Saturday, November 3, 2012

စုငွေလေးတော့ ပြန်ပေးပါ

 
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံ မြို့သစ်အရှေ့ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အတွင်းရှိကျေး ရွာ/ရပ်ကွက်များတွင် မရှိနွမ်းပါး သူများကို တစ်ဦးလျှင်သုံးသောင်း ကျပ်ထုတ်ချေးပေး၍ အတိုးမှာ တစ်ရာကျပ်လျှင် ၂ ကျပ် ၅၀ပြား အတိုးဖြင့် ထုတ်ချေးပေးကြောင်း ငွေချေးသူတစ်ဦးက ပြောပြ၍ သိရှိရပါသည်။

ဧရာဝတီခွပ်ဒေါင်းအမှန်တောင်း

 
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်ရုံး တွင် ပါတီအလံနှင့် ဆိုင်းဘုတ်ချခြင်း၊ ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခြင်းအခမ်း အနားကို မြို့နယ်ပါတီရုံးတည်ရှိရာ အမှတ်  ၅၇၂၊ စကားပါဝါလမ်း၊ (၃) ရပ်ကွက်ပုသိမ် မြို့တွင် အောက်တိုဘာလ ၂၇ ရက် နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

စေတနာလား၊ဝေဒနာတွေ ပေးမှာလား


 
မင်္ဂလာပါခင်ဗျာ။ မောင်လူရွာသား တစ်ဦးပါ။ ရွာမှာမွေး၊ ရွာမှာကြီးပြီး ရွာက ပေးတဲ့ပညာနဲ့ မြို့ကြီးပြကြီးကိုလည်း ရောက်ခဲ့ဖူးပါတယ်။ ငါသိ၊ ငါတတ်၊ ငါ ဟုတ်လှပြီဆိုပြီး စိတ်ကြီးဝင်နေတဲ့ မောင် လူမြို့ပြရောက်မှ မသိတာတွေအများကြီး  ရှိပါသေးလားလို့သိခဲ့ရပါသည်။ဒါပေမဲ့မြို့ပြက ယောက်ဖ(ရင်းနှီးသောသူငယ်ချင်း)တို့ကအသိမကြွယ်အသိ

Friday, November 2, 2012

ဦးခင်ညွန့် အမျိုးသားနိုင်ငံရေး လုပ်မည်ဟု ဆို


November 2, 2012


စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဦးခင်ညွန့်က လာမည့် အနာဂတ်တွင် ပါတီနိုင်ငံရေး လုပ်ဆောင်ရန် မရှိသော်လည်း တိုင်းပြည် တိုးတက်ရေးနှင့် ပြည်သူများ စားဝတ်နေရေး ချောင်လည်စေရန် အမျိုးသား နိုင်ငံရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယာဉ်စည်းကမ်းထိန်းသိမ်းရေး စစ်ဆေးမှုအဖွဲ့ ကွက်ကြားမိုး မဖြစ်သင့်

  
 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့အထွက်ဟင်္သာတ-ဇလွန်ကားလမ်းပေါ်တွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့နှင်တာဝန်ရှိသူတို့မှ ဆိုင်ကယ်များအား ရှောင်တခင် စစ်ဆေးအရေးယူမှုများ

ယခုနှစ် ဆန်စပါးစိုးရိမ်ဖွယ်ရှိနေ

 
လယ်သမားများထံမှ ဈေး ဖြတ်ဝယ်ယူသော စပါးဈေးနှုန်း ကျဆင်းကာ စိုက်ပျိုးထုတ်လုပ်မှု စရိတ် မကာမိသောကြောင့် ဆန် စပါးအထူးပြုကုမ္ပဏီကြီးများ၏ ချေးငွေကို လယ်သမားများ ပြန် လည်ပေးဆပ်နိုင်ရန် အခက်အခဲ ရှိနေပြီး (၂၀၁၂)ခုနှစ် ရာသီ ဥတုနှင့် ဈေးကွက်မတည်ငြိမ်မှု တို့ကြောင့် ဆန်စပါးအထူးပြု ကုမ္ပဏီကြီးများမှာ ပြိုလဲတော့ မည့်အနေအထားကို မြင်တွေ့နေ ရကြောင်း မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောသည်။ ယခုနှစ်ထဲတွင် ဆန် စပါးအထူးပြုကုမ္ပဏီကြီးများထံမှ ချေးယူးထားသည့် ငွေများကို ပြန် လည်မပေးဆပ်နိုင်သည့်အပြင် နိုင်ငံတကာ ဆန်ရောင်းဝယ်ရေး  ဈေးကွက်တွင်လည်း ဆန်စပါး ဈေး ကျဆင်းနေသည့်အတွက် ကုမ္ပဏီကြီးများ ဆက်လက်ရှင် သန်နိုင်ရန် ခက်ခဲနေကြောင်းဆို သည်။

တရားသူကြီးတွေ ဖတ်ဖို.



...................................
တရားသူကြီးတွေကို လာဘ်ပေးရန် မလိုတဲ့ အလားတူ ကြော်ငြာတွေကို တပြည်လုံးအတိုင်းအတာနဲ့ သက်ဆိုင်ရာ တိုင်း၊ ဒေသတွေအလိုက် အခုလို ကပ်ဖို့ သက်ဆိုင်ရာ တရားလွှတ်တော်ချုပ်တွေက တရားရုံး အသီးသီးကို ညွှန်ကြားထားပါတယ် တဲ့။

ပညာရေးဝန်ထမ်းများလစာတိုးပြီဆိုသော်လည်း

 
ပညာရေးကဏ္ဍ ပိုမိုအား ကောင်းလာစေရန် စီမံခန့်ခွဲမှု အပိုင်း အဆင့်မြင့်တိုးမြှင့် ဆောင် ရွက်နိုင်ရန်နှင့် ဆရာ/ဆရာမများ    ၏ အရည်အသွေးပိုမိုမြင့်မားလာ စေရန်အတွက် အခြေခံပညာဦး စီးဌာနအောက်ပြည်နယ်နှင့်တိုင်း ဒေသကြီးအဆင့်မှ မြို့နယ်အဆင့် အထိ စီမံရေးနှင့်အုပ်ချုပ်ရေးဆိုင်  ရာ ပညာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား လက်ရှိ   ရာထူး၏ တစ်ဆင့်တိုးလစာများ  အတိုင်း တိုးမြှင့်ပေးသွားမည်ဟု    ဆိုသော်လည်း လုပ်သက်(၁၅)နှစ်    အထက်ရှိသော မူလတန်းပြ ဆရာ၊ 

ကျောက်မဲမှ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲ နှုန်းမြင့်တက်နေ

 
၂၀၁၂ ခုနှစ် သြဂုတ်လဆန်း ပိုင်းမှစတင်၍ ရှမ်းပြည်တောင်ပိုင်း၊  ကျောက်မဲမြို့တွင်းမူးယစ်ဆေးဝါး  သုံးစွဲမှုများ သိသာစွာများပြားလာ ကြောင်း ကျောက်မဲမြို့ခံများထံက  သိရသည်။ မူးယစ်ဆေးဝါးသုံးစွဲ  သူများမှာများသောအားဖြင့် ဆယ်  ကျော်သက်အရွယ်များဖြစ်နေပြီး အသက် ၁၄ နှစ်အရွယ်မှ အသက် ၃၅ နှစ်အရွယ်ဝန်းကျင်းအထိ သုံးစွဲသူများပါဝင်ကြောင်း သိရှိရ သည်။