဲ့စည်းပုံဟူ၍  ဖွဲ့စည်းပုံနှစ်ခုရှိသည်။ ဥေဿျှာင်အဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မတော် ကာကွယ်ရေး ဦး စီးချုပ်)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်)၊ ဒုတိယဗိုလ်ချုပ်ကြီးမင်း အောင်လှိုင် (ကြည်း/ရေ/လေ ညှိနှိုင်းကွပ်ကဲရေးမှူး)၊ ဒုတိယဗိုလ်ချုပ်ကြီးဉာဏ်ထွန်း (ဦးစီးချုပ်-ရေ)၊ ဒုတိယဗိုလ် ချုပ်ကြီးမြတ်ဟိန်း (ဦးစီးချုပ်-လေ)၊ ဒုတိယဗိုလ်ချုပ်ကြီးသိန်းထိုက် (တပ်မတော်စစ်ဆေးရေးအရာရှိချုပ်)၊ ဗိုလ်ချုပ်လှ ရွှေ (တွဲဖက်စစ်ရေးချုပ်) တို့ ပါဝင်သည်။ ဥက္ကဌရုံး ဒါရိုက်တာအဖွဲ့တွင်  ယခင်က ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (ကက ထုတ်) ဖြစ်ပြီး ယခု ဗိုလ်ချုပ်ခင်ဇော်ဦး (စစ်ရေးချုပ်)၊ ဗိုလ်ချုပ်ဝင်းသန်း (ကက၀ယ်)၊ ကာကွယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးရုံးများမှ  ညွှန်ကြားရေးမှူးများ၊ အရာရှိချုပ်များ၊ ဒုတိယဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်မှူးကြီးများ ပါဝင်သည်။

 

ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက် လက်အောက်ရှိ လုပ်ငန်းများအား ဥက္ကဋ္ဌရုံး (ဒါရိုက်တာ)အဖွဲ့ဝင် ပါ ၀င်သော ဗိုလ်မှူးကြီးများ၊ ဒုတိယဗိုလ်မှူးကြီးများမှ မန်နေဂျင်းဒါရိုက်တာများ၊ ဒါရိုက်တာများအဖြစ် တာဝန်ယူဆောင် ရွက်သည်။

 

စီးပွားရေးဦးပိုင်တွင် တာဝန်ထမ်းဆောင်ကြသော ၀န်ထမ်း (အရာထမ်း/အမှုထမ်း) များ၏ လစာနှုန်းထားများမှာ-

 

စဉ်           ရာထူး                               လစာ                   (၁) ရက်ခံစားခွင့်

 

၁။        အငယ်တန်းစာရေး                               ၄၇၀၀၀                    ၁၈၀၀

 

 ၂။       အကြီးတန်းစာရေး                               ၅၃၀၀၀                    ၁၉၀၀

 

 ၃။       ဌာနခွဲစာရေး                                      ၆၀၀၀၀                    ၁၉၀၀၀

 

 ၄။       ရုံးအုပ်                                             ၇၀၀၀၀                    ၁၉၀၀

 

 ၅။       လက်ထောက်မန်နေဂျာ                         ၁၂၀၀၀၀                   ၂၅၀၀

 

 ၆။       မန်နေဂျာ                                         ၁၃၀၀၀၀                   ၂၅၀၀

 

 ၇။       လက်ထောက်အထွေထွေမန်နေဂျာ            ၁၇၀၀၀၀                   ၂၇၅၀

 

 ၈။       အထွေထွေမန်နေဂျာ                            ၁၈၀၀၀၀                   ၂၇၅၀

 

 ၉။       ဒါရိုက်တာ                                        ၁၉၀၀၀၀                   ၂၇၅၀

 

၁၀။      မန်နေဂျင်းဒါရိုက်တာ                            ၂၁၀၀၀၀                   ၂၇၅၀        

 

အငယ်တန်းစာရေးမှ ရုံးအုပ်အထိ ရာထူးများသည် အမှုထမ်းများဖြစ်ပြီး  လက်ထောက်မန်နေဂျာနှင့်အထက် ရာထူး များသည် အရာထမ်းများဖြစ်သည်။ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် လက်အောက်တွင် တာဝန်ထမ်းဆောင်သော အငယ်တန်းစာရေး၏ လစာမှာ (၄၇၀၀၀) ကျပ်နှင့် တလစားစရိတ်ငွေမှာ (၃၆၀၀၀) ကျပ် (ရုံးပိတ်ရက် ၈ ရက်မပါ)  စုစုပေါင်း ၈၃၀၀၀ ကျပ်ရရှိသဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီးများထက်ပင် လစာပိုများ နေပါသည်။

 

မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက်၏ ဥက္ကဌမှာ ဗိုလ်ချုပ်ခင်ဇော်ဦး၊ စီးပွားရေးဦးပိုင်လိမိတက်၏ မန်နေဂျင်းဒါရိုက် တာမှာ ဗိုလ်ချုပ်ဝင်းသန်းဖြစ်သည်။ စီးပွားရေးဦးပိုင်လိမိတက်၏ ဥက္ကဌရာထူးအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့၏ စိတ်ချရသောလူယုံများကိုသာ ထားလေ့ရှိသည်။ ဗိုလ်ချုပ်ဝင်းသန်းမှာလည်း ကက ၀ယ်မှဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မီးဖိုချောင်ကို ဖြည့်တင်းပေးနေရသော စပါးကျီနှင့် စတိုးဆိုင်ကြီး၏ မန်နေဂျာသဖွယ် ဖြစ်ပေသည်။

 

ဒုတိယ မန်နေဂျင်းဒါရိုက်တာမှာ ဒုတိယဗိုလ်မှူးကြီးသန်းထွန်း (DSA 17)၊ ယခင် ဒုတိယဗိုလ်မှူးကြီးမောင်မောင် (DSA 15)၏ နေရာဖြစ်သည်။ ၎င်း၏နေရာသည်လည်း ၀င်ငွေအလွန်ကောင်း၏။  ပစ္စည်းလျှောက်လွှာများအား ၎င်းမှ တဆင့် စီးပွားရေးဦးပိုင်ဥက္ကဌသို့ တင်ပြရသည်။ ဒုတိယဗိုလ်မှူးကြီးသန်းထွန်းသည် စီးပွားရေးဦးပိုင်၏ အုပ်ချုပ်ရေး ဌာန အကြီးအကဲလည်းဖြစ်သည်။ ၎င်းသည် အုပ်ချုပ်ရေး၊ စီမံရေး၊ ၀န်ထမ်းခန့်ထားရေးနှင့် ပစ္စည်းလျှောက်လွှာများ အား ကိုင်တွယ်ထားသည်။

 

ရင်းနှီးမြုပ်နှံမှု ပမာဏ

 

၅။ အစကနဦး အရင်းအနှီးပမဏမှာ ၁၉၉၀ ခုနှစ်ခန့်က ကျပ်ကုဋေတထောင် (သန်း ၁၀၀၀၀) ရှိသည်။ ဗမာပြည် သမိုင်းတွင် စတင်တည်ထောင်စလုပ်ငန်းတခုအဖို့ အကြီးမားဆုံးအရင်းအနှီးအဖြစ် စံချိန်သစ်တင်လိုက်သည်။

 

ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၇/၉၀၊ အပိုဒ် ၄၊၅၊၆ အရ အရင်းအနှီး၏ ၄၀% ကို ကာကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံးက ထည့်ဝင်ပြီး ကျန် ၆၀% ကို စစ်တပ်အသိုင်းအ၀ိုင်းများက ထည့်ဝင် သည်။

 

ကာကွယ်ရေးဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံး (ကကဝယ်) က ထည့်ဝင်သည့် ၄၀%၊ တနည်း ကျပ် ကုဋေ ၄၀၀ မှာ ပြည်သူ့ဘဏ္ဍာများဖြစ်သည်။အချုပ်ဆိုရသော် စစ်တပ်အ၀န်းအ၀ိုင်းက (တကယ်စင်စစ်အားဖြင့် စစ် တပ်ထိပ်သီးများက) ပိုင်ဆိုင်ခံစားကြမည့် ရင်းနှီးမြှုပ်နှံမှုကြီးအတွက် ပြည်သူလူထု၏ငွေ ကျပ်ကုဋေ ၄၀၀ ကို အတိုး မရှိ ဆွဲသုံးလိုက်ခြင်းဖြစ်သည်။

 

ကျန် ၆၀% ကို စစ်မှုထမ်းဆဲ နှင့် အငြိမ်းစားတပ်မတော်အရာရှိများ၊ စစ်မှုထမ်းဟောင်းအုပ်စုများ အပါအ၀င် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းနှင့် မိတ်ဆွေအဖွဲ့များက  ပိုင်ဆိုင်မည်ဖြစ်သည်။

 

တိုးပွားလာသည့်အရင်းအနှီးများ

 

၆။ ၂၀၀၇ ခုနှစ်တွင် ဦးပိုင်၌ authorized capital (တရားဝင်သတ်မှတ်သည့်ငွေရင်း-ကုမ္ပဏီက ထုတ်ပေးမည့် အစု ရှယ်ယာများ၏တန်ဖိုး)မှာ ကျပ်သန်းပေါင်း (၄၀,၀၀၀) နှင့် allotted capital (ခွဲဝေသတ်မှတ်ပေးအပ်ပြီးသောအရင်း) ကျပ်သန်းပေါင်း (၃၉,၀၀၀) ရှိသည်။ ဤအထဲတွင် (ကကန) က ကျပ်သန်း ၈၀၀ ကျော် နှင့် ကကဝယ်က ကျပ်သန်း ၃၃၀၊ လက်ရှိစစ်မှုထမ်း ၃ သောင်းခွဲက ကျပ်သန်း ၁၉၀၀ ကျော်၊ တပ်ရင်းတပ်ဖွဲ့ ၁၅၀၀ ခန့်က ကျပ်သန်း ၃ သောင်း ၃ ထောင်ကျော်၊ အငြိမ်းစားစစ်မှုထမ်း ၆၀၀၀ ကျော်က ကျပ်သန်း ၁၂၀၀၊ စစ်မှုထမ်းဟောင်းအဖွဲ့များက ကျပ်သန်း ၄၀၀ ကျော် ပါဝင်သည်။

 

ဦးပိုင်သို့ထည့်ဝင်ရမည့် ငွေကြေးအချိုးအစားအရ တပ်ကြီးဆိုရင် သိန်း (၁၀၀၀)၊ တပ်ရင်း/ တပ်ဖွဲ့အဆင့် တပ်လတ် ဆိုရင် သိန်း(၃၀၀) မှ (၅၀၀)၊ တပ်ငယ်ဆိုရင် သိန်း (၂၀၀)  မဖြစ်မနေ ရည်မှန်းချက်ထား၍ သတ်မှတ်ကာလတခု အတွင်း စုဆောင်းထည့်ဝင်ရမည်ဟု ညွှန်ကြားချက်ရှိခဲ့သည်။ ဤငွေများကို တပ်ရင်းတပ်ဖွဲ့များက ကိုယ့်အစီအစဉ်နှင့် ကိုယ့်နည်းလမ်းအမျိုးမျိုးဖြင့် ရှာကြရသည်။

 

အမြတ်အစွန်းများ

 

၇။ ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်တနှစ်အတွင်း ဦးပိုင်လီမိတက်သည် အမြတ်ငွေ ကျပ်သန်းပေါင်း ၅ သောင်းခန့် ရှာဖွေ နိုင်ခဲ့သည်။ ဦးပိုင်လီမိတက် ကုမ္ပဏီအားလုံးပေါင်းလိုက်လျှင် ဒီ့ထက်များသည်။ ၁၉၉၅-၉၆ ဘဏ္ဍာရေးနှစ်ကမူ ၃၀% အမြတ်ငွေပြန်ရခဲ့သည်။

 

သို့သော် သိန်း ၁၀၀၀ အောက်ရှယ်ယာဝင်ထားသည့် တပ်ဖွဲ့များအတွက် တနှစ်လျှင် (၁၂%) အမြတ်ငွေခွဲပေးသည်။ သိန်း ၁၀၀၀ နှင့်အထက် ရှယ်ယာဝင်ထားလျှင်မူ ၂.၅% သာ အမြတ်ခွဲပေးသည်။ ဤအမြတ်ငွေကို သက်ဆိုင်ရာ တပ်မှူးက မိမိ၏တပ်ရင်းတပ်ဖွဲ့အတွက် လိုအပ်သလိုသုံးစွဲနိုင်သည်။ ဥပမာ ယူနီဖောင်း၊ မူကြိုကျောင်း၊ စစ်ဖိနပ် စသဖြင့်။ သို့သော် လွန်ခဲ့သည့် ၅ နှစ်ကတည်းက တပ်ရင်းတပ်ဖွဲ့များသို့ ပေးရမည့်အမြတ်ငွေများအား မပေးတော့ဘဲ ပြန်လည်ရင်းနှီးမြှုပ်နှံရန်အတွက် ထားရှိကြောင်း သိရသည်။

 

အချို့တပ်ရင်းတပ်ဖွဲ့များမှာ စီးပွားရေးကြပ်တည်းမှုကြောင့် အချိန်မှီပေးသွင်းရန်ခက်ခဲနေရာမှ တပ်မတော်သားတို့၏ ဘဏ်စုငွေများကို လက်လှည့်ယူငင် ပေးသွင်းမှုများ လုပ်ခဲ့ကြသည်။ တပ်မတော်သားတို့ကလည်း စီးပွားရေးအခက် အခဲကြောင့် ဘဏ်စုငွေများ ပြန်ထုတ်လိုသည့်အခါ မပေးနိုင်ဖြစ်ပြီး တပ်တွင်းအမိန့်ဖီဆန်မှုများ ပေါ်ခဲ့သည်။ ဥပမာ-တပ်မ ၁၁။ ဘဏ်စုငွေများကို ဦးပိုင်အတွက် ခေါင်းစဉ်ပြောင်းသုံးမှုအပြင် တပ်မှူးနှင့်တပ်ထောက်တို့က အလွဲသုံးစားမှု များကြောင့်လည်း တပ်တွင်းမကျေနပ်မှု ဖီဆန်မှုများ ပေါ်ခဲ့သည်။ ဦးပိုင်မှရသည့်အမြတ်ငွေများကို အလွဲသုံးစားမှုများ လည်း ရှိလာသည်။

 

  ဦးပိုင်လုပ်ငန်းများ

 

၈။        ဦးပိုင်၏လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည် (၂၀၀၇ စာရင်း)-

 

- ဦးပိုင်က အပြည့်အ၀ပိုင်သည့်လုပ်ငန်း။        ၃၅ ခု

 

- ဦးပိုင်နှင့်ဖက်စပ်ပိုင်လုပ်ငန်း။                  } ၇ ခု

 

- ဦးပိုင်နှင့်တွဲဖက်လုပ်ကိုင်နေသည့်လုပ်ငန်း။}

 

- ဦးပိုင်၏လုပ်ငန်းခွဲများ။                           ၉ ခု

 

- ဦးပိုင်နှင့်ချိတ်ဆက် (သို့မဟုတ်) ဦးပိုင်မှ ဘဏ္ဍာငွေထောက်ပံ့ထားသည့် စီမံကိန်းများ ဟူ၍ ခွဲခြားနိုင်သည်။

 

အချုပ်ဆိုရသော် ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက်တွင် ရာနှုန်းပြည့်ထောက်ပံ့ထားသော ကုမ္ပဏီလုပ် ငန်းများ နှင့် အကျိုးတူဖက်စပ်ကုမ္ပဏီလုပ်ငန်းများ ဟူ၍ နှစ်မျိုးရှိသည်။

 

လုပ်ငန်းအမျိုးအစားများမှာ ကျောက်မျက်ရတနာတူးဖော်ရေး၊ရွှေသတ္ထုတူးဖော်ရေး၊ ခဲသတ္တုတူးဖော်ရေး၊ အထည်ချုပ် စက်ရုံ၊ သစ်နှင့်သစ်အခြေပြုလုပ်ငန်း၊ စားသောက်ကုန်နှင့်အဖျော်ယမကာလုပ်ငန်း၊ ကုန်သွယ်ရေး၊ ကုန်တိုက်ကြီး များ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြေးနန်းဆက်သွယ်ရေးနှင့် လျှပ်စစ် ပစ္စည်း၊ ကွန်ပျူတာ၊ ဆောက်လုပ်ရေး၊ ခြံမြေအရောင်းအ၀ယ်၊ သံမဏိစက်ရုံ၊ ဘိလပ်မြေထုတ်လုပ်ရေး၊ ဆီအုန်း စိုက်ပျိုးရေး၊ သကြားစက်၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ မော်တော်ကားစက်ရုံ၊ အလှကုန်နှင့် စာရေးကိရိယာဆိုင်များ စသည်တို့ ပါဝင်သည်။

 

ကုမ္ပဏီအမည်များ

 

မြန်မာ့ပတ္တမြားလုပ်ငန်း၊  World Precious Gem Co. Ltd.၊ နီလာရိုးမကုမ္ပဏီ၊ အာရှအဖိုးတန်ကျောက်မျက် ကုမ္ပဏီလီမိတက်၊ မြန်မာစည်သူရတနာကုမ္ပဏီ၊ ဇော်ဇော်ကုမ္ပဏီ၊ ရှမ်းရိုးမ ကုမ္ပဏီ၊  ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်း (မိုးကုတ်-မိုင်းရှူး-နန်းယား)၊ သပိတ်ကျင်း ရွှေသတ္ထုတူးဖော်ခြင်းလုပ်ငန်း၊  မော်ချီး ခဲသတ္တုတူးဖော်ခြင်း လုပ်ငန်း။ မြန်မာ အင်ပီရီယယ်ဂျိတ် ကုမ္ပဏီ လိမိတက်၊ ရှယ်ယာမိသားစုကုမ္ပဏီ လီမိတက်၊ Gold Gade Gems Co.၊ နီလာရိုးမ ကုမ္ပဏီလီမိတက်၊ ဆားမှော်ကျောက်စိမ်းတူးလုပ်ငန်း၊  ကျောက်စိမ်း ကျောက်မျက်ရတနာ အချောထုတ်လုပ်ခြင်းလုပ်ငန်း။ Myanmar Jade International (ကျောက်စိမ်းရောင်း (ဟောင်ကောင်))၊ ပျဉ်းမပင်စက်မှုဇုံ။

 

အထည်ချုပ်စက်ရုံများ

 Myanmar Segye International Ltd., Myanmar Daewoo International Ltd., Myanmar Unimix International Ltd, Hwa Fhu International Ltd.

 

မြန်မာ့မြေယာနှင့်ဖွံ့ဖြိုးရေးလီမိတက်

စက်မှုလုပ်ငန်းဆိုင်ရာ အိမ်ခြံမြေဆောက်လုပ်ရေး လုပ်ငန်း၊  Rothmans of Pall Mall Myanmar Pte. Ltd.

 

Red Ruby စီးကရက်စက်ရုံ၊ ဒူးယားစီးကရက်စက်ရုံ (ပခုက္ကူ)၊ မြ၀တီကုန်သွယ်ရေးကုမ္ပဏီ? စီးကရက်ဖြန့်ဖြူးရေးလုပ်ငန်း၊ ဘီယာဖြန့်ဖြူးရေး လုပ်ငန်း၊ စားသုံးဆီ၊ ဓာတ်ဆီ၊ ဒီဇယ်၊ မော်တော်ကား၊ သံမဏိ တို့တင်သွင်းခြင်းလုပ်ငန်း၊ ပဲနှင့်ပဲမျိုးစုံ၊ အဝတ်အထည်၊ ကျောက်မျက်ရတနာ၊ စီးကရက်နှင့် ဘီယာဗူးများ တင်ပို့ခြင်း လုပ်ငန်း၊ နိုင်ငံခြားငွေလဲလှယ်မှုလုပ်ငန်း မြဝတီဘဏ်

 

 ဗန္ဓုလသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ပါရမီပို့ဆောင်ရေး၊ ရှမ်းမလေး၊ ရွှေမန်းသူ၊ ပုသိမ်သူ၊  ဘတ်စ်ကားလိုင်းလုပ်ငန်း၊ အဝေးပြေးခရီးသည် လုပ်ငန်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ မြ၀တီခရီးသွားလုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ န၀ဒေးဟိုတယ်နှင့် ခရီးသွား လီမိတက်၊ Central Hotel, Ngwe Saung Beach Hotel, Mogok Motel, န၀ဒေး ဟိုတယ်နှင့်ခရီးသွား အေဂျင်စီ၊ ဟော်တယ်နှင့် ခရီးသွားလုပ်ငန်း

 

မြန်မာဘရူဝါရီလီမိတက်၊ Singapore – Fraser & Neave ကုမ္ပဏီ၊ ဘီယာနှင့် အရက်ချက်လုပ်ငန်း(မြန်မာဘီယာ၊  အေဘီစီစတောက်ဘီယာ၊ တိုက်ဂါးဘီယာ)၊ Myanmar Posco Steel Co. Ltd.၊ တောင်ကိုရီးယား ပိုဟွန်နှင့်သံမဏိ ကုမ္ပဏီ၊ Myanmar Nouveau Steel Co. Ltd.(သွပ်ပြားလုပ်ငန်း)၊ Myanmar Nouveau Co Ltd (ကျောက်မျက်အချောထည်ပစ္စည်းများ ထုတ်လုပ်ရေး)၊  Myanmar Cement Co.,  Indonesia – P.T. Semen Cibninong & P.T. Prima Comexindo

ဘိလပ်မြေထုတ်လုပ်ရေး(ဆင်မင်းဘိလပ်မြေစက်ရုံ၊ ကျေက်ဆည်)

 

ဟံသာဝတီ ဂေါက်ကွင်းနှင့် မြို့တော်ကလပ်၊ ပဲခူးဒေသ ဟော်တယ်နှင့် ဂေါက်ကွင်းလုပ်ငန်း၊ Mercury Manufacturing Co. Ltd. (ပလပ်စတစ်ပစ္စည်းများ ထုတ်လုပ်ခြင်း)၊ 

 

Myanmar Samgong Industrial Co. Ltd., South Korea -  Samgong Industrial Co. (ရာဘာလှေထုတ်လုပ်ရေး)၊ Korean Gas Company with Daewoo (ဓာတ်ငွေ့)၊

Mamee Double Decker Ltd. (မလေးရှား-မာမီးကုမ္ပဏီ)၊ အော်တိုခေါက်ဆွဲထုပ်လုပ်ငန်း၊ Myanmar Tokiwa Corporation (ခဲတန်နှင့်အလှကုန် ပစ္စည်းများ ထုတ်လုပ်ရေး)၊ Myanmar Kurosawa Trust Co. Ltd. (လက်ဝတ်ရတနာလုပ်ငန်း)၊ Diamond Dragon Co. Ltd., Berger Paints Manufacturing Ltd., Singapore – Berger International

အိမ်သုတ်ဆေးထုတ်လုပ်ရေး

 

The First Automotive Co. Ltd., Isuzu, Mitsugi (မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း)၊ Suzuki (မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေးလုပ်ငန်း)၊  Myanmar Forward Support Co. စင်္ကာပူ– SKS Marketing Pte. (ကုန်သွယ်ရေးနှင့်ကုန်ပစ္စည်းတင်ပို့ လွှဲပြောင်းရေး)၊ NTCY Fair Price Cooperative Ltd (ကုန်တိုက်ကြီးများနှင့်ကုန်ပစ္စည်းများ တင်သွင်းရေး)၊ 

 

မြန်မာရာဘာဝုဒ် ကုမ္ပဏီလိမိတက်၊ သစ်အချောထည်လုပ်ငန်း(မော်လမြိုင်)၊ တော်ဝင် ပလပ်စတစ် ရက်ထည်အိပ် စက်ရုံ၊၊ တော်ဝင်ပလပ်စတစ် လူသုံးကုန်စက်ရုံ၊ ပီနံအိတ်လုပ်ငန်း၊ ပလပ်စတစ်ပစ္စည်းလုပ်ငန်း (ကျောက်ဆည်)၊ ဂရင်းနိုက် ကျောက်ပြား စက်ရုံကျောက်ပြားလုပ်ငန်း(ကျောက်ဆည်)၊

 

ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်း ကုမ္ပဏီ၊ ကြက် ငါး ပုဇွန်မွေးမြူရေးနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ငှက်သိုက် ထုတ်ယူခြင်း လုပ်ငန်း၊ ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်း၊

 

မြန်မာ နာနတ်ရည်လုပ်ငန်း(ပဲခူး)၊ ဆာလဖြူရစ် အက်စစ်စက်ရုံ(မုံရွာ)၊ သကြားစက်ရုံ (ဥက္ကံ)၊ (အင်းငါးခွ)၊ ပဒုမ္မာဆပ်ပြာစက်ရုံ(ပေါင်)၊ မြ၀တီ သောက်ရေသန့်လုပ်ငန်း၊

 

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း

 

၉။        မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (မစက)သည် စစ်တပ်မှ စီမံခန့်ခွဲလုပ်ကိုင်သည့် စီးပွားရေးအဖွဲ့အစည်း နောက်တခု ဖြစ်သည်။ ၎င်းသည် တပ်မတော်၏အလျှို့ဝှက်ဆုံး စီးပွားရေးအဖွဲ့အစည်းတခု ဖြစ်ကောင်းဖြစ်မည်။ ၁၉၈၉ ခု မတ်လတွင် န၀တ အစိုးရသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ဤဥပဒေအရ စီးပွားရေး လုပ်ငန်း ၁၂ ခုကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် အစိုးရ၌သာ အခွင့်အရေးရှိသည်၊ သို့သော် တခြား လူပုဂ္ဂိုလ် သို့မဟုတ် တခြားအဖွဲ့အစည်းတခုခုနှင့် ဖက်စပ်လုပ်ကိုင်နိုင်သည်ဟု ဖော်ပြပါရှိသည်။

 

၁၉၉၇ ခု မတ်လတွင် နိုင်ငံတော်မှ ငွေကြေးမထည့်ဝင်ဘဲ ဝန်ထမ်းအဖွဲ့အစည်းတခုခုက အဆိုပါလုပ်ငန်းများကို လုပ် နိုင်သည်ဟု ဥပဒေကိုပြင်ဆင်ပြီးနောက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ထူထောင်ခဲ့သည်။ တရားဝင်ထုတ်ပြန် သည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးရန်အလို့ငှာ တပ်မတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြင့် ကာကွယ်ရေးအသုံးစရိတ် လျှော့ချရန်၊ တပ်မတော်စစ်မှုထမ်းများ၏ သက်သာချောင်ချိရေးကို လုပ်ဆောင်ရန်နှင့် တပ် မတော်အတွက် အခြားလိုအပ်သော ကိစ္စရပ်များအကောင်အထည်ဖော်ရန် ဟူ၍ဖြစ်သည်။ (မစက) ကို စစ်ထောက် ချုပ် ဗိုလ်ချုပ်ဝေလွင် ရုံးအောက်တွင်ထားရှိသည်။ (မစက) ၏ ကနဦးရင်းနှီးမြှုပ်နှံမှုမှာ ကျပ်ငွေ (၁၀) ဘီလျံရှိသည်။

 

စက်ရုံများ

 

သံမဏိစက်ရုံ (အောင်လံ) (မြောင်းဒကာ) (အင်းစိန်ရွာမ) (မြင်းခြံ)၊ ဘိလပ်မြေစက်ရုံ (မြိုင်ကလေး) (ကျောက် ဆည်)၊ စကျင်ကျောက်ပြားစက်ရုံ (မန္တလေး)၊

ဂရင်းနိုက်ကျောက်ပြားစက်ရုံ (လွိုင်ကော်)၊ အောက်ဆီဂျင်စက်ရုံ (ရန်ကုန်)၊ သကြားစက်ရုံ (ကန့်ဘလူ) (တောင်စဉ်အေး) (အောင်လံ) ၊ မက်သနောစက်ရုံ (ကန့်ဘလူ)၊ အမိုးပြားစက်ရုံ (အင်းတကော်)၊ ရန်ကုန်ဆေးဝါးစက်ရုံ (မှော်ဘီ)၊ ဒဂုံဘီယာချက်စက်ရုံ (ရွှေပြည်သာ)၊ SIGMA ဝါယာစက်ရုံ (လှိုင်သာယာ)၊ ကျောက်မီးသွေးစက်ရုံ (မောတောင်)၊ ဂေါဒန်မိုင်း (သီပေါ) (ထုံးဘို)၊ သစ်အချောကိုင်စက်ရုံ (စစ်ကိုင်း)၊

 

အင်းဝဘဏ်၊ အင်းဝထရေးဒင်း၊ မြန်မာ အပြည်ပြည်ဆိုင်ရာအာမခံ ကော်ပိုရေးရှင်း၊

 

ရတနာချင်းတွင်းသတ္တုတွင်းကုမ္ပဏီ၊

 

Northern Star Minerals Production & Trading Co., Ltd.၊ (သင်္ဘောဖျက်စက်ရုံ (သီလဝါ))၊  ကုန်စည်ခန့်ခွဲခြင်းလုပ်ငန်း (ရန်ကုန်)၊ Tyazhpromexport Co., Ltd., Daniele Corp,  Italian-Thai Corp., Daewoo International Corp., Myanmar Hyosing Corp. (SK Network Corp.), Hyosung Singapore Pte. Ltd., Kawasaki Plant Systems Ltd., Sinaran Corp., Grade Nine Co., Ltd., Myanmar Tractors Ltd., YMCC Yunnan, K-Y Kyaw Kyaw Co., Ltd., Zuri Co., Ltd., Moon Ray Co., Ltd., VSV Asia Co., Ltd., Superium Enterprise Co., Ltd., JFE Co., Ltd., Marubeni Co., Ltd., Sojit Co., Ltd., Polyice Co., Ltd, GMT Co., Ltd., Golden Star Co., Ltd., PEG Co., Ltd., Diethelm Co., Ltd., MCM Chem Tech Co., IE Petroleum Products Co., Ltd., Flying Sun Moon Co., Tractors World Co. KSS,  ဒဂုံဝင်းဝင်း၊ သံလွင်၊ မြန်မာကိုင်ဒို၊ ငွေဆင်

 

သံမှို တံတားဘောင် သံဆူးကြိုး သံရိုင်း ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းကုန်သွယ်ရေးလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ စက်မှုထုတ်ကုန်ထုတ်လုပ်ရေးလုပ်ငန်းနှင့်ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ထုတ် လုပ်ရေး၊ ဟော်တယ်လုပ်ငန်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ သွင်းကုန်-ထုတ်ကုန်လုပ်ငန်း၊

 

အခြားစီးပွားရေးလုပ်ငန်းများ

 

၁၀။ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး တို့ကလည်း တရားဝင်စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသည်။

 

ကကနက်၊ ကကပံ့၊ ကကပြည်၊ တပ်မတော် ချည်မျှင်စက်ရုံ (မိတ္ထီလာ)၊ တပ်မတော် အထည်ချုပ်စက်ရုံ (မင်္ဂလာဒုံ)၊ တပ်မတော် မိုးရေကာဖျင်စက်ရုံ (သမိုင်း)၊ တပ်မတော် ရှူးဖိနပ်စက်ရုံ (သမိုင်း)၊ တပ်မတော်ချည်မျှင်စက်ရုံ (သမိုင်း)၊တပ်မတော်ဘောလုံးစက်ရုံ (မှော်ဘီ)၊ တပ်မတော်သတ္ထုပစ္စည်းစက်ရုံ(အုတ်ကျင်း)၊ တပ်မတော် သားရေစက်ရုံ (မန္တလေး)၊ တပ်မတော် ဆေးဝါးစက်ရုံ (မှော်ဘီ) ၊ တပ်မတော် လ္ဘက်စက်ရုံ (နမ့်ဆန်) (သံတောင်) (ရန်ကုန်)၊ တပ်မတော်စည်သွပ်စက်ရုံ (မန္တလေး)(သံတွဲ)၊ တပ်မတော်  ပုဇွန်ငါးပိနှင့်ငါးချဉ်စက်ရုံ (မှော်ဘီ)၊ တပ်မတော်ဘီစကွတ်နှင့်ခေါက်ဆွဲစက်ရုံ(မှော်ဘီ)၊ တပ်မတော်ရမ်စက်ရုံ (ရွှေပြည်သာ)၊ တပ်မတော်ဂျုံမှုန့်စက်ရုံ (သြဘာ)၊ ပျဉ်းမပင် နို့ထွက်ပစ္စည်းစက်ရုံ၊

 

မြဝတီပုံနှိပ်တိုက်၊ မြဝတီရုပ်သံ

 

၁၁။      အဆင့်အသီးသီးရှိ တပ်ရင်းတပ်ဖွဲ့များသည် စီးပွားရေးလုပ်ငန်းများတွင် ဆက်လက်ပါဝင် လုပ်ကိုင်နေကြ သည်သာမက တိုးချဲ့၍ပင် လုပ်ကိုင်နေကြသည်။ အောက်ခြေအဆင့်တပ်ဖွဲ့များ၌ စားသောက်ဆိုင်လုပ်ငန်းနှင့် အခြား အိမ်တွင်းမှုလုပ်ငန်း စသည့် သာမန်စီးပွားရေးလုပ်ငန်းများအပြင်၊ အချို့တပ်ရင်းများသည် ရေခဲစက် သို့မဟုတ် ကုန်း လမ်းသယ်ယူပို့ဆောင်ရေး စသည့် အငယ်စားလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသည်။ တပ်ပိုင်အဆောက်အဦး၊ လျှပ်စစ်ဓာတ်အားသာမက ကုန်တင်ကားများကိုပင် စီးပွားရေးလုပ်ငန်းအတွက် ငှားရမ်းသည့်ကိစ္စ အများအပြား ရှိ သည်။

 

၁၂။      သို့သော် အကျိုးခံစားခွင့်ရရှိသည့် တပ်ရင်းတပ်ဖွဲ့များအကြား နေရာအတော်များများ၌ ကွာဟမှုရှိပုံပေါ်သည်။ ထောက်ပံ့မှုများတွင် အဆမတန်ကွာဟမှုရှိသည်။ တချို့တပ်ရင်းတပ်ဖွဲ့များသည် လစဉ်ထောက်ပံ့ငွေ အတော်အတန် ကောင်းမွန်စွာပေးနိုင်ပြီး အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသများရှိ တပ်ရင်းတပ်ဖွဲ့များမှာမူ ငွေသားထောက်ပံ့မှုမှာ အနိမ့်ဆုံးလိုအပ်ချက် ဖြည့်ဆီးနိုင်ရန်ပင်ခက်ခဲလှသည်။ ၂၀၀၀ ခုနှစ်တွင် ၁၅၀၀ ကျပ်မျှသာ ထောက်ပံ့နိုင်ပြီး ၂၀၀၃ ခုနှစ်တွင် ကျပ် (၃၀၀၀) သာ ထောက်ပံ့နိုင်သည်။

 

ဤဖြစ်ရပ်များမှာ အဖွဲ့အစည်း စည်းလုံးညီညွတ်မှုကို စတင်ခြိမ်းခြောက်နေပြီး၊ တပ်ရင်းဘားတိုက်များတွင် လိုင်စင်မဲ့ ကားများထားပေးခြင်း သို့မဟုတ် စစ်ထရပ်ကားများဖြင့် မှောင်ခိုကုန်များသယ်ယူပေးခြင်း စသည့် ဥပဒေပြင်ပစီး ပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရန် တပ်ရင်းတပ်ဖွဲ့များကို အားပေးနေခြင်းလည်း ဖြစ်သောကြောင့်၊ တပ် မတော်ခေါင်းဆောင်ပိုင်းများက တသီးပုဂ္ဂလစီးပွားရေးလုပ်ငန်းများ ရပ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။

 

၁၃။      "၀န်ကြီးဌာနများနှင့်ဦးစီးဌာနများသည် ၀န်ထမ်းသက်သာချောင်ချိရေးအကြောင်းပြပြီး ရံပုံငွေရှာဖွေရန် အတွက် စီးပွားရေးလုပ်ငန်းများ ဖွဲ့စည်းရတော့မည်မဟုတ်။ ၂၀၀၃ ခုနှစ်ဒီဇင်ဘာလမှစ၍ ၀န်ထမ်းအားလုံးအတွက် အစိုးရက တဦးလျှင် ကျပ် ၅၀၀၀ လစဉ်အပိုဆောင်းငွေပေးထားပြီးဖြစ်သည့်အတွက် ဤနှစ်ကုန်တွင် စီးပွားရေး လုပ်ငန်းအားလုံး ရပ်ဆိုင်းကြရန်" ဟု ၂၀၀၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့၊ ကက်ဘိနက်အစည်းအဝေး၌၊ ဗိုလ် ချုပ်မှူးကြီးသန်းရွှေက လမ်းညွှန်ချက်ပေးခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းများမှလွဲ၍ စီးပွားရေးလုပ်ငန်းအားလုံးနှင့် တပ်ရင်းရံပုံငွေနှင့်ဆက်စပ်သည့် တရားဝင်ပိတ်ပင်ထားသည့်လုပ်ငန်းများကို ၂၀၀၄ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် အဆုံးသတ်ရန် ဒီဇင်ဘာလတွင် ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်တပ်ရင်းတပ်ဖွဲ့အားလုံးသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ဤအမိန့်သည် စီးပွားရေးလုပ်ငန်းအချို့အား ၀န်ကြီးဌာနများ သို့မဟုတ် အဖွဲ့အစည်းအသီးသီးသို့ လွှဲပြောင်းပေးရန်နှင့် မလွှဲပြောင်းသည့်လုပ်ငန်းများအားလုံး ဖျက်သိမ်းပစ်ရန် ဖြစ်သည်။

 

 မြန်မာ့စီပွါးရေးဦးပိုင်လီမိတက်နှင့်နိုင်ငံတော်ဘဏ္ဍာ

 

၁၄။ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီအဖွဲ့ဝင် နှင့်ကာကွယ်ရေးပစ္စည်း ထုတ် လုပ်ရေးအရာရှိချုပ်) မြန်မာ့စီပွားရေးဦးပိုင်လီမိတက်၏ဥက္ကဋ္ဌ တာဝန်ယူပြီးနောက် ၂၀၀၂ ခုနှစ်ကစ၍ သဘာဝ ဓာတ်ငွေ့မှ အမေရိကန်ဒေါ်လာငွေ ၅ ဘီလီယံခန့် (သန်း ၅၀၀၀) ထိုင်းနိုင်ငံအစိုးရထံမှ အတိုးရောအရင်းပါရရှိခဲ့သည်။ နောက်ပိုင်းလည်း နှစ်စဉ်ပုံမှန်ရရှိခဲ့ပါသည်။ ရရှိသောငွေများကို ထိုင်းနှင့်စင်္ကာပူရှိ မြန်မာသံရုံးများ၏ သံတမန် အခွင့် အရေးအောက်တွင် သီးခြားဘဏ်ငွေစာရင်းများဖွင့်၍ သဘာဝဓာတ်ငွေ့မှရသောငွေများကိုသွင်းရသည်။ အဆိုပါသီး သန့်ဘဏ်ငွေစာရင်းများကို ထိပ်တန်းလျှို့ဝှက်အဆင့်သတ်မှတ်ကာ မြန်မာ့စီပွားရေးဦးပိုင်လီမိတက်၏ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေးမှ တာဝန်ယူရသည်။

 

အဆိုပါဘဏ်ငွေစာရင်းများမှ စစ်တပ်နှင့်ပတ်သက်၍ လေယာဉ်များအပါဝင်အဆင့်မြင့်လက်နက်ကြီးငယ်များ၊ အနုမြူ နှင့်ဒုံးလက်နက်ကိစ္စများကို မြန်မာ့စီပွားရေးဦးပိုင်လီမိတက်က စစ်တပ်အတွက် ဝယ်ယူပေးရသည်။ သုံးစွဲခွင့်အမိန့် အာဏာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှပေးကာ ချက်လက်မှတ်ကို ဒုတိယဗိုလ်ချုပ်ကြီးတင်အေးက ထိုးပေးရပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အဆိုပါဘဏ်ငွေစာရင်းများမှ လွှဲပြောင်းပေးသည်။  ထို့ကြောင့် နိုင်ငံတော်ဘဏ္ဍာကို မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်က ထိမ်းထားသည့်သဘောဆောင်သည်။ တနည်းဆိုရသော် မြန်မာ့စီပွားရေးဦးပိုင်လီမိတက် သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထင်သလို ငွေကိုသုံးနိုင်ရန် စာရင်းစစ်၍မရသော အဖွဲ့စည်းတခုဖြစ်နေပြီး စစ်တပ်ကို ကျောထောက်နောက်ခံပြုထားသော စီးပွားရေးလက်ကိုင်ဒုတ် တခုလည်း ဖြစ်သည်။

 

မောင်တင့်တယ်

 

မှတ်ချက်၊ ဂါမဏိ facebook မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
ဦးပိုင်အစ
၁။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထိုအချိန်က န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့) အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနကြ
ပည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက် (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း အမိန့် ကြော်ငြာစာ အမှတ် ၇/၉၀ ဖြင့် ကြေညာခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်းပြီး နောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့သည့် ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်သည်။