ရန်ကုန်၊ သြဂုတ် ၂၈
မြန်မာနိုင်ငံ၏ လွှတ်တော်သုံးရပ်အနက် တစ်ခုဖြစ်သော အမျိုးသား လွှတ်တော်၏ ကော်မတီ တစ်ရပ်ဖြစ်သည့် ပြည်သူတို့၏တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက မီဒီယာနှင့် ပတ်သက်၍ တိုင်ကြားစာ အပေါ် ပထမဆုံး ကြားနာမှုကို သြဂုတ်လ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်တွင်း ဂျာနယ် တာဝန်ရှိသူများသို့ အကြောင်းကြားမှုအရ သိရသည်။

ယင်းနေ့တွင် ပြည်တွင်းဂျာနယ်များမှ အယ်ဒီတာချုပ် (သို့) တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာ ၂ ဦးစီ တက်ရောက်ရန် အသိပေးထားကြောင်းလည်း ၎င်းတို့က ပြောကြားသည်။
“ဒါဟာ အမျိုးသား လွှတ်တော်ရဲ့ ကော်မတီ တစ်ရပ် အနေနဲ့ ချက်ခြင်း အရေးယူ ဆောင်ရွက်တဲ့ သဘော’’ဟု ပြည်တွင်း သတင်းဂျာနယ် တစ်ခုမှ အယ်ဒီတာချုပ် တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။
၂၀၁၂ခုနှစ် သြဂုတ်လ ဒုတိယပတ် အတွင်းက သတင်းလွတ်လပ်ခွင့် နှင့် မီဒီယာ ဥပဒေ အပေါ် အဆိုပါ လွှတ်တော်ကော်မတီသို့ ပြည်တွင်း မီဒီယာသမားများ စုပေါင်း လက်မှတ်ထိုးကာ တိုင်ကြားခဲ့ကြောင်း ဗီးနပ် သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာက ပြောကြားသည်၊
“ဒိကိစ္စ ကောင်းပါတယ်၊ လွှတ်တော်အနေနဲ့ သတင်းမီဒီယာအပေါ် အလေးထားမှုကို ပြတဲ့ သဘော ဖြစ်စေတယ်’’ဟု ၎င်းကဆိုသည်။ ယင်းကြားနာမှုကို အမျိုးသားလွှတ်တော်ရှိ အခန်းအမှတ် I-18 တွင် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားချက်အရ သိရသည်။
news from>>http://
No comments:
Post a Comment