Wednesday, August 29, 2012

ပုဂ္ဂိုလ် ရေး နဲ့ နိုင်ငံရေး

ပန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ ပုဂ္ဂိုလ်ရေးတွေ အဖွဲ့အစည်းတွေ အကြောင်းမရေးဖို့ မကြာခဏ စာတစ်တန်ပေတစ်တန် ညွှန်ကြားချက်တစ်တန် လုပ်လေ့ရှိပါတယ် ။ အဲဒီအခါမှာ အချို့ လူငယ် လူကြီးတွေ ရဲ့ စိတ်ထဲမှာ စွဲနေတာကတော့ ပုဂ္ဂိုလ်ရေးတွေအကြောင်း ဟာ လုံးဝ မရေးသင့်တဲ့ အရာလို့ ထင်လာပါတော့တယ် - အမှန်က မရေးသင့်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စ ဆိုတာက သီးသန့်ရှိပါတယ် ။ အဲဒါကတော့ - ဥပမာ နေမျိုးဝေ ဂျပု - အရပ်က ငါးပေတောင်မပြည့်ဘူး ခွေးပစ်တဲ့ဒုတ်လောက်ဘဲရှိတယ် ။
ဗိုက်ကိုကြည့်ပါလား ဘီယာဗိုက် ဘယ်လောက်စားထားသလဲမသိဘူး အော်ရင် အသံဗြဲကြီးနဲ့ - - - စသဖြင့် သူ့မိန်းမလုပ်စာထိုင်စားနေတာလေ - - - စသဖြင့် ရေးသားခြင်းဟာ မရေးသင့်တဲ့ပုဂ္ဂိုလ်ရေးဖြစ်ပါတယ်

နေမျိုးဝေ ပြောတဲ့ ပြည်ထောင်စုစနစ်ဆိုတာ လုံးဝမမှန်ကန်ကြောင်း - သူပြောသလိုဆိုရင် တိုင်းရင်းသားတွေဘက်က နစ်နာနိုင်ကြောင်း

နေမျိုးဝေ တင်ပြတဲ့ ကျေးလက်ပညာရေး စနစ် ဆိုတာ လုံးဝမဖြစ်နိုင်ကြောင်း ဘာလို့လည်းဆိုရင် ---- စသဖြင့် နေမျိုးဝေ ၏ အမည်နာမ ကို တပ်ပြောသော်လည်း ပုဂ္ဂိုလ်ရေး လုံးဝမဟုတ်ပါ

နေမျိုးဝေ ဟာ ဘယ်နေ့ဘယ်ရက်က ဘယ်သူ လှူဒါန်းတဲ့ ငွေကို သူပြောတဲ့နေရာမျာ မသုံးဘဲ ဘီယာသောက်ပြစ်လိုက်တယ် -- စသဖြင့် ဝေဘန်တာမျိုးဟာ ပုဂ္ဂိုလ်ရေးမဟုတ်ပါဘူး

ပြောကို ပြောမှ ရမဲ့ ကိစ္စတွေဖြစ်ပါတယ် - - -

ပီဒီပီ ကတင်ပြတဲ့ မြေယာဥပဒေအတိုင်းသာ သွားမယ်ဆိုရင် တိုင်းပြည်ဂျောက်ထဲကျနိုင်တယ် ဘာလို့လည်းဆိုရင် ပုဒ်မ ဘယ်လောက်မှာ ပြဆိုထားတဲ့ ဘယ်ဟာကြောင့် ဖြစ်တယ် စသဖြင့် ဝေဖန်တာဟာ အဖွဲ့အစည်းတွေကို ဝေဖန်တာမဟုတ်ပါ ရေးသင့်တဲ့ စာမျိုးဖြစ်ပါတယ်

ဒါမျိုးတွေမှ ရေးလို့မရရင် တာဝန်ရှိနေတဲ့သူတွေ / အများ နဲ့ သက်ဆိုင်သူတွေကို ဘယ်လို ထိန်းကျောင်းနိုင်ပါမလဲ

အခု သဘောထားကို ၀ိုင်းဝန်းဝေဖန်ကြပါ ။ လွတ်လပ်စွာ ဆွေးနွေးရေးသားကြပါခင်ဗျား

နေမျိုးဝေ

No comments:

Post a Comment