Thursday, July 3, 2014

ပဲခူးမြို့နယ်၊ ပြည်တော်သာ ကျေးရွာ အနီးတွင် ယာဉ်တိုက်မှုဖြစ်၊ လူ(၂)ဦးသေဆုံး

သတင်း-ဓါတ်ပုံ ။ ။ Ko Thant Zin
၃-၇-၂၀၁၄ ရက်နေ့ နံနက်(၃း၃၀)အချိန်တွင် ပဲခူးမြို့နယ်၊ ပြည်တော်သာ ကျေးရွာ အနီး၊ ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင်အမှတ်၊ ၅၃/၇ နှင့် ၅၃/၈ အကြားတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ခင်မောင်သန်း (၄၀)နှစ် (ဘ)ဦးမျိုးမြင့်၊ အင်းစိန်မြို့နယ်နေသူ မောင်းနှင်လာသော ၆ဂ/xxxx နောက်တွဲယာဉ်အမှတ်၊ နတ/xxxx (၂၂)ဘီးယာဉ်အား ၄င်းယာဉ်နောက်မှ လားရာတူမောင်းနှင်လာသော ယာဉ်မောင်း မောင်ဝင်း (၅၃)နှစ် (ဘ)ဦးသန်းရွှေ၊ ဘီးလင်းမြို့နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဇော်ဇော်ထွေး(အသက်၊ အဘအမည် စုံစမ်းဆဲ)၊ ဘီးလင်းမြို့နေသူ လိုက်ပါလာသော ၆ဃ/xxxx မစ်ဆူဘီရှိကန်တာ အဖြူရောင် (၆)ဘီးယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ နောက်မှအရှိန်ဖြင့် ၀င်တိုက်ခဲ့ရာ ၆ဃ/xxxx ယာဉ်မှာ ဦးခေါင်းပိုင်းနောက်သို့ချိုင့်ဝင်သွားပြီး ယာဉ်ပေါ်ပါသူ ယာဉ်မောင်း မောင်ဝင်းနှင့် ယာဉ် နောက်လိုက် ဇော်ဇော်ထွေးတို့(၂)ဦး သေဆုံးခဲ့ပါသည်။
ယာဉ်တိုက်သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ မောင်ဝင်း(သေဆုံး)အား ပဲခူးမြို့မရဲစခန်း ယာဉ်(ပ)၃၄/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၀၄-က အရ အမှုဖွင့် အရေးယူ ထားကြောင်း နှင့် (၂၂)ဘီးနောက်တွဲယာဉ်မှ ယာဉ်မောင်း ခင်မောင်သန်းအား မော်တော်ယာဉ် အက်ဥပဒေအရ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

BY THIT HTOO LWIN

No comments:

Post a Comment