Sunday, September 14, 2014

မန္တလေးဗကသကျောင်းသူကို လက်ပံတောင်းအမှုနဲ့ ဖမ်းဆီး

မဖြူနှင်းထွေး တုံရွာ အ၀င် ဇရပ်တွင် ဒေသခံတစ်ချို့ နှင့် အတူထိုင်ကာ တယ်လီဖုန်းဆက်သွယ်ရန် ပြုလုပ်နေစဉ်မြင်တွေ့ရပုံ။ ဓါတ်ပုံ - ThanLarWaddy Times
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ် မန္တလေး ခရိုင်အဖွဲ့ ဝင် မဖြူနှင်းထွေး ကို လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်းဒေသမှာ မေလကဖြစ်ခဲ့တဲ့ ရွာသားတွေနဲ့ တရုတ် ဝန်ထမ်း တွေရဲ့ ပဋိပက္ခ နဲ့ ပတ်သက်လို့  ရဲတပ်ဖွဲ့ က မနေ့ ကနေ့ လည်မှာ မန္တလေးမြို့ နေအိမ်ကနေ ဖမ်းဆီး ခေါ်ဆောင်သွား တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ က လက်ပံတောင်းတောင်ဒေသခံတွေ ဝမ်ဘောင်ကုမ္ပဏီက တရုတ်နိုင်ငံ သားနှစ်ဦးကို ခေတ္တထိမ်းသိမ်းခဲ့ပါတယ်။

အဲဒီကာလမှာ မဖြူနှင်းထွေးက ဒေသခံတွေနဲ့ အတူရှိနေတဲ့အတွက် သူ့ ကို ပြန်ပေးဆွဲ မှုနဲ့ တရားစွဲ ထားပြီး၊ မနေ့ ကဖမ်းသွားတဲ့အကြောင်းနဲ့  ဒီကိစ္စကို အဖွဲ့ ဝင်တွေရဲ့သဘောထား အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ့်အကြောင်း ဗကသများအဖွဲ့ ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက RFA ကိုပြောပါတယ်။

"နေ့လည် ၁၂ နာရီကျော် ၁ နာရီလောက်မှာ သူ့အိမ်ရှေ့က ရဲနှစ်ယောက်ကလာပြီးတော့ စောင့်နေတယ်၊ အပြင်ထွက်လို့မရဘူးပေါ့၊ သူအပြင်ထွက်ဖို့တော့ သူငယ်ချင်းအိမ်ကို တယ်လီဖုန်းဆက်ပြီးတော့ ကြိုးစားသေးတယ်၊ ဒါပေမယ့် သူအပြင်ထွက်လို့မရဘူး၊ သူ့တို့မှာ ဝရမ်းပါတယ်ပြေပြီးတော့ဖမ်းတယ်၊ ဖမ်းပြီးချက်ချင်း ဆားလင်းကြီးမြို့နယ် တရားရုံးမှာတရားစွဲတင်ပြီးတော့ နောက်တောင်ကျနေပြီဆိုပြီးတော့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ကို ချက်ချင်းရွေ့လိုက်တယ်ခင်ဗျ၊ ကျနော်တို့ သိရတာကတော့ ၃၆၈ ပြန်ပေးမှုလို့ပြောထားတယ်ခင်ဗျ၊ မဖြူနှင်းထွေး လွတ်မြောက်ရေး အတွက်ကို ကျနော်တို့ အတက်နိုင်ဆုံးတော့ ကြိုးစားကြည့်မယ်၊ ဥပဒေလမ်းကြောင်း အတိုင်းတော့ ကျနော်တို့ ကြိုးစားသွားဖို့ အစီအစဉ်ရှိတယ်၊ နောက်ပိုင်းဘာဆက်လုပ် မလဲဆိုတော့ ကျောင်းသားတွေဘက်က ဆန္ဒနဲ့ဆိုင်တယ်၊ ကျောင်းသားတွေဘက်က ဆုံးဖြတ်ချက်တွေနဲ့လည်းဆိုင်တယ်"

ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းနှစ်ဦးကိုရွာသားတွေဖမ်းလိုက်တဲ့ကိစ္စအတွက် ဒေသခံ ၆ ဦးနဲ့  မဖြူနှင်းထွေး ကို ပြန်ပေးဆွဲတဲ့အမှုနဲ့ တရားစွဲခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံချစ်ကြည်ရေးအရဆိုပြီး၊ တရားရုံးသွားခဲ့တဲ့ ရွာသား ၅ ယောက်ကို ဝမ်ပေါင်ကုမ္ပဏီက အမှုရုတ်သိမ်းပေးခဲ့ပါတယ်။ တရားရုံးမသွားခဲ့တဲ့ မဖြူနှင်းထွေးနဲ့ နောက်တစ်ယောက်ကို တရားခံပြေးအဖြစ်အမှုဖွင့် ထားတာဖြစ်ပါတယ်။

မဖြူနှင်းထွေးဟာ ရတနာပုံအဝေးသင်တက္ကသိုလ်မှာ မြန်မာစာအဓိကဘာသာရပ် သင်ယူနေတဲ့ ကျောင်းသူဖြစ်ပြီး၊ ကျောင်းသားသမဂ္ဂမှာတက်တက်ကြွကြွပါဝင်နေသူဖြစ်သလို၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းဒေသက မြေယာသိမ်းခံရတဲ့တောင်သူတွေအတွက်လဲ ကူညီနေသူဖြစ်တယ် လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

No comments:

Post a Comment