Wednesday, October 3, 2012

အဝေးကွင်းဂိုးပြတ်ဖြင့် ဥရောပနိုင်ပွဲစတင်ခဲ့သည့် ချန်ပီယံ



ဥရောပလက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းသည် ဒိန်းမတ်ချန်ပီယံ FC Nordsjaelland အား ၄င်းတို့၏
အိမ်ကွင်းတွင် (၄)ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့ကာ ဥရောပအောင်ပွဲစစ်မျက်နှာကို စတင်လိုက်သည်။ ချယ်လ်ဆီး
အသင်းသည်ယမန်နှစ် ဥရောပအဝေးကွင်းရလာဒ်ဆိုးများ ဖြစ်သည့် (၇)ပွဲတွင် (၁)ပွဲသာအနိုင်ရရှိသည့်
မှတ်တမ်းကိုချေဖျက်မည်ဟု ကြုံးဝါးထားသည့်နှင့်အညီ အာဆင်နယ်ပွဲ ကစားသမားစာရင်းမှ အပြောင်း
အလဲအဖြစ်(၂)နေရာသာပြုလုပ်ပြီးပွဲထွက်လာသည်။ တယ်ရီအစား ကားဟေးလ်၊ ပွဲဆက်များနေသည့်
ဟာဇက်အစားမော့ဆက်တို့ကို ကစားစေပြီး တိုက်စစ်ဦးစားပေးဖြင့် ခင်းကျင်းခဲ့သည်။ အိမ်ရှင်အသင်းတွင်
FC Twenty မှအ၄ားလာရောက်ကစားနေသည့် တိုက်စစ်မှူးဂျွန်၊ ကွင်းလယ်တွင် ဘက်ခ်မန်း၊ လောရန်ဇို
တို့ကို အဓိကကျောရိုးထား၍ ရင်ဆိုင်ခဲ့သည်။

ပထမပိုင်းတွင် ချယ်လ်ဆီးအသင်းကစားပုံ ကောင်းမွန်သလို အိမ်ရှင်အသင်းကလည်း တိုက်စစ်ဖွင့်ကစား၍
အပြန်အလှန်ဂိုးသွင်းခွင့်များရရှိခဲ့ကြသည်။ လမ်းပတ်ပိတ်ဆို့ ကန်သွင်းမှု ဂိုးအပေါ်ထောင်သွားခြင်း၊
တောရက်စ် တစ်ဘက်နောက်တန်းအမှားမှကန်သွင်းချက် ဂိုးသမား ကာကွယ်တို့ခြင်းတို့ကြောင့် မိနစ်(၃၀)
အထိ ဂိုးရရှိခဲ့ခြင်းမရှိပေ။ NFC အသင်းကလည်း လောရန်ဇိုအပိုင်ပိတ်သွင်းချက်ကို ကိုးလ်ပိတ်ဆို့နိုင်ခဲ့၍
ချယ်လ်ဆီးအသင်းသက်သာသွားသည်။ (၃၃) မိနစ်တွင် တောရက်စ်က NFC နောက်တန်းကစားသမားဆီမှ
ဘောလုံးကို အရလုယူပြီး လမ်းပတ်မှတစ်ဆင့် အသင့်ပြေးတက်လာသည့် မာတာကို ထပ်မံထိုးပေးလိုက်ရာ
၎င်းက ဘယ်ခြေဖြင့် အသာကန်သွင်းကာအဖွင့်ဂိုးကို သွင်းယူခဲ့သည်။ ယင်းဂိုးသည် တောရက်စ်၏
လုပ်အားနှုန်းကောင်းမွန်မှုကြောင့်ဟုပြောနိုင်ပါသည်။

ဒုတိယပိုင်းတွင် မိနစ်(၃၀)အထိ ချယ်လ်ဆီးကစားပုံမှာ လျော့ရဲခဲ့ပြီး ဂိုးသမားပီတာချက် ကောင်းလွန်၍
ချေပဂိုး မပေးခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ယခုပွဲကိုအလှည့်အပြောင်းဖြစ်စေရန် ဒီမက်တီယို၏
လူစားလဲမှုကစကားပြောသွားခဲ့သည်။ ပေါင်(၇)သန်းတန် မော့ဆက် ဘယ်တောင်ပံတစ်လျောက်
အလုပ်မဖြစ်ခဲ့၍ပေါင်(၃၂)သန်းတန် ဟာဇက်ကို လဲလှယ်ပြီး တစ်ဂိုးနှင့်မကျေနပ်ဘဲ တိုက်စစ်ကို
ဆက်လက်ခင်းကျင်းလိုကြောင်း ပြသလိုက်သည်။ဟာဇက်ကြောင့် မော့ဆက်နှင့်အချိတ်အဆက်မမိ
ခဲ့သည့် အော်စကာ၊ တောရက်စ်တို့ ပိုမိုကစားကွက်မိလာပြီး တောရက်စ်အတွက် နေရာလွတ်များ
ပေါ်လာသည်။ မိနစ်(၇၉)တွင်ရရှိခဲ့သည့် ဒုတိယဂိုးမှာလည်း ၄င်းအားပြစ်ဒဏ်ဘောကျူးလွန်၍ အလွတ်
တည်ကန်ဘောကို လူးဝစ်က လှလှပပကန်သွင်းယူသွားပေးခြင်းဖြစ်သည်။ နှစ်ဂိုးရပြီး မိနစ်(၈၀)နောက်ပိုင်း
အိမ်ရှင်အသင်း စိတ်ဓာတ်ကျပြီး ကစားအားပါကျသွား၍ ချယ်လ်ဆီးအသင်းကပဲ ထိန်းချုပ်သွားပြီး
မာတာနှင့် ရာမီးရက်စ်တို့က (၈၁)၊ (၈၉)မိနစ်တို့တွင်တစ်ဂိုးစီ ထပ်မံသွင်းယူသွားခဲ့ကြသည်။

ပွဲကိုခြုံငုံသုံးသပ်ရပါက ချယ်လ်ဆီးအသင်းမှာ ဒုတိယပိုင်းကစားပုံလျော့ရဲပုံကလွဲ၍ အဝေးကွင်းတွင်
ဂိုးပြတ်နိုင်ရုံသာမက ပေးဂိုးမရှိခဲ့ခြင်း၊ ဒဏ်ရာကင်းစင်ခြင်းတို့ကြောင့် ကျေနပ်လက်ခံရမည့်
အဖြေဖြစ်သည်။ ချန်ပီယံလိဂ်တွင် မည်သည့် အသင်းကိုမျှ အထင်သေးမရကြောင်း ယမန်နှစ်က
မန်ချက်စတာယူနိုက်တက် အသင်းကနမူနာပြခဲ့သလို ယနေ့ယှဉ်ပြိုင်သည့် အုပ်စု(F)မှ
ဘီလာရုစ်ကလပ်အသင်း BATE Borisov က ဂျာမန်ဘေယန်အသင်းကြီးကို ၃-၁ ဂိုးဖြင့် အနိုင်ရ
ရှိခဲ့သည်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။
ယခုပွဲတွင် အဓိက ခြေစွမ်းပြကစားသွားသူမှာ Man of the Match ရရှိသူ မာတာဖြစ်ပြီး ၄င်း၏ခြေစွမ်းမှာ
မနှစ်ကနှင့်မတူဘဲ ပိုမိုပေါ့ပါးစွာကစားနိုင်သည်ကို အာဆင်နယ်နှင့်ကစားသည့်ပွဲတွင်လည်း တွေ့ခဲ့ရသည်။
11 ဂျာနယ်အသုံးအနှုန်းဖြင့်ပြောရမည်ဆိုလျှင် Skilful Player တွေဖြစ်သည့် ဟာဇက်၊ အော်စကာတို့ကြောင့်
ဆိုသည်မှာ မလွဲပေ။ ယခုပွဲတွင် NFC ၏အဓိက အပိုင်ကန်သွင်းချက်(၂)ကြိမ်ကို အာနယ်ဆင်အသင်းနှင့်
ကစားခဲ့စဉ်ကကဲ့သို့ ကာကွယ်ခဲ့သည့် ဂိုးသမားကြီး ပီတာချက်ကိုလည်း ချီးကျူးရပေမည်၊ တောရက်စ်ကမူ
အပိုင်အခွင့်အရေး(၂)ကြိမ်ခန့် လွဲချော်သည်မှာ အပြစ် ပြောစရာဖြစ်သော်လည်း ရရှိသည့် ပထမ(၂)ဂိုးမှာ
၎င်း၏ အားထုတ်မှုကြောင့်ဟုပြောရပါမည်၊
ဒီမက်တီယိုသည် ယခုပွဲအပါအ၀င် အသင်းကို ပြိုင်ပွဲအရပ်ရပ် (၃၂)ပွဲမြောက်ကိုင်တွယ်ခြင်းဖြစ်ပြီး (၂၁)ပွဲနိုင်၊
(၇)ပွဲသရေ၊ (၄)ပွဲသားရှုံးနိမ့်ထား၍အောင်မြင်မှု ၆၅.၆၃% ဖြင့် စံချိန်ကောင်းတင်ထားနိုင်လိုက်ပါသည်။
ယခုပွဲအနိုင်နှင့်အတူ အုပ်စုအတွင်း ဂျူဗင်တပ်နှင့် ရှက်တာဒိုးနက်အသင်းတို့ တစ်ဂိုးစီသရေကျသွား၍
ချယ်လ်ဆီးအသင်းသည် ပြည်တွင်းပြိုင်ပွဲတွင် သာမက ချန်ပီယံလိဂ်အုပ်စုတွင်းအမှတ်ပေးဇယားတွင်လည်း
ထိပ်ဆုံး၌ဦးဆောင်လျက်ရှိနေပါသည်။

Share on Facebook

No comments:

Post a Comment