Sunday, May 12, 2013

NDF ပါတီမှ ပဲခူးမြို့နယ် စိုင်တီကျေးရွာသို့ သောက်သုံးရေသွားရောက်လှူဒါန်း



အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပဲခူးခရိုင်စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးညိုလင်းမောင် ဦးဆောင်သည့် NDF ပါတီအဖွဲ့သည် ပဲခူးမြို့နယ်အတွင်းရှိ
သောက်သုံးရေပြတ်လပ်လျှက်ရှိသော စိုင်တီကျေးရွာသို့ ၂၀၁၃ ခုနှစ် မေလ(၅)ရက်နေ့ ညနေ ၃း၀၀နာရီအချိန်ခန့်တွင် သောက်သုံးရေဂါလံပေါင်း ၃၆၄၀
ဂါလံအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


ဒီနှစ်နွေရာသီတွင် နေအပူရှိန်ကြောင့် သောက်သုံးရေကန်များ ခမ်းချောက်လျှက်ရှိသည့်အတွက် သောက်သုံးရေပြတ်လပ်လျှက်ရှိသော ပဲခူးမြို့နယ်နှင့်သနပ်ပင်မြို့နယ်
အတွင်းရှိ ကျေးရွာများသို့လည်း သောက်သုံးရေသွားရောက်လှူဒါန်မည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက်(ပဲခူး)

No comments:

Post a Comment