Thursday, July 3, 2014

ပြည်ပကြော်ငြာ ရိုက်ကူးရေး ဖျက်လိုက်ရသူ ခင်ဝင့်ဝါ


ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ “အိုလင်းတစ္ဆေ” ဇာတ်ကားမှာ နေတိုးနဲ့ သရုပ်ဆောင်တဲ့ ခင်ဝင့်ဝါက ဒီဇာတ်ကားမှာ အိုလင်း ဆိုတဲ့ ကောင် မလေး နေ ရာက သရုပ်ဆောင် ထားပြီး ရိုမန့်ဟာသ ဇာတ်လမ်းဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန် တက္ကသိုလ်ထဲမှာ ကျောင်းသား ဇာတ်ဝင်ခန်းတွေ ရိုက်မှာ ဖြစ်တဲ့ အတွက် မြန်မာ ဝတ်စုံတွေ စီစဉ်ထား သလို ဇာတ်ရုပ်နဲ့ လိုက်ဖက်မှု ရှိအောင် မရိုက်ခင်ကတည်းက ကြိုတင် ပြင်ဆင်ထားကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။ ဒီဇာတ်ကားက ရာသီဥတု အခြေ အနေတွေကြောင့် သတ်မှတ်ထားတဲ့ ရက် ထက် ရိုက်ရက်ကျော် သွားခဲ့ပြီး ခင်ဝင့်ဝါရဲ့ ထိုင်းမှာ သွားရိုက် ရမယ့် ကြော်ငြာ ရိုက်ကူးရေး ကိုလည်း ဖျက် လိုက် ရကြောင်း သိရပါတယ်။
ဒီအကြောင်း ကို ဒါရိုက်တာ ညိုမင်းလွင် က အောင်မြင် မှုရခါစ သရုပ်ဆောင်သစ် တစ်ယောက် အနေနဲ့ ခင်ဝင့်ဝါရဲ့ ရုပ်ရှင် အပေါ်မှာ ထားတဲ့ တန်ဖိုး ကို လေးစားစွာ အသိအမှတ်ပြုကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ ရေး ထား တာ တွေ့ရတာကြောင့် ပြည်ပကြော်ငြာ ရိုက်ကူးရေး ဖျက်လိုက်ရပုံ ကို ခင်ဝင့်ဝါ ကို မေး ကြည့်တော့ …
“ဒီကိစ္စက ဘယ်သူ့ ကိုမှလည်း အပြစ်တင်လို့ မရဘူး။ ရာသီဥတု အခက် အခဲတွေရော ၊ ကိုယ့် လိုအပ်ချက် လည်း ရှိတယ်။ ကိုညိုက အခုလိုပြောတဲ့ အတွက် လည်း ကျေး ဇူး တင်ပါ တယ်။ ညီမကလည်း ကိုယ်လုပ် တဲ့အလုပ် တစ်ခုကို ပြီးမြောက် ပြီးတော့မှ ဒီဘက် အလုပ် စိတ် ချလက်ချဖြစ်မှ ဟိုဘက် အလုပ်ကို စိတ်ချမ်းချမ်းသာသာနဲ့ အကောင်းဆုံး လုပ်နိုင်မှာလေ။ ဒီ ဘက် မပြီးပြတ်သေးဘဲနဲ့ ဟိုဘက် လည်းမသွားချင်ဘူး။ ဒီဘက်မှာ အကောင်းဆုံး လုပ်ပြီးတော့မှ ဟိုဘက် အလုပ်ကို ရွှေ့ လိုက်လို့ ရရင် ရွှေ့လို့ရ၊ ရွှေ့လို့ မရတော့ လည်း cancel လုပ်လိုက်ရတာပါ”လို့ ပြောပါတယ်။
ခင်ဝင့်ဝါက ဒီ ဇာတ်ကားပြီးရင် ရွှေစင်ဦး ထုတ်လုပ်ရေး နဲ့ ရိုက်ကူးဖို့ ရှိပြီး နေတိုး၊ မိုးဟေကို တို့နဲ့ သရုပ် ဆောင် မှာဖြစ်ကြောင်း သိရပါတယ်။ သရုပ်မ ဆောင် တတ်ခင်မှာ ဇာတ်ရုပ်တွေ လုပ်နိုင်ပါ့မလား ဆိုတဲ့ စိတ်ဖြစ်မိပြီး နောက်ပိုင်း ဇာတ်ကားတွေ ဆက်တိုက် ရိုက်လာတဲ့ အခါမှာ အတွေ့ အကြုံတွေ ရလာကာ လိုအပ်ချက်တွေ ကို ဖြည့်စွက်ပြီး ပိုအား စိုက်ရကြောင်း၊ ဇာတ်ရုပ်တွေတိုင်း ကတော့ စိန်ခေါ်မှုတွေ ပဲ ဖြစ် ပြီး ပရိသတ် အတွက် အကောင်း ဆုံးကြိုးစား သွား မှာဖြစ်ကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။ 

Popular News

No comments:

Post a Comment