Wednesday, August 13, 2003

ကုလ လူ့အခွင့်ရေး ကိုယ်စားလှယ်၏ သဘောထား ကို ရခိုင်ပါတီ တုံ့ပြန် ဝေဖန်


ကုလ လူ့အခွင့်ရေး ကိုယ်စားလှယ်၏ သဘောထား ကို ရခိုင်ပါတီ တုံ့ပြန် ဝေဖန်

ရန်ကုန် သြဂုတ် ၁၃

ရခိုင်ပြည်နယ်အတွင်း ဆူပူ အကြမ်းဖက်မှုများနှင့် ပတ်သတ်၍ သွားရောက် လေ့လာခဲ့သော မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနား နှင့် ပတ်သက်၍ ရခိုင် တိုင်းရင်းသားများ၏ သဘောထားကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) စစ်တွေ ဗဟိုက သြဂုတ်လ ၁၂ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်ရပ် ထုတ်ပြန် ခဲ့ကြောင်း ယင်းပါတီထံမှ သိရှိ ရသည်။

ကင်တားနား အနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး သတင်း မီဒီယာများကို ပြောကြားခဲ့သည်များမှာ တရားမျှတမှု မရှိသည့်အပြင် ရိုဟင်ဂျာ ဆိုသည့် စကားလုံးကို သုံးနှုန်း ပြောဆိုခြင်းနှင့် ပတ်သတ်၍ သောမတ်(စ်) ကင်တားနားသည် ရခိုင်လူမျိုးများ၏ သမိုင်း အစဉ်အလာနှင့် ဖြစ်တည်မှုကို အသိအမှတ် မပြုသည့်အပြင် သမိုင်းလိမ် များကို အားပေး မြှောက်ပင့်ရာ ရောက်နေပြီး ထိုစကားလုံးကို သုံးနှုန်း ပြောဆိုခြင်း မပြုရန် အလေးအနက် တိုက်တွန်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။