Friday, August 8, 2014

" တောင်ပြုံး ရဲကင်းမှ ရဲတပ်ဖွဲ့ ဝင်တွေ ရိုက်နှက်လို့ ရေသည်တဦး ပြင်းထန်စွာ ဒဏ်ရာရ"

ရဲတပ်ဖွဲ့ ဝင်တွေ ရိုက်နှက်လိုက်တဲ့ လူငယ်
 (၃၊၀၈၊၂၀၁၄) နေ့ည ၁၀ နာရီကျော်က မတ္တရာမြို့နယ်၊ တောင်ပြုံးရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များမှ ဒုတ်များ၊ လက်ထိပ်များဖြင့် လူငယ်တဦးကို မေးမြန်း စုံစမ်းမရှိဘဲ ၀ိုင်းဝန်း ရိုက်နက်ခဲ့ကြတယ်။
မျက်မြင်သက်သေတွေက"  ဒီကောင်လေး၂ယောက်က ဆိုင်တွေကို ရေသန့်နှင့် ရေခဲ ဖြန်ဖြူးရောင်းပြီး အပြန်ကို ရှေ့သွားနေတဲ့ ကောင်လေးကို ရဲတယောက်က နောက်ကနေ ဖမ်းချုပ်တယ်၊ နောက်က ကောင်လေး ကိုတော့ ရဲတယောက် နောက်ကနေ ခေါင်းကို ဒုတ်နဲ့ လွဲရိုက်တော့ ကောင်လေး မြေပေါ် လဲကျ သွားတယ်၊ နောက်ရဲ တယောက်က မြေပေါ်လဲနေတာကို ထပ်ရိုက်တော့ ကောင်လေးက "ကျွန်တော်ကို ဘာလို့ ရိုက်တာလည်း " လို့အော်ပြီး ကုန်းထလာတော့ မျက်နှာကို လက်ထိပ်နဲ့ရိုက်တယ်၊ နောက်ထပ် ရောက်လာတဲ့ ရဲတွေက ၀ိုင်းကန်ကြတယ် ကောင်လေး မလုပ်နိုင် အောင်ရိုက်ပြီးတော့မှ ဖမ်းခေါ်သွားတယ်။

အနီးအနားက ဈေးသယ်များက " ရဲဆိုတော့ ၀င်တော့မဆွဲရဲဘူး၊ ဒါပေမဲ့ အပြစ်မရှိသူတယောက်ကို မမေးမမြန်းဘဲ ၀ိုင်းရိုက်နေတော့ မနေနိုင်တာနဲ့  ကောင်လေးကို မရိုက်ဘို့ အော်ပြောပေမဲ့ ညပိုင်းဆို သူတို့ ကသောက်စားထားတော့ လူစိတ်ပျောက်နေကျတယ်၊ နောက်ကနေ ခေါင်းကိုရိုက်ပြီး လဲနေတာကိုဝိုင်းရိုက်တာဘဲကြည့် " လို့ပြောပြတယ်။
" သူရော၊သူမိဘတွေက ဒီတောင်ပြုံးကပါ၊ ရေသန့်၊ ရေခဲသွားပို့ရင်း ရိုက်ခံရတာ။ ခေါင်းကသွေးတွေတော်တော်ထွက်နေတယ်၊ မျက်နှာ၊ ခြေလက်၊ ခန္ဒာကိုယ်တွေမှာလည်း ဒဏ်ရာတွေနဲ့ မ န္တဆေးရုံပြဘို့ကို ၁၄၄က မနက်၃နာရီထိဆိုတော့ ၃နာရီကျော်မှဘဲ သွားပြလို့ရမယ်။ ရဲကတော့ ရန်ဖြစ်လို့တိုင်ကြား ထားတဲ့ လူနဲ့တူလို့ မှားရိုက်တာလို့ပြောထားပေမဲ့၊ တိုင်ကြားထားတဲ့ တရားလိုက ဒီကောင်လေးမဟုတ်ဘူးလို့ အခိုင်အမာပြောသွားတယ်။ ဒါပေမဲ့ ရဲက လက်နက်မဲ့လူတယောက်ကို  နောက်ကနေရိုက်လို့ရလား?? ကောင်လေး၂ယောက်ထဲကို သူတို့(ရဲ)တွေက အေးအေးဆေးဆေးဖမ်းခေါ်သွားလို့ရသားနဲ့ ဘာလို့အကြမ်းဖက်ရလဲ ?? လို့ ဒေသခံတွေက မကျေမနပ် ပြောပြသွားတယ်။

မန္တလေးဆေးရုံက တာဝန်ဆရာဝန်က "ခေါင်ပိုင်း နဲ့ မေရိုး၊ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာတွေ တွေ့ရလို့ ဓါက်မှန်ရိုက်ထားတယ်၊ ခေါင်းရိုက်ခံ ထားတာ ပြင်းတော့ CTဓါက်မှန်နဲ့ ထပ်စစ်ဆေးရအုံးမယ်၊ ခန္ဒာကိုယ်ကို အာထာဆောင်းရိုက်တော့ ညာဘက် အသည်းအောက် မှာသွေးခဲနေတာတွေ့ရလို့ ဆေးရုံတက်ပြီး စစ်ဆေးရမယ်။ ဒီဒဏ်တွေကိုကြည့်ရင် ရိုက်ခံရတယ်၊မာကျောတဲ့ ဖိနပ်လိုအရာမျိုးနဲ့ ကန်ခံရတာတွေရတယ်၊ ဒဏ်ရာတွေများတော့  လူ( ရဲ)တယောက်ထဲ လုပ်တာမဖြစ်နိုင်ဘူး အနည်းဆုံး ၃ - ၄ ယောက်လောက်ဖြစ်မယ်လို သုံးသပ်ပြောပြသွားတယ်။

BY THIT HTOO LWIN



No comments:

Post a Comment