Saturday, July 5, 2014

SSPP ဌာနချုပ်အနီး အစိုးရတပ်တိုးဖြည့် တာ့ဖါဆောင်ရွာခံများအားလုံး စစ်ဘေးရှောင်

ဂျူလိုင် ၅ ရက် ၂၀၁၄

ဂျူလိုင်လဆန်းပိုင်းမှစ၍ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် အနီး အစိုးရတပ်များအင်အား တိုးဖြည့်လာနေသဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားဖွယ်ရှိသည့် တာ့ဖါဆောင် (တံတား) တပ်စခန်း အနီး နေထိုင်သည့် တာ့ဖါဆောင်ရွာသားများ ရပ်ရွာမှစွန်ခွါကာ စစ်ဘေးရှောင်နေကြသည်ဟု စုံစမ်းသိရှိရပါသည်။

စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက်မှ ကျောင်းသား(၅၃၂) ဦးတို့၏ ပညာရေးအခြေအနေ စိုးရိမ်စရာဖြစ်နေ

ဆတ်ရိုးကျ(ခ) မူလွန်ကျောင်းမှ ကလေးငယ်များ (ဓါတ်ပုံ- နိရဉ္စရာ)
အထက်အာဏာပိုင်များ၏ လျစ်လျူရှု့ခြင်းကို ခံနေရသော ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက် (ဗျိုင်းဖြူရွာ) မှ ကျောင်းသား ကျောင်းသူ (၅၃၂) ဦးမှာ စာသင်ရန် ကျောင်းဆောင် အလုံအလောက် မရှိသဖြင့် သူတို့၏ ပညာသင်ကြားရေးမှာ စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေကြောင်း ကျောင်းသားမိဘများက နိရဉ္စရာသို့ ပြောကြားသည်။

DVB သတင်းထောက် ကိုဇော်ဖေ ပြန်လွတ်

 မကွေးတိုင်း ပညာရေးမှူးရုံးမှာ ခွင့်ပြုချက်မရပဲ သတင်းရယူမှုနဲ့ ထောင်ဒဏ် တနှစ် ပြစ်ဒဏ် စီရင်ခံထားရတဲ့ DVB  ဒီမိုကရက်တစ် မြန်မာ့အသံ မကွေးသတင်းထောက် ကိုဇော်ဖေ ခေါ် သူရသက်တင် ဟာ သောကြာနေ့က ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

မန္တလေးတိုင်းအစိုးရရဲ့သတင်းထုတ်ပြန်ချက် ဝေဖန်ခံနေရ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင် ဝက်ဘ်ဆိုက်တွင်  ဆူပူမှုဖြစ်စဉ်များ အကြောင်း ကြာသပတေးနေ့က ဖော်ပြရာတွင် ထည့်သွင်းခဲ့သည့် အသုံးအနှုန်း တချို့သည်   ပြဿနာကို  ဆက်လက်ကြီးထွားသွားစေနိုင်သည်ဟု  အွန်လိုင်း လူမှုမီဒီယာတွင်  ဝေဖန်သံများစွာ  ထွက်ပေါ်နေသည်။

လယ်ယာမြေသိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ လယ်သမားတစ်ဦး၏ ရင်ဖွင့်ချက် (ရုပ်/သံ)

ထိုင်းအာဏာသိမ်း ဒုတိယခေါင်းဆောင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ


ထိုင်းနိုင်ငံ၏ အာဏာသိမ်း ဒုတိယ ခေါင်းဆောင် တစ်ဦးဖြစ်သော ဗိုလ်ချုပ် Tanasak Patimapragorn နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဇူလိုင်လ ၄ ရက်နေ့တွင် တွေ့ဆုံ ခဲ့ကြောင်း ထိုင်း အခြေစိုက် The Nation သတင်းစာတွင် ဖော်ပြထားသည်။

အုပ်စုဖွဲ့အကြမ်းဖက်မှုများကို ပစ်ခတ်နှိမ်နင်းတော့မည်

 မန္တလေးမြို့၏ တည် ငြိမ်အေးချမ်း မှုနှင့် အများပြည်သူ လုံခြုံရေးကို ထိခိုက်စေသော အုပ်စုဖွဲ့အကြမ်းဖက် မှုများရှိလာ ပါက ပစ်ခတ်နှိမ်နင်း သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ မန္တလေးမြို့၌ ဇူလိုင် ၄ ရက် ညအချိန်များတွင် အုပ်စုဖွဲ့အကြမ်း ဖက်တိုက် ခိုက်မည်ဟူသော ကော လာဟလများ ကျယ်ပြန့်စွာ ထွက် ပေါ်နေပြီး မြို့တည်ငြိမ်အေးချမ်း ရေးအတွက်

အခွင့်သာတုန်း သစ်ထူးလွင် ဘလော့ဂ် အား ၀ိုင်းဆော်ချင်သူများ သိစေရန် သတင်းထုတ်ပြန်ချက်

 ယနေ့ ထုတ် ဒီမိုကရေစီတူဒေး နေ့ စဉ် သတင်းစာမှာ "မန္တလေးဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင် သတင်းဝက်ဘ်ဆိုက် မဟုတ်သည့် သစ်ထူးလွင် ဘလော့ဂ်အား ပြည်တွင်း သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ရေးသားဖော်ပြထားပါတယ်။

Thursday, July 3, 2014

မုန်းသူတွေနဲ့ အဆင်ပြေစေဖို့ 


အဘဆီသို့ ဗေဒင်လာ မေးသော သူများပြန်သွားသည်နှင့် ကျွန်တော်က အောက်ပါ  အတိုင်းမေး လိုက်ပါသည်။

ပြည်ပကြော်ငြာ ရိုက်ကူးရေး ဖျက်လိုက်ရသူ ခင်ဝင့်ဝါ


ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ “အိုလင်းတစ္ဆေ” ဇာတ်ကားမှာ နေတိုးနဲ့ သရုပ်ဆောင်တဲ့ ခင်ဝင့်ဝါက ဒီဇာတ်ကားမှာ အိုလင်း ဆိုတဲ့ ကောင် မလေး နေ ရာက သရုပ်ဆောင် ထားပြီး ရိုမန့်ဟာသ ဇာတ်လမ်းဖြစ်ကြောင်း သိရပါတယ်။

အမျိုးသားပေါင်း ၁ သောင်းကျော်နဲ့ အိပ်ခဲ့ပြီး စာအုပ်ပြန်ရေးသူ

 Montenegro လို့ အမည်ရတဲ့ သြစတေးလျ နိုင်ငံက အမျိုးသမီးဟာ အသက် ၂၁ နှစ်မှာ Escort လို့ခေါ်တဲ့ ကာကွယ်စောင့်ရှောင့်ရေး လုံခြုံရေး လုပ်ငန်း တစ်ခုမှာ အမျိုးသား တွေနဲ့ တန်းတူ လုပ်ကိုင် ပါတယ်။ အဲ့ဒီ အချိန်ကနေ စလို့ Prostitution ကိုပါ လုပ်လို့လုပ်မှန်း မသိ လုပ်မိလာခဲ့ ပါတယ်။ ၁၀ နှစ်ကျော် ကြာသွားတဲ့ အချိန် လေယာဉ်မောင်း လိုင်စင် ရလို့ ပိုင်းလော့ စလုပ်ပေမယ့် တစ်နှစ် အတွင်းမှာပဲ ကျောက်ကပ် ရောဂါ ကြောင့် အနားယူရ ပြန် ပါတယ်။

ဦးဆန်းဆင့်က ဘဏ္ဍာငွေ အလွဲသုံးစား မလုပ်ခဲ့ကြောင်း သစ္စာဆိုဝံ့ ဟုဆို

ဦးဆန်းဆင့်
 ဦးဆန်းဆင့်ဟာ ယနေ့ နံနက် ၁၀း၃၀ ၀န်းကျင်က နေပြည်တော် ပုဗ္ပသီရိ တရားရုံးမှာ ရမန်လာယူပါတယ်။

ဘင်္ဂါလီသယ်ဆောင်သည့် အငြိမ်းစားရဲမှူး သား သမီးများ အမျိုးသားရေး သစ္စာဖောက်ဟု ရခိုင်ဝန်ကြီး ချုပ်သစ်ပြောဆို

  စစ်တွေ၊ ဇူလိုင်-၂

 ရခိုင်ပြည်နယ် အမ်းမြို့နယ် ပဲပဒုံဂိတ်၌ ဇွန် ၂၇ ရက်က ဘင်္ဂါလီကိုးဦး သယ်ဆောင်လာသည့် အငြိမ်းစား ရဲမှူးကြီး၏ သားသမီးများသည် အမျိုးသားရေး သစ္စာဖောက်များ ဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဇူလိုင် ၂ ရက်တွင် ပြောကြားသည့် ပထမဆုံး မိန့်ခွန်း၌ ထည့်သွင်း ပြောဆို ခဲ့သည်။

ပဲခူးမြို့နယ်၊ ပြည်တော်သာ ကျေးရွာ အနီးတွင် ယာဉ်တိုက်မှုဖြစ်၊ လူ(၂)ဦးသေဆုံး

သတင်း-ဓါတ်ပုံ ။ ။ Ko Thant Zin
၃-၇-၂၀၁၄ ရက်နေ့ နံနက်(၃း၃၀)အချိန်တွင် ပဲခူးမြို့နယ်၊ ပြည်တော်သာ ကျေးရွာ အနီး၊ ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင်အမှတ်၊ ၅၃/၇ နှင့် ၅၃/၈ အကြားတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ခင်မောင်သန်း (၄၀)နှစ် (ဘ)ဦးမျိုးမြင့်၊ အင်းစိန်မြို့နယ်နေသူ မောင်းနှင်လာသော ၆ဂ/xxxx နောက်တွဲယာဉ်အမှတ်၊ နတ/xxxx (၂၂)ဘီးယာဉ်အား ၄င်းယာဉ်နောက်မှ လားရာတူမောင်းနှင်လာသော ယာဉ်မောင်း မောင်ဝင်း (၅၃)နှစ် (ဘ)ဦးသန်းရွှေ၊ ဘီးလင်းမြို့နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဇော်ဇော်ထွေး(အသက်၊ အဘအမည် စုံစမ်းဆဲ)၊ ဘီးလင်းမြို့နေသူ လိုက်ပါလာသော ၆ဃ/xxxx မစ်ဆူဘီရှိကန်တာ အဖြူရောင် (၆)ဘီးယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ နောက်မှအရှိန်ဖြင့် ၀င်တိုက်ခဲ့ရာ ၆ဃ/xxxx ယာဉ်မှာ ဦးခေါင်းပိုင်းနောက်သို့ချိုင့်ဝင်သွားပြီး ယာဉ်ပေါ်ပါသူ ယာဉ်မောင်း မောင်ဝင်းနှင့် ယာဉ် နောက်လိုက် ဇော်ဇော်ထွေးတို့(၂)ဦး သေဆုံးခဲ့ပါသည်။

သစ်ထူးလွင် ဘလော့ဂ် အပေါ် စွပ်စွဲချက်များနှင့် ပါတ်သတ်၍ သတင်းထုတ်ပြန်ချက်

 ဇူလိုင်လ ၁ ရက်နေ့ ယမန်နေ့ ညပိုင်းက  မန္တလေးမြို့ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအား သစ်ထူးလွင်ဘလော့ဂ်မှ များစွာ စိတ်မကောင်း ဖြစ်ရပါသည်။ အဆိုပါ  ဖြစ်ရပ်အား လူမှုကွန်ယက် စာမျက်နှာများတွင် သစ်ထူးလွင် သတင်းကို အခြေခံ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲ ပြောကြားချက်များကို တွေ့ ရှိနေရပါသည်။ မလိုလားအပ်တဲ့ ပြဿနာတွေ ပိုမိုကြီးထွားလာမှာ စိုးရိမ်းတဲ့ အတွက် သစ်ထူးလွင်မှ အဆိုပါ ဖြစ်ရပ်နှင့် ဆက်နွယ်နေသည့် သတင်းအား သစ်ထူးလွင် ဘလော့ဂ်နှင့် Facebook စာမျက်နှာများမှ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်ပါသည်။ သတင်းဖြစ်စဉ်နှင့် ပါတ်သတ်၍ ပဋိပက္ခဖြစ်ပွားစေလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ပါ၊ အားနည်းသူဘက်က ရပ်တည်၍ အမှုကို ပေါ်လွင် စေချင်သည့် စိတ်စေတနာသာ ရှိခဲ့ပါသည်။

Wednesday, July 2, 2014

ဖေ့ဘွတ်ခ်တွင် ဘာသာရေးနှင့် ပတ်သက်သော ကောလာဟလကြောင့် မန္တလေးမြို့တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးချထားခဲ့ရ

 ဖေ့စ်ဘွတ် စာမျက်နှာ များတွင် ဘာသာရေးနှင့် ပတ်သက်သော ကောလာ ဟလကြောင့် မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင် အနီး၌ လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လုံခြုံရေး အပြည့်ချထား ဆောင်ရွက် ခဲ့ရကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ သံစဉ်များနှင့် လမ်း

ဂျပန်နိုင်ငံမှာ အများနှင့်မတူ တမူထူးခြားတဲ့ သံစဉ် တေးသွား ပုံစံလေးများဖြင့် ဖြယ်သမွမ်းတင် ထားတဲ့ လမ်းရှိပါတယ်။ ၎င်းလမ်းကို သံစဉ်များနှင့် လမ်းလို့ ခေါ်ဆိုကြပါတယ်။

ဂျပန်အစိုးရ၏ စစ်ရေးပေါ်လစီကို မကျေနပ်သူတစ်ဦး တိုကျိုတွင် မိမိကိုယ်ကို မီးရှို့ဆန္ဒပြ


ဂျပန်အစိုးရက စစ်အင်အား တိုးချဲ့ကာ နိုင်ငံတကာ မျက်နှာစာတွင် စစ်ရေးအရ ပိုမို ပါဝင်တော့မည့် အစီအစဉ် အပေါ် လူတစ်ဦးက ကန့်ကွက်ကြောင်း လူသွား လူလာများရာ တိုကျိုမြို့တော် ရှင်ဂျူကု ရထား ဘူတာရုံ နေရာတွင် ပြောကြား ခဲ့ကာ မိမိကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ ဆန္ဒပြခဲ့သဖြင့် ယနေ့ခေတ် ဂျပန်တွင် ရှားရှားပါးပါး အကြမ်းပ တမ်းနည်းဖြင့် ဆန္ဒပြခဲ့မှု တစ်ရပ် အဖြစ် မှတ်တမ်းဝင် ခဲ့ကြောင်း CBC သတင်း တစ်ရပ်က ဖော်ပြထားသည်။

ရခိုင် ဝန်ကြီးချုပ်သစ် အပြော နည်းနည်းလျှော့ပါ


 ၂၀၁၃ ခုနှစ် သြဂုတ် လကုန်ပိုင်းက မြဝတီခရိုင် ရွှေကုက္ကို ကျေးရွာ အထက်တန်းကျောင်း တိုးမြှင့် ဖွင့်လှစ်ပွဲ အခမ်း အနား၌ တက်ရောက် လာသူများကို မိန့်ခွန်းပြောကြားနေသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဒု ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
 
ဦးမောင်မောင်အုန်းဟာ ဒီနေ့ ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်း အဝေးမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ 

(PR)အချိုးကျကိုယ်စားပြုစနစ် အသေအချာနားလည်အောင် လေ့လာကြစို့။


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ငွေနှင့်ပစ္စည်းများ အကြိမ်ကြိမ်ခိုးယူ နေသည့်အဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိ

 နေပြည်တော် ဇူလိုင် ၁
ဇွန် ၃ဝ ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်ပ ဆိုက်ရောက်/ ထွက်ခွာရာ ၌ ခရီးသည်များ အပ်နှံထားသော ခရီး ဆောင်အိတ်များ အတွင်းမှ ငွေနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများ အကြိမ်ကြိမ် ခိုးယူနေသည့် အဖွဲ့အား လေကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ ကြောင်း သိရှိရသည်။

ကိုရင်ကြီးတစ်ပါး ကြိုးဆွဲချသေဆုံး

ကိုရင်ကြီးတစ်ပါး သင်္ကန်းဆီးပြီး သုံးရက် အကြာတွင် မိမိကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးမှု မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြို့သာကျေးရွာ ဘုန်တော်ကြီး ကျောင်းဝင်းအတွင်း ဇွန်လ (၂၉) ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဘင်္ဂါလီအရေး ကိုင်တွယ်ရန် ပြည်နယ်အစိုးရတွင် အဖြေမရှိ

 ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂ ရက်၊ ၂၀၁၄ ခုနှစ်။

 ရခိုင်ပြည်နယ်တွင် ၈၂ နိုင်ငံသား ဖြစ်ခွင့်ဥပဒေအရ စိစစ်မည်ဖြစ်သော်လည်း စစ်ဆေးမှု ပြီးစီးပါက ရခိုင်ပြည်နယ်တွင် နေထိုင်သော တရားမ၀င်ဘင်္ဂါလီများကို မည်သို့ဆောင်ရွက်မည်ကို ညှိနှိုင်းဆဲဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းက မဇ်္ဈိမကို ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ရေး ခရီးမပေါက်သေး

 ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂ ရက်၊ ၂၀၁၄ ခုနှစ်။

 ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုသည် ထင်သလောက် ခရီးပေါက်ခြင်းမရှိချိန်တွင် ပီအာရ် (ရွေးကောက်ပွဲစနစ်)အရေး တင်သွင်းလာခြင်းဖြင့် နှောက်ယှက်ခံခဲ့ရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နာယက ဦးတင်ဦးက သုံးသပ်လိုက်သည်။

နည်းပညာ တက္ကသိုလ် ကျောင်းသား တစ်ဦးနှင့် ကျောင်းသူ တစ်ဦး ရေနစ်သေဆုံး

ဓါတ်ပုံ - နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ရမည်းသင်း
 ရမည်းသင်း၊ ဇူလိုင်-၁

 ရမည်းသင်းမြို့ အနောက်ဘက်(၁၅) မိုင်ခန့်ရှိ သစ်ဆုံဆည်တွင် ရမည်းသင်း နည်းပညာ တက္ကသိုလ်မှ ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦး ရေနစ် သေဆုံးကြောင်း သတင်းရရှိသည်။

ချစ်သူ သက်တမ်း ကြာရှည်တည်တံ့ချင်ပါသလား

(၁) မိမိ၏ ချစ်သူကို လေးစားပြီး တန်ဖိုးထားပါ။
(၂) မိမိ၏ အမှားကို ဝန်ခံတတ်ပါစေ။

ကျန်းမာရေး ကောင်းကြပါစေ

(၁) တစ်နေ့ကို ကော်ဖီနှစ်ခွက် မသောက်ပါနဲ့။
(၂) အရမ်းအေးတဲ့ ရေနဲ့ ဆေးမသောက်မိ ပါစေနဲ့။

Tuesday, July 1, 2014

ကမ္ဘာ့အလှဆုံး ထဲမှာ ပါဝင်တဲ့ တောင်အမေရိကက Roraima တောင်

 Mount Roraima လို့ အမည်ရတဲ့ တောင်ဟာ တောင်အမေရိက တိုက် မှာ တည်ရှိပြီး ကမ္ဘာ့ အလှဆုံး တောင်စာရင်းထဲမှာလည်း ပါဝင် ပါတယ်။ ဂိုင်ယာနာ နိုင်ငံ၊ ဘရာဇီး နိုင်ငံ၊ ဗင်နီဇွဲလား နိုင်ငံ ယင်း သုံးနိုင်ငံရဲ့ နယ်နိမိတ် ထိစပ် ရာမှာ တည်ရှိ နေတဲ့ တောင် ဖြစ်ပါတယ်။ ဂိုင်ယာနာ နိုင်ငံ ပိုင်နက် Pacaraima တောင်တန်း ဒေသ ရဲ့ အစွန်းထွက် နေရာ ဖြစ်ပြီး အမြင့်ဆုံး တောင်လည်း ဖြစ်ပါတယ်။

ချစ်သူဆရာဝန်မိန်းကလေးကို ဓားဖြင့် ၁၁ ချက် ထိုးသတ်

အခင်းဖြစ်ပွားသည့် မိန်းကလေးနေအိမ် (ဓာတ်ပုံ - ကံသာ)

ရှစ်နှစ်ကြာလက်တွဲလာခဲ့သည့် ချစ်သူဆရာဝန် မိန်းကလေးကို လူမှုရေးပြဿနာကြောင့် ဓားဖြင့် ၁၁ ချက်ထိုး၍ သတ်ခဲ့မှု မူဆယ်မြို့တွင် ဇွန်လ ၂၉ ရက်ညကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“လက်သည်မပေါ်တဲ့ထိုင်းပုလိပ်ဖမ်းဆီးမှုများ”

၂၀၁၄ ခု ဇွန်လ ၂၉    
မင်းဘခက်


          မြန်မာနှင့်ထိုင်းစစ်အစိုးရတို့က မြန်မာအလုပ်သမားများအား ဖမ်းဆီးခြင်း မပြုကြောင်း အမျိုးမျိုးကြေညာ နေသော် လည်း နေရာအတော်များများတို့တွင် မြန်မာ အလုပ်သမားများအား ဖမ်းဆီးခံနေရကြောင်းသိရှိရသည်။ ယနေ့ နေ့လည်ပိုင်းက ဘန်ကောက်မြို့ အယ်ကချိုင် ၆၀/၆၆ ဈေးရှေ့တွင်ရှိသော KASKORN BANK ရှေ့ ကား မှတ်တိုင်တွင် ပတ်စပို့နှင့်ဝတ်ပါမစ်အပြည့်အစုံပါရှိသော ရခိုင်အလုပ်သမား တစ်ဦး ထံမှ ထိုင်းရဲ၎ဦးက ကားပေါ် သို့ တင်ဆောင်သွားပြီး ဘတ်ငွေ ၇,၀၀၀ နှင့် လက်ကိုင် ဖုန်း တစ်လုံးအား သိမ်းယူသွားခဲ့သည်။
 ရခိုင်အလုပ်သမား ကိုနေလင်းအောင် က“ကားက အပြာနုရောင်ပါ။ ထိုင်းစာတော့ ကျနော် မဖတ်တတ်ဘူး။ နံပတ်က 8164 ဖြစ်ပါတယ်။ လူတွေကိုပြောရင် သတ်ပစ် မယ်လို့ ခြိမ်းခြောက်သွားပါတယ်” ဟုပြောသည်။

ဘင်္ဂါလီနေအိမ်တစ်အိမ်တွင် စိတ်ကြွ ဆေးပြား ကျပ်သိန်း ၂၀၀ဝဖိုးခန့် ဖမ်းမိ

 မောင်တော၊ ဇွန် ၃၀-

 မူးယစ်ဆေး ဝါးအမှုဖြင့် ဖမ်းဆီးခံထားရသူ၏ ထွက်ဆိုချက်အရ ဇွန် ၂၈ရက်ညနေ လေးနာရီ က မောင်တောမြို့ မြို့ဦး အုပ်စု လသာရွာနေ ဟာမိတ်တူ ဆောင်း(ဘ)အဒူရော်မန် ဘင်္ဂါလီ လူ မျိုး၏နေအိမ်အား မောင်တော မူး ယစ်တပ်ဖွဲ့စု(၄၆)မှ ရဲအုပ်ဇော်လင်း ထွန်း၊ မောင်တောမြို့မရဲစခန်းမှ ရဲ အုပ်တိုးတိုးနှင့် ရဲအုပ်ဝင်းဌေးဦးတို့ မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးများဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မူးယစ် ဆေးဝါး သိန်း၂၀၀၀ ဖိုးခန့်ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။

ထွန်တုံးတိုက်ပွဲဝင်နေသည့် နေရာတွင် စစ်တပ်က သေနတ် ၄၈ချက် ပစ်ဖောက်ခဲ့ဟုဆို

 မန္တလေး၊ မဇ္ဈိမ။           ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာတွင် စစ်တပ်က သိမ်းဆည်းမြေ ဧက ၃ဝဝကျော်ကို ပြန်ရရန် ဇွန်လ ၈ရက်မှ စကာ ထွန်တုံးတိုက်ပွဲ ဝင်ခဲ့သည်ကို ဇွန်လ ၃ဝရက် နံနက် ၆နာရီကျော်က စစ်ကား ခြောက်စီး ရောက်လာပြီး စစ်သား ၁ဝဝခန့်က ဝိုင်းထားပြီး နံနက် ၁ဝနာရီခန့်တွင် သေနတ် ၄၈ချက် ဖောက်ခဲ့သည်ဟု မြေမွန်ကျေးရွာမှ လယ်သိမ်းဆည်းခံ တောင်သူ ကိုစောမွန်က မဇ္ဈိမကို ပြောသည်။

သတင်းစာရှင်းလင်းပွဲလုပ်သူအား ချောင်းမြောင်းရိုက်နက်မှုဖြစ်ပွား

 သင်္ဃန်းကျွန်းမြို့နယ်င/က ရပ်ကွက်တွင် တရားမဝင် ကန်ထရိုက်တိုက်များ ဆောက်လုပ် နေမှုနှင့် ပက်သက် ၍ သတင်းစာရှင်းလင်းပွဲ လုပ်ခြင်းအပေါ် မကျေနပ်သူ အချို့မှ သတင်းစာ ရှင်းလင်းပွဲ လုပ်သူ များအား တိုက်ခိုက်မှု တစ်ခု ည ၁၀ ခွဲအချိန်၌ င/က ရပ်ကွက်အတွင်း ဖြစ်ပွား ခဲ့ကြောင်းသိရပါ သည်။

တပ်မတော်မှဗိုလ်ကြီးဆိုသူမှ တာဝန်ထမ်းဆောင်နေသူ ယာဉ်ထိန်းရဲအား ဆဲဆိုစော်ကားမှုဖြစ်ပွား

 ယနေ. (၃၀-၆-၂၀၁၄) ည (၇း၄၄) မိနစ် မန္တလေးမြို. ၃၅ လမ်း၊ လမ်း(၈၀)ဒေါင့်တွင် ရှေ.မှာ ဗင်ကားတစ်စီးအား နောက်မှ မတ်တူးကား တစ်စင်းမှ ၀င်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လာရောက် စစ်ဆေးသည့် ယာဉ်ထိန်းရဲကို တပ်မတော်မှ ဗိုလ်ကြီးဆိုသူ တစ်ဦးမှ လူအများရှေ.တွင် ဆဲဆိုစော်ကားမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်နောက်ပိုင်း ဆီတိုင်ကီ ဝိုင်ယာရှော့ခ်ဖြစ်၍ လင့်ခရူဇာတစ်စီး မီးလောင်

 ပဲခူးတိုင်းဒေသကြီး ရေတာ ရှည်မြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၆၁/၁) အနီးတွင် ယခုလ ၂၇ ရက် ညနေ ၃ နာရီက ယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွားကြောင်းသတင်းအရ သာဂ ရအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင် များ၊ အမြန်လမ်းမီးသတ်တပ် ဖွဲ့ဝင်များနှင့် ရေတာရှည်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ကသွားရောက်ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း ကြက်မြစ်တွေ ဖမ်းမိ

 
 မြဝတီ နယ်စပ်ကနေ ရန်ကုန်မြို့တော်သို့ တင်သွားလာတဲ့ မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း၊ ကြက်မြစ်တွေကို ဖမ်းဆီးလိုက်ပါတယ်။

ထွန်တုံးတိုက်ပွဲ တိုက်ခိုက်ခံရတော့မလား

တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေပေါ်မှာ ထွန်တုံးတိုက်ပွဲဆင်နွှဲမယ့် တောင်သူတွေကို တပ်မတော် တပ်ရင်း ၄၂ နဲ့ တပ်မ ၃၃ တို့က ပိတ်ဆို့ဝန်းရံထားပါတယ်။

Monday, June 30, 2014

အလုပ်သမားသေဆုံးမှု မြန်မာယန်စီက နစ်နာကြေး မပေးသေးဟု ကာယကံရှင်ပြော

 မုံရွာဒေသ မြန်မာယန်စီ ကြေးနီသတ္တု တူးဖော်ရေး လုပ်ငန်းမှ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းဖို့ မလုပ်ဆောင်တာကြောင့် အလုပ်သမားတဦး သေဆုံးခဲ့ပေမယ့် ကုမ္ပဏီက နစ်နာကြေးပေးခြင်းမရှိပါဘူး။

မြို့ပတ်ရထားကို အဓိပတိ ခရီးသည်တင်ယာဉ် ဝင်တိုက်

ရန်ကုန်၊ ဇွန် ၂၉

 မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဂန္ဓမာလမ်းရှိ မီးရထားသံလမ်းတွင် ဇွန်လ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က မြို့ပတ်မီးရထားကို အဓိပတိယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် တစ်စီးက ဝင်တိုက်ခဲ့ကြောင်း အဓိပတိ ပါရမီယာဉ်လိုင်းမှ ဌာနခွဲမှူး ဦးဇေယျာလွင်က The Voice သို့ ပြောကြားသည်။

မှိုစားပြီး အဆိပ်သင့်ကာ သားအဖလေးဦး သေဆုံး

 ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွီဗျာလ်ကျေးရွာတွင် မှိုစားပြီး သားအဖလေးဦးစလုံး သေဆုံးသွားကာ သမီးဖြစ်သူမှာမူ ဆေးကုသမှု ဆက်လက်ခံယူ နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

မိုးသည်းပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ရပ်ကွက်အချို့ ရေမြုပ်

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် ရေကြီးရေလျှံမှုမြင်ကွင်း/ ဓာတ်ပုံ−စိန်ဝင်း(အာ
 မိုးသည်းထန်စွာ ရွာသွန်း ပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်သုံးခု တွင် ဇွန်လ ၂၉ ရက် နံနက်မှ စတင်ကာ ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။

ကျပ်သိန်း ၁၀၀၀ အထိ ပြစ်ဒဏ်ချနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေကြမ်း ရေးဆွဲပြီးစီး

ရန်ကုန်၊ ဇွန် ၂၉

သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်လျှင် ကျပ်သိန်းငါးရာမှ တစ်ထောင်အထိ ပြစ်ဒဏ်ချမှတ် အရေးယူနိုင်သော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေ (မူကြမ်း) နောက်ဆုံးအဆင့်ကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေရေးရာ ဌာနမှူး ဒေါက်တာတင်မေထွန်းက ပြောကြားသည်။

လူထုလုံခြုံမှုနှင့် ပြည်သူ့အသံ

 လွန်ခဲ့သည့် သီတင်းပတ်က ရန်ကုန်မြို့တွင် ဓာတ်ကြိုး ပြတ်ကျပြီး ဓာတ်လိုက်သဖြင့် ကုန်စိမ်းရောင်း နေသူ တစ်ဦးနှင့် ဈေးဝယ်သူတစ်ဦး သေဆုံးပြီး နှစ်ဦး အပြင်း အထန်ဒဏ်ရာ ရရှိခဲ့သည်။ ရန်ကုန်မြို့တွင် နိစ္စဓူဝ အလုပ်များ လုပ်ကိုင်ရင်း လုံခြုံမှု မရှိသော ပတ်ဝန်းကျင်အခြေ အနေကြောင့် ကွယ်လွန်ခဲ့ရသည်မှာ ၎င်းတို့နှစ်ဦးက ပထမဆုံး မဟုတ်ပါ။ ရေလျှံစဉ် ကျောင်းမှ ပြန်လာရင်း၊

ခိုးမှု မသင်္ကာသဖြင့် ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံရသူ တစ်ဦး ရုတ်တရက်သေဆုံး

တရားခံ မဖော်ထုတ် နိုင်သေးသည့် အမှုများနှင့် လုယက်မှုများ မြင့်တက်နေသော မန္တလေး မြို့တော်တွင် မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ ရွှေညောင်ပင် ဈေးအနီး၌ အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးကို ခိုးမှုမသင်္ကာမှုဖြင့် အမှတ် (၉) နယ်မြေ ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်နေ့တွင် ခေါ်ယူစစ်ဆေးခဲ့ရာ ရုတ်တရက် ကျန်းမာရေး အခြေအနေ မကောင်း၍ ဆေးရုံသို့ ပို့ဆောင်ပြီး သေဆုံး သွားခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ဘာအရင်ပြင်မလဲ . . . မောင်ရွှေသီး


ရွှေသီးရေ . . . ပြီးခဲ့တဲ့ရက် သတ္တပတ်က ထွက်ခဲ့တဲ့ အပြာ ဆန်ဆန်ဝတ္ထု စာအုပ် အကြောင်း ကို ပြောရင်း ‘‘ဒီလိုအချိုးမျိုးတွေနဲ့ ဒီမိုကရေစီနဲ့တော့ ဝေးပါပြီ ဦးလေးရာ။ လူတွေက လွတ်လပ်ခွင့်လေး နည်းနည်း ရတာနဲ့ စည်းမဲ့ ကမ်းမဲ့ပရမ်း ပတာတွေဖြစ်ကုန်၊ လုပ်ကုန်ကြတာ။ ဒါကြောင့် တချို့က ပြည်သူတွေ စစ်အုပ်ချုပ်ရေးနဲ့ပဲ တန်တယ်။ ဒီမိုကရေစီနဲ့ မတန်သေးဘူး ဆိုတာမျိုးတွေ ပြောကြတာ’’လို့ မင်းကပြော တော့ မင်းနဲ့ ငါငြင်းရခုံ ရဦးမှာပေါ့။ အဲဒီစာအုပ် အကြောင်းကိုတော့ မငြင်းဘူးနော် ရွှေသီး။ တစ်ခါ တလေ ဝေဖန်ရေး လုပ်တယ် ဆိုတာလည်း ကြည့်ကျက် လုပ်ရတယ်ဟ။ ဝေဖန်လိုက်ခါမှ လူတွေက မရမက လိုက်ရှာကြလို့ ပိုတောင်ပေါက် သွားတတ်သေး။

လယ်တီသိမ်နှင့် စေတီကို ဖျက်ဆီးခဲ့သူများအား ကျိန်စာတိုက်

 လယ်တီသိမ်နှင့် စေတီကို ဖျက်ဆီးခဲ့ သူများ ကျဆုံးစေရန် အတွက် လက်ပံတောင်းတောင် ဒေသခံ (၅၀) ကျော်တို့ မှ လယ်တီသိမ်နှင့် စေတီ အား ဖျက်ဆီးသူများ အမြန်ဆုံး ကျဆုံးကြ ပါစေဟု လက်ပံတောင်း တောင်စောင့် နတ်မင်းကြီးများအား တိုင်တည်ကာ ကျိန်စာတိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ကျိန်စာတိုက် ဆုတောင်းမှုကို လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်နိမိတ် ဧရိယာ ခြံစည်းရိုး အနီးတွင် ဇွန်လ (၂၆) ရက်နေ့ ညနေ (၅) နာရီ အချိန်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကျိန်စာတိုက်မှုကို ဆည်တည်း ကျေးရွာသားများက ပြုလုပ်ခဲ့ပြီး၊ငှက်ပျောပွဲသုံးပွဲဖြင့် ကြေးနီစီမံကိန်း သံလွင်ရဲကင်း ခြံစည်းရိုး အပြင်ဘက်တွင် သိမ်နှင့် စေတီကို ဖျက်ဆီးသူတွေ အ၀ိစီ ငရဲကျပါစေ၊ လယ်တီသိမ်နှင့် စေတီကို ဖျက်ဆီးခဲ့သော ဦးပိုင်၊ ၀မ်ပေါင် ကုမ္ပဏီတို့ ကျဆုံး ပါစေနှင့် ၀မ်ပေါင် ရဲလုံခြုံရေးများ ကျဆုံးပါစေ စသည်ဖြင့် ကျိန်စာတိုက် ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်လာ ၁၄၅၀၀ တန်ဖိုးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး အချိုပွဲ

ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး အချိုပွဲ၏ ဈေးနှုန်း ကတော့ ဒေါ်လာ ၁၄၅၀၀ ဖြစ်ပါတယ်။ ၎င်း အချိုပွဲကို ဖန်တီးသူ ကတော့ ပြင်သစ်နိုင်ငံမှ ဖြစ်တယ် လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံ Wine ဟိုတယ်တွင် ရောင်းချခြင်း ဖြစ်ပါတယ်။

Sunday, June 29, 2014

“အကုန်အကျသက်သာသည့်တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ဘတ်ကဒ်လုပ်မည်”

၂၀၁၄    ဇွန်လ ၂၈၊ခရမ်းသားလေး
            ဘန်ကောက်မြို့အနီး စမုတ်စာခွန်ခရိုင် မဟာချိုင်မြို့၌ ထိုင်းနိုင်ငံအတွင်း တရား မ၀င်နေထိုင် အလုပ် လုပ်ကိုင်နေကြသည့်  မြန်မာ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံမှ အလုပ်သမားများအတွက် အကုန်အကျ သက်သာသည့် (ဘတ်) လုပ်ပေးမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအားခေါ်ယူ၍ ထိုင်းအာဏာပိုင် များက ယမန်နေ့က ထုတ်ဖေါ်ပြောဆိုသည်။

အစိုးရအဖွဲ့၏ အတွင်းရေး အရှုပ်တ်ာပုံများ - သံဖနောင့်

 လေးဆယ်ကျော်ရှိသည်။ အကြံပေး အချင်းချင်းပင် သမ္မတတွင် အကြံပေးမည်မျှ ရှိသည်ကို တိတိကျကျ မပြောနိုင်ပေ။ သမ္မတရုံးတွင် ၀န်ကြီးငါးဦး ရှိသည့်အနက် ဦးစိုးသိန်းသည် သမ္မတ၏ အခန်းသို့ တံခါးမရှိ ဓါးမရှိ ၀င်ထွက်ခွင့်ရသည်။ အခြား ၀န်ကြီးများ ၀င်လိုက ကိုယ်ရေးအရာရှိ မှတစ်ဆင့် ခွင့်တောင်းပြီးမှ ၀င်ရသော်လည်း ဦးစိုးသိန်းမူ သမ္မတ ရုံးခန်းတံခါးကို သူကိုယ်တိုင်ဖွင့်ပြီး ၀င်လိုသည့် အချိန် ၀င်နိုင်သည်။ နာဂစ်ကာလက ရေတပ်မှ စစ်သင်္ဘော သုံးစီး နစ်မြုပ်သွားသဖြင့် ရေတပ်ဦးစီးချုပ် ရာထူးမှ ဖယ်ရှားခံရတော့မည့် ဦးစိုးသိန်းကို တစ်ပတ်စဉ်ထဲ သူငယ်ချင်း ဖြစ်သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အသနားခံပြီး ကယ်တင် ထားခဲ့သည်ဟုလည်း အတွင်းသိများက ပြောဆိုနေကြသည်။

ဘင်္ဂါလီများကို တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ရန်ကုန်သို့ ခေါ်လာသည့် အငြိမ်းစားရဲမှူးကြီး နှစ်ဦး၏ သားနှင့်သမီးကို ဖမ်းမိ


အငြိမ်းစား ရဲမှူးကြီး နှစ်ဦး၏ သားနှင့် သမီးက ဘင်္ဂါလီကိုးဦးကို တစ်ဦးလျှင် ကျပ်သုံး သိန်းဖြင့် ရန်ကုန်သို့ ပို့ရန်ကား ဖြင့် သယ်လာစဉ် အမ်းမြို့အ၀င် စစ်ဆေးရေး ဂိတ်တွင် ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။ ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့အ၀င် စစ်ဆေးရေးဂိတ် တွင် အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦး ဦးဆောင်ကာ ဘင်္ဂါ လီ ကိုးဦးစီးလာသည့် ကားကို စစ် တပ်နှင့် ရဲတပ်ဖွဲ့ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က သတင်းကြိုရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း အမ်းမြို့နယ် ရဲစခန်းမှူး ဒုတိယရဲမှူးသောင်းလွင်ကပြော သည်။