Monday, June 30, 2014

ဒေါ်လာ ၁၄၅၀၀ တန်ဖိုးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး အချိုပွဲ

ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး အချိုပွဲ၏ ဈေးနှုန်း ကတော့ ဒေါ်လာ ၁၄၅၀၀ ဖြစ်ပါတယ်။ ၎င်း အချိုပွဲကို ဖန်တီးသူ ကတော့ ပြင်သစ်နိုင်ငံမှ ဖြစ်တယ် လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံ Wine ဟိုတယ်တွင် ရောင်းချခြင်း ဖြစ်ပါတယ်။
၎င်းအချိုပွဲမှာ ချိုစေတဲ့ အစားအစာ ဘာတစ်ခုမှ မပါပါဘူး။ သို့ပေမယ့် စားလိုက်ပါက အသားများကို စားရသလို ရင်ထဲကို ထိသွားတယ်လို့ သိရပါတယ်။ ၎င်းအချိုပွဲဟာ အလွန်နှုးညံ့ပြီး တန်ဖိုးကြီးမားသော ဂရင် တစ်မျိုးဖြင့် ပြုလုပ် ထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့ပြင် သရက်သီး တလည်း သီးနှင့် ချောကလက် များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
၎င်းအချိုပွဲကို မင်္ဂဆောင် များနှင့် ကံကောင်းမှု အထိန်းအမှတ် အတွက် ဝယ်ယူကြတယ်လို့ သိရပါတယ်။ ဝယ်ယူချင်တယ် ဆိုပါက ပြင်သစ်နိုင်ငံမှာ Wine ဟိုတယ်တွင် ဝယ်ယူနိုင် ပါတယ်။ ၎င်းအချိုပွဲဟာ စားကောင်းရုံတင် မက လှပသော ဒီဇိုင်းဆန်းများဖြင့် ပြုလုပ်ထားသောကြောင့် ဈေးကြီးခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လူအများအပြားလည်း နှစ်သက်ကြပါတယ်။  

ကျော်လင်းနိုင် (ရိုးရာလေး)
ရိုးရာလေး

No comments:

Post a Comment