Thursday, July 3, 2014

မုန်းသူတွေနဲ့ အဆင်ပြေစေဖို့ 


အဘဆီသို့ ဗေဒင်လာ မေးသော သူများပြန်သွားသည်နှင့် ကျွန်တော်က အောက်ပါ  အတိုင်းမေး လိုက်ပါသည်။

" အဘ ဟိုကောင်မလေးကို လာလုပ်ပေးလိုက်တာလဲ "
" သူ့ ချစ်သူနဲ့ အဆင်မပြေလို့ လုပ်ခိုင်းလိုက်တာလေ "
" ဒါဆို အဲ့ဒီအစီအရင် က ချစ်သူနဲ့ အဆင်မပြေ သူတွေအတွက် ပေါ့နော် "
" မဟုတ်ဘူး မောင်မောင်ရဲ့  ချစ်သူနဲ့ အဆင်မပြေသူတွေရော ကိုယ့်ကိုကြည့်မရတဲ့သူတွေရော အထက်လူကြီးနဲ့ အဆင်မပြေ သူတွေအတွက်ပါ အားလုံးသုံးလို့ ရတယ် "
" အဲ့ဒါဆိုရင်ကျွန်တော့်ကို သင်ပေးပါအဘ "
" အင်းဘာမှ မခက်ပါဘူး သူတို မွေးနံပန်း(၂) မျိုးကို ပန်းအိုးတစ်အိုးထဲထည့် " ပြီးတော့ သူတို့ အညွန့် ပန်း (၂) မျိုးကိုသပ်သပ် ပန်းအိုး တစ်အိုးထဲထည့်။ ဘုရားရဲ့  ဘယ်တစ်အိုး ညာတစ်အိုးထား။ မိမိမွေးနေ့ ကစပြီး ပန်းအိုးကို လှုထားပါ။ ပြီးရင် အောက်ပါဂါ ထာကို ပုတီးတစ်ပတ် စိပ်ပါ ။ ( အရဟံ ဘဂ၀ါ သိဒ္မိအောင် ) ပုတီးစိပ်နေစဉ် ကိုယ်နဲ့ အဆင်မပြေတဲ့သူရဲ့ မျက်နှာကိုမြင်ယောင်ပြီး ကြည့်ပြီး စိပ်ပါ။ ပြီးရင်မေတ္တာပို့ ပေးပါ ။ လိုတဲ့ ဆုတောင်းပါ ။။
မွေးနံပန်းများ အညွန့် ပန်းများ
တနင်္ဂနွေ ။။ အုန်း (၆) ညွန့်  == တနင်္လာနံပန်း
တနင်္လာ ။။ ကံ့ကော် (၁၅ ) ခက် == အင်္ဂါနံပန်း
အင်္ဂါ ။။ ဇီးညွန့် ။ဇော်စိမ်း ( ၈) ညွန့်  == ဗုဒ္မဟူးနံပန်း
ဗုဒ္မဟူး ။။ ရွက်လှ ( ၁၇ ) ရွက် == ကြာသပတေးနံပန်း
ကြာသပတေး ။။ ပျဉ်းမ ။ မေမြို့ ( ၁၉ ) ခက် == သောကြာနံပန်း
သောကြာ ။။ သီဟို (၂၁ ) ရွက် == စနေနံပန်း
စနေ ။။ ဒေါန ။ ဓနိ ။ ဒါန်း (၁၀ ) ခက် == တနင်္ဂနွေနံပန်း
" ရှင်းရဲ့ လား မောင်မောင် တနင်္ဂနွေရဲ့ အညွန့်ပန်းက တနင်္လာလေ ။ ။။ ဟုတ်ကဲ့ ရှင်းပါတယ် အဘ "
"  အင်း ရှင်းတယ် ဆိုရင်လည်း မင်းဆီလာတဲ့ လာတဲ့ လူတွေကို ကူညီပေး လိုက်ပေါ့ကွာ "
အထက်ပါ အစီအရင်သည် ယုံကြည်သူများအတွက် အကျိုးပေး လိမ့်မည် ဟုသာ ပြောလိုက် ပါရစေတော့ ...
ကိုမောင်မောင်(ဆန်းသုတေသီ)
ရိုးရာလေး

No comments:

Post a Comment