Thursday, August 30, 2012

နိုင်ငံတော်အတွက် စပါးထက် ငါးက ပိုအရေးကြီးနေသလားဟု လယ်သမားများသုံးသပ်နေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးမြို့နယ်အတွင်း မိုးအဆက်မပျက်ရွာသွန်းမှုများကြောင့် လယ်ယာမြေများ ရေကြီးနစ်မြုတ်ရသည့်အပြင် ချိန်းချောင်းနှင့် ရေနုတ်တူးမြောင်းများတွင်း ငါးဖမ်းဆည်ကြီးများကို ရေတံခါးကြီးများသဖွယ် တည်ဆောက်ထားသဖြင့် ရေစီးရေလာပိတ်ဆို့ပြီး အနီးဝန်ကျင်ရှိ လယ်ယာမြေများရေကြီးနစ်မြုတ်၍ ပျက်ဆီးဆုံးရှုံးရကြောင်းသိရှိရသည်။

 “ ဟုတ်ကဲ့၊ ကျွန်တော်တို့လယ်သမားတွေ ဒီလိုရေကြီနစ်မြုတ်ဒဏ်ကို ခံစားလာရတာ နှစ်စဉ်နှစ်တိုင်းပါ၊ အဓီကပြဿ နာကတော့ ဒီငါးဖမ်းဆည်တွေကြောင့်ပေါ့၊ ချိန်းချောင်းနှင့် ရေနုတ်မြောင်းတွေကို အင်းသူကြီးတွေက ပိတ်ဆို့ပြီး ငါးလုပ်ငန်းတွေလုပ်တယ်၊ မိုးရွာသွန်းမှုများတဲ့အခါ လယ်ယာမြေထဲကရေတွေ ချောင်းထဲမစီးတော့ဘူး၊ ထွက်ပေါက်ပိတ်ပြီး ရေကြီးရေလျှံမှုတွေဖြစ်လာတယ်၊ အဲဒီမှာ ကျွန်တော်တို့ စိုက်ပျိုးထား တဲ့ စပါးပင်တွေဟာ(၇)ရက်ကျော်လို့မှ ရေမကျလျှင် သေကုန်တာပဲ၊ မနှစ်ကလည်း ဒီလိုရေကြီးမှုတွေကြောင့် လယ်ယာမြေတွေပျက်ဆီးဆုံးရှုံးရပြီး နိုင်ငံတော်က(၂)ခါပြန်ထုတ်ချေးပေးတဲ့ စိုက်ပျိုးစားရိတ်ကို ပြန်မဆက် နိုင်ခဲ့ဘူး၊ မနှစ်ကစိုက်ဘဏ်အကြွေးကို ဒီနှစ်စိုက်ဘဏ်ထုတ်ချေးငွေနဲ့ စိုက်ဘဏ်မန်နေဂျာက လှယ်ပေး လိုက်လို့ တော်သွားသေးတာပေါ့၊ ဒါပေမယ့် ဒီငါးဖမ်းဆည်ကြီးတွေ မဖယ်ရှားသရွေ့တော့ ကျွန် တော်တို့ တောင်သူ လယ် သမားတွေ ရှေ့ဆက်ဒုက္ခရောက်ဦးမှာပါ၊ ကျောပြောင်ဘ၀ကနေ ကျောမွဲ ဘ၀သို့ ရောက်ရှိရမည့် အခြေ အနေဖြစ်နေပါသည်”ဟု တောင်သူလယ်သမား ဦးအေးလွင်မှ ပြောပါသည်။ 
 ညောင်လေးပင်မြို့နယ်အတွင်းရှိ တော်ပသီကျေးရွာအုပ်စု၊ မုက္ခမူကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာအုပ်စု အစရှိ သည့် ကျေးရွာအုပ်စု (၁၁)အုပ်စုရှိ လယ်သမားများမှာ ငါးလုပ်ငန်းဦးစီးဌာနမှ လေလံစနစ်ဖြင့် ချထားပေးသော မျဉ်းဝင်းဆည်များနှင့်ငါးအင်းများကြောင့် လယ်ယာမြေဧက(၁၀၀၀၀)ကျော်ရေကြီးနစ်မြုတ်ကြရသဖြင့် နိုင်ငံတော်မှ စပါးထက် ငါးက ပိုအရေးကြီးနေသလားဟုပင် ဒေသခံလယ်သမားများသုံးသပ်နေကြောင်း တင်ပြလိုက်ရပါသည်။

 အဖေ့သား(ပဲခူး)

No comments:

Post a Comment