Saturday, July 5, 2014

အခွင့်သာတုန်း သစ်ထူးလွင် ဘလော့ဂ် အား ၀ိုင်းဆော်ချင်သူများ သိစေရန် သတင်းထုတ်ပြန်ချက်

 ယနေ့ ထုတ် ဒီမိုကရေစီတူဒေး နေ့ စဉ် သတင်းစာမှာ "မန္တလေးဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင် သတင်းဝက်ဘ်ဆိုက် မဟုတ်သည့် သစ်ထူးလွင် ဘလော့ဂ်အား ပြည်တွင်း သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ရေးသားဖော်ပြထားပါတယ်။
ဒီမိုကရေစီတူဒေး သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ရှုနိုင်ပါတယ်။


ဒီသတင်းမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီမှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ''ဒီသစ်ထူးလွင်ဘလော့ဂ်က ကျင့် ဝတ်မရှိ ဘူး။ ကော်ပီ ရိုက်ချိုးဖောက် ထားတယ်။ မီဒီယာတွေ ပင်ပင်ပန်းပန်း ကြိုးစားထားတဲ့ သတင်းတွေကို အညွန့် ခူးစားထားတဲ့အတွက် ဝင်ကြည့် တဲ့ သူ တွေ အရမ်းများပြီးတော့ နာမည်ကြီး လာတဲ့ ဝက်ဘ်ဆိုက်ဖြစ်တယ်။ ဒီ အပေါ်မှာ အကြမ်းဖက်လုပ်ရပ်ကို အားပေးတဲ့ Source တစ်ခုဖြစ်သွား တယ်။ ပြီးတော့ ဒီအကြမ်းဖက်လုပ် ရပ်ကို လုပ်လိုသူတွေက သူ့ကိုအ သုံးချတဲ့သဘောဖြစ်သွားတယ်။ ဒီ ကိစ္စမှာ သူကိုယ်တိုင်ပါပါမပါပါ အန္တရာယ်ရှိလာတာတော့အမှန်ပဲ။ ဒါကြောင့် မီဒီယာတွေအနေနဲ့ သူ တို့ရဲ့သတင်းတွေကို သုံးစွဲခွင့်မပြု တဲ့အကြောင်း တရားဝင်လှမ်းပြီး ကန့်ကွက်သင့်တယ်။ နောက် စာနယ် ဇင်းကောင်စီကိုလဲ တိုင်ကြားဖို့လို တယ်။ သက်ဆိုင်ရာရှေ့နေတွေနဲ့ လဲ တိုင်ပင်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွား လို့ရ အောင်လုပ်သင့် တယ်။ နောက် ဒီ ဘလော့ဂ်က အမေရိကန်နိုင်ငံကနေ လုပ်နေတဲ့ ဝက်ဘ် ဆိုက်ဖြစ်တဲ့ သူခိုး ဝက်ဘ်ဆိုက်ဖြစ်တဲ့အတွက် အမေရိ ကန်ဥပဒေနဲ့ လည်းငြိနေ တယ်။ အ ကြမ်းဖက်လုပ်ရပ်ကို အားပေးတဲ့ သဘောဖြစ်လာတဲ့အတွက် မြန်မာ အစိုးရအနေနဲ့ အမေရိကန် အစိုးရ ကို လှမ်းပြီး ဒီဝက်ဘ်ဆိုက်ကို ပိတ် ခိုင်းဖို့ မေတ္တာရပ်ခံသင့်တယ်''ဟု ဒီမိုကရေစီတူဒေးသို့ပြောဆိုထားတာတွေ့ ရပါတယ်။

၁။ သစ်ထူးလွင် အနေနဲ့ ပထဆုံးပြောချင်တာကတော့ မီဒီယာတွေ အနေနဲ့ မိမိတို့ သတင်းတွေကို သစ်ထူးလွင်မှ Credit ပေးပြီး ကူးယူဖော်ပြတာကို ကန့် ကွက်လိုရင် thithtoolwin9@gmail.com ကို တိုက်ရိုက် အီးမေးလ် ပို့ ပြီး ကန့် ကွက်နိုင်ပါတယ်။ ကန့် ကွက်မှုရှိလာတဲ့ မီဒီယာတွေရဲ့ သတင်းကို သစ်ထူးလွင် က ဖော်ပြပေးမှာ မဟုတ်ပါဘူး။ 

၂။ Facebook  လူမှုကွန်ယက် အင်တာနက် စာမျက်နှာကနေ သတင်းတွေ ကူးယူဖော်ပြတာ ကော်ပီ ရိုက်ချိုးဖောက် တာမဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ Facebook ဆိုတာ မိမိတို့ သတင်းတွေ လူများများ သိအောင် မျှဝေတဲ့ နေရာပါ။ 

၃။ သစ်ထူးလွင် ဟာ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်တုန်းကမှ အားမပေးခဲ့ပါဘူး။ ဒီမိုကရေနဲ့ လူ့ အခွင့်အရေး ဦးစားပေးတဲ့ သတင်းတွေကိုပဲ ကူးယူဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကောလဟာလ သတင်းတွေနဲ့ သတင်းမှားတွေကိုလည်း ဘယ်တုန်းကမှ သစ်ထူးလွင်မှာ မဖော်ပြခဲ့ပါဘူး။  အခွင့်သာတုန်း ၀ိုင်းဆော်လိုက်မယ်ဆိုတဲ့ စိတ်ဓါတ်တွေလဲ ပြုပြင်သင့်ပါတယ်။  

၎။ သစ်ထူးလွင် ဟာ ဘလော့ဂ်ဖြစ်တယ်။ အမေရိကန် ဥပဒေနဲ့ ငြိစွန်းတာ ဘာတခုမှ မလုပ်ဘူး။  တကမ္ဘာလုံးမှာ သန်းနဲ့ ချီတဲ့ ဘလော့ဂ်တွေ ရှိတယ်။ သစ်ထူးလွင်ကို သူခိုးဝက်ဆိုဒ်လို့ စွပ်စွဲမယ်ဆိုရင် - yahoo,google တွေကနေ့ နိုင်ငံတကာသတင်းတွေ တိုက်ရိုက် ဘာသာပြန် ကူးယူဖော်ပြနေတာ တရားဝင်လား ၊ တရားမ၀င်ဘူးလား ဆိုတာ ပြန်စဉ်းစား စေချင်ပါတယ်။ စွပ်စွဲတဲ့သူတွေ ကိုယ်တိုင်ရော လူမှုကွန်ယက် စာမျက်နှာတွေပေါ်က သတင်းဓါတ်ပုံတွေကို ယူသုံးတဲ့အခါ ခွင့်ပြုချက် တောင်းရဲ့ လား? သတိပြုစေချင်ပါတယ်။ 

ဘယ်လို အခက်အခဲပဲ ရှိနေပါစေ သစ်ထူးလွင် ဘလော့ဂ်ကနေ ပြည်သူ / ပြည်သားတွေ ပေးပို့ လာတဲ့ သတင်းတွေနဲ့ ပြည်သူလူထုကို အခမဲ့ ဖြန့် ဝေပေးနေတဲ့ မီဒီယာ ကြီးတွေက သတင်းတွေကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ 

သစ်ထူးလွင်


No comments:

Post a Comment