Friday, May 16, 2014

DVB - ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောပွဲ အောင်ပင်လယ်မှာ ပြင်ဆင်(ရုပ်/သံ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဟောပြောပွဲနဲ့ ပြည်သူလူထုလက်မှတ်ထိုး ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်မယ့် မန္တလေး အောင်ပင်လယ်ကွင်းမှာ မေလ ၁၅ ရက်နေ့က စတင်ပြီး ပြင်ဆင် ဆောက်လုပ်နေပါပြီ။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး ငြိမ်းမိုးနောင်DVB TV - 15.05.2014

ဘန်ကောက်အကြမ်းဖက်မှုအပြီး စစ်တပ်ရဲ့ သတိပေးချက်ထွက်ပေါ်

နိုင်ငံရေးနဲ့ဆက်နွယ်တဲ့အကြမ်းဖက်မှုတွေကို အင်အားသုံး ဖြေရှင်းသွားမယ်လို့ ထိုင်းကြည်းတပ်ဦးစီးချုပ် Prayuth Chan-ocha က  ပြောဆိုလိုက်ပါတယ်။
Anti-government protesters gather at the site of an attack at the Democracy Monument in Bangkok May 15, 2014. (Photo: Reuters)

“ပါတီကတယောက်ပြောတော်ပြီ၊ မဆိုင်တဲ့လူလာမပြောနဲ့ ၀င်ချင်ဝင် မ၀င်ချင်နေ”

ရွေးကောက်ပွဲကြိုကာလ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး ဟောပြောခွင့်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဧရာဝတီတိုင်းခရီးစဉ်မှာ ဘာတွေပြောခဲ့သလဲ။ အသံဖိုင်ကို နားဆင်နိုင်ပါပြီ

သက်သေမခိုင်ဘဲ တရားစွဲပြစ်ဒဏ်ချရန် ကြိုးပမ်းမှု ရပ်တန့်ရေး ရှမ်းပါတီတောင်းဆို

Untitled-1
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တဦးကို အထောက်အထားမခိုင်လုံဘဲ အတင်းအဓမ္မ အမှုတည်ဆောက်ပြီး တရားစွဲဆိုပြစ်ဒဏ်ချဖို့ ကြိုးပမ်းနေတဲ့ကိစ္စ ရပ်တန့်ပေးဖို့ ပါတီက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ယူနတီဂျာနယ်ပါ စစ်ဘက်ဆိုင်ရာစက်ရုံ အမေရိကန်တို့ မသင်္ကာ

စစ်ဘက်, အမေရိကန်, လက်နက်စက်ရုံ, စစ်လက်နက်ပစ္စည်း, ဓာတုလက်နက်
ပေါက်မြို့အနီးရှိ လက်နက်စက်ရုံကို ဂြိုလ်တုမှ ၂၀၁၄ ခုနှစ် နောက်ဆုံး ဓာတ်ပုံရိုက်ယူထားပုံ (ဓာတ်ပုံ – www.nonproliferation.org)

ကျပ်သန်းပေါင်း ကိုးသိန်းကျော် အကုန်ကျခံဆောက်ခဲ့သည့် အမြန်လမ်း ရှစ်လမ်းသွားချဲ့ရန် ငွေပမာဏဆတူ ထပ်ကုန်မည်

မိုင်ပေါင်း ၃၆၀ ကျော် ရှည်လျားပြီး တစ်မိုင်လျှင် ကုန်ကျစရိတ် ကျပ်သန်း ၂၅၀၀ ကျော်ရှိသည့် ရန်ကုန်−မန္တလေး အမြန်လမ်းပိုင်းတစ်နေရာတွင် ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ကျပ်သန်းပေါင်း ကိုးသိန်းကျော် အကုန်ကျခံတည်ဆောက်ခဲ့သည့် အမြန်လမ်းမကြီးသည် ရှစ်လမ်းသွားအဖြစ် တည်ဆောက်ပြီးမှသာ အမြန်လမ်း အင်္ဂါရပ်နှင့် ပြည့်စုံမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်ကပြောကြားသည်။

လားရှိုး ကမ္ဘောဇ(၁)နဲ့ CB ဘဏ်မှာ ပေါက်ကွဲမှုဖြစ်

ဒီမနက် လားရှိုးမြို့က ဘဏ် ၂ ခု မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ရေးထားပါတယ်။

တရုတ်ရေတပ် သင်္ဘောတွေ မြန်မာနိုင်ငံလာမည်

 ဓာတ်ပုံ - Chinese Embassy in Myanmar Facebook 
တရုတ်နိုင်ငံ ရေတပ်က လေ့ကျင်ရေးသင်္ဘော တွေဖြစ်တဲ့ ZHENG HE နဲ့ ကာကွယ်ရေးသင်္ဘော WEI FANG အဖွဲ့တွေဟာ မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းကို မေလ ၂၃ ရက်နေ့မှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကို စည်းရုံးပါ

ပြီးခဲ့တဲ့ ရက်ပိုင်းက ဧရာဝတီတိုင်း မအူပင်မြို့ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဖွဲ့စည်းပုံ
ပြင်ဆင်ရေး လူထု အစည်းအဝေးပွဲကြီးတစ်ခု ကျင်းပခဲ့ပါတယ်။

မော်ကျွန်းမှာ လယ်သမား ၃ဝဝ ကျော် တရားရင်ဆိုင်နေရ

 ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ်အတွင်း ကျေးရွာပေါင်း တစ်ရာကျော် လောက်က သိမ်းဆည်း ခံထားရတဲ့ လယ်မြေ ဧကပေါင်း ၆၀၀၀ လောက်ရှိနေပြီး လက်ရှိ ပိုင်နက်ကျူးလွန်မှု တွေနဲ့ တရား ရင်ဆိုင်နေရတဲ့ လယ်သမား ၃၀၀ ရှိတယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂက ဒီနေ့ ပြောပါတယ်။

လူကုန်ကူးမှုနဲ့ ခွဲခြားဆက်ဆံမှု (ရုပ်/သံ)

အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေဟာ လူကုန်ကူးမှု အခြေအနေ ပိုဆိုးအောင် အဓိက တွန်းအားပေးသလို ဖြစ်နေတယ် လို့ “A Call to Action” ဆိုတဲ့ စာအုပ်ကိုရေးသားထဲ့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက အိန္ဒိယနိုင်ငံ အခြေအနေနဲ့ နိုင်းယှဉ် ပြောဆိုပါတယ်။ Kane Farabaugh သတင်း ပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
VOA (မြန်မာပိုင်း)

ရုပ်/သံ ဆက်လက်ကြည့်ရှုရန်

ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးမှု အဖြေမထွက်

ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများမဲရုံများ လိုက်လံစစ်ဆေး။ (၂၀၁၀ ရွေးကောက်ပွဲကာလ)
ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ဖို့ရှိတဲ့ မဲဆွယ် စည်းရုံးရေး ညွန်ကြားချက် နဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီတွေနဲ့  ပြည်ထောင် စုရွေးကောက်ပွဲကော် မရှင်တို့ ဒီကနေ့ အကြိတ် အနယ်ဆွေးနွေး ခဲ့ကြပေမဲ့ သဘောတူညီချက်မရပဲ ပြီးဆုံး သွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို တလတကြိမ်ပြုလုပ်ပေးဖို့ နိုင်ငံရေးပါတီတွေ ဘက်က တင်ပြထားတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်ကပြောပြမှာပါ။

Thursday, May 15, 2014

“သမ္မတကြီးထမင်းငတ်မှာစိုးလို့ပါ”

 ၂၀၁၄ ခု မေလ ၁၄ ရက်နေ့ထုတ်မြန်မာပို့စ် အပတ်စဉ် ဂျာနယ်တွင် ဖေါ်ပြထားသော (ရွှေလုပ်သား ပင်တိုင် သတင်းထောက် မောင်ပေါ်ထွန်း ရေးသားသည့် ဆောင်းပါးအား) အွန်လိုင်း ပရိတ်သတ်များ ဖတ်ရှုနိုင်ရန်ဖေါ်ပြအပ်ပါသည်။ 

ပဲခူးတိုင်းဝန်ကြီးချုပ်သတင်း ရွှေမော်ဓောဂေါပက ရှင်းလင်း


ကဆုန်လပြည့်နေ့  ရွှေမော်ဓောစေတီကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ သွားရောက်ရာမှာ 
ဝန်ကြီးချုပ်ယာဉ်တန်းထဲက ကားတွေ ဘုရားရင်ပြင်ပေါ်အထိ  တက်ရောက်ခြင်း၊ ရင်ပြင်ပေါ် ဖိနပ်စီးခြင်း
လုံးဝ မရှိဘူးလို့ ဂေါပက အတွင်းရေးမှူး ဦးကြည်ဝင်းက ပြောဆိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဧရာဝတီတိုင်းတွင် လယ်မြေပြန်ပေးပေမယ့် ပြဿ နာများ ရှိနေဆဲ

paddy
ဧရာဝတီတိုင်းအတွင်းက သိမ်းဆည်းခံ လယ်မြေတွေ ပြန်ပေးတယ်လို့ ဧရာဝတီတိုင်း ၀န်ကြီးချူပ်က ပြောဆိုပေမယ့် လယ်ယာမြေ ပြန်မရသေးတဲ့ တောင်သူတွေနဲ့ မြေယာအပြည့်အ၀ ပြန်လည်မရရှိတဲ့ လယ်သမားတွေ ရှိနေပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၂၂ ရာခိုင်နှုန်း ၀င်ရောက်မလာ

လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)
လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ – ရိုက်တာ)
 မြန်မာနိုင်ငံမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI ဟာ လုပ်ကိုင်မယ်လို့ အဆိုပြုချက်ရဲ့ ၇၈ ရာခိုင်နှုန်းပဲ တကယ်ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့ပြီး ၂၂ ရာခိုင်နှုန်းကတော့ အကြောင်း အမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း မရှိဘူးလို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆွေးနွေးခွင့် အဖွဲ့ ၁၅၀ ကျော် တောင်းဆို

thein seinshwe mahn
သမ္မတ ဦးသိန်းစိန်၊ လွှတ်တာ်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း အရပ်ဘက်အဖွဲ့အစည်း ၁၅၀ ကျော် မေလ ၁၄ ရက်နေ့က စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြ သဲကုန်း လယ်သမားများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲ

ဆန္ဒပြ လယ်သမားများ,သပိတ် စခန်း,သဲကုန်း,ပဲခူးတိုင်း, လယ်ယာမြေ သိမ်းဆည်းမှု
သပိတ်စခန်း ဖျက်သိမ်းနေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် လယ်သမားများ (ဓာတ်ပုံ – ကောင်းမြတ်မင်း / ဧရာဝတီ)
ပဲခူးတိုင်း အနောက်ပိုင်း သဲကုန်းမြို့နယ်ရှိ အောင်ကုန်းရွာ သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံရမှု ၃ လပြည့် အထိမ်းအမှတ်အဖြစ် ယမန်နေ့က ဆန္ဒပြသည့် လယ်သမားများကို မြို့နယ်ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲမှု ဆက်လက်ကျင့်သုံး၍ ဆန္ဒပြအဖွဲ့ဝင် ၂ ဦးကို လည်း ရိုက်နှက် ဖမ်းဆီးသွားကြောင်း သတင်း ရရှိသည်။

အာဆီယံဥက္ကဋ္ဌ မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး

အာဆီယံ, တောင်တရုတ်ပင်လယ်, ထိပ်သီးအစည်းအဝေး, နေပြည်တော်
အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်း တရုတ်သင်္ဘောက ဗီယက်နမ်သင်္ဘောကို ရေပိုက်နှင့် ထိုးနေစဉ် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံဟာ ပထမဆုံးအနေနဲ့ အာဆီယံလို့ အတိုကောက်ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ ၂၄ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ပြီးခဲ့တဲ့ စနေ၊

မေ ၁၆ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ ထွန်းလွင်)

weather16052014
မေလ ၁၅ ရက်နေ့ မနက် ၇း၃၀ နာရီအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးသူ ၂ သန်း ၆ သိန်းကျော်ပြီ

internet use by ph
 မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုသူ စုစုပေါင်း ၂ သန်း ၆ သိန်းကျော် ရှိလာနေပြီး အဲဒီ အထဲမှာ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းစနစ်နဲ့ အသုံးပြုသူ ၂ သန်းလောက် ရှိပြီး အများဆုံးဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ကြေညာပါတယ်။

နေပြည်တော်လမ်းကို အဆင့် ၃ ဆင့်ခွဲ ပြုပြင်မည်

high way
ယာဉ်မတော်တဆမှုတွေ အဖြစ်များပြီး လူသေဆုံးမှု မြင့်တက်နေတဲ့ ရန်ကုန်- နေပြည်တော်- မန္တလေး ကွန်ကရစ်အမြန်လမ်းမကြီးကို အဆင့် ၃ ဆင့်ခွဲပြီး ပြင်ဆင်သွားမယ်လို့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

ဘန်ကောက် သပိတ်စခန်း တိုက်ခိုက်ခံရ

 ဝန်ကြီးချုပ်ဟောင်း ထောက်ခံ ဆန္ဒပြသူများ
 ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ဒီမိုကရေစီ ကျောက်တိုင်နား က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ တွေကို တိုက်ခိုက်မှု ကြောင့် ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာ ရသွားပါတယ်။

ဗီယက်နမ်ရှိ တရုတ်လူမျိုးများ ကမ္ဘောဒီးယားထွက်ပြေး

တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ စုရုံးနေစဉ်။
 တောင်တရုတ် ပင်လယ်ပြင် အတွင်း ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ တို့အကြား ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပေါ်နေတာရဲ့ နောက်ဆက်တွဲ အဖြစ် ဗီယက်နမ်နိုင်ငံထဲမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာကြောင့် ဗီယက်နမ်နိုင်ငံမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ကမ္ဘောဒီးယားနိုင်ငံထဲ ထွက်ပြေး နေကြပါတယ်။

ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ နေပြည်တော်- ရန်ကုန် ခရီးစဉ် ပိတ်သိမ်း


နေပြည်တော် မေ ၁၄

 နေပြည်တော်မှ ရန်ကုန်သို့ မေ၁၂ရက် ညနေ ၆နာရီက နေပြည်တော် မြို့မဈေး ကားဂိတ်မှ ရန်ကုန်မြို့သို့ ခရီးသည် ၄၆ဦး တင်ဆောင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မှန်လုံ မော်တော်ယာဉ်သည် ည ၆နာရီ ၄၅မိနစ်တွင် အရှိန် မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် (၁၉၇/၆)ကို

ဆိုးလ်မြို့အနီးတွင် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ် ထပ်မံတွေ့ရှိ

 ဆိုးလ်မြို့အနီးတွင် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ် ထပ်မံတွေ့ရှိ ဆိုးလ်အနီးရှိ တောတောင်ထူထပ်ရာ နေရာတွင် မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျနေသည်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု

တန်ဖိုးကြီး စစ်ရေး စီမံကိန်း သတင်းထုတ်

Unity Journal သတင်းကြောင့် အဖမ်းခံရ

  မြန်မာအစိုးရ က သာမန် လက်နက် စက်ရုံ ဆိုပြီး ငြင်းထားတဲ့ ပေါက်မြို့နယ်က စစ်ဘက် အဆောက်အဦ ဟာ တန်ဖိုးကြီး စစ်ရေး စီမံကိန်း ဖြစ်တယ် ဆိုပြီး ဖျက်အားပြင်း လက်နက်များ မပြန့်ပွားရေး သုတေသန CNS အဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။

ဂျပန်အသင်းတွင် အရွေးခံရသည့် ကောင်းဇံမရအကြောင်း မိခင်ဖြစ်သူနှင့်မေးမြန်းချက်

KH Interview 14052014
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ သြဂုတ်လ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်မယ့် အသက် ၁၂ နှစ်အောက် နိုင်ငံတကာ လူငယ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျပန်လက်ရွေးစင် ဘောလုံး အသင်းရဲ့ ၂၃ ယောက် လူစာရင်းမှာ ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ခံယူထားတဲ့ မြန်မာနိုင်ငံသားရဲ့ ရင်သွေးဖြစ်သူ ရွေးချယ်ခံခဲ့ရပါတယ်။

Wednesday, May 14, 2014

ရန်ကုန်မြို့၌ ဒိုင်နာယာဉ် ပြေးဆွဲမှုများကို ရပ်ဆိုင်း၍ ဘတ်စ်ကားများကို အစားထိုး ပြေးဆွဲမည်

ရန်ကုန် ၊ ၁၄-၅-၂၀၁၄

 ရန်ကုန်မြို့တွင် ဒိုင်နာယာဉ် ပြေးဆွဲမှု များကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောကြားကြောင်း သိရသည်။

ရာဇာမင်း ကား တိမ်းမှောက်မှု ကူညီခဲ့သူ ဦးစိုးမင်းလွင်ရဲ့ စကား

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မှာ တနေ့က ရာဇာမင်းကား တံတားပေါ်က ထိုးကျပြီး လူ ၁၄ ဦး
သေတဲ့ အဖြစ်ဆိုး အားလုံး သိကြမှာပါ။ 

တအန်းကျေးရွာတွေက အိမ်တွေကို အစိုးရတပ်တွေ ဝင်ရောက်ရှာဖွေ

တအန်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့နဲ့ အဆက်အသွယ် ရှိမရှိ ရွာသားတွေကို စစ်ဆေးမေးမြန်း

  ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တွင်းက တအန်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အစိုးရ စစ်တပ်က တစ်အိမ်တက်ဆင်း ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့တဲ့ အပြင် နေအိမ်မှာရှိတဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြံမြေရောင်းဝယ်ခွန် ရာဖြတ် စံနှုန်းသစ် စောင့်ကြည့်


အိမ်ခြံမြေရောင်းဝယ်ခွန်ကို လျှော့ထားပေမယ့် ၁ ပေပတ်လည် ရာဖြတ် စံနှုန်းသစ်ကို ဘယ်လို သတ်မှတ်မလဲ ဆိုတာ အိမ်ခြံမြေ ရောင်းဝယ်သူတွေက စောင့်ကြည့်နေကြပါတယ်။

လမ်းပေါ်ရောက် ကလေးငယ်များအတွက် အထောက်အကူပြု ဗဟိုဌာန ဖွင့်ရန်စီစဉ်


ဗုဒ္ဓဟူးနေ့၊ မေလ ၁၄ ရက် ၂၀၁၄ ခုနှစ်

 ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမူဆိုင်ရာ ပင်မ အထောက်ကူပြုဗဟိုဌာနကို စံနမူနာအဖြစ် ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင်ဇော်မိုးက မေ ၁၃ ရက်တွင် မဇ်္ဈိမကို ပြောသည်။

အပစ်ရပ်ပြီးနောက်ပိုင်း လူ့အခွင့်ရေးချိုးဖောက်မှုများ အသွင်ပြောင်းဖြစ်ပေါ်

ဓာတ်ပုံ - KHRG
ဓာတ်ပုံ – KHRG
အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ အပစ်အခတ်ရပ်စဲပြီး ကာလနောက်ပိုင်းမှာ  မြန်မာပြည်ရှေ့တောင်ဘက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ပုံစံတမျိုးပြောင်းပြီး ဖြစ်ပွားနေတယ်လို့ ကရင်လူ့အခွင့်အရေး အဖွဲ့တခုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က မနေ့ကထုတ်တဲ့ အစီရင်ခံစာမှာ  အပစ်အခတ်ရပ်စဲခဲ့ပြီးတဲ့ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ တင်ပြထားပါတယ်။

တူရကီမိုင်းတွင်းပေါက်ကွဲမှု လူ ၁၅၀ ကျော်သေဆုံး

 

 တူရကီနိုင်ငံ Istanbul မြို့တော် တောင်ဘက်မှာရှိတဲ့ Soma မြို့က ကျောက်မီးသွေးတွင်းတခုမှာ လျှပ်စစ်ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ခဲ့တဲ့အတွက် ကျောက်မီးသွေးတွင်းလုပ်သား ၁၅၇ ယောက် သေဆုံးသွားပြီး ရာနဲ့ချီ ပိတ်မိနေတယ်လို့ Soma မြို့တော်ဝန်က ပြောပါတယ်။

မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်မူကြမ်း လွတ်လပ်မှုနှင့် တရားမျှတမှု ဆိတ်သုဉ်းနေ

 မဲဆွယ်စည်းရုံးခွင့် ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ပြင်ဆင်ထား သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ညွန်ကြား ချက်မူကြမ်းသည် အနာဂတ်ရွေး ကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှ တမှု တို့ကို ဆိတ်သုဉ်း စေမည်ဟု နိုင်ငံရေး ပါတီများ ဝေဖန်လိုက်သည်။

ကေအိုင်အိုနဲ့အစိုးရ သဘောတူညီမှု တပြည်လုံးအပစ်ရပ်ရေး အလားအလာကောင်း

By
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့အကြား
ဒီကနေ့ တွေ့ဆုံဆွေးနွေးရာမှာ ထိတွေ့ရင် ဆိုင်မှုတွေ ချုပ်ငြိမ်းရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းဖို့ သဘောညီတဲ့အတွက် ဒါဟာ တပြည်လုံးအပစ်အခတ် ရပ်စဲနိုင်ရေး ကောင်းတဲ့ အလားအလာဖြစ်တယ်လို့ ဒီအစည်းအဝေးအ တွင်း လေ့လာစောင့်ကြည့်သူအနေနဲ့ တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။ ပဒိုကွယ်ထူးဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ရွှေမော်ဓောစေတီရင်ပြင်တော်အထိ ပဲခူးတိုင်းအစိုးရအဖွဲ့ ကားမောင်းတက်၍ ဝေဖန်ခံရ

 ပဲခူးမြို့ ရွှေမော်ဓောစေတီရင်ပြင်တော်အပေါ်တွင် ခင်းထားသော ကော်ဇောနီပေါ်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ကားတစ်စီးမောင်းနှင်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကိုရှိုင်း(ပဲခူး))
ကဆုန်လပြည့်နံနက်က ညောင်ရေသွန်းပွဲကျင်းပရာ ပဲခူး မြို့ ရွှေမော်ဓောစေတီ ရင်ပြင် တော်ပေါ်အထိ ကော်ဇောနီလမ်း တစ်လျှောက် ကားမောင်းတက် ခဲ့သည့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ သတင်းဓာတ်ပုံများ အင် တာနက်စာမျက်နှာများပေါ်တွင် တက်လာသဖြင့် ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။

မတရားသင်း ဆက်သွယ်မှု သမ္မတ ကိုင်တွယ်ရန် ရှမ်းခေါင်းဆောင် တောင်းဆို

သမ္မတဦးသိန်းစိန်နဲ့ RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် တို့ တွေ့ဆုံစဉ်က (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)

အစိုးရနဲ့ အပစ်ရပ်ထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ RCSS/SSA (တောင်ပိုင်း) နဲ့ ဆက်သွယ်လို့ဆိုပြီး ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီဝင်ကို မတရားအသင်းပုဒ်မနဲ့ တရားစွဲ ခံထားရတဲ့ကိစ္စ နိုင်ငံတော် သမ္မတကိုယ်တိုင် ဖြေရှင်းပေးဖို့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းကတဆင့် သမ္မတထံ တောင်းဆိုလိုက်ပါတယ်။

အစိုးရနဲ့ KIO မြစ်ကြီးနားဆွေးနွေးပွဲ (ရုပ်/သံ)

 အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ခေါင်းဆောင်တွေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေး နေကြပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

ကေအိုင်အေ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ မြစ်ကြီးနားမှာ ဆန္ဒပြ


 အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ ဒီနေ့ မြစ်ကြီးနားမြို့ မနောကွင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် မနောကွင်းရှေ့မှာ ကေအိုင်အေ တပ်တွေက ဖမ်းဆီးခံထားရသူ အယောက်၂၀ လောက်ကို ပြန်လွှတ်ပေးဖို့ ဒေသခံ ၂၀ ကျော်လောက်က ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ရာဇာမင်းကားတိမ်းမှောက်မှုတွင် သေဆုံးသူများအတွက် အသက်အာမခံလျော်ကြေး အမြန်ဆုံးထုတ်ပေးမည် ဟုဆို

ပုံစာ- ခရီးသည် ၁၄ ဦးသေဆုံးခဲ့သည့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ရာဇာမင်းမော်တော်ကားအား သယ်ယူလာစဉ်။ (ဓာတ်ပုံ- ဝင်းကိုကိုလတ်)

 နေပြည်တော်မဇ္ဈိမ။ ။ နေပြည်တော်-ရန်ကုန် အမြန်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၉၇/၆ တွင် ရာဇာမင်းကားတိမ်းမှောက်ခဲ့ရာ အသက် သေဆုံးသူများအတွက် အသက်အာမခံလျော်ကြေးကို
ရက်ပိုင်းအတွင်းထုတ်ပေးသွားမည်ဟု အဝေးပြေး မော်တော်ယာဉ်ထိန်းသိမ်းရေး၊ နေပြည်တော်ရုံးမှ လက်ထောက်ဌာနမှူး ဦးစိုးကြီးက မဇ္ဈိမကို ပြောသည်။

ရာဇာမင်း အဝေးပြေးကား တိမ်းမှောက်မှု (ရုပ်/သံ)

 ရန်ကုန်-မန္တလေး အမြန်ကားလမ်းမမှာ မနေ့ည ၇ နာရီဝန်းကျင်က "ရာဇာမင်း အဝေးပြေးကား" အရှိန်လွန် တိမ်းမှောက်ခဲ့တဲ့နေရာကိုဒီနေ့မနက်ပိုင်းက ပြည်ထဲရေးဝန်ကြီးနဲ့ ဆောက်လုပ်ရေးဝန်ကြီးတို့သွားရောက်စစ်
ဆေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။

နိုင်ဂျီးရီးယားကျောင်းသူများ ရှာဖွေရာတွင် စောင့်ကြည့်ရေးလေယာဉ်များ အမေရိကန်အသုံးပြု

နိုင်ဂျီးရီးယား အစ္စလာမ်မစ်သူပုန်အဖွဲ့ ဘိုကိုဟာရမ်က ထုတ်ပြန်သော ဗီဒီယိုမှ ရယူထားသည့်ဓာတ်ပုံ၌ ပြန်ပေးဆွဲခံရသော ကျောင်းသူများကို တွေ့ရစဉ်။ ယင်းကျောင်းသူများ မည်သည့်ဒေသသို့ ရောက်ရှိနေသည်ကို မသိရပေ။ (Boko Haram handout via Reuters TV/REUTERS)

ဘိုကိုဟာရမ် အစ္စ လာမ်မစ်သူပုန်များ ဖမ်းဆီးခေါ် ဆောင်သွားသော ကျောင်းသူ ၂၀၀ ကျော်ကို ရှာဖွေရန် နိုင်ဂျီးရီး ယား ဝေဟင်ထက်၌ လူလိုက်ပါ သော စောင့်ကြည့်ရေးလေယာဉ် များ ပျံသန်းလျက်ရှိသည်ဟု အ မေရိကန်အစိုးရက ပြောကြားခဲ့ သည်။ အမေရိကန်အစိုးရသည် နိုင်ဂျီးရီးယားအစိုးရနှင့် ဂြိုဟ်တု ဓာတ်ပုံများကို မျှဝေကာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟု သိရ သည်။

ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဒုသမ္မတဦးဆောင်စုံစမ်းစစ်ဆေး

လူ ၁၄ ဦးသေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့ သော ယာဉ်မတော်တဆမှုဖြစ်ပွားပြီး နောက် ရာဇာမင်းခရီးသည်တင်ယာဉ် ကို မေလ ၁၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ − သန်းထူး)

ခရီးသည် ၁၄ ဦး သေဆုံးခဲ့သော ရာဇာမင်း ခရီး သည်ယာဉ် အမြန်လမ်းပေါ်မှ တိမ်းမှောက်ထိုးကျခဲ့သော ဖြစ်စဉ် ကို ဒုတိယသမ္မတဦးဉာဏ်ထွန်း ကိုယ်တိုင် ဦးဆောင်စုံစမ်းစစ် ဆေးနေကြောင်း သတင်းရရှိ သည်။
ဒုတိယသမ္မတသည် ပြည်ထဲရေးဝန်ကြီးဌာန၌ အမြန်လမ်း ယာဉ်မတော်တဆမှုများနှင့် သက်ဆိုင်သော ၀န်ကြီးဌာနများမှ ပြည် ထောင်စုဝန်ကြီးများနှင့် မေလ ၁၃ ရက် မွန်းလွဲပိုင်းက အထူးအ စည်းအဝေးတစ်ရပ် ကျင်းပခဲ့ သည်။

Tuesday, May 13, 2014

“ကျနော်တို့မျှော်လင့်နေခဲ့တဲ့ရခိုင်အမျိုးသားနေ့”


“ရခိုင်လူမျိုးတွေအတွက် ကျက်သရေမင်္ဂလာဖြင့်ခညောင်းသောနေ့၊လိုလားတောင်းတနေတဲ့နေ့ထူးနေ့မြတ်”
ကျနော် ၀မ်းသာပီတိဖြစ်နေတယ်။ ခလေးတစ်ယောက်လိုအော်ဟစ်ခုန်ပေါက်ချင်လောက်အောင် ပျော်နေ တယ်။ သည်းလှိုက်အူလှိုက်ပျော်ရွှင်နေမိတယ်။ ရခိုင်အမျိုးသားနေ့ပေါ်ပေါက်အောင် ဆောင်ရွက်လိုက် ကြတဲ့ ရခိုင်ခေါင်ဆောင်တွေအားလုံးကိုလည်း အထူးကျေးဇူတင်နေမိတယ်။

ကဆုန်လပြည့် ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င် အကျဉ်းနှင့် ပုံတော်များ

 
                       

ကေအိုင်အိုနှင့် အစိုးရ ဆွေးနွေးပွဲစတင်


by နော်နိုရင်း
အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်အကြား တိုက်ပွဲတွေဖြစ်နေတဲ့ကိစ္စ ကို အဖြေရှာဖို့ နှစ်ဖက်ကိုယ်စား လှယ်တွေ ဒီမနက် ၉ နာရီ စတင်ဆွေးနွေးကြပါတယ်။

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးမှာ အမျိုးသမီးတွေ သတင်းယူခွင့်မရ

 နှစ်ပေါင်း ၁၉နှစ် ကြာပြီးမှ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေး ပြန်လည် ကျင်းပနိုင်ခဲ့
 ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာ ပါသာဏ လိုဏ်ဂူတော်မှာ ကျင်းပနေတဲ့ ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးမှာ အမျိုးသမီး သတင်းထောက်တွေ သတင်းယူခွင့်ကို ကန့်သတ်ထားပါတယ်။

နိုက်ဂျီးရီးယား ကျောင်းသူတွေရဲ့ ဗွီဒီယို ထုတ်ပြန်ပြီ

Boko Haram အစ္စလမ်အစွန်းရောက်အဖွဲ့က ဖမ်းဆီးထားတဲ့ နိုက်ဂျီးရီးယားနိုင်ငံက ကျောင်းသူ ၂၀၀
ကျော် နဲ့ ပတ်သက်ပြီး ဗွီဒီယိုကို အဲဒီအဖွဲ့က ထုတ်ပြန်လိုက်ပါပြီ။

ယတြာ ချေနေ ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ်

ဓာတ်ပုံ- မစ္စယင်လတ်ရှင်နာဝပ်ထရာ ဖေ့စ်ဘုတ်
ပူပူနွေးနွေး ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့ရသူ မစ္စယင်လတ် ရှင်နာဝပ်ဟာ သူ့ရဲ့ ကံမကောင်းခြင်းတွေအဆုံး သတ်သွား စေဖို့ ဇာတိဒေသဖြစ်တဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ယတြာတွေချေနေပါတယ်။