Tuesday, August 28, 2012

ပူတာအိုမြို့ တွင်သံဃာတော် များဆန်မရောင်းပါ

 
ဖားကန့်မြို့နယ်သံဃာတော်များ၏ မဟာတဏ္ဌုလဒါန အလှူတော်အဖြစ် ဖားကန့်မြို့နယ်သံဃနာယကအဖွဲ့၏ စီမံမှုဖြင့်ဆန်းကြွယ်ဆရာတော်ဦးက၀ိသာရ(မဟာသဒ္ဓမ္မဇောတိကဓဇ)ဦးဆောင်သောသံဃာတော်များသည်
ဆန်ပြတ်လပ်မှုပြဿနာနှင့်ကြုံတွေ့နေရသော ကချင်ပြည်နယ်ပူတာအိုမြို့သို့သြဂုတ်လ(၂၄)မှ(၂၇)ရက်နေ့ထိလေယာဉ်နှစ်စီးဖြင့်ဆန်အိတ်(၂၂၀)အိတ်၊သင်္ကန်းအစုံ(၉၀)၊ ငါးပိ၊ငါးခြောက်၊ဆေးဝါးစသည့်စားသောက်ဖွယ်ရာမျိုးစုံကိုကိုယ်တိုင်သွားရောက်လှူဒါန်း ဝေငှပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။
ထိုသို့လှူဒါန်းရာတွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာပေါင်း(၂၅)ရွာ၊ဘုန်းတော်ကြီးကျောင်း(၃၂)ကျောင်း၊သီလရှင်ကျောင်း(၁)ကျောင်း၊ဘကကျောင်း(၁)ကျောင်းရှိလူဦးရေစုစုပေါင်း
(၆၃၂၇)ဦးထံသို့ကိုယ်တိုင် အခမဲ့ပေးဝေခဲ့ကြောင်းသိရှိရပါသည်။လှူဒါန်းခဲ့သောပစ္စည်းများ၏ ကာလတန်ဘိုးမှာ (၁၆၅)သိန်းဖြစ်ပါသည်၊လူတစ်ဦးလျှင်နို့ဆီဗူး(၅)ဗူး၊အချို့ခက်ခဲသောဒေသများတွင်နို့ဆီဗူး(၈)ဗူးပေးဝေခဲ့ကြောင်းသိရှိရပါသည်။ယခုဆန်လှူဒါန်းမှုမှာ ယာယီဖြေရှင်းနိုင်သော်လည်း ခက်ခဲနေဦးမှာဖြစ်ကြောင်းဆရာတော်မှရှင်းပြပါသည်။ထိုသို့ပေးလှူခဲ့ခြင်းအပေါ်နိုင်ငံပိုင်မီဒီယာဖြစ်သော၂၆.၈.၂၀၁၂ရက်နေ့ထုတ်ဝေသောကြေးမုံ သတင်းစာတွင် ဆန်အိတ်များကိုဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေပေးသွားမည်ဟု ရေးသားဖော်ပြခဲ့ပါသည်။ထိုသို့ရောင်းချခြင်းသည် ပြည်နယ်အစိုးရနှင့်ဌာနဆိုင်ရာမှသာဖြစ်ပြီး သံဃာတော်များမှာအခမဲ့ ပေးဝေခဲ့ခြင်းဖြစ်ကြောင်းဆရာတော်မှ ပြောကြားခဲ့ပါသည်။ အလှူရှင်များသာဓုခေါ်နိုင်ကြပါစေ..

ငြိမ်းချမ်း(MPA)
 copy from http://www.hotnewsweekly.com

No comments:

Post a Comment