Friday, November 1, 2013

Facebook စီမံခန့်ခွဲရေးအဖွဲ့တွင် မြန်မာတဦးလည်း ပါဝင်



မြန်မာနိုင်ငံတွင် လူကြီးလူငယ်များအကြား သုံးစွဲမှုနှုန်း မြင့်မားသည့် Facebook လူမှုကွန်ရက် စာမျက်နှာ စီမံခန့်ခွဲရေး အဖွဲ့တွင် မြန်မာ တဦးကို အလုပ်ခန့်အပ်ထားကြောင်း Facebook Team မှ တာဝန်ရှိသူတဦး၏ ပြောလိုက်ကြောင်း Myanmar Ict for Development Organization (MIDO) မှ စီမံကိန်းမန်နေဂျာက ဧရာဝတီသို့ ပြောသည်။
Facebook စာမျက်နှာပေါ်တွင် ရေးသားသည့် တချို့သော အချက်များသည် သုံးစွဲသူနှင့် စီမံခန့်ခွဲရေး အဖွဲ့အကြား သဘောတူ ထားသည့် စည်းကမ်းချက်များကို ချိုးဖောက်မှုများ၊ တဦးနှင့်တဦး အမုန်းတရား ပွားစေမည့် အရေးအသားများ၊ တဦးက တဦးကို ခြိမ်းခြောက်ခြင်းများ၊ တစုံတဦးအပေါ် ထိခိုက်နစ်နာစေသော အရေးအသားများ ရှိနေခြင်းကြောင့် ယင်းသို့ မြန်မာ ဘာသာစကားကို တတ်ကျွမ်းနားလည်သူအား ခန့်ထားခြင်းဖြစ်ကြောင်း သိရသည်။

Thursday, October 31, 2013

“မြန်မာအလုပ်သမားတစ်ဦးဓါတ်လိုက်သေဆုံး”





အောက်တိုဘာ ၂၈      ကိုဖုန်း(စူရတဋ္ဌာနီ)
      ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဋ္ဌာနီမြို့ ၀တ်ပတူရပ်ကွက်ရှိ ပန်းရံဆိုဒ်တစ်ခုတွင်နေထိုင် သည့် မြန်မာအလုပ်သမားတစ်ဦး မီးမလာသဖြင့်  သွပ်ပြားညှပ်သည့်ကပ်ကြေးဖြင့် မီးကြိုးကိုဖြတ်ေ တာက်စဉ် မီးပြန်လာသဖြင့်ဓါတ်လိုက်သေဆုံး သွား ခဲ့သည်။
    သဆုံးသူမှာတနင်းသာရီတိုင်း၊သရက်ချောင်းမြို့ နယ်၊ဆင်ကြမ်းကျေးရွာမှအဘဦးသက်ချို+ဒေါ်မူမူေ အး တို့၏ သားကြီး အသက် ၁၆ နှစ်အရွယ်   မောင်ပိုင်ပိုင်စိုး ဆိုသူဖြစ်သည်။