Friday, August 31, 2012
သတင်းထောက်များအား ဇာဂနာဆဲ
ABSDF ဥက္ကဋ္ဌဟောင်းဒေါက်တာ နိုင်အောင်
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှုကို ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်းသတင်းရယူနေသော ပြည်တွင်း ပြည်ပ သတင်းထောက်များအား စွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။
Thursday, August 30, 2012
ရန်ကုန်မြို့ ယုဇနကုမ္ပဏီရုံးချုပ် ယုဇနဟိုတယ်ရှေ့ မှာ ဒီကနေ့ တောင်သူတွေဆန္ဒမပြခင် ဦးဌေးမြင့်က ဦးဆောင်ဆန္ဒပြမယ့် ဒေါ်ဘောက်ဂျာနဲ့ မနေ့က ညပိုင်းက တွေ့ဆုံ
ကချင်ပြည်နယ် အနောက် မြောက်ပိုင်းက ဟူးကောင်း ချိုင့်ဝှမ်းဒေသမှာ လယ်ယာမြေဧက (၂) သိန်းကျော် အဓမ္မသိမ်းယူထားတဲ့ ယုဇနကုမ္ပဏီ ပိုင်ရှင် ဦးဌေးမြင့်ကနေ လက်ရှိ တရားစွဲဆိုထား တဲ့ ဒေသခံတောင်သူတွေ
ရဲ့ လယ်ဧက (၃၀၀၀) ၀န်းကျင်ကိုသာ ပြန်လည်ပေးမယ်လို့
ပြောဆိုကြောင်း ကိုယ်တိုင်ဆွေးနွေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစ
ပါတီရဲ့ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
နိုင်ငံတော်အတွက် စပါးထက် ငါးက ပိုအရေးကြီးနေသလားဟု လယ်သမားများသုံးသပ်နေ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးမြို့နယ်အတွင်း မိုးအဆက်မပျက်ရွာသွန်းမှုများကြောင့် လယ်ယာမြေများ ရေကြီးနစ်မြုတ်ရသည့်အပြင် ချိန်းချောင်းနှင့် ရေနုတ်တူးမြောင်းများတွင်း ငါးဖမ်းဆည်ကြီးများကို ရေတံခါးကြီးများသဖွယ် တည်ဆောက်ထားသဖြင့် ရေစီးရေလာပိတ်ဆို့ပြီး အနီးဝန်ကျင်ရှိ လယ်ယာမြေများရေကြီးနစ်မြုတ်၍ ပျက်ဆီးဆုံးရှုံးရကြောင်းသိရှိရသည်။
သာသနာ့နယ်မြေအတွင်းသို့ လုပ်ငန်းရှင်တစ်ဦးမှ အတင်းအဓမ္မကျူကျော်ဝင်ရောက်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးစံပြကျေးရွာ၊ ရှမ်းစုရပ်ကွက်၊ ဗူးနက်ကုန်းတောရကျောင်းတိုက်၏ သာသနာ့နယ်မြေအတွင်းသို့ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ကြည်ဆိုသူမှ တပ်မ(၇၇)တပ်ရင်း အားကိုယ်းဖြင့် အတင်းအဓမ္မကျူးကျော်ဝင်ရောက်ပြီး နွားတဲများတည်ဆောက်ခြင်းနှင့် နွားများလွှတ်ကျောင်းခြင်းတို့ပြုလုပ်
နေ   ကြောင်း သိရှိရသည်။
Wednesday, August 29, 2012
မနန်းဝိုးဖန် အမှု၊ စသုံးလုံးဝန်ထမ်း ၅ ဦး ကို အရေးယူမည်
သြဂုတ်လ ၂၉ ရက် ၂၀၁၂ ခှနှစ် ဗုဒ္စဟူးနေ့ - သတင်း - Venus News Weekly
ဂျပန်နိုင်ငံသား တစ်ဦးနှင့် လက်ထပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူဈေး ကစားမှုဖြင့် စစ်ဆေးခံရရင်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန အဆောက်အအုံမှ ပြုတ်ကျသေဆုံးခဲ့ရသော မနန်းဝိုးဖန်မှာ မတော်တဆ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းဖော်ထုတ် ရရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရှိရသည်။
အရေးကြုံလာလျှင် အမေရိကန်ခရီးသည် လေယာဉ်ကိုပင်ပစ်ချရန် အီရန်တို့စီစဉ်ထား
အီရန်နိုင်ငံ၏နျူကလီးယား အဆောက် အအုံများကို အနောက်အင်အားစုများက ထိုးနှက် တိုက်ခိုက်လာလျှင် အရေးကြုံလာမည်ဖြစ်၍ အီရန် နိုင်ငံကလည်း အနောက်အင်အားစုများ၏လေ ကြောင်းလိုင်းလေယာဉ်များကို ပစ်ချသွားရန် စီစဉ်မှု များရှိသည်ဟု အီရန်ထောက်လှမ်းရေးတွင် တာဝန် ထမ်းဆောင်ဖူးသူတစ်ဦးကပြောကြားသည်။
ဆီးရီးယား ပြည်တွင်းစစ်သတင်းသွားရောက်ရယူစဉ် သတ်ဖြတ်ခံရသော ဂျပန် အမျိုးသမီးသတင်းထောက်ရုပ်အလောင်းကို တူရကီမှဂျပန်သို့သယ်ဆောင်ရောက်ရှိလာ
ဆီးရီးယားပြည်တွင်းစစ် သတင်းသွားရောက်ရယူစဉ် အလက်ပိုမြို့ စစ်မြေပြင်၌ သေနတ်ကျည်ဆံထိမှန် ကွယ်လွန်သွားခဲ့ရသော ၈ျပန်အမျိုး သမီးစစ်သတင်းထောက် မစ္စစ်မီကာ ယာမာမိုတို့၏ ရုပ်အလောင်းတူရကီ လေကြောင်းလိုင်းလေယာသ်တစ်စီးဖြင့် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှ ဂျပန် နိုင်ငံတိုကျိုမြို့တော်သို့ ၂၅ .၈ ၁၂နေ့က သယ်ဆောင်ရောက်ရှိလာခဲ့ကြောင်း ဂျပန် သတင်းဌာနကဖော်ပြသည်။ တိုကျိုမြို့ တော်လေဆိပ်၌ မစ္စစ်ယာမာမိုတို၏ရုပ် အလောင်းအား တူရကီလေကြောင်းလိုင်း ပိုင်လေယာဉ်ပေါ်မှ သယ်ချစဉ်တွင် လေ ယာဉ်မှူးနှင့်လေယာဉ်ဝန်ထမ်းများက သူမအားအလေးပြုအရိုအသေပေးကြ သည့်အပြင် လေဆိပ်ဝန်ထမ်းများက လည်း ခဏတာမျှငြိမ်သက်စွာနေခဲ့ ကြသည်။
ဆပ်ပြာရည်စိမ်ထားတဲ့ ပုစွန်ဝယ်မစားမိလေအောင်သတိထားဖို့လိုနေပြီ
အခုတလော ပုစွန်တွေ စားရင်း ယားယံလာတဲ့ကိစ္စတွေနေရာ တော်တော်များများမှာ ဖြစ်နေပြီး၊ ကိုယ် ကိုယ်တိုင်လည်း တစ်ခါမှ ပုစွန်  စားလို့ မယားဘူး။ အခုမှယားနေတာကတော့ တစ်ခုခုမှားနေပြီလို့ ယူဆကာ စုံစမ်း ကြည့်မိပါတယ်။ ရန်ကုန်မြို့၊သာကေတ မြို့နယ်မှာနေတဲ့ အိမ်ပိုင်ရှင်အဖွား ကလည်း သူ့အနေနဲ့ ပုစွန်စားတာ တစ်ခါမှမယားဖူးပါဘူး။
စောရသူခိုး ဖင်တုတ်ထိုး
လန်ဒန်မြို့အရှေ့ပိုင်းမှ ပြတိုက် တစ်ခုသို့ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားခဲ့သော သူခိုးမှာ ခြံစည်း ရိုးပြင်ပ သစ်ပင်ပေါ်မှနေ၍ ဝင်းခြံအတွင်း ခုန်ချဝင်ရောက်နိုင်ရန် ကြိုးစားစဉ် ခြံစည်းရိုးကာထားသော သံချွန်ချောင်း ပေါ်သို့ ခြေချော်ပြုတ်ကျခဲ့ပြီး သံချွန် ချောင်းမှာ သူ၏ ဖင်စအိုကို ထိုးစိုက် မိခဲ့ရာ မီးသတ်အဖွဲ့ကို ခေါ်ယူဖြတ် တောက်ပြီး ဆေးရုံသို့ အပြေးအလွှား ပို့ဆောင်ခဲ့ရသည်။ အသက်အန္တရာယ် မရှိသော်လည်း ဆေးရုံတွင် အတန်ကြာ ကုသရဦးမည်ဟုဆိုသည်။
ထိုင်းအစိုးရက သတ်မှတ်ထားသည့် လုပ်အားခကို မြန်မာအလုပ်သမားများမရ
၂၀၁၂ သြဂုတ် ၂၉ 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော် အေကချိုင် ၇၆ လမ်းရှိ စက်ချုပ်အလုပ်ရုံမှ မြန်မာအလုပ်သမားများမှာ ထိုင်းအစိုးရ က သတ်မှတ်ထားသော လုပ်အားခကို မရရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမားများကို တစ်နေ့ ဘတ် ၃၀၀ ပေးရမည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ၂၀၁၂ ခု ဧပြီလမှစ၍ သတ်မှတ်ခဲ့သော်လည်း အပြည့်အဝ မရကြောင်း ယင်းအလုပ်ရုံမှ အလုပ်သမားများက ပြောကြသည်။
UNITED TRANDING Co, Ltd စက်ချုပ်အလုပ်ရုံတွင် မြန်မာအလုပ်သမား ၂၃ ဦးရှိပြီး လုပ်အားခ တစ်နေ့လျင် အမျိုးသား ၂၈၀ ဘတ်၊ အမျိုးသမီး ၂၂၀ ဘတ်သာ ရရှိသည်ဟု ယင်းစက်ရုံမှ အလုပ်သမားကြီးကြပ်သူ ကိုအနိုင်က ပြောသည်။
“အလုပ်ကတော့ များများလုပ်ရတယ်။ လုပ်အားခကျတော့ သတ်မှတ်ထားတာထက် နည်းတယ်။
“ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တွင်မြန်မာနိုင်ငံသားတစ်ဦးပြန်ပေးဆွဲခံရ”
၂၀၁၂ သြဂုတ်လ ၂၉
လှဒေ၀ီ
  ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ခံတစ်ဦး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပြန်ပေးဆွဲခံလိုက်ရကြောင်း သူ၏ ဇနီးက ပြောသည်။
         မြ၀တီမြို့ အမှတ် ရပ်ကွက် အောင်သိပ္ပံလမ်း တွင် နေထိုင်ကြသည့် ခင်ပွန်းဖြစ်သူ ကိုဖိုးစန်းသည် သြဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီကျော်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သူငယ်ချင်းဖြစ်သူနှင့် တွေ့ဆုံရန် သွားရာမှ ပြန်ပေးဆွဲခံရသည်ဟု ဆိုသည်။
“၇၃ ကြိမ်မြောက် ဆရာတော်ဦးဥတ္တနေ့ ကျင်းပရန် ထိုင်းနိုင်ငံရောက် ရခိုင်အမျိုးသားများပြင်နေ”
၂၀၁၂ - သြဂုတ်  ၂၉  ထွန်းလင်းခိုင်
စက်တင်ဘာလ ရက်နေ့၌ ကျရောက်မည့် လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ ပျံလွန် တော်မူသည့် (၇၃) ကြိမ်မြေက် အောင့်မေ့ဘွယ်အခန်းအနားကို ကျင်းပနိုင်ရန် ထိုင်းနိုင်ငံရောက် ရခိုင် အဖွဲ့ အစည်းများက ပြင်ဆင်နေကြကြောင်း သိရသည်။
ရခိုင်နိုင်ငံရေးပါတီများ၊ ရခိုင် လူမှုရေး အဖွဲ့စည်းများက ဘန်ကောက်၊ မဟာချိုင်၊ မဲဆောက်နှင့် ဖူးခက် မြို့များ၌ ကျင်းပကြမည်ဖြစ်ပြီး ရန်ပုံငွေနှင့် နေရာရှာဖွေခြင်း၊ ဖိတ်ကြားခြင်းများကို ဆောင်ရွက်နေပြီဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များက ပြောသည်။
ပုဂ္ဂိုလ် ရေး နဲ့ နိုင်ငံရေး
ပန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ ပုဂ္ဂိုလ်ရေးတွေ အဖွဲ့အစည်းတွေ အကြောင်းမရေးဖို့ မကြာခဏ စာတစ်တန်ပေတစ်တန် ညွှန်ကြားချက်တစ်တန် လုပ်လေ့ရှိပါတယ် ။ အဲဒီအခါမှာ အချို့ လူငယ် လူကြီးတွေ ရဲ့ စိတ်ထဲမှာ စွဲနေတာကတော့ ပုဂ္ဂိုလ်ရေးတွေအကြောင်း ဟာ လုံးဝ မရေးသင့်တဲ့ အရာလို့ ထင်လာပါတော့တယ် - အမှန်က မရေးသင့်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စ ဆိုတာက သီးသန့်ရှိပါတယ် ။ အဲဒါကတော့ - ဥပမာ နေမျိုးဝေ ဂျပု - အရပ်က ငါးပေတောင်မပြည့်ဘူး ခွေးပစ်တဲ့ဒုတ်လောက်ဘဲရှိတယ် ။
နေမျိုးဝေ - သူခိုး / ပီဒီပီ ( မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ) အချောင်သမား - စသဖြင့် လွတ်လပ်စွာ ရေးသားကြရန် နှိုးဆော်ခြင်း
မြ၀တီရဲ့ ကြော်ညာချက်ကလေးဖတ်မိပါသဖြင့် အထက်ပါအတိုင်း ရေးသားကြပါရန် လှုံ့ဆော်အပ်ပါသည်
ထိုသို့ ရေးသားသူများကို လုံးဝ တရားမစွဲပါ ။
လွတ်လပ်စွာရေးသားစေ သို့သော် လူပုဂ်္ဂုလ် နဲ့ အဖွဲ့အစည်းအကြောင်းမပါစေနဲ့ ပုံ မြ၀တီ ဆိုပါလား - - - မြ၀တီရယ် ခက်လိုက်တာ - - -
ကျနော် နေမျိုးဝေ ခိုးနေတာကို ကိုသက်ထွန်းမြင်လို့ နေမျိုးဝေ ခိုးနေပါတယ်လို့ တိတိကျကျရေးရင် ဘာဖြစ်လို့လည်းဗျာ - - - မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီက လူထုထံက ပိုက်ဆံတွေကို ကောက်ခံပြီး အလွဲ သုံးစားလုပ်နေပါတယ်လို့ ရေးရင် ဘာဖြစ်မှာ မို့လို့လဲဗျာ ရေးကြပါစေလား - - - အွန်လိုင်း မိတ်ဆွေများခင်ဗျား ဒီလောက်တင်းကျပ်တဲ့ လွ
အရှေ့တောင်အာရှ ဘော်လီဘော ချန်ပီယံဖလား မြန်မာပြန်ရ
သြဂုတ်လ ၂၉ ရက်
ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ် ဘော်လီဘော ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် မြန်မာလူငယ် (က) အသင်းက ထိုင်းအသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆုဖလားကို ၁၆ နှစ်အတွင်း ပထမဆုံး ပြန်လည်ရယူနိုင်ခဲ့သည်။
ရန်ကုန်မြို့၊ ပစ်ကပ်ကားပေါ်မှ လက်လုပ်မိုင်း တွေ့ရှိမှုဖြစ်စဉ်
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ ၇ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန် ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း၊ အောင်ချမ်းသာ အိမ်ရာရှေ့တွင် ရပ်ထားသည့် ဆူဇူကီးပစ်ကပ်ကားပေါ်မှ ဒေသန္တရ လက်လုပ်မိုင်း တစ်လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။(Ref:https://www.facebook.com/mwdmedia မှ ကူးယူဖော်ပြပါသည်)
သမ္မတကြီး ဦးသိန်းစိန် မျက်နှာကြီးရာဟင်းဖတ်ပါနေပြီဖြစ်ကြောင်း ဝေဖန်သံများညံ
မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် ရခိုင်ပဋိပက္ခတွင် အပြစ်ရှိ၍ ဖမ်းဆီး ထောင်ချခံရ ဘင်္ဂလီ မွတ်ဆလင် များကို သမ္မတ အာဏာကို အသုံးပြုပြီး တစ်ယောက်ပြီး တစ်ယောက် ပြန်လည် လွှတ်ပေး နေသော်လည်း ထောင်ချခံ ရခိုင် တိုင်းရင်းသားများကိုမူ တစ်ဦးတစ်ယောက်ကိုမှ ပြန်လည် လွှတ်မပေးသဖြင့် ယခုအခါ  သမ္မတကြီး ဦးသိန်းစိန်ကို မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ပြည်သူများက ဝေဖန် ပြောဆိုလျှက် ရှိကြောင်း သတင်း ရရှိသည်။
ပြည်ပ ငွေအကူများကို လယ်ယာ ကဏ္ဍတွင် အဓိက သုံးစွဲသွားမည်
ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံတကာက ပံ့ပိုးလာသည့် ငွေကြေးအကူအညီများကို မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကထား သုံးစွဲသွားမည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကိုးကား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် က ပြောသည်။
"လွှတ်တော်တင်မည့် ပုံနှိပ်ဥပဒေ မီဒီယာကို ကာကွယ်သည့်ဥပဒေသာ ဖြစ်သင့်"
  • မကြာမီ လွှတ်တော်တင်ရန်ရှိသည်ဆိုသည့် ပုံနှိပ်ဥပဒေသည် မီဒီယာ လောကကို ကာကွယ်ပေးသည့် ဥပဒေသာဖြစ်သင့်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။
    ''နောက်မှပြဋ္ဌာန်းတဲ့ မီဒီယာ ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ တရားဥပဒေနဲ့ မဆန့် ကျင်ဘူးဆိုရင် လွတ်လပ်စွာ ဟောပြောရေးသား ဖြန့်ဝေခွင့်ကို ကန့်သတ် လို့မရဘူး။ ဒီမိုကရေစီစနစ် ဖော် ဆောင်ရာမှာ စတုတ္ထမဏ္ဍိုင်ကို ကာ
    ကွယ်ပေးတဲ့မီဒီယာဥပဒေကို ပြဋ္ဌာန်း ပေးဖို့လိုအပ်တယ်''ဟု ၄င်းက ပြော သည်။
မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက် ကျူးလွန်ခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိနှင့်အောက်ခြေ၀န်ထမ်း ၈၂ ဦးတို့အား အရေးယူခဲ့ဟု ထုတ်ပြန်
မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှအရာရှိ (ဌာနမှူးအဆင့် မှ ဌာနစုမှူးအဆင့်အတွင်း)နှင့် အောက်ခြေ၀န်ထမ်း စုစုပေါင်း ၈၂ ဦးတို့အား အရေးယူမှုပြုလုပ်ခဲ့သည် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အမျိုးသားလွှတ်တော်မှ မီဒီယာနှင့် ပတ်သက်၍ တိုင်ကြားစာ အပ်ါပထမဆုံး ကြားနာမည်
ရန်ကုန်၊ သြဂုတ် ၂၈
မြန်မာနိုင်ငံ၏ လွှတ်တော်သုံးရပ်အနက် တစ်ခုဖြစ်သော အမျိုးသား လွှတ်တော်၏ ကော်မတီ တစ်ရပ်ဖြစ်သည့် ပြည်သူတို့၏တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက မီဒီယာနှင့် ပတ်သက်၍ တိုင်ကြားစာ အပေါ် ပထမဆုံး ကြားနာမှုကို သြဂုတ်လ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်တွင်း ဂျာနယ် တာဝန်ရှိသူများသို့ အကြောင်းကြားမှုအရ သိရသည်။
Tuesday, August 28, 2012
ကလေးစစ်သား ၄၂ ယောက် စစ်တပ်အရာရှိတွေကိုယ်တိုင် မိသားစုထံ ပြန်လည်အပ်နှံမည်
2012-08-28
မြန်မာနိုင်ငံတစ်ဝှမ်းက တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေမှာရှိတဲ့ ကလေးစစ်သား ၄၂ ယောက်ကို စစ်တပ် အရာရှိတွေကိုယ်တိုင် စက်တင်ဘာ ၃ ရက်နေ့မှာ မိသားစုထံ ပြန်လည်အပ်နှံဖို့ ရှိတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ ရှေ
့မှောက်မှာ ကလေးစစ်သားတွေကို အပ်နှံမှာဖြစ်ပြီး အလုပ်အကိုင်ရရှိရေး အပါအ၀င် ရှေ့ရေးကိစ္စတွေကိုပါ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန်ရုံး စီမံကိန်းအရာရှိ ဦးချစ်တင်က RFA ကို အတည်ပြု ပြောကြားပါတယ်။
နာမည်ပျက်စာရင်းဝင် အရေအတွက် မြန်မာအစိုးရ လျှော့ချ
တိုကျိုသံရုံးရှေ့မှ ဆန္ဒပြမြင်ကွင်း။ (ကမ္ဘာအနှံ့မှ ဤသို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများအပေါ် ကန့်သတ်ထားသည့် နာမည်ပျက်စာရင်းထဲက တချို့ကို ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။)
အရင်စစ်အစိုးရလက်ထက်က အမည်မည်းစာရင်း Black List အဖြစ် သတ်မှတ်ထားသူ ၆,၀၀၀ ကျော် ထဲက ၂,၀၀၀ ကျော်ရဲ့ အမည်စာရင်းကို လက်ရှိအစိုးရက ပယ်ဖျက်လိုက်တဲ့အကြောင်း အင်္ဂါနေ့ မှာ ကြေငြာချက် ထုတ်ပြန်ပါတယ်။ ဒီ အမည်မည်း စာရင်းက ပယ်ဖျက်ခံရသူတွေ အနေနဲ့ မြန်မာနိုင်ငံ ကို ပြန်လာခွင့်ပြုမယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပေမယ့် ဘယ်သူတွေ ပါတယ်ဆိုတဲ့ စာရင်း အတိအကျတော့ မသိရသေးပါဘူး။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
သမ္မတ လွတ်ငြိမ်းသက်သာခွင့်ပြုမှု ကုလကြိုဆို
မြန်မာသမ္မတ ဦးသိန်းစိန်
ကိုသားညွန့်ဦး
ရခိုင်ပြည်နယ်အရေးအခင်းမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ထောင်ဒဏ်အပြစ်ပေးခံရတဲ့ ကုလသမဂ္ဂနဲ့ ဆက်နွယ်တဲ့ ၀န်ထမ်းသုံးဦးကို သမ္မတဦးသိန်းစိန်က လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးလိုက်ပါတယ်။ ကုလသမဂ္ဂ ၀န်ထမ်းတွေ အခုလို လွတ်မြောက်လာတဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂဘက် ကလည်း တုံ့ပြန်ထားပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာ ပန်းရံ အလုပ်သမားများ ဖမ်းဆီးခံရ
သြဂုတ် ၂၈
ကိုတီး(ထိုင်းဘာသာပြန်သတင်းထောက်)
               ဘန်ကောက်မြို့နှင့် ဆက်စပ်နေသော ပထုန်ဌာနီမြို့နယ် လမ်းလုကာ မြို့တွင်း ရှိ ခူခွတ် ရပ်ကွတ် NIKE KIRS CO,LTD  ဆောက်လုပ်ရေး လုပ်ငန်းသို့  နယ်မြေရဲစခန်းမှ ရောက် လာပြီး  မြန်မာ အလုပ် သမား ၁၀၇ ဦးနှင့် ကမ္ဘောဒီယား ၁၀ဦး တို့ အား ဖမ်းဆီးသွားကြောင်း ထိုင်းရပ် သတင်း တွင် ဖေါ်ပြထားသည်။
ဆောက်လက်စ ( ၇ )  ထပ်မြောက်တွင် တရားမ၀င် အလုပ်သမားများအားလာရောက်ဖမ်းဆီးခြင်းဖြစ်သည်။
“အိမ်ပြန်လမ်းစရိတ်ရှာနေတဲ့ ကျောက်ကပ်ရောဂါသည် မြန်မာအလုပ်သမားကိုထိုင်းရဲဖမ်းဆီး”
သြဂုတ် ၂၈
မြတ်ညို(အလွတ်သတင်းထောက်)
              မဟာချိုင်နယ်မြေ နကပထုန် ဆေးရုံကြီးတွင်   ကျောက်ကပ်ရောဂါဖြင့် ၂ပတ်ကြာ ဆေးဝါးကုသမှု ခံယူခဲ့ပြီးမြန်မာနိုင်ငံသို့ ပြန်ရန် မိတ်ဆွေများထံမှ လမ်း စရိတ်အကူညီတောင်းခံရန် မဟာချိုင်သို့ လာခဲ့သည့် ကိုဝေယံ အား ယမန်နေ့ နံနက်က မဟာချိုင်ဈေး အရောက်တွင် ပုလိပ်ဖမ်း ဆီးခဲ့သဖြင့် ဘတ်ငွေ ၅၀၀ ပေးမှ လွတ်မြောက်လာေ ကြာင်း သူကပြောသည်။
            ကိုဝေယံ က“ကျနော့်မှာ ရေဘေးတုန်းက စာရွက် စာတမ်းတွေပျက်စီးသွားခဲ့တယ်။ အလုပ်က လည်း လည်း  ကောင်း ကောင်း မလုပ်နိုင်ဘူး၊ ကျောက်ကပ်    ရောဂါကြောင့် ဆေးရုံတက်ရတယ်။ ဆေးရုံက ဆင်းေ တာ့ အလုပ်ရုံက
JICA က ချင်းပြည်နယ်ကို ကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမည်
ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ အတွက် (JICA) လို့ခေါ်တဲ့ ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီက မြန်မာကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမှာဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ၀န်ကြီး ဦးဗန်ထောင်းက ပြောပါတယ်။
အကျဉ်းသားတစ်ဦး အင်းစိန်ဆေးရုံမှ ထွက်ပြေးလွတ်မြောက်
အင်းစိန် ဗဟိုအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ဦးဟာ သြဂုတ်လ (၂၆) ရက် မနေ့က မနက် (၆) နာရီလောက်က ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက RFA ကို ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ဖားကန့် ကျောက်တူးသမား သောင်းချီတိမ်းရှောင်
     ကချင်ဒုက္ခသည်စခန်းတခု။
ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း အစိုးရ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်လာ တာကြောင့် ကျောက်တွင်းတွေမှာ အလုပ်လုပ်ကိုင်နေသူ တစ်သောင်းကျော်လောက် ဖားကန့်မြို့ပေါ်ကို ထွက်ပြေးခိုလှုံနေကြရပါတယ်။ ထွက်ပြေးလာသူတွေဟာ ဖားကန့်မြို့ပေါ်က ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေပြီး ဘာသာရေး၊ လူမှုရေး စတဲ့ အဖွဲ့အစည်းတွေနဲ့ မြို့ခံတွေက ၀ိုင်းဝန်းကူညီ ထောက်ပံ့ပေးနေရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ကုလဝန်ထမ်းတွေ ပြစ်ဒဏ်စီရင်မှုအပေါ် ကင်တားနားဝေဖန်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်Tomas Ojea Quintana(လယ်)
ရခိုင်ပြည်နယ် တရားရုံးတခုကနေ ထောင်ဒဏ်အသီးသီးချမှတ်လိုက်တဲ့ ကုလသမဂ္ဂ၀န်ထမ်းနှစ်ဦးနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတခုက ၀န်ထမ်းတဦးတို့ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အဲဒီလူသုံးဦးကို ထောင်ဒဏ် ချမှတ်လိုက်အပြီး နောက်တရက်မှာပဲ မစ္စတာကင်တားနားက တောင်းဆိုလိုက်တာပါ။ ဒီလိုထောင်ဒဏ် ချလိုက်တာကို လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ကလည်း ဝေဖန်ပြောဆိုပါတယ်။
ပူတာအိုမြို့ တွင်သံဃာတော် များဆန်မရောင်းပါ
ဖားကန့်မြို့နယ်သံဃာတော်များ၏ မဟာတဏ္ဌုလဒါန အလှူတော်အဖြစ် ဖားကန့်မြို့နယ်သံဃနာယကအဖွဲ့၏ စီမံမှုဖြင့်ဆန်းကြွယ်ဆရာတော်ဦးက၀ိသာရ(မဟာသဒ္ဓမ္မဇောတိကဓဇ)ဦးဆောင်သောသံဃာတော်များသည်
ဒုသမ္မတအသစ်၏ ကိုယ်ရေးအကျဉ်း
ဖခင် ဒုတိယတောအုပ် (သစ်တော)  ဦးစိန်မောင်နှင့် မိခင်မူလတန်းပြဆရာမ   ဒေါ်သိန်းတင်တို့က ၁၉၅၄ ခုနှစ်၊ ဇန်န၀ါ ရီ (၁၂) ရက်တွင် ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ ဇီးကုန်းမြို့၊ ဂုံးလမ်း (သံပုရာကုန် လမ်း)၌ မွေးဖွားသည်။ ဂုံးလမ်းအစိုးရ မူလတန်းကျောင်းနှင့် ဇီးကုန်းမြို့ အစိုးရ  အထက်တန်းကျောင်းတို့တွင် ပညာသင် ယူပြီး ၁၉၇၀ ပြည့်နှစ်တွင် အခြေခံပညာ   အထက်တန်းစာမေးပွဲအောင်မြင်ခဲ့ပါသည်။  ၁၉၇၁ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ စစ် တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ် စဉ် (၁၆)သို့ တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ရ ရှိခဲ့ပါသည်။
Monday, August 27, 2012
ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးအပ်ခြင်း
အတိုတ်အခံနိုင်ငံရေးသမားလို့ခေါ်ရမလား ကျောသပ်ခံနီုင်ငံရေးသမားလို့ခေါ်ရမလား လမ်းပြကြယ်မေးလိုက်ပြီ
 ၁၉၆၂ ခုနှစ်မှအစ ၁၉၈၈ ခုနှစ်အလယ် ၂၀၀၇ ခုနှစ်အဆုံး မြန်မာနိုင်ငံရေးခရီးကြမ်း၌ သွေး မြေကျ အနစ်နာ ခံသော ရဟန်းရှင်၊ လူ ကျောင်းသားအပေါင်းတို့၏ သွေးများသည် ၂၀၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော် နိုင်ငံရေးကာလအထိ အလမ်းမပေါ်တွင် ကျခဲ့သော သွေးများယနေ့တိုင် မခြောက်သေးပါ။ သို့သော် ပြည်သူကိုအကြောင်းပြ လမ်းမပေါ်တွင်ကျခဲ့သော သွေးများကိုအကြောင်းပြ အတိုက်အ ခံနိုင်ငံရေးသမားဟု အမည်ခံခဲ့သော ယနေ့ကမ္ဘာကျော်နိုင်ငံရေးသမားများသည် လမ်းမပေါ် သွေးမြေကျခဲ့သည့်သူများအတွက် သင်တို့ဘာလုပ်ခဲ့သလဲဟု လည်းကောင်း၊ လူငယ်ကျောင်းသားဘ၀ကို စွန့်လွှတ် အနစ်နာခံပြီး တောတွင်း တနေရာ၌ လက်နက်ကိုင်စွဲ၍ ကျောင်းသားတပ်မတော်တ ည်ထောင်ကာ တိုက်ပွဲဝင်နေသော ကျောင်းသား ရဲဘော်များအတွက် သင်တို့ဘာလုပ်ပေးသလဲဟု မေးမြန်းလိုသော သဘောတရားများကို ပြည်တွင်ဂျာ နယ်တချို့နှင့်အင်တာဗျူးပြီး ဂျာနယ်တွင်ဖော်ပြရန် လမ်းပြကြယ် ဦးအေးမြင့်မှ ဂျာနယ်လစ်တချို့အား ၈၊ ၈၊ ၂၀၁၂ ခုနှစ်ရက်နေ့တွင် ပဲခူးမြို့၌ တွေ့ဆုံကြောင်း သတင်းရရှိခဲ့ပါသည်။ သို့သော် စာပေလွတ်လပ်ခွင့်ကို စာပေစီစစ်ရေးမှချုပ်ကိုင်ခဲ့သော ကာလဖြစ်သောကြောင့် ဖော်ပြခွင့်မရရှိခဲ့ကြောင်းသိရှိရသည်။
ပထမဆုံး အမျိုးသမီး ပြည်ထောင်စု ဝန်ကြီး ထွက်ပေါ်မည်လော
 ၂၇-၈-၂၀၁၂ ညပိုင်း လစ်လပ်နေသော ပြည်ထောင်စုဝန်ကြီးရာထူးများနှင့် စိတ်ဝင်စားဖွယ်ရာ ကောင်းသော အရွှေ့ပြောင်း ဖြစ်နိုင်ခြေများကို သုံးသပ်ကြည့်ရာ-
၁။ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ၂နေရာ ယူထားသော ဦးကျော်ဆန်းအား သမဝါယမ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး သမိုင်းစာရေးဆရာနှင့် တော်ဝင်မိသားစု Official Historian ဖြစ်သူ လွတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ (မောင်သန်းဆွေ၊ ထားဝယ်)ကို ယဉ်ကျေးမှု ဒုဝန်ကြီးအဖြစ် လက်ရှိ ဒေါ်စန္ဒာခင်နှင့် အတူ ခန့်ထားလိုက်ပါသည်။ သို့ဖြစ်ရာ လက်ရှိ ယဉ်ကျေးမှုဒုဝန်ကြီး ဒေါ်စန္ဒာခင်သည် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး ဖြစ်လာမလားဟု စောင့်ကြည့်စရာ ဖြစ်လာပါသည်။
ဧရာဝတီတိုင်းရေဘေးအတွက် ဗ.က.သမှအလှူခံထွက်
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မယားခိုးမှု
ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှု အပြည်အစုံ
အခု ဦးမြင့်စိုးတင်သွားတဲ့အဆိုကို တရားဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင်လည်းရပါတယ်။ နိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ရပါတယ်။ တရားဥပဒေရှုထောင့်ကနေ အများအပြားဆွေးနွေးသွားပြီးဖြစ်ပါတယ်။ အဲ့ဒါတွေကိုတော့ ကျွန်မထပ်ပြီးတော့ မဆွေးနွေးချင်ပါဘူး။ ကျွန်မ နိုင်ငံေ၇းရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။ နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်
မုဒိမ်းကျင့်ခွင့်လိုင်စင်
License to Rape
A report released by the Shan Women's Action Network (SWAN) and the Shan Human Rights Foundation (SHRF). It details 173 incidents of rape and other forms of sexual violence, involving 625 girls and women, committed by Burmese army troops in Shan State, mostly between 1996 and 2001.  The report gives clear evidence that rape is officially condoned as a 'weapon of war' against the civilian populations in Shan State. The report also explores some of the physical and mental effects of the rapes on the survivors, who suffered not only from the lack of legal redress for the crimes, but also the lack of any crisis support.
The report was published in June 2002.
 copy from http://www.shanwomen.org
မောင်တောတွင် ရခိုင်အိမ်များ ရောင်းမည်
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်အိမ် အများအပြားကို ရောင်းရန် စာကပ်ထားသည်ဟု သတင်း ရရှိသည်။
ရခိုင်တိုင်းရင်းသားတွေ မောင်တောမြို့မှာ နေထိုင်ဖို့ စိုးရိမ်နေ
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် မောင်တောမြို့ပေါ်မှာ နေထိုင်တဲ့ လူနည်းစု ရခိုင်တိုင်းရင်းသားတွေရဲ့ နေအိမ်တွေမှာ အိမ်ခြံမြေ ရောင်းချမယ့် ဆိုင်းဘုတ်တွေ အခု ရက်ပိုင်းအတွင်း တစတစ တိုးပွားများပြား လာနေရာမှာ မနေ့ကအထိ နေအိမ် တစ်ရာကျော် ရှိသွားပြီလို့ သိရပါတယ်။
Sunday, August 26, 2012
အမြတ်ကြီးစားအတိုးပေးစား သူများကိုအရေးယူနိုင်သည့် ဥပဒေပြဋ္ဌာန်းပြီ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြီးများသည် မိမိတို့ပတ်ဝန်းကျင် ကျေးရွာ၊ မြို့နယ်များအလိုက် ပြည်သူတို့၏အခက်အခဲ ဘ၀နေ ထိုင်ရပ်တည်မှု ဖြစ်ပေါ်နေသော ပြဿနာအလုံးစုံတို့ကို ဥပဒေပြု ရေး၊ ပြည်သူ့လွှတ်တော်များသို့ သယ်ဆောင်ပြီး ကိုယ်စီကိုယ်ငှ တာဝန်တွေထမ်းဆောင်ကာ ဥပဒေ ဖြင့် အကာအကွယ်ရရှိနိုင်ရန် တင် ပြဆွေးနွေးခြင်း မေးခွန်းများဖြေ ခြင်း၊ အကြံပြုချက်များဖြင့် အဆိုပြု ကြခြင်းများကို ဆောင်ရွက်လျက်ရှိ ရာ ပြည်သူ့လွှတ်တော်များတွင် အသက်ဝင်လှုပ်ရှားရှင်သန်လျက် ရှိနေသည်။
DVB သတင်းထောက်တစ်ဦးနှင့် ကျောင်းသားမိဘ တစ်ဦးအား မကွေးတိုင်းဒေသကြီး ပညာရေးမှူးမှ တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် အမှုဖွင့်ထား
မကွေးတိုင်းဒေသကြီးတွင် DVB သတင်းထောက်ဦးသူရသက် တင်နှင့်တောင်တွင်းကြီးမြို့မှ ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးလှိုင်လှိုင် (ခေါ်) ဥိးဝင်းမြင့်လှိုင်တို့နှစ်ဦးအား မကွေးတိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံးမှ ဒုတိယတိုင်း ပညာရေးမှူးက သြဂုတ်လ ၂၅ ရက်နေ့တွင် မကွေးမြို့အမှတ် (၁) ရဲတပ်ဖွဲ့စခန်း ၌ တာဝန်ဝတ္တရား နှောက်ယှက်မှု၊ ဥပဒေ ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။
အဆိုပါ သတင်းထောက်နှင့် ကျောင်းသားမိဘ ဦးလှိုင်လှိုင်တို့မှာ ဂျပန်နိုင်ငံ KIZUNA ပရောဂျက်အတွက် ပညာတော်သင်ကျောင်းသားများ စေလွှတ်ရန် ကျောင်းသားအရည်အချင်း သတ်မှတ်မှုနှင့် ရွေးချယ်မှု အား မေးမြန်းရန် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၄း၃၀ နာရီအချိန်ခန့်က သွားရောက်ခဲ့ကြကြောင်း၊ တိုင်းပညာရေးမှူးရုံးသို့ အရောက်တွင် ရုံးစာရေးမဒေါ်မြင့်မြင့်ဌေးအား ဦးလှိုင်လှိုင်မှ အထက်ပါကိစ္စနှင့်ပတ်သက်၍အကြောင်းအရာအချို့ သိလိုပါ သည်ဟု ပြောကြားစဉ် DVB သတင်းထောက်မှ Movie ကင်မရာ ဖြင့် မှတ်တမ်းတင်ထားကြောင်း၊ ဒေါ်မြင့်မြင့်ဌေးမှာ ပြန်လည်ဖြေကြားခြင်း မပြုဘဲ နေရာမှထ၍ ပြေးထွက်သွားခဲ့ကြောင်း၊ DVB သတင်းထောက်နှင့် ဦးလှိုင်လှိုင်တို့မှာ ပညာရေးမှူးရုံးသို့ ပြန်လာခဲ့ပြီး နောက်တစ်နေ့မနက် (သြဂုတ်လ ၂၅ ရက်နေ့) တွင်မှ ရဲစခန်းတွင် အမှုဖွင့်ထား သည်ဟု သိရှိရ၍ စခန်းသို့သွား ရောက်ခဲ့ကြကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်မစ္စ ရင်လပ်မြန်မာနိုင်ငံသို့ လာ မည်
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်သည် စက်တင် ဘာလ ၁၃ ရက်နေ့မှ စက်တင် ဘာ ၁၅ ရက်နေ့ထိ မြန်မာနိုင်ငံ သို့ လာရောက်မည်ဟု သြဂုတ် လ ၂၃ ရက်ထုတ် နေရှင်းသတင်းတစ် ရပ်တွင် ဖော်ပြသည်။
ရခိုင်အရေး အင်ဒိုနီးရှား အကူအညီ စတင်
ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေမှာ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဒုက္ခရောက်နေကြသူတွေကို ကူညီဖို့အတွက် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့က အကူအညီပေးရေး အဖွဲ့တခုကို ဒီကနေ့ မြန်မာနိုင်ငံကို စေလွှတ်လိုက်ပါတယ်။ ဘက်မလိုက်တဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ဒုက္ခ ရောက်နေသူတွေကို ပထမအဆင့် အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ က ဆိုပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပါမယ်။
“မဟာချိုင် လ၀က မြန်မာအလုပ်သမ တစ်ဦးကို ပါး၂ကြိမ်နမ်း”
“မဟာချိုင် လ၀က မြန်မာအလုပ်သမ တစ်ဦးကို ပါး၂ကြိမ်နမ်း”
သြဂုတ်လ ၂၆
မြတ်ညို(အလွတ်သတင်းထောက်)
               ဘန်ကောက်မြို့အနီး မဟာချိုင်နယ်မြေ ကထုန်ဘန်မြို့ ကီလိုစစ်စောင်တွင်နေထိုင်သည့်CD ပြား အလုပ်ရုံ အလုပ်သမ မသဲမိုး ဆိုသူအား ယနေ့နေ့ လည်ပိုင်းက မဟာချိုင် လ၀က ၂ဦး ကားဖြင့်ရောက်လာပြီး ပတ်စပို့ စစ်ဆေးပြီးနောက် ပါးကိုဖျစ်ညှစ် ပြီး ၂ကြိမ်နမ်းသွားကြောင်း ကာယကံရှင်အမျိုးသမီးကပြောသည်။
               လက်ရှိ အိမ်ထောင်သည် ကလေးတစ်ဦးမိခင် အ သက် ၂၁ နှစ်အရွယ် မသဲမိုး က“ သမီးက ရေချိုးပြီးလို့ အ၀တ်လဲနေ တာ၊ တောမော(လ၀က) ကားနဲ့ ရောက်လာပြီး သမီးအခန်းထဲ ဟိုကြည့် ဒီကြည့်လုပ်တယ်။ သမီးကိုပတ်စပို့ ၀တ်ပါမစ် စစ်တယ်။   မြန်မာပြည်ကို ပြန်ပို့ထားတဲ့ သမီးတို့ မှာ ကလေး ဓါတ်ပုံကပ်ထား တာရှိတယ်လေ။ တောမော ပုလိပ်က ကလေးရှိလားတဲ့မေးတယ်၊ သမီးကလည်း ရှိတယ်လို့ ပြောတယ်။ဘာမပြောညာမပြောနဲ့ သမီး ပါး၂ဘက်ကို ကိုင်ပြီးတော့ ၂ကြိမ်တိုင်တိုင် နမ်းတယ်ရှင့်” ဟုပြောသည်။
အခွန်ထမ်းပြည်သူများကို အခွန်ပညာပေးရှင်းလင်း ဆွေးနွေးပွဲတောင်တွင်းကြီး၌ ကျင်းပ
အခွန်ထမ်းပြည်သူများကို အခွန်ပညာပေးရှင်းလင်း ဆွေးနွေးပွဲတောင်တွင်းကြီး၌ ကျင်းပ
မဆင်မခြင်ယာဉ်မောင်းအခုတော့…….
မဆင်မခြင်ယာဉ်မောင်းအခုတော့…….
လူရွှင်တော် အရိုင်း ကန့်ကွက် ခံရ
လူရွှင်တော် အရိုင်း ကန့်ကွက် ခံရ
လူရွှင်တော် အရိုင်းက "လက်ရှိအချိန်မှာ တိုင်းပြည်အတွက် လွန်စွာ အရေးကြီးကြောင်း" ဆိုပြီး ပြောဆိုမှုကို သြဂုတ်လ ၄ ရက်နေ့ထုတ် UNITY ဂျာနယ်နယ်မှာဖော်ပြထားတာနဲ့ပတ်သက်ပြီး လယ်သမားအရေး ကူညီ လှုပ်ရှားပေးနေတဲ့ မတူကွဲပြား ငြိမ်းချမ်းရေးပါတီက ဦးနေမျိုးဝေ က လူရွှင်တော် အရိုင်းကို ကန့်ကွက်လိုက် တာပါ။
ဒု ရဲအုပ်ကျော်စိုးမိုး နှင့် အဖွဲ့မှ လက်ထိပ်ခတ် ၀ိုင်းရိုက်ခြင်း
ဒု ရဲအုပ်ကျော်စိုးမိုး နှင့် အဖွဲ့မှ လက်ထိပ်ခတ် ၀ိုင်းရိုက်ခြင်း
ရဲတွေ ၀ိုင်းဝန်း ရိုက်နှက်ခံ ရသူ ကိုသီဟသူ
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ နယ် တံတားကြီးရပ်ကွက် အမှတ် ၁၇၆ အောင်မင်္ဂလာလမ်း နေ
ကိုသီဟသူ(ခ)ကိုသူ ကို အောင်မင်္ဂလာရဲကင်းက ရဲကင်းမှူး ဒု-ရဲအုပ် ကျော်စိုးမိုးနဲ့ တပ်သား ၃ယောက် ပေါင်း လေးယောက် ဟာ ဆိုင်ကယ်ဖမ်းဆိုပြီး သြဂုတ်လ (၁၄)ရက်နေ့ ည က ၀ိုင်းဝန်ရိုက်နှက် ခဲ့ကြောင်းသိရပါတယ်။