Saturday, August 25, 2012

တောင်သူလယ်သမားများကိုနှိမ်နှင်းရန် စစ်ချီပုံ


သတင်းထုတ်ပြန်ကြေငြာချက်


12       dgfdg       satmuu        logo.JPG  
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားများမိသားစုအကျိုးဆောင်ကွန်ယက် ၊ မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက် ၊                                                 စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်၊ မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက် နှင့် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း(၈)ရက်
( ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၅) ရက် )
(၂၅.၈.၂၀၁၂)
                               
 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းတွင် လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းကြောင့် ကျေးရွာ(၂၆)ရွာမှ လယ်ယာမြေဧကပေါင်း ၇၈၆၈.၇၈ဧကကို စီးပွားရေးဦးပိုင်လိမိတက်နှင့် Myanmar Wanbao Mining Copper .Ltd တို့မှ ကျေးရွာများမှ တောင်သူများပိုင် ယာမြေများကို အဓမ္မ သိမ်းယူထားသည်။ ကျေးရွာပေါင်း(၂၆) ရွာထဲမှ ဆည်တည်းရွာ၊ ဇီးတောရွာ၊ ဝက်မှေးရွာနှင့် ကန်တောရွာ တို့ကို ယာမြေများသိမ်းဆည်းရုံမက ကျေးရွာများကိုပါ ဖျက်သိမ်းခိုင်းခဲ့သည်။ ရွာဖျက်သိမ်းခံရသော ကျေးရွာများအပါအဝင် ယာမြေများသိမ်းခံထားရသော တောင်သူများနှင့် ကျေးရွာသားများက ယခုကဲ့သို့ ယာမြေများ အဓမ္မသိမ်းယူခြင်းနှင့် ကျေးရွာများအားဖျက်သိမ်းခိုင်းခြင်းများကို လက်မခံနိုင်သည့်အတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုများ ဖြင့် ယာမြေများ ပြန်လည်ရရှိရေးအတွက် မိမိတို့အပိုင် ယာမြေများ ပြန်လည်ရရှိရေးအတွက် လယ်ယာမြေသိမ်းပိုက်ပွဲကို ၂၃.၈.၂၀၁၂ ရက်နေ့မှစ၍ တိုက်ပွဲဝင်နေကြသည်။ ယာမြေများသိမ်းပိုက်ခံရသော တောင်သူများက “ကျေးရွာပိုင်မြေများအပေါ် မကျူးကျော်ရ” ဆိုသည့် ဆိုင်းဘုတ်များကို မိမိတို့ ယာမြေများအပေါ်တွင် စိုက်ထူနေကြသည်။ လယ်မြေများ သိမ်းပိုက်ပွဲကို တိုက်ပွဲဝင်နေသော ရွာပေါင်း(၂၆) ရွာမှ တောင်သူများကို ကျွန်ုပ်တို့ ကွန်ယက်အသီးသီးမှ ထောက်ခံ၍ အကူအညီပေးသွားမည်ဖြစ်သည်။ လယ်ယာမြေများ အဓမ္မသိမ်းယူထားသော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် Myanmar Wanbao Mining Copper.Ltd တို့သည် အာဏာရှင်နှင့် ဓနရှင်တို့ ပူးပေါင်းပြီး ရိုးသားသော တောင်သူများအပေါ် ဂုတ်သွေးစုတ် အမြတ်ထုတ်နေမှုကို ကျွန်ုပ်တို့ ကွန်ယက်အသီးသီးမှ အပြင်းအထန် ရှုံ့ချလိုက်သည်။ လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ကျေးရွာများ မဖျက်သိမ်းခံရရေးအတွက် တိုက်ပွဲဝင်နေသော ကျေးရွာသားအပေါင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်အား ကျွန်ုပ်တို့ ကွန်ယက်အသီးသီးမှ လေးစားဂုဏ်ယူလျက်ရှိသည်။ ထိုသို့တိုက်ပွဲဝင်နေသော တောင်သူများကို ကျွန်ုပ်တို့ ကွန်ယက်အသီးသီးမှ လူအား၊စိတ်ဓာတ်အားတို့ဖြင့် လယ်ယာမြေများ ပြန်လည်ရရှိသည်အထိ တိုက်ပွဲဝင်နေသော တောင်သူများနှင့် အတူ မားမားမတ်မတ်ရပ်တည်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာလိုက်သည်။
 မှတ်ချက်။        ။ပြည်သူလူထုကြီးကတဆင့် ပေးပို့လာသော သတင်းများကို တဆင့်ဖြန်ဝေပေးလိုက်ပါသည်။

လယ်သမားတွေထပြန်သွားသည့်အတွက် မျိုးစပါးပေးအပ်ခြင်းအခမ်းအနား ဖျက်သိမ်းလိုက်ရ

လယ်သမားတွေထပြန်သွားသည့်အတွက် မျိုးစပါးပေးအပ်ခြင်းအခမ်းအနား ဖျက်သိမ်းလိုက်ရ
ပဲခူးတိုင်းဒေသကြီး၊က၀မြို့နယ်အတွင်းရှိ ရေကြီးနစ်မြုတ်မှုဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသောလယ်ယာ မြေ
များအနက် ဧက(၅၀၀၀)ခန့်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မျိုးစပါးများချ ပေးသည့်အခမ်းအနားကို (၂၅၊ ၈၊ ၂၀၁၂)ရက်နေ့တွင် အုန်းနှဲစံပြကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့ရာ ဒေသခံလယ်သ မားများမှ ချပေးသော နှုန်းထားများကို သဘောတူကြေနပ်မှုမရှိသောကြောင့် အခမ်းအနားကို ဖျက်သိမ်းလိုက်ရကြောင်းသိရှိရသည်။

“MOU ဆိုတာ ထိုင်းကုမ္ပဏီလက်ထဲကို “၀”ကွက် အပ်လိုက်တာ”

“MOU ဆိုတာ ထိုင်းကုမ္ပဏီလက်ထဲကို “၀”ကွက် အပ်လိုက်တာ”


         အလုပ်သမား ၀န်ကြီးဦးအောင်ကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အစည်းဝေးမှာ MOU ဆိုတာ ပါဆယ်ထုတ်ပြီး တရား ၀င် လူကုန်ကူးမှုဖြစ်တယ်လို့ ကျနော်တင်ပြခဲ့ဖူးပါ တယ်။ ခုတော့ ဒီထက် ပိုဆိုးလာတာကြောင့် MOU ဆိုတာ တရားဝင် အနိုင်ကျင့်ခွင့်လိုင်စင်(သို့မဟုတ်)   မြန်မာအလုပ်သမားကို လုပ်ချင်တိုင်းလုပ်ခွင့်ပေး တဲ့လိုင်စင်။

“မဟာချိုင် ပုလိပ်များ ပတ်စပို့ရှိသည့် မြန်မာများအားဖမ်းစားနေမှု မြန်မာသံရုံးအရေးယူသင့်”

“မဟာချိုင် ပုလိပ်များ ပတ်စပို့ရှိသည့် မြန်မာများအားဖမ်းစားနေမှု မြန်မာသံရုံးအရေးယူသင့်”
       
သြဂုတ် ၂၃
မြတ်ညို(အလွတ်သတင်းထောက်)
               မဟာချိုင်တွင် ပတ်စပို့နှင့် မြန်မာအလုပ် သမားများအား ထိုင်းရဲများက နေ့စဉ် အနည်းဆုံး ဦးရေ ၅၀ နှင်အထက်ဖမ်းဆီးပြီး ငွေရမှ ပြန် လွှတ်လေ့ရှိနေသဖြင့် ယခုမတရားမှုများကို မြန်မာ သံရုံးအနေဖြင့် ကိုင်တွယ် ဖြေရှင်းပေး ပါရန် ကိုယ်တွေ့ကြုံခဲ့ရသည့် အလုပ်သမားများ ကပြော သည်။
                         ယမန်နေ့က စူရတ်ဌာနီမှ ဘန်ကောက်သို့ အလုပ်သစ်ရှာရန် တက်လာကြသည့် ပတ်စပို့ ကိုင်ဆောင်ထားသည့် ပန်းရံအလုပ်သမား ကိုလှဖြူ နှင့် မမြင့်မြင့်ခိုင် တို့ ဇနီးမောင်နှံ တို့အား နံက်၈နာရီခန့် က မဟာချိုင် ကားမှတ်တိုင် တွင် ကားစောင့်နေစဉ်မဟာချိုင်ပုလိပ်များက လေးထပ်ပုလိပ်ရုံးသို့ဖမ်းဆီး   ခေါ်ဆောင်သွားခဲ့သည်။

Hot News ဂျာနယ်မှ သတင်းထောက်တစ်ဦး သတင်းယူရန် အကန့်သတ်ခံရ

Hot News ဂျာနယ်မှ သတင်းထောက်တစ်ဦး သတင်းယူရန် အကန့်သတ်ခံရ

 စာပေ နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ရပြီဟုဆိုသော်လည်း ၊ ၂၅.၈.၂၀၁၂ ရက်နေ့တွင် ပဲခူးမြို့ စိုက်ပျိုးရေးစရိတ် ထုတ်ပေးသည့်အခမ်းအနားပွဲ၌ တက်ရောက်လာခဲ့ကြသော သတင်းထောက်များအနက် Hot News သတင်းထောက် တစ်ဦးအား အကန့်အသတ်ခံခဲ့ရသည်ဟုသိရသည်။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် တောင်သူလယ်သမားများ အတွက် စိုက်ပျိုးစရိတ်ချပေးသည့် စိုက်ပျိုးရေးထုတ်ပေးသည့်အခမ်းအနားပွဲသို့ Hot News သတင်းထောက် သွားရောက် သတင်းယူရာ မြို့နယ် ရဲတပ်ဖွဲ့ရုံ့းမှ ရဲမှူးဦးနန္ဒာဝင်း ၊ မှုခင်းနှင့် သတင်းထောက်ဖွဲ့မှ ရဲမှူး ဦးစန်းကို တို့မှ ကြိုတင်ပြီးစာမတင်သည့် အတွက် ဟုဆိုကာ အကန့်အသတ်ခံခဲ့ရသည်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သတင်းထောက် အဖေ့သား(ပဲခူး)အား မေးမြန်းကြည့်ရာ ကျွန်တော် အခမ်းအနားပွဲကို ၀င်သွားတယ်။ခြံစည်းရိုးမှာတုံးကလဲ လက်မှတ်ထိုးရတယ် ၊ အဲဒီနောက် အစစ်ဆေးခံရတယ်။ မြို့နယ်မှူးက ၀င်ခွင့်ကဒ်ထုတ်ပေးတယ် ။

Friday, August 24, 2012

The hot news weekly journalမှ သတင်းထောက်တစ်ဦး သတင်းရယူစဉ် ဆွဲထုတ်ခြင်းခံရ

The hot news weekly journalမှ သတင်းထောက်တစ်ဦး သတင်းရယူစဉ် ဆွဲထုတ်ခြင်းခံရ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေကြီးနစ်မြုတ်မှုဒဏ်ကိုခံစားနေရသော တောင်သူလယ်သမားများအတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ထုတ်ချေးပေးသည့်အခမ်းအနားသို့ the hot news weekly journal မှ သတင်းထောက်တစ်ဦးသည် (၂၅၊ ၈၊ ၂၀၁၂)ရက်နေ့တွင် သတင်းထောက်စည်းမျဉ်းစည်းကမ်းနဲ့အညီ သတင်းသွားယူခဲ့ရာ ခမ်းမအတွင်းမှ ပြန်လည်းဆွဲထုတ်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။

ရှေ့နေဦးပါစီပြည်ဟိန်း(ခ)ဦးမျိုးမင်းထွန်း ရှေ့နေလိုင်စင် အသိမ်းခံရ

ရှေ့နေဦးပါစီပြည်ဟိန်း(ခ)ဦးမျိုးမင်းထွန်း ရှေ့နေလိုင်စင် အသိမ်းခံရ

ယနေ့ (၂၄.၈.၂၀၁၂) ရက်နေ့တွင် မမျှော်လင့်ပါဘဲ ရှေ့နေဦးပါစီပြည်ဟိန်း၏ ရှေ့နေလိုင်စင်အား သိမ်းဆည်းလိုက်ကြောင်း စာပေးပို့လာသည်ဟု ဦးပါစီပြည်ဟိန်း၏ ပြောကြားချက်အရသိရသည်။ ဦးပါစီပြည်ဟိန်း၏ အထက်တန်းရှေ့နေလိုင်စင်အမှတ် ၃၁၁၂၉ လိုင်စင်မူရင်းကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှတစ်ဆင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြန်လည်အပ်နှံရန် ပေးပို့လာခြင်းဖြစ်သည်။
အဆိုပါရှေ့နေလိုင်စင်ပြန်လည်အပ်နှံရန်ပေးပို့စာတွင် ရှေ့နေဦးပါစီပြည်ဟိန်းအား ဥပဒေပုဒ်မ ၁၈၆ အရ အလုပ်နှင့်ထောင်ဒဏ် (၃)လ ကျခံစေရန် ပြစ်ဒဏ်ကျခံရဖူးသူ ဖြစ်ခြင်း၊ ယခုအခါတွင် မင်္ဂလာဒုံ မြို့နယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှုများဖြင့် တရားစွဲဆိုခံထားရခြင်းတို့မှာ ရှေ့နေရှေ့ရပ်လုပ်ငန်း နှင့် စပ်လျဉ်းသည့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ရာရောက်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် တရား ရုံး၏ စုံစမ်းစစ်ဆေးမှု အစီအရင်ခံစာအရ စစ်ဆေးတွေ့ရှိရသည်ဟု ဖော်ပြပါရှိသည်။

NDFပါတီမှ ရေဘေးဒုက္ခသည်များအား ဆန်နှင့်လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်း


ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကမာခနိမ်ကျေးရွာရှိ ရေဘေးဒုက္ခသည်များအား အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ    ဗဟိုအလုပ်ကော်မတီဝင်များဖြစ်ကြ သည့် ဦးထက်အောင်ကျော်၊ ဦးမင်းမင်းထွန်း၊ ဦးအေးမင်းထွန်း၊ ဦးမြင့်သိန်း၊ ဦးလှိုင်ထွန်း၊ ဒေါ်သော်တာဆိုင်နှင့် ပဲခူးတိုင်းဒေသကြီး (NDF)ပါတီမှ ဦးအောင်နိုင် ဦးဆောင်သော အဖွဲ့တို့သည် သြဂုတ်လ(၂၄)ရက်နေ့တွင် ဆန်နှင့်လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

Thursday, August 23, 2012

ရေဘေးကြောင့် ဆန်ဈေး တက်ရိပ်ပြ

                                                       ရေဘေးကြောင့် ဆန်ဈေး တက်ရိပ်ပြ



by-ရန်ပိုင်

စပါးစိုက်ပျိုးသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်းဒေသများတွင် ရေကြီးမှုများကြောင့် စပါးအထွက် နောက်ကျနိုင်သည့်အတွက် ဆန်ဈေးကွက်တွင် ၀ယ်ယူသိုလှောင်မှု များပြားလာပြီး ဈေးနှုန်းများလည်း မြင့်တက်လာသည်။

တရားခွင်အတွင်း အစိုးရ ၀န်ထမ်းတစ်ဦး ဓာတ်ပုံရိုက်

တရားခွင်အတွင်း အစိုးရ ၀န်ထမ်းတစ်ဦး ဓာတ်ပုံရိုက်
 
ရန်ကုန်၊သြဂုတ်၂၃

မင်္ဂလာဒုံမြို့နယ်၊ရွှေနံ့သာ လယ်သမားများ အရေး ဆောင်ရွက်နေသူ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဌဖြစ်သူ ဦးနေမျိုးဝေအား ဇေကမ္ဘာ ကုမ္ပဏီက ပုဂ္ဂိုလ်ရေး အရ ပုဒ်မ-၅၀၀ဖြင့် တရားစွဲဆိုသော အမှု၏ ပထမ ရုံးချိန်းအဖြစ် ယနေ့ သြဂုတ်လ၂၃ ရက်နေ့တွင် စတင် စစ်ဆေးခဲ့ရာ တရားခွင် အတွင်း စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ဝင် တစ်ဦးက ၀င်ရောက်ကာ ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း ယင်းတရားခွင် သို့ရောက်ရှိခဲ့သူ မျက်မြင် သက်သေ ဦးတင်မောင်အေးက The Voice Weekly သို့ အသိပေး ပြောကြားသည်။

The voice နှင့် သတ္တုတွင်းအမှု စက်တင်္ဘာ ၆ ရက်နေ့ အမိန့်ချမည်

The voice နှင့် သတ္တုတွင်းအမှု စက်တင်္ဘာ ၆ ရက်နေ့ အမိန့်ချမည်

ချင်းမိုင်(မဇ္စျိမ) ။ ။ သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အချို့တွင် ငွေကြေး အလွဲသုံးစားမှုများ ရှိနေသည်ဟု ရေးသားသည့် အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်အား သတ္တုတွင်း ဝန်ကြီးဌာနမှ အသရေဖျက်မှုဖြင့် စွဲဆိုထားခြင်းကို စက်တင်္ဘာလ ၆ ရက်နေ့တွင် အမိန့်ချမည် ဖြစ်သည်။

ထိုရေးသားချက်များသည် စွပ်စွဲရေးသားထားခြင်း မဟုတ်ကြောင်းနှင့် ချမှတ်မည့် အမိန့်သည် လက်ရှိအစိုးရအား မှတ်ကျောက်တင်မည့် အရေးပါသည့် အချက်ဖြစ်သည်ဟု The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။

သာယာဝတီခရိုင် လယ်ဧကလေးသောင်းကျော် ရေမြှုပ်သည့်သတင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ငြင်းဆို

သာယာဝတီခရိုင် လယ်ဧကလေးသောင်းကျော် ရေမြှုပ်သည့်သတင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ငြင်းဆို

ပဲခူးတိုင်းဒေသကြီးသာယာ ၀တီခရိုင်အတွင်းရှိကျေးရွာပေါင်း  လေးဆယ်ခန့်ရှိ လယ်ဧက လေး သောင်းကျော်ဒေါဝီမြစ်ကြောင်း  အတွင်းရှိ တာပေါက်နှစ်ပေါက် ပွင့်နေခြင်း၊ မိုးရွာသွန်းမှုများခြင်း တို့ကြောင့် ရေနစ်မြှုပ်နေသည်ဟု  ဒေသခံလယ်သမားများမှ ပြော ဆိုသော်လည်း ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဉာဏ်ထွန်းက သတင်း  အချက်အလက်များမှားယွင်းသည်   ဟု ပြောကြားသည်။

ခိုးကူးခွေ နှိမ်နင်းရေးစီမံချက်ကြောင့် ယာယီ အလုပ်လက်မဲ့ဦးရေမြင့်တက်

ခိုးကူးခွေ နှိမ်နင်းရေးစီမံချက်ကြောင့် ယာယီ အလုပ်လက်မဲ့ဦးရေမြင့်တက်
 
 
ကျော်ဇင်မန်း(မြစ်မခ)

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ လမ်းဘေးခိုးကူးခွေနှိမ်နှင်းရေးစီမံချက်ကြောင့် ယခင်က နိုင်ငံခြားခွေရောင်းချသူအများစုမှာ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရန် အခက်အခဲများရှိနေကြောင်း နှင့် ယာယီအလုပ်လက်မဲ့ဦးရေ တိုးပွားနေကြောင်း အခွေရောင်းသူ များထံက သိရသည်။

သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ ~ Forbes

သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ ~ Forbes

ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes က ဒီနှစ်အတွင်း သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းကို မနေ့က ထုတ်လိုက်ပါပြီ။
အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည် (အဆင့် ၁၉)လည်း ပါပါတယ်။

သြဇာအရှိဆုံးကတော့ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာခဲ (အဆင့် ၁) နဲ့ အမေရိကန်က ဟီလာရီကလင်တန် (အဆင့် ၂)တို့ ဖြစ်ပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာခဲ

နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တွေက အမျိုးသမီးများ၊ မီဒီယာမှာ အထင်ကရ ဖြစ်နေတဲ့ အမျိုးသမီးများကို နယူးယောက်အခြေစိုက် Forbes က ရွေးချယ်ထားတာပါ။

http://www.forbes.com/power-women/list/

ထိုင်းရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဒေါ်ရင်လတ်ရှင်နာဝပ် (အဆင့် ၃၀)၊ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်သူ ဆိုနီယာဂန္ဒီ (အဆင့် ၆) တို့လည်း ပါပါတယ်။

ကိုမင်းကိုနိုင်မှ ကိုနေမျိုးဝေသို့ ပေးသောစာတစ်စောင်

ကိုမင်းကိုနိုင်မှ ကိုနေမျိုးဝေသို့ ပေးသောစာတစ်စောင်

ကိုမင်းကိုနိုင် ပေးပို့သော စာမှ ချစ်ခင်လျှက် ဟူသော စာသားနှင့် ပတ်သက်၍ ကိုနေမျိုးဝေမှ များစွာခံစားရကြောင်း။ နိုင်ငံရေးလောကတွင် ကိုနေမျိုးဝေအနေဖြင့် များစွာ Junior ကျပြီး Senior နောင်တော်များအပေါ် မထင်ရင် မထင်သလို ဝေဖန် ပြောဆိုခဲ့မှုများအတွက် နားလည် စာနာမိပြီဖြစ်ကြောင်း ပြည်သူဘက်က ရပ်တည်သူ များအတွက် အမှန်အကန် နိုင်ငံရေးအင်အားစုများမှ အချိန်မရွေးအခါမရွေး လူမရွေး ရပ်တည်ပေးလျှက်ရှိသည်ကို ယုံကြည်မိပါကြောင်း ပြောဆို




 နောင်တော်လေး

ယနေ့ ဇေကမ္ဘာမှ စွဲဆိုသော အမှုအတွက် ဦးနေမျိုးဝေရင် ဆိုင်ဖြေရှင်းရာ ရှေ့နေကွန်ယက်မှ ကူညီ


ယနေ့ ဇေကမ္ဘာမှ စွဲဆိုသော အမှုအတွက် ဦးနေမျိုးဝေရင် ဆိုင်ဖြေရှင်းရာ ရှေ့နေကွန်ယက်မှ ကူညီ


ယနေ့ ဇေကမ္ဘာမှ စွဲဆိုသော အမှုအတွက် ဦးနေမျိုးဝေရင် ဆိုင်ဖြေရှင်းရာ ရှေ့နေကွန်ယက်မှ ရှေ့နေများနှင့် မင်္ဂလာဒုံမြို့နယ်အတွင်းမှ ရှေ့နေဦးပါစီပြည်ဟိန်းတို့မှ လယ်သမားအရေး လိုက်ပါဆောင်ရွက်သူ ဦးနေမျိုးဝေဘက်မှ အခမဲ့ လိုက်ပါဆောင်ရွက်သွား မည်ဖြစ်သည်။ ဤအမှုကိစ္စသည်

“ကျောက်သွေးရုံအလုပ်သမား၃၂ဦးပတ်စပို့ နှင့်ဖြတ်တောက်ငွေကိစ္စအောင်ပြီ”

“ကျောက်သွေးရုံအလုပ်သမား၃၂ဦးပတ်စပို့ နှင့်ဖြတ်တောက်ငွေကိစ္စအောင်ပြီ”
             
သြဂုတ်လ ၂၂
ဆန်းဦး(မဟာချိုင်)
              ဘန်ကောက်မြို့ အနီး စမွတ်စာခွန်ခရိုင် မဟာချိုင်မြို့နယ်၊ ကထုန်ဘန်မြို့ ဖက်ကဆင် ၁၂၂ လမ်း အမှတ် ၈၄/၄ တွင် ရှိသော Regal Jewelry Manufacture Co,ltd  အလုပ်ရုံမှ မြန်မာအလုပ်သမား ၃၂ ဦးတို့ထံက သိမ်းဆည်းထားသော ပတ်စပို့ နှင့် လုပ်အားခများအား ပြန်လည်ပေးအပ်စေရန်အတွက် မဟာချိုင် အလုပ်သမား တရားရုံးက ယနေ့ ဆုံးဖြတ် လိုက်ကြောင်းသိရှိရသည်။

Tuesday, August 21, 2012

လာမည့်(၃)နှစ်အတွင်း အင်းလေးဒေသတစ်ခုလုံး လျှပ်စစ်မီးရရှိရန်ကြိုးပမ်းနေ

လာမည့်(၃)နှစ်အတွင်း အင်းလေးဒေသတစ်ခုလုံး လျှပ်စစ်မီးရရှိရန်ကြိုးပမ်းနေ

 သြဂုတ်(၂ဝ)ရက်၊ ၂ဝ၁၂ခုနှစ်။

အင်းလေး ဒေသတွင် မီးလင်းရေး ကော်မတီနှင့် အခြား လူမှုရေး အသင်းအဖွဲ့ များ အနေဖြင့်လျှပ်စစ်မီး ရရှိရန် ကြိုးပမ်းဆောင်ရွက်  လျှက်ရှိရာ လာမည့်(၃)နှစ်အတွင်း  အင်းလေး ဒေသတစ်ခုလုံး လျှပ်စစ်မီး ရရှိနိုင်တော့ မည်ဖြစ်ကြောင်း လူမှုရေး အသင်း အဖွဲ့များထံက သိရှိရသည်။

အင်းလေး ဒေသတွင် ကျေးရွာပေါင်း(၄ဝဝ)ကျော်ရှိ သည့်အနက် ကျေးရွာ(၁၅ဝ)ဝန်းကျင်သာ မီးလင်း ကြောင်းကိုလည်း မီးလင်းရေး ကော်မတီက သိရှိရသည်။

မြန်မာနိုင်ငံမှာအခြေ ချမည့်Visa

မြန်မာနိုင်ငံမှာအခြေ ချမည့်Visa

Visa ဟူသည်မှာ ကမ္ဘာလုံး ဆိုင်ရာ ငွေပေးချေမှုနည်းပညာ ကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း (၂၀၀) ကျော်မှ သုံးစွဲသူများ၊ စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးအဖွဲ့အစည်း များနှင့် အစိုးရအဖွဲ့များအား ဆက်သွယ်ပေးနေသော မြန်ဆန်၊ စိတ်ချ၊ ယုံကြည်အားထားရသော ဒစ်ဂျစ်တယ်လ်ငွေကြေးဖြစ်ပါသည်။ VisaNet သည် ဒစ်ဂျစ်တယ်လ်ငွေ ကြေးများ လည်ပတ်မှုအတွက် ခိုင်မာစွာထောက်ခံတည်ဆောက် ထားသည့် ကမ္ဘာ့အဆင့်မြင့်ဆုံးသော လည်ပတ်နေသည့် ကွန်ရက်တစ်ခု ဖြစ်ပါသည်။ ၎င်းသည် တစ်စက္ကန့် အတွင်း အရောင်းအ၀ယ်သတင်း အကြောင်းကြားစာနှစ်သောင်းကို သုံးစွဲသူများအတွက် လိမ်လည် အလွဲသုံးစားပြုခံရမှုမှ ကာကွယ် ပေးခြင်းနှင့် အတူ လုပ်ငန်းရှင်များ အတွက်လည်း အာမခံနိုင်သော ငွေပေးချေမှုမျိုးအဖြစ် ဆောင်ရွက် နိုင်ပါသည်။

ဖူကူယားမားရဲ့ ဟောပြောပွဲများ ရန်ကုန်၊ နေပြည်တော်မှာ လုပ်မည်

ဖူကူယားမားရဲ့ ဟောပြောပွဲများ ရန်ကုန်၊ နေပြည်တော်မှာ လုပ်မည်
by Lu Cifer on Tuesday, August 21, 2012 at 9:26pm ·


ရန်ကုန် (မဇ္ဈိမ) ။       ။ ကမ္ဘာကျော် ‘သမိုင်းနိဂုံးချုပ်ပြီ’ ၏ မူရင်းစာအုပ် ‘The End of History and the Last Man’ စာအုပ်ရေးသားသူ ဒေါက်တာ ဖရန်စစ် ဖူကူယားမား Francis Fukuyama က စီးပွားရေး လုပ်ငန်းနှင့် ဆင်းရဲနွမ်းပါးမှု
လျှော့ချရေးနှင့် ပတ်သက်သည်များကို ဟောပြောရန်အတွက် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနှင့် အလုပ်ရုံ
ဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်သည်။

လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံး ထိပ်တိုက် ပြသနာ အပေါ် သုံးသပ်ချက်

လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံး ထိပ်တိုက် ပြသနာ အပေါ် သုံးသပ်ချက်

ဦးအောင်ထူး (ရှေ့နေ)

(၁) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ က ဖွဲ့စည်းပေး လိုက် သည့် ကော်မတီ နှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ် များဖြင့် သာ ပါဝင်ဖွဲ့စည်းပါက ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရပင် ပြည်ထောင်စု အဆင့် သတ်မှတ်ရမည်ဖြစ်သည်။ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီ နှင့် ကော်မရှင်များဖြစ် လျှင်မူ ယင်းတို့ကို ပြည်ထောင်စု အဆင့် မသတ်မှတ်နိုင်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပါက ယင်းဆုံးဖြတ်ချက်ကို လက်ခံရမည်သာ ဖြစ်သည်။

“မဟာချိုင်တွင် မြန်မာငွေ ငါးထောင်ကျပ်တန်အမြောက်အများဖမ်းမိ”

“မဟာချိုင်တွင် မြန်မာငွေ ငါးထောင်ကျပ်တန်အမြောက်အများဖမ်းမိ”


                  
သြဂုတ် ၁၅
ဆန်းဦး (မဟာချိုင်)
         ထိုင်းနိုင်ငံဘန်ကောက်မြို့ အနီး မဟာချိုင် တလာမွန်းမိုင်ေ ဈးအနီးတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီ တစ်ခုတွင်ယမန်နေ့ က   မြန်မာကျပ်ငွေ ၅၀၀၀ တန် အတုများအား မဟာချိုင် ရဲများက ဖမ်းဆီးမိခဲ့သော်လည်း ပတ်သက်သူများအား ဘတ်ငွေ ၂သိန်း ယူကာ ပြန်လွှတ်ပေး လိုက်ေ ကြာင်း  ဒေသခံမျက်မြင် တစ်ဦး က ပြောသည်။

မြန်မာ အခြေခံဥပဒေခုံရုံးအဖွဲ့ နှုတ်ထွက်ပေးဖို့ ငြင်းဆို



မြန်မာ အခြေခံဥပဒေခုံရုံးအဖွဲ့ နှုတ်ထွက်ပေးဖို့ ငြင်းဆို 

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ မမှန်မကန် ဆုံးဖြတ်မှုတွေရှိတယ် ဆိုပြီးတော့ ခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ လွှတ်တော်အမတ် (၃၀၀)က လက်မှတ်ထိုး တောင်းဆိုတာကို ခုံရုံးဥက္ကဌ ဦးသိန်းစိုးက ငြင်းပယ်လိုက်ပါတယ်။

လွှတ်တော်ကော်မတီဝင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးဆိုပြီး၊ ဖွဲ့စည်းပုံ ခုံရုံးက ဆုံးဖြတ်ချက်အပေါ် လွှတ်တော်အမတ်တွေက မကျေမနပ်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ မနေ့က နေပြည်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဖွဲ့ဝင်တွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက တင်ဆက် ပေးထားပါတယ်။

Monday, August 20, 2012

ရေဘေးအရေးပေါ်အဆိုကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် က လက်ခံအတည်ပြု

ရေဘေးအရေးပေါ်အဆိုကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် က လက်ခံအတည်ပြု

မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် သြဂုတ်လဆန်းပိုင်းမှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့ပေါ် (၁၀) ရပ်ကွက်၊ ကန်ကြီးဒေါင့်မြို့နယ်၊ ဒါးကမြို့၊ သာပေါင်းမြို့နယ်၊ ကျောင်းကုန်း မြို့နယ်၊ ကျုံပျော်မြို့နယ်၊ ဟင်္သာတမြို့နယ်ပန်းတနော်မြို့နယ်   များတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ ရပါသည်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအပါအ၀င်ရခိုင်လူမျိုးများ ရန်ကုန်မြို့ စမ်းချောင်းမြို့ နယ်တွင်ဆန္ဒထုတ်ဖော်

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအပါအ၀င်ရခိုင်လူမျိုးများ ရန်ကုန်မြို့ စမ်းချောင်းမြို့ နယ်တွင်ဆန္ဒထုတ်ဖော်

ယခုလက်ရှိအချိန်အထိ မပြီးဆုံးသေးသော ရခိုင်ပြည်နယ် အတွင်း လူမျိုးရေး ပဋိပက္ခများ အား ပြေလည်စေရန် ရည်ရွယ်၍ တရားဝင်ဆန္ဒထုတ်ဖော်ပွဲအား ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ရက် နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့ နယ် ရှင်စောပုလမ်း၌ တောက် လျှောက်ပြုလုပ်ခဲ့ကြောင်း သိရ သည်။

Sunday, August 19, 2012

ထူးထူးခြားခြား မင်္ဂလာပွဲ ထိုင်းစုံတွဲများ ဆင်ကာနွှဲ

ထူးထူးခြားခြား မင်္ဂလာပွဲ ထိုင်းစုံတွဲများ ဆင်ကာနွှဲ


သတို့သားနှင့် သတို့သမီး စုံတွဲနှစ်ဦးက အမြင့်တစ်နေရာတွင် သူတို့၏လက်ထက်မင်္ဂလာပွဲကို ကျင်းပရန် ကြံစည်သည့် အဖြစ်မှာလည်း အံ့ဖွယ်သရဲထူးကဲလှပါသည်။
ထိုကဲ့သို့မင်္ဂလာပွဲမျိုး ကျင်းပသည့် နေရာမှာ ထိုင်းနိုင်ငံတွင် ဖြစ်သည်။ တောင်စောင်းတစ်ခုမှ ဝိုင်ယာသိုင်းကြိုးများ ဆိုင်းထားသော သတို့သားနှင့် သတို့သမီးတို့က ဗယ်လင်တိုင်းဒေးတွင်“ကျွန်တော် ကျွန်မတို့၏ ပျံသန်းနေသော မင်္ဂလာပွဲကို ကျင်းပခဲ့ကြပါသည်” ဟူ၍ ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ အရှေ့ပိုင်း ပရာချင်ဘူရီခရိုင်တွင် ထိုကဲ့သို့လေတွင်ပျံသန်း၍ ထိမ်းမြားလက်ထက်ခဲ့သော မင်္ဂလာမောင်နှံမှာ ထူးထူးခြားခြား မင်္ဂလာပွဲ နွှဲခဲ့သော စုံတွဲ လေးတွဲအနက် အံ့ဖွယ်သရဲ ထူးကဲစွာ မင်္ဂလာပွဲ နွှဲခဲ့သော စုံတွဲလည်း ဖြစ်သည်။ နီတီပွန်ဂျီတာဟွန် နှင့် ရာတာနာပွန်းဆူဖာတို့က အဖြူရောင် မင်္ဂလာဝတ်စုံများ ဆင်မြန်းထားပြီး အစဉ်အလာပန်းစည်းများကို ကိုင်ထားလျက် ကြိုးဖြင့် ဆိုင်းထားသော လေထဲတွင် ဝဲပျံနေဟန်ပြုလျက် အပြုံးပန်းဝေလျက် မင်္ဂလာဓာတ်ပုံများ အရိုက်ခံခဲ့ကြသည်။

KBZဂိတ်နှင့်အုတ်တွင်း- တောင်ငူခရီးသည်ယာဉ် လမ်းတံတားကြေးလျှော့ပေးစေလို

KBZဂိတ်နှင့်အုတ်တွင်း- တောင်ငူခရီးသည်ယာဉ် လမ်းတံတားကြေးလျှော့ပေးစေလို
ခရီးသည်တင်ယာဉ်တစ်စီး ကို လမ်းကြေးတစ်ပိုင်လျှင် (၁၅) ကျပ်နှုန်းဖြင့် (၄၈)မိုင်ကို (၇၂၀) ကျပ်နှင့် လမ်းကြေး (၁၀၀)ကျပ် အပါအ၀င် (၈၂၀)ကျပ်နှုန်း၊ ကုန် တင်ယာဉ်တစ်စီးလျှင် လမ်းကြေး တစ်မိုင်လျှင် (၂၅)ကျပ်နှုန်းဖြင့် (၄၈)မိုင်ကို (၁၂၀၀)ကျပ်နှင့် တံတားကြေး (၁၅၀)ကျပ်အပါအ ၀င် (၁၃၅၀)ကျပ်နှုန်းကောက်ခံ နေသည်ဟု သိရသည်။

ယနေ့အချိန်အထိအုန်တနွေးနွေးဖြစ်နေရသည် မင်းဘူးမြို့က ဈေးသည်ဘဝ

ယနေ့အချိန်အထိအုန်တနွေးနွေးဖြစ်နေရသည် မင်းဘူးမြို့က ဈေးသည်ဘဝ

မင်းဘူးမြို့ကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကနှင့်
အတူ ရောက်ရှိသွားချိန်မှာ ဈေးဆိုင်ခန်း တွေကို မတရားသဖြင့် သိမ်းယူခံခဲ့ရတဲ့ ဈေးသည်တွေ လာရောက်တွေ့ဆုံပါတယ် .... ဓာတ်ပုံပါ ဈေးသည်တစ်ဦးကတော့ ဈေးအရင်းအနှီးအတွက် မင်းမြို့က ဦးမောင်လှဆီက ငွေတိုးနဲ့ ၃၀၀၀၀ ချေးယူခဲ့ပါတယ်။ အတိုးနှုန်း (၇) ကျပ်နှုန်းနဲ့ ချေးယူခဲ့ပြီး တစ်နှစ်ကျော်ကြာတဲ့အထိ အတိုးသာလစဉ် ပေးစပ်နိုင်ခဲ့ပြီး အရင်းကျေတဲ့အထိတော့ ပေးဆပ်

ဥပဒေများနှင့်အညီထိရောက်စွာ အရေးယူမခံရသူတွေရှိ နေသေး

ဥပဒေများနှင့်အညီထိရောက်စွာ အရေးယူမခံရသူတွေရှိ နေသေး

မြန်မာနိုင်ငံအမြို့မြို့နယ်နယ် ကျေးရွာ၊ ရပ်ကွက်များတွင်းတွင် လက်ရှိဖြစ်ပေါ်နေသောအကြောင်း အရာများအား ဂျာနယ်အစောင် စောင်တို့တွင် ရေးသားဖော်ပြ လျက်ရှိရာ လက်ရှိအောက်ခြေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချို့ သည် ဥပဒေမဲ့ သာသနာရေး၊ ဘာသာရေး၊ လယ်ယာရေး၊ မြေ ယာကိစ္စ၊ အိမ်ရောင်း/၀ယ်/ငှား အရေးများနှင့် အခြားအရေးများ တွင် ပါဝင်သက်ရောက်မှုများ ရှိ နေသည်ကို နေ့စဉ် ဖတ်ရှုကြားသိ နေရကြောင်း၊ အထက်ပါအကျင့် ပျက်သိက္ခာမဲ့ အုပ်ချုပ်ရေးများ အား

မြန်မာသင်္ဘောသားများပါဝင်သည့် သင်္ဘော ချီလီရေတပ်ကယ်ဆယ်ခဲ့ရ

မြန်မာသင်္ဘောသားများပါဝင်သည့် သင်္ဘော ချီလီရေတပ်ကယ်ဆယ်ခဲ့ရ
မြန်မာသင်္ဘောသားများပါဝင်သည့် ကုန်တင်သင်္ဘောတစ်စီးကို ချီလီရေတပ်မှ ကယ်ဆယ်ရေးအကူအညီများပေးခဲ့ရကြောင်းသိရသည်။

ရေဘေးဒုက္ခရောက်တဲ့ မြို့ ပုသိမ်

ရေဘေးဒုက္ခရောက်တဲ့ မြို့ ပုသိမ်

ဧရာဝတီတိုင်းမြို့တော် ပုသိမ်  မြို့တွင် မိုးသည်းထန်စွာ ဆက် တိုက်ရွာသွန်းပြီး င၀န်မြစ် ရေ တက်၍ ရပ်ကွက် ၁၀ခု ကျော်  ရေလွှမ်းမိုးနေသည့်အတွက် ဒုက္ခ  သည်ပေါင်း ၂သောင်းကျော် ကယ်ဆယ်ရေးစခန်းများတွင် ခို လှုံနေကြရကြောင်းသတင်းရရှိ သည်။
ပုသိမ်မြို့ဝန်းကျင် ရေဘေး ဒုက္ခသည်များကို မိမိတို့ ပါတီက ဖွဲ့စည်းထားသော ရေဘေးကယ် ဆယ်ရေး အဖွဲ့နှင့်အတူ ပွင့်လင်း  လူ့အဖွဲ့အစည်း၊မေတ္တာရိပ် ကျန်း မာရေး

လယ်သမားအထောက်အကူပြု ကွန်ရက်ဖွဲ့ စည်း

လယ်သမားအထောက်အကူပြု ကွန်ရက်ဖွဲ့ စည်း

ပဲခူးတိုင်း အနောက်ခြမ်း  သဲကုန်းမြို့နယ်တွင် လယ်သမား  သမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းမှု  အဖြစ်ဒေသတွင်း လယ်သမား များ အထောက်အကူပြု ကွန်ရက်    တခုကို သြဂုတ်လ(၁၈)ရက်နေ့က  ဖွဲ့စည်းလိုက်ကြောင်းသိရသည်။