Monday, May 12, 2014

“ငါးဖမ်းလှေပေါ်မှကရင်လူငယ်တစ်ဦးအားကယ်တင်၊မြ၀တီပွဲစားကိုဖမ်းဆီး”

၂၀၁၄ မေလ  ၁၀ ရက်

ကိုတီး
          ထိုင်းနိုင်ငံ ငါးဖမ်းလှေဆိပ် တွင်   ရောင်းစားခံနေရသည့် ကရင်ပြည်နယ် ဘားအံမြို့မှ ကရင်လူ ငယ်တစ်ဦးအား ပူးပေါင်းအဖွဲ့များက ယမန်နေ့က ကယ်ထုတ်   နိုင်လိုက်ကြောင်းသိရှိရသည်။
        လွန်ခဲ့သည့် ရက်၂၀ခန့်က ကရင်ပြည်  နယ် ဘားအံ့မြို့မှ အသက်  ၁၉နှစ်အရွယ်  ကရင်လေး(ခ) ရန်နိုင် ဆိုသူအား မြ၀တီမြို့ ငှက်ပျောတော  ရပ်ကွက်မှ ပွဲစား ဦးတင်စိုး ဆိုသူက ထိုင်းငံတောင်ပိုင်း ခြုံဘူရီ ခရိုင် ချောင်းစမေးစံ ငါးဖမ်းလှေဆိပ် ချီဝစ် တံတား လှေအမှတ် ၁၇ တွင် ဘတ်ငွေ ၁၄,၀၀၀ ဖြင့်ရောင်းစား ခဲ့ကြောင်း   မြ၀တီလူကုန်တားသို့ ဇနီးဖြစ်သူက တိုင်ကြားခဲ့သည်။

 
          မေလ ၈ ရက်နေ့တွင် မြ၀တီလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့က ပွဲစားအား မြ၀တီမြို့ ငှက်ပျောရပ်ကွက်တွင်  လက်ရ ဖမ်းဆီးမိခဲ့သည်။ တိုက်ဆိုင်စွာဖြင့် တချိန်တည်းတွင် ကရင်လေးလှေ ကပ်လာသဖြင့် MAT နှင့်ပူးပေါင်းအဖွဲ့တို့ကကယ်တင်နိုင်ခဲ့သည်။
         ကရင်လေးအား သက်သေထွက်ဆိုနိုင်ရန်အတွက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT ရုံးတာဝန်ခံ ကိုစိုင်းအေး ကိုယ်တိုင် မြ၀တီလူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့သို့ သွားရောက် ပို့ဆောင်မည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားမျာအဖွဲ့MAT အဖွဲ့ဒါရိုက်တာဦးကျော်သောင်း က “မြန်မာပြည်မှု လူကုန်ကူးမှုပြစ်မှုထင်ရှားရင် ပွဲစားက တော့ ပြစ်ဒဏ် ထိုက် ထိုက်တန်တန်ခံရတာ ကျနော်တို့အားရတယ်။  မြန်မာအစိုးရလူကုန်ကူး မှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ ကိုထိုင်းဘက်က တပ်ဖွဲ့တွေလို ပစ္စည်းကိရိ ယာေ တွနဲ့ လမ်းစရိတ်တွေ ပြည့်ပြည့်စုံစုံသုံးနိုင်အောင် မြန်မြန်ဖြစ်စေချင်တယ်” ဟုပြောသည်။
 ကရင်းလေး အား ခြုံဘူရီမှ သွားရောက်ခေါ်ဆောင်ခြင်းနှင့် မြ၀တီသို့ လိုက် လံပို့ဆောင်သည့် စရိတ်စကများအား ဘန်ကောက်မှ မြန်မာ အေဂျင်စီ၂ခုနှင့် မဲဆောက်အခြေစိုက် SAW အဖွဲ့တို့က ပံ့ပိုး ကူးညီပေးခဲ့သဖြင့် အထူးကျေးဇူး တင်ကြောင်း MAT အဖွဲ့ကပြောသည်။
 
ရွှေလုပ်သား http://www.goldenworkers.asia/2014/05/blog-post_10.html#more

No comments:

Post a Comment