Friday, September 7, 2012
လှည့်ကင်းရဲ အဖွဲ့၏ ထိန်းသိမ်း ခံရသူ လူငယ်တစ်ဦး ဦးခေါင်းသွေးယိုစီး ဒဏ်ရာဖြင့် သေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် စက်တင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီခန့်က သောက်စားမူးယစ်နေသော လူငယ်တစ်ဦးအား လှည့်ကင်းရဲအဖွဲ့က ရဲစခန်းသို့ ခေါ်ဆောင်သွားရာမှ ဦးခေါင်းသွေးယိုစီး ဒဏ်ရာဖြင့် သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖြူးဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
Thursday, September 6, 2012
ကြေးနီစီမံကိန်း လူ ၄,၀၀၀ ဆန္ဒပြ
ကြေးနီစီမံကိန်းအတွက် ဆုံးရှုံးခဲ့တဲ့လယ်၊ သိမ်းဆည်းခံမြေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အတွက် ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲ က လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ဖယ်ရှားခံရတဲ့ ရွာလေးရွာနဲ့ လယ်မြေဧက ၇,၀၀၀ ကျော် သိမ်းဆည်းခံခဲ့ရတာတွေအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သဘာဝ   ပတ်ဝန်း ကျင် ပျက်စီးဆုံရှုံးမှုတွေ ဖြစ်နေရတာကြောင့် မကျေနပ်မှုတွေ ဖြစ်ကြတဲ့ ဒေသခံ လူထုအင်အား ၄,၀၀၀ ခန့်ကနေ ဒီစီမံကိန်းကို လုံးဝ ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုတဲ့ အနေနဲ့ မုံရွာ-ပုသိမ် ကား လမ်းမကြီးပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီလို ဆန္ဒပြသူ အင်အား များလွန်းတာကြောင့်  မုံရွာ-ပုသိမ် ကားလမ်းမကြီးကို ပိတ်ထားရတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြိုးပမ်းခြင်းလို့ ဦးဥာဏ်ဝင်းပြောဆို
RFA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း
မြို့နယ်တချို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ NLD အဖွဲ့ဝင်တွေရဲ့ ပါတီရုံးချုပ်အပေါ် ဆန္ဒဖော်ထုတ်ပွဲတွေဟာ အင်န်အယ်လ်ဒီပါတီကို ပြိုကွဲအောင် အားနည်းအောင် ကြိုးပမ်းနေကြတာသာ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
NLD ပါတီဝင်များ တွံတေးမြို့ အမျိုးသားဒီမိုကရေစီ ရုံးရှေ့တွင်ဆန္ဒပြ
2012-09-04
ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်း ကျေးရွာ ၇၃ အုပ်စုက NLD ပါတီဝင် အင်အား ၁၅၀ လောက်ဟာ NLD ပါတီရုံးချုပ်ရဲ့ ရပ်၊ ကျေးကော်မရှင်နဲ့ ပါတီဝင်တွေ ပြန်ရွေးချယ်မှုကို မကျေနပ်တဲ့အတွက် ဒီကနေ့ နေ့လည် ၁ နာရီမှာ တွံတေးမြို့ ကျွန်းတောရပ်ကွက် အမျိုးသား ဒီမိုကရေစီ ရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ မိုးသီး … မနက်ဖန် ကျနော်တို့လား
Ag Lu aunglulay@gmail.com
အခုတလော ကြားနေရတဲ့သတင်းတွေ၊ ဖတ်နေရတဲ့စာတွေကြောင့် အမျက်တွေစူးတယ်။ သတင်းသမားပီပီ စာရေးချင်၊ ပြောချင်ပေမဲ့ ကိုယ့်စာကအလိုမကျတာ၊ အမြင်မတူတာကိုချရေးပြီး၊ ဆူးပေါက်နေမှာမို့ ဆင်ဆင်ခြင်ခြင် နေလိုက်သေး တယ်။ ကိုယ့်အတွေ့အကြုံ အတွေးအမြင်ကို မြိုချလို့ရပေမဲ့ အဆိုးဘက်နွယ်တဲ့အတွေးအခေါ်နဲ့ စာတွေပိုပိုများနေတာ
ကျတော့ မျက်ကွယ်ပြုထားသလို စိတ်ထဲခံစားလာရတယ်။ သတင်းသမားတယောက် တာဝန်မကျေသလို ဖြစ်မှာစိုးလို့
ကိုယ့်စိတ်ထဲရှိတာ ကွယ်ဝှက်လည်းမနေ၊ ဟန်ဆောင်ပြီးလဲ ထိန်းမနေချင်တော့ဘူး၊ ပွင့်ပွင့်လင်းလင်းပဲ ရေးလိုက်တော့ မယ်။
Wednesday, September 5, 2012
ငွေတစ်သောင်းနဲ့ လေကြောင်းလိုင်းပိုင်ရှင်ဖြစ်နိုင်တော့မည်
မြန်မာ့လေကြောင်းလိုင်းသစ်တစ်ခုဖြစ်သော Golden Myanmar လေကြောင်းလိုင်းသည် စက်တင်ဘာလ အစောပိုင်းတွင် ရင်းနှီးမြှပ်နှံလိုသူများအတွင် ရှယ်ယာများရောင်းချမည်ဟု သိရသည်။အဆိုပါလေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို အခြေခံပြီး စတင်ပြေးဆွဲမည်ဟုဆိုသည်။၎င်းလေကြောင်းလိုင်းသည် ခရီးသည်လုပ်ငန်းအတွက် ရည်ရွယ်ပြီး ၁ ရှယ်ယာလျှင် ကျပ်ငွေ  ၁ သောင်းဖြင့်ရောင်းချမည်ဖြစ်သည်။ “စစချင်း Golden Myanmar နှင့်ရှယ်ယာ
ပြည်သူ့ရဲနဲ့ လူငယ်ပူးပေါင်းပြီး ၁၅ သိန်းဖိုး ပစ္စည်းခိုးယူသူ ဖမ်းဆီးအရေးယူ
ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ဆိုင်ကယ် နှစ်စီး ၊ ငွေသား တသိန်း၊ မိုဘိုင်းဖုန်း ကာလတန်ဖိုး ကျပ်ငွေ ၁၅ သိန်းတန် ခိုးယူသူ ဟားခါးမြို့ဟောင်းရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ်ရှိသူ Ngun Ling  ဆိုသူအား ပြည်သူ့ရဲနှင့် ရပ်ကွက် လူငယ်များပူးပေါင်းပြီး ဖမ်းဆီးနိုင် ခဲ့သည်ဟု သိရသည်။
မြေသိမ်းခံ လယ်သမားများကို ယုဇနဦးဌေးမြင့် အလျော်ပေးမည်
ကချင်ပြည်နယ်တွင် ယုဇန ကုမ္ပဏီက သိမ်းထားသည့် မြေကွက်များတွင် ရွှေတူးဖော်ရေး လုပ်ကိုင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – KDNG)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ၀ါရာဇွပ်ကျေးရွာအုပ်စုမှ လယ်မြေဥယျာဉ်များ သိမ်းယူထားမူအတွက် ဆန္ဒပြရန် ရန်ကုန်မြို့သို့ ရောက်လာသည့် လယ်သမားများသည် ယုဇနကုမ္မဏီပိုင်ရှင် ဦးဌေးမြင့်မှ အချိန်မီ ညှိနှိုင်းရန် ကမ်းလှမ်းခဲ့ခြင်းကြောင့် ဆန္ဒပြခြင်းကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
Tuesday, September 4, 2012
"မွေးရာပါကျောရိုးအမြှေးကျွံခြင်း" ကိုခွဲစိတ်ပြုပြင်ပုံအဆင့်ဆင့်ကို မှတ်တမ်းတင်ရန် ခွဲစိတ်ခန်းထဲသို့ ...
- - Michael Clancy သည် USA Today Newspaper အတွက် "- "မွေးရာပါကျောရိုးအမြှေးကျွံခြင်း" ကိုခွဲစိတ်ပြုပြင်ပုံအဆင့်ဆင့်ကို မှတ်တမ်းတင်ရန် ခွဲစိတ်ခန်းထဲသို့ ရောက်ရှိနေသည်။ ခွဲစိတ်မှု ကို သားအိမ်အ တွင်း မှာသာပြုလုပ်မည်ဖြစ်၏။ ကိုယ်ဝန်မှာ 21 ပတ်သာရှိသေးသည်။ အခန့်မသင့်လျှင်ကလေးသေသွား နိုင်သည်။ သို့သော် အောင်မြင်စွာ ပြုပြင် လိုက်နိုင် သည်။
ကိုဝေဠု အဖမ်းခံထားရပြီ
မုံရွာခရိုင် ဆားလင်းကြီးမြို့ နယ်ထဲက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း
အတွက် ဒေသခံလယ်သမားတွေရဲ့ ဆန္ဒပြမှုကို အကူအညီပေးခဲ့တာကြောင့်
ဖမ်းဆီးခံရသူကတော့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုဝေဠု ဖြစ်ပြီး
သူ့ ကိုတော့ လယ်သမားအရေးတွေလုပ်ဆောင်ပြီးအပြန် ကားပေါ်ကနေ ဆွဲချ
ခေါ်ဆောင်သွားတာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ အကျိုးဆောင်
ကွန်ရက်က ကိုဟန်ဝင်းအောင်က ပြောပြပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ခုံရုံးက ပြည်သူ့လွှတ်တော် စုံစမ်းရေးအဖွဲ့ ဥက္ကဌ ဦးသိန်းဆွေ နှင့် အဖွဲ့ဝင်များ ကန့်ကွက်
ပြည်သူ့လွှတ်တော်စုံစမ်းရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ ၀င်များသည် ပြစ်မှုဆိုင်ရာ ကျင့် ထုံးဥပဒေပုဒ်မ ၅၅၆ နှင့် ယခင် နိုင်ငံတော်ကောင်စီရုံးမှ ထုတ်ပြန် သည့် ၀န်ထမ်းစည်းကမ်းထိန်းသိမ်း ရေးလက်စွဲစာအုပ် အပိုဒ်(၄၁) အ ရ ပြည်သူ့လွှတ်တော် စုံစမ်းစစ် ဆေးရေးအဖွဲ့တွင် ပါဝင်ဆောင် ရွက်နိုင်သည့် ပုဂ်္ဂိုလ်များမဟုတ် သောကြောင့် အဆိုပါ အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကိုကန့်ကွက် ပါကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၏ သတင်းထုတ်ပြန်ချက် (၂/ ၂၀၁၂)ကို စက်တင်ဘာ (၃)ရက် နေ့က ထုတ်ပြန်ကြေညာလိုက် ကြောင်းသိရသည်။ ၂၀၁၂စက် တင်ဘာ (၃)ရက်နေ့ထုတ် ကြေး မုံသတင်းစာတွင် ဖော်ပြထား သည့် သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ-စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက်္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ခြင်း။
ခိုင်မာတဲ့ယုံကြည်မှုကြီး မဖြစ်သေးတဲ့ငြိမ်းချမ်းရေး ဖားစည်ခရီးစဉ်
ကရင်ပြည်နယ်   ငြိမ်းချမ်း ရေးတည်ဆောက်ရာတွင် ယုံကြည် မှုဆင့်ဆင့်ရှိရာပထမအကြိမ် ယုံ ကြည်မှု တည်ဆောက်ပြီးနောက် ၂၀၁၂ခုနှစ်ဧပြီတွင်  ဒုတိယ အကြိမ် ယုံကြည်မှုနောက် ဆုံး  တတိအကြိမ်ယုံကြည်မှုကိုကရင် ပြည်နယ်ဘားအံမြို့ဟိုတယ်(ဇွဲ ကပင်)၌ ၂၀၁၂ ခုနှစ် စက်တင် ဘာ ၂ ရက်မှစ၍ ၂ရက်တိုင် ဆွေးနွေးတိုင်ပင်ကာ ခိုင်မာတဲ့ ယုံကြည်မှုများတည် ဆောက်ခဲ့ ကြသည်။
စစ်ဆေးအတည်ပြုပြီးသော ကလေးသူငယ်များနှင့် ၎င်းတို့မိသားစုများအား တွေ့ဆုံးမေးမြန်းအင်တာ ဗျုးရာတွင် လိုက်နာရမည့်လမ်းညွှန်ချက်များ...
၁. တပ်မတော်တွင် စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့်ပြုရန် လုပ်ငန်းစဉ်များလုပ်ဆောင်နေချိန် အတောအတွင်း၌ စစ်ဆေးအတည်ပြုပြီးသော ကလေးသူငယ်များနှင့်၎င်းတို့၏ မိသားစုအား သွားရောက်တွေ့ဆုံ မေးမြန်းခြင်းမျိုး မပြုလုပ်ရပါ။
မြန်မာအလုပ်သမား နှစ်ဦးအကြား သတ်ဖြတ်မှုဖြစ်ပွား
သြဂုတ်လ ၂၉၊ ခိုင်ကြီး
    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီး ဖလန် အမှတ် ၂ လမ်းမကြီး ထာခမ်း လမ်းသွယ် ၆/၁ ရှိ Hiriuj Lcora Co, LTD   ခဲအရည်ကြို စက်ရုံအတွင်း သြဂုတ်လ ၁၄ ရက် နေ့တွင် မြန်မာအလုပ်သမား တစ်ဦး အား အခြားမြန်မာတစ်ဦးက ရိုက်သတ်ခဲ့ကြောင်း သိရ သည်။
မျက်စိရောဂါလူနာများအတွက် ကုသိုလ်ဖြစ် Myanmar Eye Care Project အစီအစဉ်
မျက်စိကုသဖို့ ငွေကြေးမတတ်နိုင်ကြသူတွေကို အကြောင်းကြားပေးကြပါ၊ ပိုက်ဆံမကုန်ပဲ ကုသိုလ်ရပါတယ်...
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး - ရန်ကုန် တွင် သြစတြေးလျနိုင်ငံ Myanmar Eye Care Project အစီအစဉ်ဖြင့်
ရဟန်းရှင်လူ မျက်စိရောဂါလူနာများကို ၃-၉-၂၀၁၂ ရက်မှစ၍ လူနာဦးရေ (၅၀၀၀) အထိ ကုသိုလ်ဖြစ်ခွဲစိတ်ကုသပေးဖို့ အစီအစဉ်ရှိပါသည်။
 အကယ်၍ အလူရှင်ထပ်ပေါ်လာပါက ဦးရေငါးထောင်ထက်ပိုမိုကုသ နိုင်မည်ဖြစ်ပါသည်။
လောလောဆယ် မှတ်ပုံတင်ထားသူဦးရေ ငါးရာဝန်းကျင်သာရှိသေးပြီး - ခွဲစိတ်လူနာ (၁၀) ဦးခန့် သာရှိသေးပါသည်။
ဗဟိုအကအကဲဖြတ်ဒိုင် အဖွဲ့ ဝင်အချို့ ၏အကျင့်ပျက် လာဘ်စားနေမှုများအားပြည်ထောင်စု အဆင့်တာဝန်ရှိသူများမှ စနစ်တကျစစ်ဆေး အရေးယူရန်လိုအပ်
“အကပြိုင်ပွဲဝင်ပြိုင်မယ် ဆိုရင်အခြေခံအဆင့်ကစပြီး ပညာသည်အဆင့်ထိကို ပေးရတာ  အကအကဲဖြတ်ဒိုင်အဖွဲ့ထဲက တာဝန်ရှိသူတွေ လာဘ်ယူနေတဲ့ ပုံစံက တစ်ယောက်ကတစ်သောင်း ပေးရင် သူ့လိုမှတ်ထားမယ်။ အဲဒီ မှာ နောက်တစ်ယောက်က နှစ် သောင်းပေးရင် တစ်သောင်းပေး တဲ့သူကို စာရင်းမရှိတော့ဘူး အဲသလိုမျိုးဖြစ်နေတာ အကနဲ့ ပတ်သက်ရင် ပြည်နယ်နဲ့ တိုင်း ဒေသကြီးအသီးသီးက ဒိုင်တွေနဲ့ ဗဟိုအဆင့်အကဲဖြတ်ဒိုင်တွေ အားလုံးပေါင်း ၂၈ ဒိုင်ရှိတယ်။ ၂၈ ဒိုင်လုံးကိုက အကျင့်ပျက်လာဘ် စားကြတယ်။ အစ်မတုန်းက အဲဒီ ၂၈ ဒိုင်လုံးကို တစ်သောင်းစီ စာအိတ်နဲ့ ထည့်ပြီးပေးခဲ့ရတယ်။ 
၆၅နှစ်မြောက်မွန်တော်လှန်ရေး နေ့ မွန်တိုင်းရင်းသားလူငယ်များ ပါဝင်ဆင်နွှဲ
၆၅ နှစ်မြောက်ကျရောက် သော မွန်တော်လှန်ရေးနေ့အထိမ်း အမှတ်ပွဲအဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် ရေး၊ သံဖြူဇရပ်၊ မုဒုံစသောမြို့နယ်များမှ မွန်တိုင်း ရင်းသား/သူလူငယ် ၂၅၀ ဦးခန့် သည် မုဒုံမြို့နယ်နှီးပရောရွာ အနောက်ပိုင်းကျိုက်ကလုပ်ဘုန်း ကြီးကျောင်းဝင်းအတွင်းရှိ
မလေးမြေမှာကစားမယ့် ဆော်ဒီ-မြန်မာပွဲစဉ်ပျက်
ကျော်ခ ~
မလေးမှာ ကန်မယ့်ပွဲစဉ်ပျက်သွားတာ ကောင်းတယ် လို့ ဘောလုံးဆောင်းပါးရှင် ဦးခင်မောင်ထွေးက ပြောပါတယ်။
မြန်မာ ယူ-၁၇ ဘောလုံးအသင်းကို မလေးရှားမြေပေါ်မှာ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားဖို့ သဘောတူခဲ့ပေမယ့် ကစားပွဲ နီးကပ်လာတဲ့အချိန်မှာတော့ ဒီအစီအစဉ် ပျက်သွားပြီ လို့ မြန်မာဘောလုံးအဖွဲ့ချုပ်-MFF ကပြောဆိုပါတယ်။
Monday, September 3, 2012
မန္တလေး ရဟန်းရှင်လူ ထောင်နဲ့ချီပါဝင်ဆင်နွဲခဲ့ကြသော သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံပွဲ
သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ (၂၊ ၉၊ ၂၀၁၂)ရက်နေ့တွင် နံနက်ပိုင်းနှင့် နေ့လည်ပိုင်း နှစ်ကြီမ်ခွဲ၍ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော်များ ဦးဆောင်ပြီး ရဟန်ရှင်လူထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြောင်းသိရှိရသည်။
မန္တလေး ရဟန်းရှင်လူ ထောင်နဲ့ချီပါဝင်ဆင်နွဲခဲ့ကြသော သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံပွဲ
ဗိုလ်ချုပ်ကြီးတို့က ၀ါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်ကို အမည်ပျက်စာရင်း သွင်းခဲ့
မိုးမခအထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၄၊ ၂၀၁၂
စစ်ဗိုလ်ချုပ်ကြီးတို့က ၎င်းတို့အတွက် ၀ါဒဖြန့်ချိရေး ဇာတ်ကားများ ရိုက်ကူးသရုပ်ဆောင်ပေးခဲ့သည့် မင်းသမီးကြီး မို့မို့မြင့်အောင်ကို ပြီးခဲ့သည့် ရက်ပိုင်းကာလအထိ အမည်ပျက်စာရင်း သွင်းထားခဲ့ကြသည်။
ရာပေါင်းများစွာသော မြန်မာပြည်သားတို့၏ အမည်များကို အမည်ပျက်စာရင်းမှ ယခင်တပတ်က ထုတ်ပြန်ရာတွင် ၀ါရင့်မင်းသမီးကြီး အကယ်ဒမီ မို့မို့မြင့်အောင်၏ အမည် ပါဝင်နေသည်ကို တွေ့ကြရသည်။
ထိုကဲ့သို့သော ထူးခြားအံ့သြဖွယ်ဖြစ်ရပ်ဆန်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်အခြေစိုက် ပေါ်ပြူလာ စာပေအနုပညာဂျာနယ်က မင်းသမီးကြီးကို ဆက်သွယ် မေးမြန်းခဲ့သည်။
ကလေးစစ်သား ၄၂ ဦး မိဘထံ ပထမဆုံးအကြိမ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
2012-09-03
မြန်မာ့တပ်မတော်ထဲမှာ အရွယ်မရောက်သေးဘဲ စစ်မှုထမ်းနေတဲ့ ကလေးစစ်သား ၄၂ ဦးကို စစ်တပ် အရာရှိကြီးတွေကိုယ်တိုင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ရှေ့မှောက်မှာ အုပ်ထိန်းသူ မိဘတွေထံ ပထမဆုံးအကြိမ် လွှဲပြောင်းပေးအပ်ပွဲကို ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ ဘုရင့်နောင် လမ်းမကြီးပေါ်မှာရှိတဲ့ အမှတ် (၁) စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
အများနည်းတူ WCDMA ဖုန်းများကိုင်ဆောင်ခွင့်ရလို
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ပညာရေးဌာနမှ ပညာရေးဝန်ထမ်းများဖြစ်ကြသည့် ကျောင်း ဆရာ/ဆရာမ များသည် အရစ်ကျစနစ်ဖြင့်ချထားပေးသော (GSM/WCDMA)ဖုံးများ လျှောက်ထားရာတွင် GSM ဖုံးလျှောက်ထားသူများသာ တယ်လီဖုန်း ရရှိခဲ့ပြီး WCDMA ဖုန်းလျှောက်ထားသူ ဦးရေ(၆၀)ခန့်မှာ ယနေ့ချိန် ထိတိုင်  အောင်မရရှိသေးဘဲကြန့်ကြာနေကြောင်းသိရသည်။
လိမ်လည်လှည့် ဖြား သတိထား
မြန်မာနိုင်ငံတော်သည် တစ်စနှင့်တစ်စ တစ်ဖြည်းဖြည်းချင်းလူတစ်စုရဲ့ လိမ်လည်မှု လက်အောက်ကို ရောက်ရှိလို့နေလာခဲ့တာ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ယနေ့ခေတ် မြန်မာနိုင်ငံတော်ကို ပြန်လည်ကာလေ့လာကြည့်မည်ဆိုရင် တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက် သူ့ကိုငါလိမ် ငါ့ကိုသူလိမ်နှင့် လိမ်ချင်တိုင်းလိမ်နေကြတဲ့ မြန်မာနိုင်ငံ အုပ်ချုပ်ရေးပိုင်းက လူတစ်စု ဖြစ်ချင်တိုင်းဖြစ်နေကြသည်ကို အများသူငါ သိနေကြသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း အမှန်ကိုပြောခဲ့လျှင် အဲဒီလို အမှန်တရားကိုပြောတဲ့သူကို မမှန်မကန်လုပ်နေတဲ့ အာဏာပိုင်လူတစ်စုက  အနိုင်ကျင့်နှိပ်စက်နေကြတာဆိုတော့ လူတွေကို အမှန်တရားကို မပြောရဲ မဆိုရဲ ပြောခဲ့မိပြန်လျှင်လည်း သူတို့ရဲ့လိမ်လည်မှုတွေကို ခွင့်ပြုချက် တောင်းခံမှုမရှိ ခွင့်ပြုချက်ပေးထားတာမရှိပါပဲ ပြောရမလားဆိုပြီးတော့ နည်းမျိုးစုံနဲ့ အပြစ်ဒဏ် အမျိုးမျိုးပေးနေကြတာဆိုတော့  အပြစ်မဲ့တဲ့ပြည်သူတွေတောင် အမှန်ကိုမပြောရဲ မဆိုရဲ ဖြစ်နေလေတော့ မလိမ်ချင်ပဲ လိမ်နေရတဲ့ ပြည်သူတွေအတွက်တော့ တကယ်ကို သနားစရာကောင်းတဲ့ လူ့ဘောင်လောကကြီး တစ်ခုလိုဖြစ်နေပါတော့သည်။ယနေ့ ကမ္ဘာမှာ ဘယ်တိုင်းပြည်နဲ့ပဲ ယှဉ်လိုက်ယှဉ်လိုက် မြန်မာနိုင်ငံက အကြီးအကဲလုပ်တဲ့သူတွေက ဘယ်သူ့ကိုမဆို လိမ်တဲ့နေရာမှာတော့ သာလွန်နေတာတွေ့မြင့်ရမှာပါ။
မီုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည် ခရီး(၁)
မေသင်္ကြန်ဟိန်(မြစ်မခ)
 စက်တင်ဘာ ၃၊ ရန်ကုန်မြို့။
စက်တင်ဘာလ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲ မစခင်ကတည်းက စိတ်ဝင်စားဖို့ကောင်းနေခဲ့တာပါ။