Saturday, June 21, 2014

သမီးလေးရဲ့ ရှေ့ရေးကြောင့် စီးပွားရေးလုပ်ဖို့ရှိတယ်လို့ ဆိုလာတဲ့ မေကဗျာ

 အနုပညာရှင်တွေရဲ့ ရင်သွေးရတနာတွေတိုင်း ကိုယ့်မိဘတွေလို အနုပညာကို ၀ါသနာကြီးကြတာမျိုးမဟုတ်သလို အနုပညာရှင်မိဘတွေကလည်း ကိုယ့်သားသမီးတွေကို သူတို့ဝါသနာပါတဲ့၊ စိတ်ဝင်စားတဲ့အရာတွေကို မူတည်ပြီး သူတို့လျှောက်လှမ်းတဲ့ လမ်းကြောင်းလေးတွေ တည့်မတ်နေအောင်သာ ထိန်းပေး၊ လမ်းပြပေးကြတာမျိုးပါ။ ဒီလိုမှပဲ ကလေးတွေဟာ သူတို့စိတ်ကူး၊ ဖန်တီးမှု၊ ၀ါသနာတွကို မိဘတွေရှေ့မှာ ရဲရဲဝံ့ဝံ့ချပြသွားနိုင်မှာပေါ့။

မယ်စကြဝဠာပြိုင်ပွဲအတွက် ဇွန်သံစဉ် မဲအများဆုံးဖြင့်ဦးဆောင်

မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဒုတိယမြောက် ပြိုင်ပွဲဝင်ရွေးထုတ် မည့် ပြိုင်ပွဲ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် မဲပေးသည့်အစီအစဉ် တွင် ဇွန်သံစဉ်က မဲအများဆုံးဖြင့် ဦးဆောင်နေသည်။
မယ်စကြ၀ဠာ (မြန်မာ) ၂၀၁၄ ပြိုင်ပွဲတွင် မဲအများဆုံးရရှိ သူကို Miss Famous ဆု ပေးအပ် မည်ဖြစ်သလို ပြိုင်ပွဲအတွက် တစ် စိတ်တစ်ပိုင်း အရေးပါသော အစီ အစဉ်ဖြစ်သည်။

ကြည်လင်းအမှု တရားရုံးတွင်သာ ရုပ်သိမ်းနိုင်

ရန်ကုန်ယူနိုက်တက်အ သင်းမှ လက်ရွေးစင် ဘောလုံး သမားကြည်လင်းကို တိုင်ကြား ထားသည့်အမှုမှာ တရားရုံးတွင် သာ အမှုကျေအေးရုပ်သိမ်းနိုင် ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

လှည်းတန်းဈေးအနီး ဓာတ်ကြိုးပြတ်ကျရာ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဓာတ်လိုက်၍ ဒဏ်ရာရရှိသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ရန် သယ်ယူနေစဉ်
 ရန်ကုန်- ရန်ကုန်မြို့ လှည်းတန်းဈေးအနီးတွင် ယနေ့ညနေက ဓာတ်ကြိုးပြတ်ကျရာ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

PR စနစ်ကို တိုင်းရင်းသားပါတီတွေ ကန့်ကွက်ဆန္ဒပြမည်

 PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို တိုင်းရင်းသားနိုင်ငံရေး ပါတီ ၂၀ နဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ NBF ခေါင်းဆောင်တွေက ဒီကနေ့ ပြောပါတယ်။

ဖိအားများကြောင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်ခြင်းဖြစ်

ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန် ၁၉ ရက်က နုတ်ထွက်သွားပြီ ဖြစ်ပြီး ယခုကဲ့သို့ နုတ်ထွက်မှုသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် ပြဿနာများ နှင့် ဝန်ကြီးအဖွဲ့အတွင်း ဖိအားများကြောင့် ဖြစ်နိုင်ဖွယ် ရှိသည်ဟု ရခိုင်အရေး ကျွမ်းကျင်သူများက ပြောဆိုလိုက်သည်။

တရုတ်တွင် မြန်မာ သတိုးသမီး ဈေး ကျပ်သိန်း (၁၀၀) အထိ မြင့်တက်

တရုတ်နိုင်ငံတွင် အမျိုးသမီး ရှားပါးမှုကြောင့် မြန်မာ အမျိုးသမီးများကို ၀ယ်ယူ ပေါင်းသင်းလျက် ရှိရာ ယခင်က ကျပ်သိန်း (၅၀)၀န်းကျင်သာ ရှိခဲ့ရာမှ ယခုနှစ်မှ စတင်၍ ကျပ်သိန်း (၁၀၀) ၀န်းကျင် ထိပေး၍ ၀ယ်ယူမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးရေးနှင့် တိုက်ဖျက် နှိမ်နှင်းရေး(ဗဟို) မှ စုံစမ်း သိရသည်။ တရုတ်နိုင်ငံတွင် အမျိုးသမီးများ ရှားပါးလာမှုနှင့် အတူ လူကုန်ကူး တိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံတကာက အရှိန်အဟုန်မြှင့် ဆောင်ရွက်လာ သောကြောင့် ယင်းကဲ့သို့ ဈေးတိုးမြှင့်ပေးဝယ်လာခြင်း ဖြစ်ကြောင်း အဆိုပါ ဌာနမှ ရဲအုပ်မင်းနိုင် ကပြောသည်။

လူတစ်ယောက်ကို ကူညီတော့မယ်ဆိုရင်

 ပိတ်ထားတဲ့ သံဇကာ ကျယ် ပြတင်းပေါက်ထဲကနေ ထွက်ဖို့အတွက် လိပ်ပြာ တို့ ကြိုးစားနေပါတယ်။ ယင်းထဲမှာ

ဖမ်းဆီးခံ သံဃာငါးပါးအတွက် သရုပ်ဆောင်သုံးဦးအပါအဝင် လူပုဂ္ဂိုလ်ဆယ်ဦးက အာမခံ သိန်း၁၀၀၀ပေးခဲ့

ဖမ်းဆီးခံ သံဃာငါးပါးအတွက် သရုပ်ဆောင်သုံးဦးအပါအဝင် လူပုဂ္ဂိုလ်ဆယ်ဦးက အာမခံ သိန်း၁၀၀၀ပေးခဲ့ ။

ရန်ကုန်၊ မဇ္ဈိမ။ ။ သာသနာတော် ညှိနွမ်းစေသည့် ပုဒ်မများဖြင့် စွဲဆိုကာ လူဝတ်လဲပြီး ဖမ်ဆီးခံရသည့် လန်ဒန်ဆရာတော် အပါအဝင်သံဃာငါးပါးလွှတ်မြောက်ရေးကို သရုပ်ဆောင်များဖြစ်သည့် ခင်သန်းနွယ်၊ လှလှမိုး၊ မိုးမင်းအပါအဝင် လူပုဂ္ဂိုလ်၁၀ဦးက ဇွန်လ ၂၀ရက်က တာမွေမြို့နယ် တရားရုံးတွင် အာမခံငွေ ကျပ် သိန်း၁၀၀၀ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။

သံဃာများဘက်က အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးအေးကိုကလည်း “သံဃာတော်တွေကို လူပုဂ္ဂိုလ်တွေ အနေနဲ့ တရားစွဲထားတာဖြစ်လို့ ဆရာတော်တွေက အာမခံပေးလို့မရပါဘူး၊ လူပုဂ္ဂိုလ်တွေကပဲ အာမခံ လိုက်လို့ရတယ်။ သံဃာတော် တစ်ပါးကို ပုဒ်မနှစ်ခုစီနဲ့ တရားစွဲဆိုထားတာဖြစ်လို့ သံဃာတပါးကို ကျပ်သိန်းနှစ်ရာစီ အာမခံလိုက်ပေးရတယ်၊ လူပုဂ္ဂိုလ်၁၀ဦးက ပိုင်ဆိုင်မှုတွေပြပြီး တစ်ဦးကို သိန်းတရာဖြင့် အာမခံလိုက်ပေးခဲ့တာပါ၊ သံဃာငါးပါးဆိုတော့ သိန်းတထောင်အာမခံထားခဲ့ရတယ်” ဟု
ပြောသည်။

ဆရာတော်ငါးပါးကို သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မများဖြစ်သည့် သံဃာဝိနိစ္ဆယ ပုဒ်မ ၁၄၊ ပုဒ်မ ၂၉၅တို့ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ပုဒ်မ တစ်ခုကို သိန်း၁၀၀ဖြင့် တစ်ပါး သိန်း၂၀၀ အာမခံ ပေးရခြင်း ဖြစ်သည်။

လန်ဒန်ဆရာတော်ဦးဥတ္တရက “ဘယ်သူ့က အမိန့်ချခိုင်းသလဲ၊ မဟနက တာဝန်ရှိတယ်ဆိုရင်လည်း တာဝန်ယူပြီး ဖြေရှင်းပေါ့၊ သာသနာကိုညှိုးနွမ်းအောင်မလုပ်ခဲ့ဘူး၊ ဘုန်းကြီးကို အထင်သေးအောင် ပြောတဲ့သူ အခြေအမြစ်မရှိဘဲပြောတဲ့သူသာ သာသနာကို ညှိုးနွမ်းအောင်လုပ်တာဖြစ်တယ် ”ဟု တရားရုံးချိန်းအပြီး မီဒီယာများကို မိန့်ကြားသည်။

အာမခံ ရရှိခဲ့၍ ဇွန်လ ၂၀ရက် ညနေပိုင်းတွင် တာမွေမြို့နယ် သုံးထပ်ကျောင်း၌ သိက္ခာတော် ပြန်ထပ်ကာ သင်္ကန်းစီးခဲ့ပြီး ထိုကျောင်း၌ပင် သီတင်းသုံးမည်ဖြစ်သည်။ ဆရာတော်ငါးပါးမှာ သင်္ကန်းဝတ်ဖြင့် ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်ပြီး ဇွန်လ ၂၇ရက်တွင် တာမွေ တရားရုံးတွင် ပြန်လည် တရားရင်ဆိုင်ရမည် ဖြစ်သည်။

သံဃာငါးပါးကို ဇွန်လ ၂၀ရက် နံနက် အင်းစိန်အကျဉ်းထောင်မှ လူဝတ်ဖြင့် ရုံးထုတ်လာပြီး တာမွေတရားရုံး တွင် နံနက် ၁၀နာရီမှ ညနေ၄နာရီအထိ စစ်ဆေးခဲ့သည်။

တရားရုံးသို့ ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခတို့နှင့် တာမွေမြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်များလည်း ကြွလာပြီး သက်သေအဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်၊ ဆေးရုံများထဲတွင် ဗုဒ္ဓတရားတော်များ ဟောပြောခြင်း၊ တရားပြခြင်းတို့ ဆောင်ရွက်ရန် သမ္မတ၊ ၀န်ကြီးများနှင့် သဘောတူညီမှုရထားပြီးဖြစ်၍ မြန်မာပြည်သို့ ခေတ္တပြန်လာခြင်းဖြစ်သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများကို ရပ်ဆိုင်းထားမည်ဟု လန်ဒန်
ဆရာတော် ဦးဥတ္တရက မိန့်သည်။

မဟာသန္တိသုခကျောင်းတိုက် ပိုဆိုင်မှုအပေါ် လန်ဒန်ဆရာတော်ဦးဥတ္တရက “ဘုန်းကြီးက နိုင်ငံခြားသားလည်းဖြစ်လို့ တို့ပိုင်တာလည်းမဟုတ်ဘူး၊ ပီနန်ဆရာတော်ကြီးရဲ့သဘောပါပဲ" ဟုမိန့်ကြားသည်။

လန်ဒန် ဆရာတော် ဦးဥက္ကရ အပါအဝင် သံဃာငါးပါး တာမွေတရားရုံးတွင် တရားရင်ဆိုင်နေချိန်တွင် ဆရာတော်များ ပြန်လည် လွတ်မြောက်ရေးအတွက် လူ ၃၀၀ခန့်က တရားရုံးအပြင်မှ ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့သေးသည်။

အေးမြင့်စန်း
Mizzima - News in Burmese
ရန်ကုန်၊ မဇ္ဈိမ။ ။ဆရာတော်ငါးပါးကို သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မများဖြစ်သည့် သံဃာဝိနိစ္ဆယ ပုဒ်မ ၁၄၊ ပုဒ်မ ၂၉၅တို့ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ပုဒ်မ တစ်ခုကို သိန်း၁၀၀ဖြင့် တစ်ပါး သိန်း၂၀၀ အာမခံ ပေးရခြင်း ဖြစ်သည်။

ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်ကို လူချင်းတွေ့၍ တောင်းပန်

သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဇနီးဖြစ်သူ ဖေ့စ်ဘုတ်မှာ ဒေါ်အောင်ဆ န်းစုကြည်နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ ပို့စ်တခုကို ရှယ်ခဲ့မိတဲ့ ကိစ္စ မနေ့တုန်းက လွှတ်တော် တက်နေတဲ့ဒေါ်အောင်ဆန်းစုကြည် ကို လူကိုယ်တိုင် တောင်းပန်စကား ဆိုခဲ့တယ်လို့ သိရပါတယ်။

Friday, June 20, 2014

မဟာသန္တိသုခသံဃာတွေကို တရားရုံးထုတ်


ဒီမနက် မဟာသန္တိသုခသံဃာတော်တွေကို တရားရုံးထုတ်ပါတယ်။ ရန်ကုန်မြို့ တာမွေမြို့နယ်တရားရုံးမှာပါ။

အမှုဖွင့်သော မိန်းကလေးနှင့် ကြည်လင်း ဇွန်လ ၁၉ ရက်တွင် လက်ထပ်

ကြည်လင်းတို့ ဇနီးမောင်နှံကို လက်ထပ်စာချုပ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − ကြည်လင်းဖေ့စ်ဘွတ်ခ်)

 ရန်ကုန်ယူနိုက်တက် ဘောလုံးကလပ်အသင်း ကွင်း လယ်ကစားသမား ကြည်လင်း သည် ဇွန်လ ၁၉ ရက်က ၎င်းချစ် သူမိန်းကလေးမိဘများထံ တောင်းရမ်းလက်ထပ်ခဲ့ကြောင်း သတင်းရရှိသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁ဝ နှစ်မှ တစ်သက်တစ်ကျွန်းကျနိုင်သည့်ပုဒ်မဖြင့် အမှုဖွင့်

နေပြည်တော်၊ မဇ္ဈိမ။ ။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ရက် မွန်းလွဲ ၁ နာရီခန့်က အမှုဖွင့်ထားသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ဝန်ကြီးဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲကြောင်း သမ္မတရုံးအမိန့်ထုတ်ပြန်

သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို တာဝန်မှ ရုပ်သိမ်းကြောင်း အမိန့် ထုတ်ပြန် ထားတာကို သမ္မတရုံး ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

ကိုယ်ပိုင်ဟန်နဲ့ ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်မယ့် ရဲရင့်အောင်

ဓာတ်ပုံ−ကျော်ဇင်သန်း
By ဇွဲဉာဏ်
သရုပ်ဆောင်အဖြစ် ရပ်တည်သွားရန် အစီအစဉ်မရှိသော်လည်း ဘိုဘိုအင်တာတိန်းမန့်မှ စီစဉ်သည့် ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ရန် လက်ခံထားကြောင်း ရဲရင့်အောင်ကပြောသည်။

ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ

ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ။

 နိုင်ငံတော်သမ္မတ အမိန့်နဲ့ ရာထူးကနေ အနားပေး ခံရတဲ့ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်း အကျဉ်းထောင်ကို ခေါ်ဆောင်သွား တယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။

သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

“ဥတ္တရသီရိရဲစခန်းက အမှုစစ်ကတော့ ပြောလိုက်တယ်။ ဇွန် ၁၉ ရက်နေ့ နေလယ် ၁၂ နာရီက ဦးဆန်းဆင့်ကို ဒီမှာ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ပြောတယ်။ ကျန်တာတော့ ပြောခွင့်မရှိလို့ မပြောပါဘူးဆိုပြီးတော့ ကျနော့်ကို ပြောတယ်ခင်ဗျ။ မနေ့က ညနေ ၃ နာရီမှာတော့ ပုပ္ဗသီရိမြို့နယ်တရားရုံးမှာ ဦးဆန်းဆင့်ကို ရမန်ယူပြီးတော့ အခု မနက်မှာတော့ ရမည်းသင်းအကျဉ်းထောင်ကို ပို့လိုက်တယ်ခင်ဗျ။ ရမည်းသင်းအကျဉ်းထောင်ပို့ပြီးတော့ စစ်ဆေးနေတယ်လို့လည်း သိရတယ်ခင်ဗျ။ နောက် ဦးဆန်းဆင့်နဲ့ ပတ်သက်တဲ့ မိသားစုတွေကိုလည်း စစ်ဆေးနေတယ်လို့ ပြည်ထဲရေးအသိုင်းအ၀ိုင်းကနေ ကြားရတယ်ခင်ဗျ။”

ဒီဗွီဘီက အတည်မပြုနိုင်ခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ညပိုင်းက သီးခြားရရှိတဲ့သတင်းအရ ဥတ္တရသီရိရဲစခန်းမှာ ဦးဆန်းဆင့်နဲ့ အပေါင်းပါ ၉ ဦးကို ၂၀၁၄ ခုနှစ် ၆ လပိုင်း ၁၉ ရက်နေ့ ဥတ္တရသီရိမြို့နယ်ရဲစခန်းမှာ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ဥပဒေပုဒ်မ ၄၀၉/၁၀၉နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီအမှုကို အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဌေးလွင်က အမှုဖွင့်ထားပြီး ဦးဆန်းဆင့်ကို အငြိမ်းစားပေးပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီက အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဌေးလွင်ရဲ့ တယ်လီဖုန်း ၀၆၇-၄၃၁၃၇၃ ကို ဆက်သွယ်မေးမြန်းရာမှာ လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဦးဆန်းဆင့်ကို နေပြည်တော်မှာ အမှုဖွင့်ပြီး နောက်တနေ့ ဇွန် ၂၀ ရက်နေ့မှာ သမ္မတက သာသနာရေးဝန်ကြီးတာဝန်ကနေ ရပ်နားကြောင်း လူသိရှင်ကြား ကြေညာခဲ့ပါတယ်။

By ဒီဗွီဘီ
နိုင်ငံတော်သမ္မတ အမိန့်နဲ့ ရာထူးကနေ အနားပေး ခံရတဲ့ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်း အကျဉ်းထောင်ကို ခေါ်ဆောင်သွား တယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။
သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

“ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမလဲ ဆိုတာ လူတိုင်း သိထားသင့်ပါတယ်”

နန်းမိုဟွန်, အမျိုးသမီး, ကိုယ်ခံပညာ, ရှမ်းတိုင်းရင်းသူ
အမျိုးသမီး တဦးကို ကိုယ်ခံပညာ သင်ပေးနေသည့် ရှမ်းတိုင်းရင်းသူ နန်းမိုဟွန် – ညာ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် တည်ဆောက်ရန်နှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် ရန်ကုန်မြို့က မြန်မာ အမျိုး သမီးတစုသည် တနင်္ဂနွေနေ့တိုင်း ကန်တော်ကြီးသို့ ရောက်လာပြီး အခမဲ့ ကိုယ်ခံပညာသင်တန်း တခုကို တက်ရောက် ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ

 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်ရမည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

7 Day နှင့် The Voice သတင်းစာတို့တွင် ဖော်ပြခဲ့သည့်အပေါ် မြန်မာသံတော်ဆင့်ဂျာနယ်မှ ကြေညာချက် ပြန်လည်ထုတ်ပြန်

Written by: ကြည်နိုင်
7 Day  နှင့်  The Voice သတင်းစာတွင် ဖော်ပြခဲ့သည်များနှင့်ပတ်သက်၍ မြန်မာသံတော်ဆင့်ဂျာနယ်မှ ဇွန် ၁၈ ရက်က ကြေညာချက်ပြန်လည်ထုတ်ပြန်ခဲ့ရာ အဆိုပါသတင်းစာနှစ်စောင်၏  ကျင့်ဝတ်ဖောက်ဖျက်ဖော်ပြခဲ့သော ဖြစ်စဉ်များအားဖော်ပြရန် အသင့်ရှိနေဟု တုံ့ပြန်ခဲ့သည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁၀၀ ခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး (စစစ) က ဖမ်းဆီးအမှုဖွင့်ထား


စစ်ဆေးခံနေရသော ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တင်ဆောင်လာသည့် ယာဉ်နှင့် အခြားယာဉ်များကို ပုဗ္ဗသီရိမြို့နယ် မြို့နယ်တရားရုံးမှ ဇွန် ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်က ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ်

ယမန်နေ့ကလည်း ပညာရေးလောက၌ သမာသမတ်ကျသည်ဟု လူကြိုက်များသည့် ယခင်နိုင်ငံခြားဘာသာသင်တက္ကသိုလ်ပါ မောက္ခခဟောင်း ပညာရေးဒုဝန်ကြီး ဒေါက်တာမျိုးမြင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်သွားခဲ့ပြီး ဝန်ကြီးအဖွဲ့အတွင်း အပြောင်းအလဲများ၊ နုတ်ထွက်မှုများ ရှိလာမည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

ဟုမ္မလင်းမြို့နယ် ရဲစခန်းတွင် အချုပ်ခန်းဖောက်ပြီး အချုပ်သားများ ထွက်ပြေးမှုဖြစ်ပွား


ဟုမ္မလင်းမြို့နယ် မြို့မရဲစခန်းတွင် ဇွန် ၁၉ ရက် နံနက် ၃ နာရီခန့်က အချုပ်ခန်းဖောက်ထွင်းပြီး အချုပ်သားများ ထွက်ပြေးမှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ထိုင်းသို့ ခိုးဝင်သော မြန်မာ ၁၈ ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး

By 7Day News 
မြဝတီ ဘက်မှ တစ်ဆင့် နယ်ခြား သောင်ရင်းမြစ် ကိုဖြတ် ကူးကာ ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ လူတစ်ဦးလျှင် ထိုင်းဘတ် ငွေ တစ်သောင်းခွဲ အကုန်အကျခံ ခိုးဝင်လာသောမြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ်က ဇွန်လ ၁၈ ရက်က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။ ခိုးဝင်လာသော မြန်မာနိုင်ငံ သား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ် က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ‘‘ဘန်ကောက်မှာ အလုပ် သွားလုပ်မလို့ ကယ်ရီသမားကို တစ်ယောက် ထိုင်းဘတ်ငွေတစ် သောင်းခွဲပေးပြီး လာကြတာပါ။ မဲဆောက်မြို့မှာ အဖမ်းခံရတာ ပါ’’ဟု ထိုင်းနိုင်ငံသို့ ခိုးဝင်သဖြင့် ဖမ်းဆီးခံရသူ မဝင်းက ပြော သည်။

Thursday, June 19, 2014

ကြည်လင်းကို အမှုဖွင့်သည့် မိန်းကလေးမှာ ၎င်း၏ချစ်သူဟု ကြည်လင်းဆို

 
ဓာတ်ပုံ- (နစ်ကီ)
မိန်းကလေးတစ်ဦး၏ အမှုဖွင့်ခံထားရသည့် လက်ရွေးစင်ဘောလုံးသမား ကြည်လင်းက အဆိုပါ မိန်းကလေးသည် ၎င်း၏ချစ်သူဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ၀န်ခံဖြေရှင်းထားသည်။
‘‘ကျွန်တော်နဲ့သူနဲ့က ချစ်သူတွေပါ။ အခုဖြစ်နေတဲ့ ကိစ္စတွေဟာ အုပ်ထိန်းသူတွေနဲ့ နားလည်မှုလွဲလို့ ဖြစ်နေရတာပါ။ လောလောဆယ် ကျွန်တော်ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်’’ ဟု ကြည်လင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇွန်လ ၁၈ ရက် ည ၁၂ နာရီဝန်းကျင်က ရေးသားခဲ့ခြင်း ဖြစ်သည်။

လူ့ငရဲ အရပ်နဲ့ လူ့နိဗ္ဗာန်အရပ် ဆိုတာ

ဖတ်ဖူးသည့် ပုံပြင် တစ်ခုကို မျှဝေလိုပါသည်။ လူတစ်ယောက် ခရီးသွားနေတုန်း ရွာ နှစ်ရွာကို ဖြတ်ရတယ်။ တစ်ရွာ ကို ငရဲရွာလို့ အမည်ပေးပြီး နောက်ထစ်ရွာကို သုခရွာလို့ အမည်ပေးထား ပါတယ်။ ပထမဆုံး ငရဲရွာကို ရောက်တော့ လက်တွေ ၁၀ ပေမက ရှည်လျားတဲ့ လူတွေနဲ့ တွေ့ရပါတယ်။ အင်မတန် ရှည်လျားတဲ့ လက်တွေ့ကြောင့် အစားအသောက် စားလို့မရအောင် ခက်ခဲကြ ပါတယ်။

သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း

ဓာတ်ပုံ- သမ္မတရုံး

နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဇွန်လ ၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

နယ်စပ်ရေးရာ ဒုတိယဝန်ကြီး စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်

နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း
မဇ္ဈိမ။ ။ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းအား သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် စစ်ဘက်ရေးရာ မူလတာဝန်များ ပြန်လည် ထမ်းဆောင်ရန် တာဝန်ပေးလိုက်ကြောင်း ဇွန်လ ၁၈ရက် ည ၁၀နာရီခန့်က ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာလိုက်သည်။

အသက်မပြည့်သေးသည့် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့ဟုဆိုကာ ရန်ကုန်ယူနိုက်တက်ကစားသမား ကြည်လင်း တိုင်ကြားခံရ

ရန်ကုန်၊ ဇွန် ၁၈

အမျိုးသမီးတစ်ဦးက ကမာရွတ်မြို့နယ် ရဲစခန်းတွင် ရန်ကုန်ယူနိုက်တက် ကစား
သမားကြည်လင်းကို အမှုဖွင့်တိုင်ကြားထားပြီး အမှုဖွင့် အရေးယူနိုင်ရန်
ဆေးစစ်ချက်များ စောင့်ဆိုင်းနေသည်ဟု ကမာရွတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက
မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရ ဒုဝန်ကြီးရာထူး အပြောင်းအလဲ ကြေညာ

 ပညာရေးဒုတိယ၀န်ကြီး  ဒေါက်တာမျိုးမြင့်ကို ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြု ပြီး ပညာရေးဒုဝန်ကြီးအဖြစ် သမ္မတရုံး ဒုဝန်ကြီး ဦးသန့်ရှင်းကို အစားထိုးခန့်အပ်လိုက်သည်။ 

ကမ္ဘာ့ဖလား လက်ရှိချန်ပီယံစပိန် - ချီလီကိုရှုံးလို့ ပွဲကထွက်ရ

 ဗုဒ္ဓဟူးနေ့က ၇ ရက်မြောက်ကစားတဲ့ ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲတွေမှာ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ စပိန်အသင်း အုပ်စုအဆင့်မှာတင် ရှုံးလို့ ထွက်သွားရပါပြီ။ အုပ်စု B က စပိန်အသင်း ထွက်သွားရပေမဲ့ နယ်သာလန်နဲ့ ချီလီအသင်းတွေကတော့ ဒုတိယအဆင့်ကို တက်သွားကြပါပြီ။

လကမ္ဘာသွားမယ့် မိုးထိမိုးမိခရိုနီ

  ပြီးခဲ့တဲ့ အပတ်မှာ ခင်ဗျားတို့ မီဒီယာသမားတွေ အုတ်အော်သောင်းနင်း ဖြစ်သွားအောင် ခရိုနီတစ်ယောက်က စကားတစ်ခွန်းပြောခဲ့တယ်။ အမှန်က ဒီခရိုနီအကြောင်းကို နောင်ပြောပြမယ့် ကွက်ပျောက် ခရိုနီဆိုတဲ့ လူမသိသူမသိ ခရိုနီတွေ အကြောင်းကျမှ ပြောမလို့ပဲ။ ဒါပေသိ သူကသူ့ထမင်း သူစားပြီး တစ်နိုင်ငံလုံးရဲ့ မေတ္တာကို လောလောဆယ် ခံယူထားလေတော့ ဒီတစ်ပတ်တော့ သူ့အကြောင်း ပြောရပေတော့မယ်။ ခင်ဗျားတို့ စကားနဲ့ပြောရရင် News maker of the weekပေါ့။ သူတို့ ဇနီးမောင်နှံရဲ့ ဟန်းနီးမွန်းကို ဒေါ်လာ၁၅သန်း အကုန်ခံပြီး လကမ္ဘာ အပျော်ခရီး ထွက်မယ်ဆိုတဲ့ သတင်းရယ်။ သူကပဲဆက်ပြီး မြန်မာနိုင်ငံက အချမ်းသာဆုံး စာရင်းမှာ သူကနံပါတ်(၇)ဆိုတဲ့ စကားတွေရယ်ပေါ့။ ဒီတော့ ဒီတစ်ပတ်တော့ ခင်ဗျားကို အဲဒီခရိုနီအကြောင်း ပြောပြမယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘ၀ဖြစ်စဉ်ကို ဗေဒင်ပညာ အမြင်ဖြင့် သုံးသပ်ခြင်း

  လူထုဘက်က ရပ်တည်၍ ဒြပ်ပေါ် ဂုဏ်ထင်နေတဲ့ အန်တီစု ရဲ့ ဇာတာကို ကွန်ပျူတာဖြင့် တွက်ထုတ် လိုက်သော အခါ မေထုန်လဂ်၊ ကန်စန်း ဇာတာရှင် ဖြစ်ပြီး လဂ်တွင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေ၊ ရာဟု ဂြိုဟ်လေးလုံး ပူးနေသည် ကို တွေ့ရ၏။ ထို့ကြောင့် စိမ်းလွင်လွင် သွေးပြန်ကြောများ ပေါ်ထင်လျက် ကျက် သရေ ရှိပေမည်။ ဝမ်းဗိုက် တွင် မွေးရာပါ အမှတ်အသား ရှိတတ်ပြီး ရင်ဘတ်တွင် မွေးပြီးမှ ပေါ်လာသော အမှတ်အသား များ ရှိနေတတ်ပါသည်။ က်ားအက်ႌ၊ မအက်ႌ ဘယ်ဟာဝတ်ဝတ် ယဉ် စစနှင့် လှသူ ဖြစ်ပါသည်။ မိန်းကလေးလို ယဉ် ကျေး သိမ်မွေ့ပြီး ယောက်ျားလေး လို လည်း သွက်လက် ချက်ချာစွာ ဦးဆောင် ဦးရွက်ပြု တတ်ပါသည်။ သွားလာလှုပ် ရှား၊ စကားပြောသော အခါတို့၌ ရှက်ရွံ့ ဟန် မခို့တရို့အမူအရာ အမြဲ ပေါ်လွင်နေ တတ်ပါသည်။

Wednesday, June 18, 2014

ငြိမ်းစုစီ ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

Parliment 29012014
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွတ်တော် ၂ ရပ်စလုံးမှာ အတည်ပြုခဲ့ပြီးဖြစ်တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။

မင်းအောင်လှိုင် အလွန် ကာကွယ်ရေး ဦးစီးချုပ်သစ် ဘယ်သူဖြစ်မလဲ

တပ်မတော်, ကာကွယ်ရေးဦးစီးချုပ်, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်, ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း, ဗိုလ်ချုပ်မြထွန်းဦး, ဗိုလ်ချုပ်ကြီးလှဌေးဝင်း, စစ်ဦးစီးအရာရှိချုပ်(ကြည်း)
ဗိုလ်ချုပ် မြထွန်းဦးနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း (ဓာတ်ပုံများ – မန်းမျိုးမြင့်နှင့် ဂျေပိုင် / ဧရာဝတီ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးတာဝန်ကနေ အနားယူပြီး နိုင်ငံရေးမှာ ပါဝင်လာဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေက စစ်ဘက်ဆိုင်ရာ သတင်းရပ်ဝန်းတွေဆီက ခိုင်ခိုင်မာမာ ထွက်ပေါ် နေတာမို့ ကာချုပ် မင်းအောင်လှိုင် အနားယူသွားရင် ဘယ်သူ ကာကွယ်ရေးဦးစီးချုပ်ရာထူး ဘယ်သူရရှိမလဲဆိုတာကို  အားလုံးက စိတ်ဝင်စားနေကြပါတယ်။

KNU ဘက်မှ တဦးကျဆုံးပြီးနောက် အစိုးရတပ် နောက်ပြန်ဆုတ်

KNU/KNLA, တိုက်ပွဲ,အစိုးရ စစ်တပ်, အပစ်အခတ် ရပ်စဲရေး, ငြိမ်းချမ်းရေး
ကရင်ပြည်နယ် အတွင်း ရှေ့တန်းစစ်စခန်းတွင် တွေ့ရသော KNLA စစ်သာများ (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)
by
အစိုးရတပ်နှင့် တပ်ခြင်းထိတွေ့မှု ဖြစ်ကာ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA ဘက်မှ တပ်သားတဦး ကျဆုံးပြီးနောက် အစိုးရတပ်များ နောက်ပြန်ဆုတ်သွားပြီဖြစ်ကြောင်း သိရှိရသည်။

စစ်သားစုဆောင်းရေးတပ်သို့ ဝင်ရောက်ပြီး နှစ်ရက်အကြာ ကြိုးဆွဲချသေဆုံး

မန္တလေး ဇွန် ၁၇

     စစ်သား စုဆောင်းရေး တပ်သို့  ၀င်ရောက် လာခဲ့ပြီး နောက်နှစ်ရက် အကြာတွင် မိမိကိုယ်မိမ် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့ မှူးရုံး၏ မှတ်တမ်းများ အရသိရသည်။

ဇွန် ၂၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပမယ့် ဂျီလတ်နဲ့ မဖူးသစ်ကျော်


ဂျီလတ်နဲ့ မဖူးသစ်ကျော် တို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲကို ဇွန် ၂၁ ရက်၊ နေ့ခင်း ၁ နာရီ တွင် Western Park Royal (Kan Taw Gyi) မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို တစ်ပွဲ ပဲပြုလုပ် မှာဖြစ်ပေမယ့် ဒီမင်္ဂလာပွဲ မှာတော့ သူငယ် ချင်းတွေ နဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲသွားဖို့ စိတ်ကူး ထားကြောင်း ဂျီလတ် ကပြောပါတယ်။ ဂျီလတ်နဲ့ မဖူး သစ်ကျော် တို့က ရည်းစားသက်တမ်း ၅ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၆၉ နှစ် ပြည့်ပြီ

မနက်ဖြန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ မွေးနေ့။

NLD ရဲ့ အွန်လိုင်းစာမျက်နှာတခုမှာ ...အဖွဲ့ချုပ် ရုံးချုပ်မှာ လုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်မြောက်မွေးနေ့အခမ်းအနားပါ။ အားလုံးကို ဖိတ်ကြားပါတယ်ခင်ဗျာ လို့ ရေးသားထားပြီး ဖိတ်စာကိုလည်း တင်ထားပါတယ်။

စွန့်စားမူတွေ အတွက် မရှိမဖြစ် နာရီ

 နာရီတော့ နာရီပါပဲ။ သို့ပေမဲ့ နာရီထက်တော့ ပိုပါတယ်။ တစ်ခါတစ်လေ စွန့်စားမူတွေ ဆိုတာ အသက် အန္တာရယ်တွေကို

သွေးလွန်းတုပ်ကွေး ရောဂါကို ၂၄ နာရီအတွင်း ပျောက်ကင်းစေနိုင်တဲ့ ဆေးနည်း


ယခုဖော်ပြမယ့် ဆေးဝါးဟာ လူတိုင်း လူတိုင်း အလွယ်တကူ လုပ်နိုင်မယ့် နည်းလမ်းကောင်း ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ၎င်းဆေး ဖော်စပ်ဖို့အတွက် လိုအပ်သော ဆေးဝါးကတော့ သင်္ဘောရွက် ဖြစ်ပါတယ်။

မြန်မာ မယ်စကြာဝဠာ ၂ဝ

ဒီနှစ်ကုန်ပိုင်း မယ်စကြာဝဠာပွဲကို မြန်မာပြည် ကိုယ်စားပြုပြီး သွားပြိုင်မယ့်သူက ဘယ်သူဖြစ်မလဲ ဆိုတာ  ဇူလိုင် ၂၆ ဆိုရင် သိရပါမယ်။

 


ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ

အနီကတ် ထိသွားတဲ့ ပေါ်တူဂီကစားသမား Pepe ဆိုတာ (ရုပ်/သံ)

 
အနီကတ် ထိထွက်သွားရတဲ့ ပေါ်တူဂီ ကစားသမား Pepe ၊  ဓာတ်ပုံ-ဘန်ကောက်ပို့စ်
 
ကမ္ဘာ့ဖလားဘောလုံးပွဲ ဇွန်လ ၁၆ ရက်နေ့ ညက ဂျာမဏီနဲ့ ပေါ်တူဂီ ပွဲစဉ်မှာ ပေါ်တူဂီ ကစားသမား Pepe ကို ကွင်းလယ် ဒိုင်လူကြီးက အနီကတ် ပြထုတ်လိုက်တာ ကြောင့် ပွဲစဉ်ဟာ ထင်ထားသလောက် ကြည့် မကောင်းတော့ပါဘူး။ 

Tuesday, June 17, 2014

အဆိုပြိုင်ပွဲ အနိုင်ရ ခရစ်ယာန်သီလရှင်တပါး ကမ္ဘာကျော်သွား (ရုပ်/သံ)

၂၀၁၅ အလွန် ဒေါ်အောင်ဆန်းစုကြည်ကို မျှော်ကြည့်ခြင်း

-ဒေါ်အောင်ဆန်းစုကြည် , ၂၀၁၅ ရွေးကောက်ပွဲ, ပုဒ်မ ၅၉ (စ), ပုဒ်မ ၄၃၆ , ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ, ၈၈ မျိုးဆက်, NLD , အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
NLD ပါတီ ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မျှော်လင့်ချက် ဆက်ထားရှိထားပြီး ပုဒ်မ ၅၉ (စ) ပြင်ဆင်နိုင်ဖို့ ဆက်ကြိုးစား မယ်လို့ ဆိုပါတယ် (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)

ဖွဲ့စည်းပုံ ပြင်ဆင်ရေး NLD နဲ့ ၈၈ မျိုးဆက်တို့ရဲ့ ကြိုးပမ်းချက်တွေ အရှိန်ရနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်မှု မလုပ်ဖို့ အဖွဲ့ဝင် ၃၁ ဦးပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့က ဆုံးဖြတ်လိုက်တာမို့ ၂၀၁၅ ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ မျှော်မှန်းချက်တွေ မဖြစ်နိုင်တဲ့ အခြေအနေ ဆိုက်ရောက် လာပါပြီ။

မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကြားမနေဆုံး ကော်မရှင် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

  မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကမ္ဘာမှာ ကြားမနေဆုံး ကော်မရှင်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မယ်ဆိုင်မြို့ တရား မဝင် ဖုန်း အော်ပရေတာ လုပ်ငန်းမှ နိုင်ငံခြားသားများ နှင့် အတူ မြန်မာ နိုင်ငံသား နှစ်ဦး ဖမ်းဆီး ခံရ

ဂျွန်လ ၁၇ ရက် ၂၀၁၄

 ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် တရားမဝင်ရုံးဖွင့်ကာ တယ်လီဖုန်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်နေသူ လူ ၅၀ ကျော်အား ဖမ်းဆီးထိန်းသိမ်းရာ မြန်မာနိုင်ငံသား ၂ ဦးပါဝင်ကြောင်း သိရှိရပါသည်။

အစိုးရစီမံခန့်ခွဲမှု ညံ့၍ ဘိန်းစိုက်ပျိုးမှု လျော့နည်းခြင်း မရှိဟု သူရဦးရွှေမန်း ပြောကြား

နေပြည်တော်၊ ဇွန် ၁၆

ကမ္ဘာပေါ်တွင် ဘိန်းဒုတိယ အများဆုံး စိုက်ပျိုး နေသည်ဟု ဝေဖန်ခံ နေရသော မြန်မာနိုင်ငံတွင် ဘိန်း စိုက်ပျိုး မှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှု ပြဿနာများကို ရေရှည် စီမံကိန်းများ ရေးဆွဲ၍ လျှော့ချ တိုက်ဖျက်ရေး ပြုလုပ် နေသော်လည်း လျော့နည်းပပျောက်မှု မရှိခြင်းမှာ အစိုးရ အဖွဲ့၏ စီမံခန့်ခွဲမှု ညံ့ဖျင်း၍သာ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
“စီမံကိန်းနဲ့ လျှော့ချရေး လုပ်တာ တိုးလာတယ်ဆိုရင် ညံ့လို့၊ အားနည်းချက်တွေ ရှိလို့” ဟု ၎င်းကဆိုသည်။

မြန်မာလုပ်သားများကို ထိုင်းစစ်အစိုးရ ဆက်တိုက် ဖမ်းဆီးနေ၍ မြန်မာစတင်စုံစမ်း


အာဏာသိမ်းထိုင်း စစ် အစိုးရက တရား မ၀င်မြန်မာလုပ် သားများကို ဆက်တိုက် ဖမ်းဆီး နေသည့် သတင်းများ ထွက်ပေါ် နေသဖြင့် မြန်မာ အစိုးရက စတင် စုံစမ်းနေကြောင်း အလုပ် သမားအလုပ် အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။ ထိုင်းနိုင်ငံတွင် စစ်အစိုးရ တက်လာပြီးနောက် မြန်မာအပါ အဝင် တရားမဝင် အလုပ်သမား များကို ယခုလဆန်းပိုင်းမှ စ၍ ဆက်တိုက် ဖမ်းဆီးနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထိုကြောင့် မြန်မာ အစိုးရက ယင်း ဖြစ်ရပ်အပေါ် မှန်ကန်မှုရှိ၊ မရှိ စုံစမ်းနေပြီး မှန်ကန်မှုရှိပါက နှစ် နိုင်ငံ ညှိနှိုင်းဆွေးနွေးမှု ဆောင် ရွက်သွား မည်ဖြစ်ကြောင်း တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

သံဃာတော်ငါးပါး လူဝတ်လဲဖမ်းဆီးခြင်းအပေါ် အင်္ဂလန်ရောက်မြန်မာများ သံရုံးရှေ့တွင်ဆန္ဒပြ


ဇွန်လ ၁၆ ရက်က အင်္ဂလန် နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀ ၀န်းကျင်သည် မဟာသန္တိ သုခကျောင်းတိုက်တွင် သီတင်း သုံးနေသော ဆရာတော် ဦးဥတ္တရနှင့် သံဃာတော်လေးပါး ဖမ်းဆီး လူဝတ်လဲခံရမှုနှင့် ပတ်သက်ပြီး ၎င်းတို့အား ပြန်လွှတ်ပေးရန် လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့သို့ သွားရောက် ဆန္ဒပြတောင်းဆို ကန့်ကွက် ခဲ့ကြသည်။ ထိုဆန္ဒပြမှုကို သံရုံးရှေ့တွင် တစ်ပတ်ကြာ ဆန္ဒပြကန့်ကွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြရာတွင် ဦးဆောင်သူ မဥမ္မာဦးက ပြောသည်။

ကမ္ဘာ့ဖလားဖွင့်ပွဲက ဆီးဂိမ်းဖွင့်ပွဲလောက် မခမ်းနားဘူးလို့ဆိုတဲ့ ပြေတီဦး

ဘရာဇီးနိုင်ငံက   အိမ် ရှင်အဖြစ် လက်ခံကျင်းပသော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ သည် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့ သော ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနား လောက် ရင်သပ်ရှုမောစရာဖြစ် အောင် မဆွဲဆောင်နိုင်ဟု ကိုယ် တိုင်သွားရောက် ကြည့်ရှုခဲ့သူ ပြေ တီဦးက ပြောသည်။

Monday, June 16, 2014

မြန်မာအောင်လ အီဂျစ်ကစားသမားကို ကိုယ်ခံပညာ သိုင်းပေါင်းစုံ ချန်ပီယံပြိုင်ပွဲ၌ အလဲထိုး


အင်ဒိုနီးရှားနိုင်ငံတွင် ဇွန်လ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ One Fighting ချန်ပီယံ လုပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်းက အီဂျစ်နိုင်ငံသား Salama ကို ပထမအချီ ၁ မိနစ် ၆ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

ရင်သွေးလေး လိုချင်နေတဲ့ သက်မွန်မြင့်


ချစ်သူများနေ့မှာ သူတို့နှစ် ယောက်ရဲ့ အမှတ်တရ ရှိခဲ့တဲ့နေရာ ဖြစ်တဲ့ ပြည်သူ့ ရင်ပြင်မှာ မင်္ဂလာ ဧည့်ခံပွဲ ကျင်းပခဲ့တဲ့ ကိုစစ်နိုင် နဲ့ အကယ်ဒမီ သက်မွန်မြင့် တို့ရဲ့ ကြည် နူးစရာ အိမ်ထောင်ရှင်တွေ ရဲ့ မောင် တစ်ထမ်း မယ်တစ်ရွက် ဘဝတူတူ ဖြတ်သန်းပုံ ကို သက်မွန်မြင့်က “သူက ရုပ်ရှင် တအားကြိုက်တယ်။ တော်တော် များများ သက်မွန် ကို အကြံပေးတယ်။ သူက ဗိသုကာ တစ် ယောက် ဆိုတော့ အရောင်တွေ ဆိုရင် ကိုယ့်ထက် ပိုခံစားတတ်တယ်။ သက်မွန် က သူ့ကို အကြံပေးတာ နည်းပါ တယ်။ ကိုယ်က အနုပညာသမား ဆိုတော့ အနုပညာက လွဲရင် ဘာမှမသိဘူး။