Friday, June 27, 2014

ရှားခံခင်းအမှုမှ ဒေသခံခြောက်ဦးကို ထောင်ဒဏ်အမိန့် ချမှတ်

ပုသိမ်၊ ဇွန် ၂၆။

 ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ် ရှားခဲကျေးရွာတွင် အကြမ်းဖက်မှု များမှ တဆင့် အဓိကရုဏ်း ဖြစ်ပွားခဲ့မှုကို စတင်ခဲ့သည့် ဖြစ်ရပ်တွင် ပါဝင်ခဲ့သူဟု ထင်ရှားသော ရွာသူရွာသား ခြောက်ဦးကို ဇွန်လ၂၆ရက်နေ့ က ပုသိမ်မြို့ ခရိုင်တရားရုံးမှ အပြီးသတ်အမိန့်ချမှတ်လိုက်ကြောင်း လူ့အခွင့်ရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက်မှ ဦးဆောင်သူ ဦးမြင့်နိုင်က ပြောကြားသည်။

ရိုမန်းဘောထ့်တွေရဲ့ကမ္ဘာ စာရေးဆရာ အောင်ရင်ငြိမ်း တိမ်းရှောင်နေသည်ဟု သတင်းများထွက်ပေါ်

ရန်ကုန်၊ဇွန် ၂၆

 ညစ်ညမ်းစာများ ပါဝင်နေသည့်အတွက် ဝေဖန်မှုများ ဆက်တိုက်ကြုံနေရသည့် ရိုမန်းဘောထ့်တွေရဲ့ ကမ္ဘာစာအုပ်၏ စာရေးဆရာ၊ ကဗျာဆရာ အောင်ရင်ငြိမ်းမှာ တိမ်းရှောင်နေသည့် သတင်းများ ထွက်ပေါ်နေကြောင်း စာရေးဆရာ၊ ကဗျာဆရာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

ဗွီဒီယိုကြည့်ပြီး အိမ်အပြန် အဓမ္မပြုကျင့်ခံရ

 ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ ည ၈ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်နေ မxxxx(၁၅)နှစ်သည် နေအိမ်အရှေ့ဘက် တစ်အိမ်ကျော်ရှိ ဒေါ်ခင်ညွန့်နေအိမ်တွင် ဗွီဒီယိုကြည့်ပြီး ည ၈ နာရီခွဲအချိန် နေအိမ်သို့ အပြန်မှာ အဓမ္မပြုကျင့်ခံရ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိပါသည်။

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ

သင်္ဘောသီး မှည့်ဟာ ဆိုလျှင် ချိုသော အရသာရှိပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက် လိမ့်မယ်လို့ ထင်ပါတယ်။ သင်္ဘောသီးမှည့်ကို စားလျှင် ရရှိနိုင်သော အကျိုးကျေးဇူး တွေကတော့- (၁) အသားအရေကို လှပါစေပါတယ်။

နှုတ်က ဖွင့်မပြောကြတဲ့ လူ့ခံစားချက် အချို့


၁။ တိတ်ဆိတ်နေခြင်းက တစ်ဖက်လူရဲ့ အာရုံ စူးစိုက်မှုကို လိုအပ်ကြောင်း ပြတဲ့ အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့အထက်မြင်ကွင်းတွေကို မီးပုံပျံဖြင့် စီးနင်း ကြည့်ရူနိင်


ယခု ဇွန်လထဲတွင် ကမ္ဘာ့ အထက် မြင်ကွင်းများကို မီးပုံပျံဖြင့် စီးနင်းကြည့်ရူနိင်စေရန်
World view လုပ်ငန်းစုမှ စမ်းသပ်မူ တစ်ချို့ကို ပြုလုပ်ခဲ့ရာ အောင်မြင်စွာ ဖြင့် ခရီးသည်တွေ စီးနင်းနိင်လာတယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က နယူးမက်ဆီကိုတွင် ကမ္ဘာ့ အထက် မိုင် (၂၀) မှ စီးမျော လိုက်ပါနိင်မဲ့ စမ်းသပ်မူကို စတင်ပြုလုပ်ခဲ့ရာ ပြည့်စုံစွာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ CEO ရဲ့ ပြောကြားချက်အရ ကမ္ဘာ့မြေမှ ပေပေါင်း (၁သိန်း၂သောင်း) ကနေမိုးပျံပူဖောင်းကြီးကိုစီးကာ မြင့်မားတဲ့ ပျံသန်းမူကို ကမ္ဘာ့မှတ်တမ်း တစ်ခုအနေနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။

“အလည်ဗီဇာဖြင့်ပို့သည့်ပွဲစားဇနီးမောင်နှံအားဖမ်းမိ”

၂၀၁၄ ဇွန်လ ၂၆
ကိုတီး၊ မင်းဘခက်

           ထိုင်းနိုင်ငံသို့ အလည်ဗီဇာဖြင့် မြန်မာအလုပ်သမားများ အားတင်ပို့ထားသည့် ပွဲစားဇနီးမောင်နှံတို့အား ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနဘူရီခရိုင် ထာ့မကာမြို့နယ်၊ ဆင်သော်ရပ်ကွက်တွင်ရှိသော VITA နာနတ်သီး စက်ရုံအနီး တွင်ယနေ့နံနက်က ပူးပေါင်း အဖွဲ့များက အလုပ်သမားများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရသည်။

ကွမ်းစားနှပ်ဆေးရည် များသည် ကျန်းမာရေးကို ထိခိုက်စေနိုင်

 မြန်မာ့ရိုးရာ ဧည့်ခံ အစားအသောက် များတွင် ကွမ်း ၊ ဆေး ၊ လက်ဖက် ဟူ၍ ဆိုစကား ရှိသည်။ ကွမ်းယာသည် မြန်မာမှုတွင် ဧည့်ခံ ပစ္စည်း ဖြစ်သော်လည်း ယနေ့ ကာလတွင် စီးပွားဖြစ် ရောင်းချလျက် ရှိသော ရောင်းကုန် တစ်ခု ဖြစ်လာသည်။ ကွမ်းယာ ကို နှစ်ခြိုက် ခုံမင်စွာ စားသုံးလေ့ ရှိသော ခေတ်လူငယ် များသည် နှပ်ဆေးရည် များဖြင့် စားသုံးလေ့ ရှိရာ ၄င်း နှပ်ဆေးရည်အား ရေရှည်စွဲ၍ စားသုံး မိပါက အစာအိမ် အူလမ်းကြောင်း ကင်ဆာ ဖြစ်ပေါ် စေနိုင်ကြောင်း အစာအိမ် နှင့် အူလမ်းကြောင်း ဆိုင်ရာ အထူးကု ဆရာဝန် တစ်ဦးက ပြောပြသည်။

ဖမ်းဆီးခံ မိန်းကလေးများနှင့် အပျိုစင်ဘဝ လဲလှယ်ရန် ကမ်းလှမ်းခဲ့သည့် နိုက်ဂျီးရီးယား အဆိုတော် ဝေဖန်မှုမျိုးစုံ ကြုံနေရ

ဘိုကိုဟာရမ်တို့ ဖမ်းဆီးထားသည့် ကျောင်းသူ မိန်းကလေးငယ်များ လွတ်မြောက်ရေးအတွက် မိမိ၏ အပျိုစင်ဘဝနှင့် လဲလှယ်မည်ဟု ကြေညာခဲ့သည့် နိုက်ဂျီးရီးယား Popဂီတ အဆိုတော်နှင့် ပတ်သက်ပြီး နိုက်ဂျီးရီးယားတွင် ဝေဖန်မှု၊ ထောက်ခံမှု အမျိုးမျိုး ကွဲပြားဖြစ်ပေါ်လျှက် ရှိသည်။

Thursday, June 26, 2014

ထောင်မှပြန်လွတ်လာသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင် အစိုးရနှင့် အတိုက်အခံမလုပ်တော့ဟုဆို

 ရန်ကုန်၊ ထောင်မှပြန်လည်လွတ်မြောက် လာပြီးနောက် ယခင်ကဲ့သို့ အစိုးရနှင့် အတိုက်အခံ ပြုလုပ်ခဲ့ရာမှ ယခုအခါ တွင် အစိုးရဘက်မှ ပြုပြင်ပြောင်းလဲ ရန်လိုလားသူများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဟု ဗိုလ်ကြီးဟောင်းနေ မျိုးဇင်က ပြောသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည် ခွင့်ဥပဒေ (ပုဒ်မ ၁၈) ပြင်ဆင်ချက်ထုတ်

 ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအဖြစ် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ပြင်ဆင်ချက်မထုတ်ခင် အရင် ဒီဥပဒေနဲ့ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေဟာ မကြာခဏ တရားစွဲဆို ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုပြင်ဆင်ချက်ထဲ မှာတော့ ထောင်ဒဏ်တွေ ကို လျှော့ချလိုက်သလို အစားထိုးချက်တွေနဲ့ ပြဌာန်းလိုက်တဲ့ ဒီဥပဒေအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

အောင်မြင်တဲ့ ဒီဇိုင်နာဘဝမှ သီလရှင်ဝတ်သွားသူ


တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီနန်မြို့ဖွား ဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် တင်တိန်းဆိုတဲ့ ဒီဇိုင်နာ ကောင်မလေးဟာ အောင်မြင်နေတဲ့ ဘဝကို စွန့်လွှတ်ပြီး ဗုဒ္ဓရဲ့ သမီးတော် အဖြစ် ခံယူသွား ခဲ့ပါတယ်။ တင်တိန်းဟာ ချမ်းချမ်းသာသာနဲ့ နေထိုင်ခဲ့ ရတဲ့သူပါ။ ဖက်ရှင်ဒီဇိုင်နာ၊ မိတ်ကတ် အလှပြင်သူ အဖြစ်လည်း လုပ်ငန်းမှာ အလွန်အောင် မြင်နေသူ ဖြစ်ပါတယ်။

မျက်နှာကို သံပုရာသီးခြမ်းဖြင့် ပွတ်ပါ


မျက်နှာ အသားအရေဟာ နေလောင်ဓာတ်ကြောင့် ညစ်ညမ်း နေတာဖြစ်ဖြစ် အဆီပြန် ဝက်ခြံတွေ ထွက်နေပြီး အနာအဆာ တွေနဲ့ ဖြစ်နေသူများ အတွက် အကောင်း ဆုံးနဲ့ အဓိရောက်ဆုံး နည်းလေးပင် ဖြစ်ပါတယ်။

Wednesday, June 25, 2014

အစိုးရဖြုတ်ချရေး စာရွက်ဝေသူနှစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ခြောက်လစီ ထပ်မံချ

 ပုံစာ-ဦးဇော်ဝင်း(မျက်မှန်တပ်ထား)နှင့် ၎င်းနှင့် အမှုတွဲပါဝင်သူ အမျိုးသားတစ်ဦးကိုတွေ့ရစဉ်။ (ဓါတ်ပုံ-ကျော်စွာဝင်း)

ရန်ကုန်၊ မဇ္ဈိမ။ ။ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစုအဖွဲ့ဝင် ဦးတင်မောင်ကြည် နှင့် ဒီမိုကရေစီ အင်အားစုအဖွဲ့ဝင် ဦးဇော်ဝင်းတို့ နှစ်ဦးကို ဇွန်၂၄ ရက်တွင် နိုင်ငံတော်အကြည်ညို ပျက်စေသည့် ပုဒ်မ ၅ဝ၅ (ခ)ဖြင့် မင်္ဂလာတောင်ညွန့်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လစီ ချမှတ်လိုက်သည်။

ဦးနေမျိုးဝေ၏ အမျိုးသားရေး အသိပညာပေး ဟောပြောပွဲ (ရုပ်/သံ )

နိုင်ငံ့ဝန်ထမ်းဥပဒေသစ်အရ မီးဖွားခွင့်ခြောက်လ ရမည်

 ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဦးကျော်သူ နှင့် မယ်စဲ့မဲဆန္ဒနယ်မှ ဦးကျော်ခိုင်ဝင်း
နေပြည်တော်၊ မဇ္ဈိမ။ ။ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှ စတင် အာဏာတည်ခဲ့ သည်ဆိုသော နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ အရ အမျိုးသမီး ၀န်ထမ်းများ မီးဖွားခွင့်ကို ခြောက်လအထိ တိုးမြှင့် လိုက်ကြောင်း၊ အကယ်၍ ကလေးအမြွာဖြစ်လျှင် နောက်ထပ် သီတင်းပတ်ခြောက်ပတ်၊ စုစုပေါင်း ခုနှစ်လခွဲအထိ ခွင့်ပြုထားကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ဇွန်လ ၂၃ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

စမောလင်းနှင့် အိုဘားမားတို့၏ ပုံကို မှားယွင်းရိုက်နှိပ်မိခဲ့သည့် ကမ္ဘာ့ဖလား အမှတ်တရ မတ်ခွက်များ


ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီတစ်ခုက အမေရိကန် သမ္မတ ဘာရတ်အိုဘားမားကို အင်္ဂလန် အသင်း လူစာရင်း၌ မှားယွင်း ထည့်သွင်းမိခဲ့ကြောင်း သိရှိရသည်။ သတင်းများက အမည်ဖော်ပြခြင်း မရှိသည့် ဗြိတိန် ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှ ကစားသမား တစ်ဦးချင်းစီ၏ ရုပ်ပုံများကို ပုံနှိပ်ထားသည့် မတ်ခွက်များကို ရောင်းချခဲ့သည်။

ဝန်ကြီး ဦးသာအေး ကို ဆန္ဒပြကြ

 တရုတ်ဝမ်ပေါင်နဲ့  စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ ဆောင်ရွက်နေတဲ့ ကြေးနီ စီမံကိန်းကြောင့် လက်ပံတောင်း တောင်ဒေသခံတွေ စားဝတ်နေရေး တစထက်တစ ခက်ခဲလာတဲ့ အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ကို ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်အိမ် ဖောက်ထွင်းခံရ


လာမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ နေအိမ် ဇွန်လ ၂၃ ရက် ညတွင် ဖောက်ထွင်းခံရပြီး တယ်လီဖုန်းတစ်လုံး ခိုးယူခံခဲ့ရသည်ဟု သတင်းရရှိသည်။

လူသတ်ပြီးထွက်ပြေးသူကို သုံးရက်အတွင်း ပြန်လည် ဖမ်းဆီးရမိ

မိတ္ထီလာ ၊ ၂၅-၆-၂၀၁၄

မိတ္ထီလာ မြို့နယ် တောမကျေးရွာ အုပ်စု မကျီးပင်ပု ကျေးရွာ မှန်ကျောင်း ဘုန်းတော်ကြီးကျောင်း အနီး မိုးနှံချုံ အတွင်းမှ ဇွန်၁၉ ရက်က ဒဏ်ရာဖြင့် လူသေ အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။ သေဆုံးသူမှာ မကျီးပင်ပု ကျေးရွာနေ ဦးအောင်မောင်း ဖြစ်ကြောင်း သိရသည်။

Tuesday, June 24, 2014

ဖိနပ်ရေစိုမည်စိုးသဖြင့် လက်အောက်ငယ်သားကို ကုန်းပိုးခိုင်းသည့် တရုတ်အရာရှိ ရာထူးမှ ထုတ်ပယ်ခံရ


တရုတ်နိုင်ငံတွင် ရေကြီးရေလျှံနေသည့် ဒေသသို့ သွားရောက်စဉ် ရေစိုမည် စိုးသဖြင့် ဝန်ထမ်း တစ်ဦး၏ ကျောကုန်းထက်မှ လိုက်ပါခဲ့သော အစိုးရ အရာရှိတစ်ဦး ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိရသည်။

Monday, June 23, 2014

“ချွတ်ချော်တဲ့လွှတ်တော်နဲ့တော့ခက်ရချည်ရဲ့”

ကျနော်တို့ ဘလော့ကို အလည်လာနေကြတဲ့သူတွေ ဖတ်ရှုနိုင်ရန်အတွက်
၂၀၁၄ ခု ဇွန်လ ၁၈ ရက်နေ့ ပြည်တွင်းထုတ် “မြန်မာပို့စ်”အပတ်စဉ်ဂျာနယ် ပါ
ဆောင်းပါးကို   တင်ပြလိုက်ပါတယ်။
..............................................                               
      ဒီဆောင်းပါးကို ခေါင်းစဉ်ပေးချင် တာက “ဖါယုံ” လို့ပေးချင်းတာ။ ဒါပေ မယ့် ကြမ်းတမ်းယုတ်ညံ့တဲ့စကားနဲ့ နီးစပ်တာမို့ မပေးဖြစ်လိုက်တာပါ။   ပြောချင်တာကတော့ တစ်ပွဲပြန် တစ်နပ်စားအကြံဉာဏ်နဲ့ ဖါထေးပြီး တင်ပြနေတာကိုဝိုင်းပြီး ယုံနေကြတဲ့ခေတ် ထဲမှာပဲ ကျနော်တို့ တိုင်းပြည်ရှိနေ ဆဲဆိုတာကို ပြောချင်တာပါ။
            နိုင်ငံအရေးကိုစိတ်ဝင်စားကြတဲ့သူတွေ၊ စီးပွားရေးနိုင်ငံရေးနယ်ပယ် အထူးသဖြင့် လွှတ်တော်နယ်ပယ်က အမတ်မင်းတွေဟာ ဘာတွေကို ဘယ်ေ

ဦးအံ့မောင် ကို စစ်ဆေးနေပြီ ဆို

 သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဟောင်း ဦးအံ့မောင် ကို စသုံးလုံး ဘက်က စစ်ဆေးနေပြီ ဆိုတဲ့ သတင်းတွေ ထွက် လာပါတယ် ။

ကြက်ဥကို စားသင့်တဲ့ အကြောင်းများ


ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။

ပုဒ်မ ၁၈ လက်မခံသူ တိုက်ပွဲဝင်နှင်းဆီ- စုစုနွေး


 ဓာတ်ပုံ- စုစုနွေး ဖေ့စ်ဘုတ်

လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ မစုစုနွေးက ပုဒ်မ ၁၈ ကို ဆန့်ကြင်သူဖြစ်လို့ သူ့ကို ပုဒ်မ ၁၈ နဲ့ ဖမ်းမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ 
ဇွန်လ ၂၂ ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုမာကီးထံကို လှိုင် မြို့နယ် ရဲစခန်းက ဖုန်းဆက်တယ်လို့ သူက ဆိုပါတယ်။ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး မစုစုနွေးက သူ့ဖေ့စ်ဘုတ်မှာ ပြောထားတာက 

သတင်းမီဒီယာသမားများကို သတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းမှု စစ်အစိုးရလက်ထက်ကဲ့သို့ ဖြစ်နေ

တနင်္လာနေ့၊ ဇွန်လ ၂၃ ရက်၊ ၂၀၁၄ ခုနှစ်

သတင်းမီဒီယာများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းမှုများသည် ယခင်စစ်အစိုးရ လက်ထက်ကဲ့သို့ ကျင့်သုံး နေခြင်းများ ဖြစ်သည်ဟု မီဒီယာသမားများက ဝေဖန်လိုက်သည်။

မအောင်မြင်ရတဲ့ အဓိက အချက်များ

(၁) သူတစ်ပါး အပေါ်မှာ သံသယဖြစ်နေခြင်း
(၂) မကောင်းတဲ့ ဘက်ကိုပဲ စဉ်းစားနေခြင်း

Sunday, June 22, 2014

မော်တော်ဆိုင်ကယ်ဖမ်းဆီးရေးအဖွဲ့၏ မဆင်မခြင်ဖမ်းဆီးမှုကြောင့် ပြည်သူတစ်ဦးသေဆုံး


ပြီးခဲ့သည့် (၉၊ ၆၊ ၂၀၁၄)ရက်နေ့ နံနက် (၉)နာရီ၊ (၁၇)မိနစ်ခန့်တွင် ပဲခူးမြို့နယ်၊ အင်းတကော်မြို့ ရဲစခန်းရှေ့တွင် မော်တော်ဆိုင်ကယ်ဖမ်းဆီးရေးအဖွဲ့မှ ယာဉ်မောင်း ကိုမင်းမင်းငယ်(ဘ)ဦးတင်မြင့်၊ အသက်(၃၄)နှစ် မောင်းနှင်လာသောမော်

ကမ္ဘာ့ဖလားဘောလုံးပွဲများကို နေအိမ်၌သာ ကြည့်ရှုကြရန် ကင်ညာအာဏာပိုင်များ တိုက်တွန်း

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှ ကီဘာရာဆင်းရဲသားရပ်ကွက်တွင် ကမ္ဘာ့ဖလား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသူများ (Hosam Katan/REUTERS)
 
ကမ္ဘာ့ဖလားဘောလုံးပွဲ များကို လူများပြီး အကာအကွယ် မရှိသော လေဟာပြင်နေရာများတွင် ကြည့်မည့်အစား နေအိမ်များတွင်သာ သက်သောင့်သက်သာ ကြည့်ရှုအားပေးကြရန် ကင်ညာအစိုးရက ပြည်သူများကို တိုက်တွန်းထားသည်။

အရပ်သားများကို အသုံးချနေဆဲဖြစ်သော မြန်မာစစ်တပ်

ဒဏ်ရာရနေသည့် ကေအိုင်အေတပ်သားတစ်ဦးကို ဆေးထိုးကုသစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ/gettyimage)
ဧပြီလလယ်နေ့တစ်နေ့ တွင် အစိုးရစစ်သား များက ကချင်ပြည်နယ်ရှိ ဦးဂမ်(အမည်ပြောင်း)၏နေအိမ်သို့စီးနင်းကာ မွှေနှောက်ဖျက်ဆီးသွားခဲ့သည်။ ယင်းနောက် သူနှင့်အတူ အခြားအရပ်သားငါးဦးကို ကေအိုင်အေရှေ့တန်းတပ်ရှိရာဘက်သို့ လမ်းပြအဖြစ် အဓမ္မခေါ်ဆောင်သွားခဲ့ကြောင်း အသက် (၅၅)နှစ်ရှိ လယ်သမားကြီး ဦးဂမ်က ပြောပြသည်။

အွန်လိုင်းမှ ဆေးလိပ်သောက်သည့်ဓာတ်ပုံကိစ္စ ရွှေမှုံရတီ မိခင်ရှင်း


By  ဇွဲဉာဏ်
အွန်လိုင်းတွင် ပျံ့နှံ့နေ သော ဆေးလိပ်သောက်နေသည့် ပုံသည် ရှေးခေတ်အမျိုးသမီး ဆေးပြင်းလိပ်သောက်သည့် ပုံစံ အတွက် ဓာတ်ပုံအထူးပြုလုပ် ချက်ဖြင့် ပြုပြင်ရန် ရိုက်ကူးခဲ့ခြင်း ဖြစ်ကာ ယင်းပုံကို တရားဝင်အ သုံးပြုခဲ့ခြင်းမရှိကြောင်း    ရွှေမှုံ ရတီ၏ မိခင်က ပြောသည်။

မနောမယ ဟောစာတမ်း


တနင်္ဂနွေ သားသမီးများ
ဒီရက်တွေ အတွင်းမှာ ငွေကံတအား ကောင်းပါတယ်။ နာမည်ဂုဏ်  သတင်းတက်စရာ တွေလည်း ကြုံမယ်။ နိုင်ငံခြားခရီး လူမျိုးခြားနဲ့ ပတ်သက်တဲ့ အလုပ်တွေ အကျိုးပေး အောင်မြင်မယ်။ ၂၇ အတွဲ လိုက်ပူးပြီး စတဲ့ ထီလက်မှတ်တွေ ထိုးသင့် ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပျူတာ၊ ကျောက်၊ ကင်မရာ လုပ်ငန်းရှင်များ တိုးချဲ့ သင့်တဲ့ အချိန်ဖြစ် ပါတယ်။ မိသားစုထဲမှာ အလှူပွဲ၊ မင်္ဂလာ ပွဲတွေ ကြုံရ တတ်ပါတယ်။ အဲဒီနေ့မှာ ထီဖိထိုး သင့်ပါတယ်။ စပ်တူ၊ စာချုပ် ကိစ္စတွေ မှာတော့ မရေမရာဖြစ် တတ်ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများ ကိုတော့ ခေတ္တ ဆိုင်းငံ့ ထားသင့် တဲ့ အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခါ နှစ်ကြိမ်ကြုံ တတ်တဲ့ ကိန်းဖြစ်ပါတယ်။ ထီပေါက်ရင်လည်း နှစ်ခါပေါ့ ခင်ဗျာ။ အိမ်ထောင်ရှင်များ အဆင်မပြေ မှုများပြီး ချစ်သူရည်း စားများ ကြည်နူး ဝမ်းမြောက်စရာ နှစ်မျိုးနှစ်ခု ကြုံနိုင် ပါတယ်။ အာရုံကြော၊ ဝမ်းဗိုက်၊ ဆီး၊ မျက်စိရောဂါများ ဂရုစိုက်ရမယ့် ကာလဖြစ် ပါတယ်။ ယယြာ ။ ။ ဆန်နို့ဆီ တစ်ဗူးခန့်ကို အပုံကလေး (၄၁) ပုံပြီး ကျေးငှက်တွေကို ကျွေးလိုက်ပါ။

နော်ဝေးအိမ်ရှေ့မင်းသားရဲ့ ကြင်ရာတော်


မိန်းကလေး တိုင်းက စင်ဒရဲလားဖြစ်ချင်တဲ့ အိပ်မက်မျိုးကို မက်ဖူးကြမယ်  ထင်ပါရဲ့။ မွဲပြာခြောက် သွေ့တဲ့ ဘဝမှာ ချောမောလှပတဲ့ မင်းသား တစ်ပါး ကိုယ့်အနား လျှောက်လာပြီး လက်လက်ထနေတဲ့ ဖိနပ်တစ်ရံ ကမ်းပေး လိုက်ချိန် မှော်ဆရာရဲ့ကျိန်စာသင့်နေတဲ့ ဘဝက ချက်ချင်းပဲ လင်းလက်လာခဲ့ သလိုမျိုး….
အဲဒီလို စင်ဒရဲလားဖြစ်ချင်တဲ့ မိန်းကလေးက လှပတဲ့ရုပ်ရည်၊ ကောင်းမွန်တဲ့ စရိုက်လက္ခဏာရှိရတယ်၊ အရေးအကြီးဆုံးက ရှေးဘဝမှာ ဘာအကုသိုလ်မှ မလုပ်ခဲ့ဘဲ ဒီဘဝမှာ ဖြူစင်တဲ့ ပုလဲလေး တစ်လုံးလို မင်းသားရဲ့ရှာဖွေတွေ့ရှိ မှုကို စောင့်ဆိုင်း နေရတယ်။

စစ်အရာရှိကြီးတွေကို ဝန်ကြီး ဦးအောင်မင်း လူသိရှင်ကြားတောင်းပန်

 ရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများအသင်းချုပ် UMFCCI မှာ ထိပ်တန်း စစ်ဘွဲ့ထူး တွေ အပေါ် ဝေဖန်ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ စစ်တပ်အကြီးအကဲတွေနဲ့ စစ်မှုထမ်းဟောင်း အရာရှိကြီးတွေကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ကြေညာချက်ထုတ် ပြန်တောင်းပန်လိုက်ပါတယ်။

အသက်၁၅ နှစ်အရွယ် မယားပါ သမီးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်ငွေတောင်း

၂၀၁၄    ခု ဇွန်လ ၂၁
   
အသက်၁၅ နှစ်အရွယ် မယားပါ သမီးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်၍ငွေေ ကြးပါ ထပ်မံတောင်းခံသဖြင့် MAT နှင့် FED တို့ က နယ်မြေခံရဲဖြင့်ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

မွေးနေ့မှာ လူမြင်ကွင်း ထပ်ထွက်လာတဲ့ မစ္စယင်လတ်

အသက် ၄၇ နှစ် ပြည့် မွေးနေ့ ရှင် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စယင့်လတ်ရှင်နာဝပ် ကတော့ သားဖြစ်သူနဲ့ အတူ ဘန်ကောက်မြို့က ၀ပ်ဘန့်သောင်လန် ဘုန်းတော်ကြီး ကျောင်းမှာ ကံနိမ့်နေတာတွေ အဆုံးသတ် သွားစေဖို့ ကုသိုလ် ကောင်းမှုတွေ လုပ်ရင်း မွေးနေ့ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။  ဒါဟာ ထိုင်း နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဒုတိယမြောက် လူမြင်ကွင်းကို ထွက်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။ 

အိမ်သာသွားတဲ့ အဆောင်နေ ကျောင်းသူကို ပါးစပ်ပိတ်ပြီး ချွန်ထက်သော အရာနှင့်ထိုး

 ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ ကန်ရိုးကျေးရွာရှိ (သွန်းရွှေစင်)အမျိုးသမီး ဘော်ဒါဆောင်နေ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ မယဉ်သွယ်ဦး ကို အမျိုးသား တစ်ဦး က ချွန်ထက်သော အရာနှင့် ထိုးသွားတာကြောင့် ဒဏ်ရာရရှိပြီး တောင်ငူ ဆေးရုံမှာ တက်ရောက် ကုနေကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။

အိပ်မက်ဆုံရာမှာ သီချင်းဆိုတဲ့ ကာရန်ချို

  • ကာရန်ချို၊
  • အသက်(၁၉)နှစ်၊
  • အိပ်မက်ဆုံရာ Season 8 အဆိုရှင်၊
  • စီးပွားရေးတက္ကသိုလ် တတိယနှစ်ကျောင်းသူ၊

(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

အခုလတ်တလောမှာ ရှိုးပွဲတွေရှိရင် ဆိုဖြစ်ပါတယ်၊ ညီမတို့ အိပ်မက်ဆုံရာ Season 8 က မောင်နှမတွေ Group ခွေအတွက် စီစဉ်နေပါတယ်။