Monday, August 27, 2012

ပထမဆုံး အမျိုးသမီး ပြည်ထောင်စု ဝန်ကြီး ထွက်ပေါ်မည်လော


 ၂၇-၈-၂၀၁၂ ညပိုင်း လစ်လပ်နေသော ပြည်ထောင်စုဝန်ကြီးရာထူးများနှင့် စိတ်ဝင်စားဖွယ်ရာ ကောင်းသော အရွှေ့ပြောင်း ဖြစ်နိုင်ခြေများကို သုံးသပ်ကြည့်ရာ-

၁။ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ၂နေရာ ယူထားသော ဦးကျော်ဆန်းအား သမဝါယမ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး သမိုင်းစာရေးဆရာနှင့် တော်ဝင်မိသားစု Official Historian ဖြစ်သူ လွတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ (မောင်သန်းဆွေ၊ ထားဝယ်)ကို ယဉ်ကျေးမှု ဒုဝန်ကြီးအဖြစ် လက်ရှိ ဒေါ်စန္ဒာခင်နှင့် အတူ ခန့်ထားလိုက်ပါသည်။ သို့ဖြစ်ရာ လက်ရှိ ယဉ်ကျေးမှုဒုဝန်ကြီး ဒေါ်စန္ဒာခင်သည် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး ဖြစ်လာမလားဟု စောင့်ကြည့်စရာ ဖြစ်လာပါသည်။


၂။ အမျိုးသားစီမံကိန်း ဝန်ကြီးဌာနတွင် ဒုဝန်ကြီး သုံးဦးရှိနေရာ ယခင်ရှိပြီးသား ဒေါက်တာကံဇော်သည် ပြည်ထောင်စုဝန်ကြီး ဖြစ်လာမည်လားဟု စောင့်ကြည့်စရာ ဖြစ်ပါသည်။ သို့မဟုတ် လေးဦးဖြစ်နေသော သမ္မတရုံးဝန်ကြီးများထဲမှ တစ်ဦးဦး ရွှေ့ပြောင်းတာဝန် ထမ်းမည်လော။

၃။ ဝန်ကြီးတစ်ဦး၊ MD တစ်ဦး၊ ညွှန်ချုပ်တစ်ဦးဖြင့်သာ ရပ်တည်ခဲ့သော ဆက်သွယ်ရေးဝန်ကြီးဌာနသည် လွန်ခဲ့သော လေးနှစ်ခန့်ကသာ ဒုဝန်ကြီးတစ်ဦးကို စတင်ခန့်ထားခဲ့ရာမှ ယခု ဒုဝန်ကြီး ၂ဦး ဖြစ်နေသည့် အတွက် ဝန်ကြီးနှင့် ဒုဝန်ကြီးများပေါင်း သုံးဦးထဲမှ တစ်ဦးမှာ ရွေ့ပြောင်းမည်လားဟု စောင့်ကြည့်စရာ ဖြစ်ပါသည်။

၎။ သမ္မတရုံးတွင် ဝန်ကြီးလေးဦး ထားရှိခြင်းသည်မှာလည်း ယာယီဟု ယူဆရပြီး ၎င်းတို့အား သီးခြားတာဝန်များ ထပ်မံပေးအပ်မည်ဟု ထင်ရပါသည်။ ဥပမာ - ဘဏ္ဍာအခွန်ဝန်ကြီးဌာနအောက် မဟုတ်သော ဗဟိုဘဏ်အကြီးအကဲ ရာထူး၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ငြိမ်းချမ်းရေးကော်မရှင်၊ လူမှုစီးပွားကော်မရှင်။
 
အဘငြိမ်း

No comments:

Post a Comment