Thursday, August 30, 2012

ရန်ကုန်မြို့ ယုဇနကုမ္ပဏီရုံးချုပ် ယုဇနဟိုတယ်ရှေ့ မှာ ဒီကနေ့ တောင်သူတွေဆန္ဒမပြခင် ဦးဌေးမြင့်က ဦးဆောင်ဆန္ဒပြမယ့် ဒေါ်ဘောက်ဂျာနဲ့ မနေ့က ညပိုင်းက တွေ့ဆုံ


ကချင်ပြည်နယ် အနောက် မြောက်ပိုင်းက ဟူးကောင်း ချိုင့်ဝှမ်းဒေသမှာ လယ်ယာမြေဧက (၂) သိန်းကျော် အဓမ္မသိမ်းယူထားတဲ့ ယုဇနကုမ္ပဏီ ပိုင်ရှင် ဦးဌေးမြင့်ကနေ လက်ရှိ တရားစွဲဆိုထား တဲ့ ဒေသခံတောင်သူတွေ
ရဲ့ လယ်ဧက (၃၀၀၀) ၀န်းကျင်ကိုသာ ပြန်လည်ပေးမယ်လို့
ပြောဆိုကြောင်း ကိုယ်တိုင်ဆွေးနွေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစ
ပါတီရဲ့ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာက ပြောပါတယ်။


တရားစွဲဆိုထားတဲ့တောင်သူတွေရဲ့ လယ်မြေတွေကို ပြန်ပေးပေမယ့် သီးနှံတွေနှစ်နာဆုံးရှုံးသွားတဲ့ လျှော်ကြေးကိုတော့ တရားရုံးကချမှတ်တဲ့
အတိုင်းပဲပြန်ပေးဖို့ ဦးဌေးမြင့်က ပြောခဲ့တယ်လို့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့
ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ရန်ကုန်မြို့ ယုဇနကုမ္ပဏီရုံးချုပ် ယုဇနဟိုတယ်ရှေ့ မှာ ဒီကနေ့
တောင်သူတွေဆန္ဒမပြခင်မှာ ဦးဌေးမြင့်က ဦးဆောင်ဆန္ဒပြမယ့်
ဒေါ်ဘောက်ဂျာနဲ့ မနေ့က ညပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ တာပါ။

ယုဇနကုမ္ပဏီကို ဒေသခံတောင်သူတွေက (၂၀၁၀)ခုနှစ်ထဲက တရား
စွဲဆိုခဲ့တာမှာ ကချင်ပြည်နယ် တရားရုံးက တစ်ဧကကို ကျပ်ရှစ်သောင်း
ပဲပေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် တောင်သူတွေက အခု အယူခံ ဝင်ထားတယ်လို့ သိရတယ်။

ယုဇနကုမ္မဏီဟာ (၂၀၀၆)ခုနှစ်ထဲက ဟူးကောင်းဒေသ ဖွံဖြိုးရေး
စီမံကိန်းကို အကြောင်းပြပြီး အဓမ္မအလုပ်စေခိုင်းတာ၊ ကျွန်းသစ်တွေနဲ့ တခြားတန်ဖိုးရှိ သစ်ပင်တွေကို ခိုးထုတ်တာအပြင် (၂၀၀၇)ခုနှစ်မှာ လယ်မြေဧကတွေ သိမ်းယူခဲ့ပါတယ်။

ဟူးကောင်းချိုင့်ဝှမ်းဒေသဟာ မြန်မာနိုင်ငံရဲ့ သစ်တောဧရိယာ အများဆုံးဒေသဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ရှားပါးသတ္တ၀ါတွေပေါများ
ပါတယ်။
copy from RFA burmese

No comments:

Post a Comment