Thursday, October 4, 2012

ဦးနေမျိုးဝေ၏ အမှုအား ရှေ့နေဦးအေးမြင့်လမ်းပြကြယ်သုံးသပ်ချက်

အများအကျိုးအတွက်လုပ်ဆောင်ပေးနေသူ ဦးနေမျိုးဝေအမှုအား လမ်းပြကြယ်မှ ၀ိုင်းဝန်ကူညီ

ဇေကမ္ဘာဦးခင်ရွှေ၏ မန်နေဂျာ ဦးမြင့်ဇော်မှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ ဖြင့် ဆွဲဆိုထားသော အမှုကိစ္စအား လိုက်ပါဆောင်ရွက်ရန် ရှေ့နေ ဦးအေးမြင့်(လမ်းပြကြယ်)၊ ဦးနန္ဒကျော်၊ ဦးဗညားဘုန်းနိုင်နှင့် ဒေါ်စန်းစန်းဝင်း တို့မှ အောက်တိုဘာလ (၄)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တရားရုံး၌ ကိုယ်စားလှယ်ပါဝါ လက်မှတ်ရေး တင်ခဲ့ကြောင်းသိရှိရ သည်။

Wednesday, October 3, 2012

စက်တင်ဘာလ (၂၉)ရက်၌ နယူးယောက် Queens Collage တွင် သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်မှ ကောက်နုတ်ချက်

နိုင်ငံခြားသားတွေဟာ တစ်နှစ်ခွဲအတွင်း ဖိုရမ်တွေ အများကြီး လုပ်ပါတယ်။ ကျွန်တော်တို့ဟာ သူတို့ပို့ချလို့ အခုလောက် နားလည်ပါတယ်။ PR ကို နားလည်လာတယ်။ သူတို့ပို့ချလို့ ခင်ဗျား တို့နဲ့တွေ့ရတဲ့ဟာတွေကို ကျွန်တော်တို့ နားလည်လာတယ်။ သာမန်အားဖြင့် ကျွန်တော်တို့ ၀န်ကြီး(၃၀)လောက် ရှိမယ်။  နိုင်ငံသားတို့၊ မီဒီယာတို့ကို (၄) ယောက်ထက် ပိုမတွေ့ရဲဘူး။ တကယ် ပြောတာ။ ကျွန်တော်ရယ်၊ ဦးအောင်မင်းရယ်၊ ဦးခင်ရီရယ် ဒီလောက်ပဲတွေ့ရဲတယ်။ ကျန်တဲ့လူမတွေ့ရဲဘူး။ ဘာဖြစ်လို့ လဲဆိုတော့  ကြောက်လို့။ ကျွန်တော်တို့ မှာ တစ်ယောက်တွေ့ ခဲ့တယ်။ ကျွန် တော်တို့ သူငယ်ချင်းပေါ့။  မီဒီယာက မေးလိုက်တယ်။ မြစ်ဆုံနဲ့ပတ် သက်ပြီး ပြောတယ်။ တိုက်ပွဲကျရောဗျ။ ဒီနေရာ ကို ကျွန်တော်တို့တစ်တွေ  သိပ်ကြောက် တယ်။

ရွှေ(၇)ပိဿ ၊ ကျပ်သိန်းပေါင်း (၆)သောင်းကျော် အလိမ်ခံရ

ရွှေအရောင်းအ၀ယ်ဖလှယ် မှုမှ ထွက်ပေါ်လာသည့်အကျိုး အမြတ်များကို ခွဲဝေပေးမည်ဟု မက်လုံးပေးခဲ့သည်ကို ယုံစားမိ သဖြင့် ရွှေချိန် (၇)ပိဿာ၊ ကျပ် သိန်းပေါင်း (၆)သောင်းကျော်၊ အလိမ်ခံခဲ့ရကြောင်းသိရသည်။
ဖြစ်စဉ်မှာ အမှတ်(၁၃/၄၈၁)  ကန်တော်လမ်း၊ မန်းရပ်၊ တောင် ငူမြို့နေ စိန်ရွှေရတနာသန့်စင် ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးပီတာ (ခ) ဦးစိန်လင်းနှင့် ဇနီးဒေါ်နီနီ အေးတို့ထံ ပုဂ်္ဂိုလ်ရေးယုံကြည်မှု ဖြင့် လစဉ်အကျိုးအမြတ်ပေး မည်။ မိမိတို့အပ်နှံထားသောရွှေ နှင့်ငွေများကို ပြန်လည်ထုတ်ပေး မည်ဟု သဘောတူလက်မှတ် ရေးထိုးထားသည်ကို ယုံကြည်စွာ ဖြင့် အပ်နှံခဲ့ရာမှ ပြန်လည်ပေး အပ်ခြင်း မရှိတော့သဖြင့် အဆိုပါ ဇနီးမောင်နှံအား (ပ) ၄၄၃/၁၁ ပုဒ်မ (၄၂၀)ဖြင့် အမှုဖွင့်တိုင်ကြား ခဲ့ရသည်ဟု သိရသည်။

လယ်ယာမြေနှင့်ပတ်သက်သည့် ဥပဒေတို့၏ အကာအကွယ်ကိုရယူပါ


၂၀၁၂ ခုနှစ်၊ ဖော်ဖော်ဝါရီလ (၁၀)ရက်နေ့က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က “လယ်သမားတွေကို သူတို့စိုက်ပျိုးချင်တဲ့ ကြိုက်နှစ်သက်ရာ သီးနှံကို စိုက်ပျိုးခွင့်ပေးမယ်။ ဈေးကွက်စီးပွား ရေးစနစ်နဲ့ အညီလွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် ရောင်းချခွင့်ပြုပြီး နိုင်ငံတကာဈေးကွက်ရရှိနိုင်ရေးအတွက် ကျွန်တော်တို့ အကူအညီ ပေးသွားဖို့ရှိပါတယ်။ လယ်သမားတွေဝင်ငွေ အရင်က ထက်တိုးအောင် ဆောင်ရွက်သွားမှာပါ”ဟု ပြောဆိုခဲ့တဲ့ သည်ကိုအားလုံးမှတ်မိကြမည်ထင်ပါသည်။ မတ်လ (၃၀)ရက်နေ့တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ(၁၀/၂၀၁၂)ကိုလည်းကောင်း၊ လယ်ယာမြေဥပဒေ (၁၁/၂၀၁၂)ကိုလည်းကောင်း ပြဋ္ဌာန်းခဲ့ပေသည်။

အဝေးကွင်းဂိုးပြတ်ဖြင့် ဥရောပနိုင်ပွဲစတင်ခဲ့သည့် ချန်ပီယံ



ဥရောပလက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းသည် ဒိန်းမတ်ချန်ပီယံ FC Nordsjaelland အား ၄င်းတို့၏
အိမ်ကွင်းတွင် (၄)ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့ကာ ဥရောပအောင်ပွဲစစ်မျက်နှာကို စတင်လိုက်သည်။ ချယ်လ်ဆီး
အသင်းသည်ယမန်နှစ် ဥရောပအဝေးကွင်းရလာဒ်ဆိုးများ ဖြစ်သည့် (၇)ပွဲတွင် (၁)ပွဲသာအနိုင်ရရှိသည့်
မှတ်တမ်းကိုချေဖျက်မည်ဟု ကြုံးဝါးထားသည့်နှင့်အညီ အာဆင်နယ်ပွဲ ကစားသမားစာရင်းမှ အပြောင်း
အလဲအဖြစ်(၂)နေရာသာပြုလုပ်ပြီးပွဲထွက်လာသည်။ တယ်ရီအစား ကားဟေးလ်၊ ပွဲဆက်များနေသည့်
ဟာဇက်အစားမော့ဆက်တို့ကို ကစားစေပြီး တိုက်စစ်ဦးစားပေးဖြင့် ခင်းကျင်းခဲ့သည်။ အိမ်ရှင်အသင်းတွင်
FC Twenty မှအ၄ားလာရောက်ကစားနေသည့် တိုက်စစ်မှူးဂျွန်၊ ကွင်းလယ်တွင် ဘက်ခ်မန်း၊ လောရန်ဇို
တို့ကို အဓိကကျောရိုးထား၍ ရင်ဆိုင်ခဲ့သည်။

ဒိန်းမတ်ကလပ်အား အနိုင်ကစားရန် ကစားသမားများအား သတိပေးလိုက်သည့် ဒီမက်တီယို



ချယ်လ်ဆီးမန်နေဂျာ ဒီမက်တီယိုသည် ယနေ့ညယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒိန်းမတ်ကလပ် နော့စ်ဂျေလန်အသင်းအား အနိုင်ကစားရန် အသင်းသားများအား သတိပေးလိုက်ပါသည်။ ယနေ့ညသာ ရှုံးနိမ့်ခဲ့ပါက နောက်တစ်ဆင့်တက်ရန်ခက်ခဲသွားနိုင်ကြောင်း ဒီမက်တီယိုက ၀န်ခံခဲ့သည်။

Tuesday, October 2, 2012

"၁၀ဘီးကားကိုမြန်မာအလုပ်သမားစီးလာသည့်ကားတိုက်"

ဆယ်ဘီးကားတိုက်မိ မြန်မာ၎ဦးဆေးရုံတင်
အောက်တိုဘာ ၂ ရက်
ကိုတီး
စက်တင်ဘာ ၃၀ ရက်နေ့ညနေက   တာ(ခ်)ခရိုင် မဲဆောက်မြို့ ထာ့ဆိုင်လွ ရပ်ကွက် ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် အလုပ်သမား ၉ဦးတင်ဆောင်လာသည့် ပေါင်မုန့်ကား က လမ်းတွင် ရပ်ထားသည့် ၁၀ ဘီးကားနောက်ဘက်အား ၀င်ရောက်တိုက်မိသဖြင့် မြန်မာအလုပ်သမား ၄ဦးကို နီးစပ်သည့် ဆေးရုံတွင် တင်ထားရကြောင်း TV THAI PBS    သတင်း တွင်ဖေါ်ပြသွားသည်။ လမ်းမပေါ်တွင် ရပ်ထားသော ၁၀ဘီး ကားမောင်းဒရိုင်ဘာကိုလည်း  ယာဉ်လမ်းကြောင်း ပိတ်ဆို့မှု့ဖြင့် ဥပဒေ အရ အရေးယူသွား မည်ဖြစ်ကြောင်း  

"မြန်မာအလုပ်သမ တစ်ဦး ကားတိုက်သေဆုံး"


စက်တင်ဘာ ၂၇
မြတ်ညို(အလွတ်သတင်းထောက်)
           ထိုင်းနိုင်ငံ ချုံဘူရီ ခရိုင် ဘန့်ဘူမြို့နယ် ကါးစက်ရုံအလုပ်သမား လင်မယားနှစ်ဦး ညနေ အလုပ်မှ စက်ဘီးစီ၍ပြန်လာကြစဉ် ၂စီးတွဲကား တိုက်မိသဖြင့် သေဆုံးသွားခဲ့သည့် မအေးနှင်းဖြူ အား ယမန်နေ့က သဂြိုဟ်လိုက်ပြီးဖြစ်သည်။
စက်တင်ဘာလ ၂၄ ရက် ညနေ ၅နာရီ အလုပ်လုပ်ပြီး  ခင်ပွန်းသည် နှင့်အတူစက်ဘီး စီး၍ စက်ရုံလမ်း အတိုင်းပြန်လာကြစဉ် နောက်မှ လမ်းကျောအတိုင်း မောင်နှင်လာသည့် ၂စီတွဲကားကြီးက မျက်နှာချင်းဆိုင် မှလာသော ဟိုင်းလပ်ကါး သွားစေရန် ဘယ်ဘက်ကို ချမောင်း စဉ် အလုပ်သမား
လင်မယားစီးလာသည့် စက်ဘီးကိုတိုက်မိခြင်းဖြစ်သည်။

ကနီမြို့နယ် လက်ပံစုဆိပ်ကမ်းတွင် ကျပ်သိန်းပေါင်းတစ်သောင်းသုံးထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာ ခရိုင်၊ ကနီမြို့နယ်၊ လက်ပံစုကျေး  ရွာတွင် စက်တင်ဘာလ(၂၉)ည၌ ကလေးဝမြို့မှချင်းတွင်းမြစ်ကြောင်း အတိုင်း စုန်ဆင်းလာသော တရုတ် အင်ဂျင် (၂၅)ကောင်တပ်အစိမ်း နုရောင် စက်လှေငယ်တစ်စီးပေါ် မှ ကျပ်သိန်းပေါင်း ၁၃၃၇၅တန် ဖိုးရှိ မူးယစ်ဆေးဝါးများ သယ် ဆောင်လာသူ (၅)ဦးကို မုံရွာ မူးယစ်အထူးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ဖမ်းဆီးကြောင်းသိရသည်။ အဆိုပါ စက်လှေပေါ်တွင် ဆူဒို အက်ဖ်ဒရင်း အာနိသင်ပါ နှာစေး ပျောက်ဆေးပြား (၂)သောင်းပါ ဆေးထုပ် (၁၀)ထုပ်၊ ဆာလာ အိတ်တစ်အိတ်လျှင် (၃၆)ကီလို ပါ (၁၄)အိတ်ဆေးပြားပေါင်း ၂၈ သိန်း၊ ဆူဒိုအက်ဖ်ဒရင်းအာနိသင် ပါ နှာစေးပျောက်ဆေး အဖြူ ရောင်ပါ ဆာလာအိတ် ၂၇အိတ်၊ ဆေးပြား (၅၄)သိန်းပြား၊ ဆူဒို အက်ဖ်ဒရင်းအာနိသင်ပါ နှာစေး ပျောက်ဆေး အဖြူရောင်ပါ ဆာ လာအိတ် ၂၁ အိတ်၊ ဆေးပြား ၄၂ သိန်းပြား၊ ဆူဒိုအက်ဖ်ရင်း အာနိသင်ပါ နှာစေးပျောက်ဆေး အဖြူရောင်ပါ ဆာလာအိတ် ၂ အိတ်၊ ဆေးပြား ၄ သိန်းပြား၊ ဆူဒို အက်ဖ်ဒရင်း အာနိသင်ပါ နှာစေး ပျောက်ဆေးလိမေ်္မာ် ရောင်ပါ ဆာလာအိတ် ၁ အိတ်၊ ဆေးပြား ၂ သိန်း ၆သောင်းပြား၊ ဂျပ်ဖာ အတွင်းမှ အက်ဖ်ရင်းဟု ယူဆရသည့် ၉ ကီလိုဂရမ် အဖြူရောင် အမှုန့်တစ်ထုပ် တို့ကို ဖမ်းဆီးရမိ ခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဦးဆောင်၍နယ်မြို့များတွင် လိုက်လံဟောပြော

မင်းကိုနိုင်ဦးဆောင်သော နယ်မြို့များတွင် လိုက်လံဟောပြော၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့် ကိုဂျင်မီတို့ဦးဆောင်၍ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းစဉ်ဖြင့် ၂၀၁၂ခုနှစ်အောက်တိုဘာလ
၂ ရက်နေ့မှ ၄ ရက်နေ့အထိ မိတ္ထီလာ မလှိုင် ကျောက်ဆည်သဲတောဝမ်းတွင်း သာစည် ယင်းမာပင် ဘုရားငါးဆူ ရမည်းသင်း ပျော်ဘွယ် အစရှိသောမြို့ကြီးများတွင် လိုက်လံဟောပြောခဲ့ကြောင်းသိရပါသည်။

စနစ်တကျ စည်းကမ်းဖြင့် မလုပ်ဆောင်က ရှေ့လျှောက် NLD ပါတီအလားအလာမကောင်းနိုင်ဟုဆို

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ြီူပါတီမှာနာမည်ကြီးပါတီဖြစ် နေပြီး ပါတီတွင်းဖြစ်ပျက်နေ သည်များကို စနစ်တကျ စည်း ကမ်းဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိ ပါက နောင်လာမည့် ကာလများ တွင် NLD ပါတီမှာ အလား အလာမကောင်းနိုင်ဟု ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ် အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီ လာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးကြည်လင်းက ၂၀၁၂ခုနှစ်၊ စက်တင်ဘာ (၂၈)ရက်နေ့ မြို့ နယ် အစည်းအဝေးတွင် ပြော ကြားခဲ့သည်။

ပခုက္ကူမြို့နယ်တွင်း ဆိုင်ကယ်လိုင်စင်တင်သွင်းရာ၌ မတရားသဖြင့်ကိုယ်ကျိုးရှာနေသူများအပေါ် လူထုမှ ခဲမိုးရွာချ


ပခုက္ကူမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်လိုင်စင်သွင်း ရာ၌ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူအချို့၏ ကိုယ်ကျိုးရှာ မှုများ ကိုယ်တိုင်လာရောက် လိုင်စင်သွင်းသူများက လိုင်စင်ရ ရှိစေရန်ဆောင်ရွက်ပေးခြင်းမပြုဘဲ။   အချိန်ကြန့်ကြာစေကာ ပွဲစားများ  နှင့် ပူးပေါင်း၍ ပြင်ပမှလာသူများ အပေါ်လိုင်စင်ရရှိရေးဆောင်ရွက်  ပေးနေမှုများကြောင့် လိုင်စင်သွင်း  ရန်လာသူ ကျောင်းသားများနှင့် ကိုယ်ကျိုးရှာရပ်ကွက်အုပ်ချုပ်ရေး  ပိုင်းတာဝန်ရှိသူအချို့ကြားပြဿ နာဖြစ်ပွားခဲ့ပြီး။

ကမာရွတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ဂရမ် ၆၀၀ ကျော်ဖမ်းမိ

 
ရန်ကုန်တိုင်းဒေသကြီးအရှေ့ ပိုင်းခရိုင် မူးယစ်အထူးတပ်ဖွဲ့မှ တပ် ကြပ်ကြီး စိုင်းချစ်ဦး၊ ရဲတပ်၊ ဇင် မင်းထိုက် ၊ကမာရွတ်မြို့နယ် ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ထွန်း အေးမောင်နှင့် သက်သေ ဦးကြည်မြင့်၊ ဦးတင်ဝင်းတို့မှ ကြို တင် သတင်းရရှိချက်ဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ရန် ကုန်မြို့

ချယ်လ်ဆီးမှ နှစ်ရှည်စာချူပ် မျှော်လင့်နေသည့် အက်ရှလေကိုးလ်



ESPN မှဖော်ပြသော သတင်းအရ အက်ရှလေကိုးသည် ချယ်လ်ဆီးအသင်းဆီမှ နှစ်ရှည်သက်တမ်းတိုးစာချူပ် ကမ်းလှန်းရန်မျှော်လင့်နေပြီး သူ၏ ကစားသမားဘ၀အား ချယ်လ်ဆီးမှာပဲ အဆုံးသတ်သွားရန် ရည်ရွယ်လျက်ရှိသည်ဟု ဖော်ပြထားပါသည်။
အသက်၃၀အထက် ကစားသမားများအား တစ်နှစ်ထက်ပိုမို၍ စာချူပ်တိုး မကမ်းလှမ်းသည့် ချယ်လ်ဆီးအသင်း၏ ပေါ်လစီအရ ၃၁နှစ်ရှိပြီဖြစ်သည် အက်ရှလေကိုးလ်အားလည်း ချယ်လ်ဆီးမှ တစ်နှစ်သက်တမ်းတိုးရန်သာ ကမ်းလှမ်းခဲ့တာပါ။ ဒါကို အစောပိုင်းက ကိုးလ်အနေနဲ့ ပယ်ချခဲ့ပြီးဖြစ်ပါသည်။
ESPN မှ ဖော်ပြချက်အရ

အာဆင်နယ်နှင့်ပွဲမှ ချယ်လ်ဆီးအသင်းအပေါ် နည်းစနစ်ပိုင်း သုံးသပ်ချက်များ



ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်စနေနေ့က အင်းမရိတ်ကွင်းတွင် အာဆင်နယ်အသင်းအား နှစ်ဂိုး၊ တစ်ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်..။ နှစ်သင်းစလုံးသည် တိုက်စစ်ကို ဦးစားပေးပြီး လျှင်လျှင်မြန်မြန် ကစားခဲ့ကြသဖြင့် ကြည့်ကောင်းခဲ့သည်..။ ထို့အပြင် အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတို့၏ အားပြိုင်မှုများကြောင့် နည်းစနစ်ပိုင်းအရလည်း အဆင့်မြင့်ခဲ့သည်..။ ချယ်လ်ဆီးအသင်း၏ အနိုင်ဂိုးများမှာလည်း အလွတ်တန်ကန်ဘောများမှ ရရှိခဲ့ခြင်း ဖြစ်သလို ပေးလိုက်ရသည့် ချေပဂိုးမှာ ဘယ်တောင်ပံ ခံစစ်ကြောင်း အားနည်းမှုကြောင့် ဖြစ်ပေသည်..။