Wednesday, July 2, 2014

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ငွေနှင့်ပစ္စည်းများ အကြိမ်ကြိမ်ခိုးယူ နေသည့်အဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိ

 နေပြည်တော် ဇူလိုင် ၁
ဇွန် ၃ဝ ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်ပ ဆိုက်ရောက်/ ထွက်ခွာရာ ၌ ခရီးသည်များ အပ်နှံထားသော ခရီး ဆောင်အိတ်များ အတွင်းမှ ငွေနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများ အကြိမ်ကြိမ် ခိုးယူနေသည့် အဖွဲ့အား လေကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ပြည်ပဆိုက်ရောက်/ ထွက်ခွာတွင် ခရီးသည်များအပ်နှံထား သော ခရီးဆောင်အိတ်များအတွင်းမှ ငွေနှင့် အခြားတန်ဖိုးရှိပစ္စည်းများ ပျောက်ဆုံးမှုဖြစ်စဉ် မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး သက်ဆိုင်ရာ လေကြောင်းလိုင်းများက တာဝန်ယူ ဖြေရှင်းမှုနည်းပါးသဖြင့် ခရီးသည်များ က လေကြောင်းရဲတပ်ဖွဲ့(ရန်ကုန်)သို့ မကြာခဏ လာရောက်တိုင်ကြားခဲ့ သည်။

အဆိုပါ ပစ္စည်းပျောက်ဆုံးမှုများ နှင့်ပတ်သက်၍ လေကြောင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် CCTV ကင်မရာတာဝန်ကျ တပ်ဖွဲ့ဝင်များဖြင့် မသင်္ကာသူများအား စောင့်ကြည့်ခြင်း၊ လေဆိပ်အတွင်းသို့ ဝင်ရောက်ခိုးယူသူများ၏ သတင်းအား နီးစပ်ရာမြို့နယ်များရှိ နယ်ထိန်း တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်မေးမြန်း စုံစမ်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတင်း ဖော်ထုတ်ခြင်းတို့ ဆောင်ရွက်ခဲ့ရာ လေကြောင်း ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးစားအားထုတ်မှုကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း နေ့စား အလုပ်လုပ်ကိုင်ကြသည့် အထွေထွေလုပ်သား လေးဦးသည် ရန်ကုန်လေဆိပ်ခရီးသွား/ခရီးလာ များထံမှ ပစ္စည်းခိုးယူနေသူများဖြစ် ကြောင်း စုံစမ်းဖော်ထုတ်ရရှိခဲ့သည်။ ၎င်းတို့မှာ ဘုန်းမြင့်ကျော်(ခ) ကုလား၊ (ဘ) ဦးမြင့်ဦး အမှတ်(၂၄) ကမ်းနား အလယ်ရပ်ကွက် ရတနာသုခလမ်း၊ အင်းစိန်၊ စိုင်းသီဟနိုင်(ခ) ငစိုင်း(ဘ) ဦးဝင်းနိုင် အမှတ် (၄၅) ဘီအိုစီလမ်း မင်္ဂလာဒုံမြို့နယ် ချက်ကြီး(ခ) သန့်ဇင် ဝင်း(ဘ) ဦးရဲလွင်၊ အမှတ် (၁၅။ဇ) ကျန်စစ်သားလမ်း အနန်းပင်ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်နှင့် နေမျိုးအောင်(ဘ) ဦးစန်းညွန့်အောင်အမှတ်(၄၅) ဘီအိုစီ လမ်း မင်္ဂလာဒုံမြို့နယ်တို့ ဖြစ်ကြသည်။

၎င်းတို့အား စစ်ဆေးခဲ့ရာ ၂ဝ၁၄ ခုနှစ် ဧပြီလအတွင်းက တရုတ် လေကြောင်းလိုင်း(CI) လေယာဉ် ပေါ်သို့ ခရီးဆောင်အိတ်များ အတင်\ အချ ဆောင်ရွက်စဉ် ၎င်းတို့လေးဦး အနက် ဘုန်းမြင့်ကျော်(ခ)ကုလား နှင့်ချက်ကြီး(ခ) သန့်ဇင်ဝင်းတို့မှ လူ အဝင်။အထွက် စောင့်ကြည့်ပေးခဲ့ပြီး နေမျိုးအောင်နှင့်စိုင်းသီဟအောင် (ခ)ငစိုင်းတို့က လေယာဉ်ဝမ်းဗိုက် အတွင်းရှိ ခရီးဆောင်အိတ်များအား ရှာဖွေခဲ့ရာ ခရီးဆောင်အိတ်တစ်လုံး (အမျိုးအစားမမှတ်မိ) အတွင်းမှ တယ်လီဖုန်းအခွံဖြင့် ထည့်ထားသော ဒေါ်လာ ၁ဝဝ တန် အရွယ် ၅ဝ အနက်မှ အရွက် ၄ဝ ဒေါ်လာ ၄ဝဝဝ အား နေမျိုးအောင်က ယူဆောင်ခဲ့ပြီး ကျန်ဒေါ်လာ ၁ဝဝ တန် ၁ဝ ရွက်အား ချန်ထားခဲ့ကြောင်းနှင့် ၎င်းနောက် နေမျိုးအောင်မှ ဒေါ်လာ ၄ဝဝဝ အား ရောင်းချခဲ့ရာ မြန်မာကျပ်ငွေ ၃၆ သိန်းရရှိခဲ့ပြီး ၎င်းတို့လေးဦး တစ်ဦး လျှင် ကိုးသိန်းစီခွဲဝေယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

၎င်းတို့လေးဦးအား ဇွန် ၃ဝ ရက် ညပိုင်းတွင် လေကြောင်းရဲတပ်ဖွဲ့ ခွဲ(ရန်ကုန်)က မင်္ဂလာဒုံမြို့နယ် မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးပို့ပြီး ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း နှင့် ဆက်လက်၍ ကွင်းဆက်တရားခံ များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

(သတင်းစဉ်)

The Mirror Daily

No comments:

Post a Comment