Mount Roraima လို့ အမည်ရတဲ့ တောင်ဟာ တောင်အမေရိက တိုက် မှာ တည်ရှိပြီး
ကမ္ဘာ့ အလှဆုံး တောင်စာရင်းထဲမှာလည်း ပါဝင် ပါတယ်။ ဂိုင်ယာနာ နိုင်ငံ၊
ဘရာဇီး နိုင်ငံ၊ ဗင်နီဇွဲလား နိုင်ငံ ယင်း သုံးနိုင်ငံရဲ့ နယ်နိမိတ် ထိစပ်
ရာမှာ တည်ရှိ နေတဲ့ တောင် ဖြစ်ပါတယ်။ ဂိုင်ယာနာ နိုင်ငံ ပိုင်နက် Pacaraima
တောင်တန်း ဒေသ ရဲ့ အစွန်းထွက် နေရာ ဖြစ်ပြီး အမြင့်ဆုံး တောင်လည်း
ဖြစ်ပါတယ်။
ပင်လယ်ရေ မျက်နှာပြင် အထက် ၉၂၁၉ ပေ ရှိပြီး ထူးခြားချက် အနေနဲ့ အပေါ်မှာ
မြေပြန့် လွင်ပြင် ပမာ ဖွဲ့စည်း တည်ဆောက် နေခြင်း ဖြစ် ပါတယ်။ ရေတံခွန်လည်း
ရှိ ပါတယ်။ ၁၅၉၆ ကျော် ခုနှစ် များက အင်္ဂလိပ်လူမျိုး Sir Walter Raleigh
စတင် တွေ့ရှိခဲ့ပြီး နေပူစာခံ Summit ဧရိယာက ၃၁ စတုရန်း ကီလို မီတာ
ရှိပါတယ်။ သူ့မှာ ထူးခြားချက် များစွာ ရှိပြီး ကမ္ဘာ့မှာ မြင်တွေ့ ရခဲတဲ့
သဘာဝ အပင် ပန်း များ၊ ပိုးမွား နှင့် ငှက်မျိုး များလည်း ရှင်သန် နေထိုင်
ပါတယ်။ တောင်ပေါ်ထိ တက်ရောက် လေ့လာ သူများ ရှိပြီး အောက်ကို ပြန်ကြည့်ရင်
မြေပြင် မမြင်ရ ပါဘူး။ အကြောင်း ကတော့ တောင်ရဲ့ ခါး ပတ်လည်မှာ တိမ်တိုက်
များနဲ့ ဖုံးလွမ်း နေလို့ ဖြစ် ပါတယ်။
ဒါကြောင့်မို့ သူ့ကို ကမ္ဘာမြေပေါ်မှာ နိဗ္ဗာန်ဘုံ လို့တောင် လည်ပတ်သူ
အချို့က တင်စား ထား ပါတယ်။ ယနေ့ အချိန် အထိလည်း တောင်တက် သူများ ရဲ့
စိတ်ဝင် စားဖွယ် ခရီး တစ်ခု အဖြစ် တည်ရှိ နေပါ သေးတယ်။
.
Ref: wiki
.
Ref: wiki


No comments:
Post a Comment