ဧရာဝတီတိုင်းတွင်တွေ
့ကြုံခံစားနေရသောရေဘေးသင့်ပြည်သူများအတွက်
ကူညီထောက်ပံ့နိုင်ရန်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂမှ
ကျောင်းသားလူငယ်များစုပေါင်း၍ (၂၆.၈.၂၀၁၂)နေ့ မှစတင်ကာ
အများပြည်သူစည်ကားသောမြေနီကုန်း ဒဂုံစင်တာတွင်အလှူခံလျက်ရှိသည်။ထိုသို
့အလှူခံရာတွင်ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်၊ရေကြောင်းတက္ကသိုလ်၊
နည်းပညာတက္ကသိုလ်(သန်လျင်) သမ၀ါယမကောလိပ်တို့ မှကျောင်းသားကျောင်းသူ
၃၇ဦးတို့ သည်အလှူခံပုံးများ၊ဖလားများနှင့်အတူဖျော်ဖြေရေးအဖွဲ
့လည်းပါဝင်ကာ ပြည်သူများ အလွယ်တကူပါဝင်လှူဒါန်းနိုင်ရန်ဈေးများ၊
ပလာဇာများ၊စင်တာများသို့ သွားရောက်အလှူခံမည်ဟု သတင်းရရှိသည်။
“ကျွန်တော်တို့ အနေနဲ့ အလှူငွေ(၁၀)သိန်းလောက်အထိ ရနိုင်ဖို
့မျှော်မှန်းထားပါတယ်၊မနေ
့ကစပြီးအလှူခံထွက်တာ(၂)သိန်းကျော်ရပြီ၊ကျွန်တော်တို့ 
မှန်းထားတဲ့(၁၀)သိန်းရပြီဆိုရင်
ကိုယ့်စရိတ်ကိုယ်သုံးပြီးကိုယ်တိုင်ကိုယ်ကြသွားရောက်လှူဒါန်း
ကြမှာပါ။ဟသာင်္တမြို့ နယ် ဗ.က.သ ကသိန်း(၂၀)ရပြီလို
့သိရတယ်။မြောင်းမြခရိုင်လူငယ်ကွန်ရက်နဲ့ ဗ.က.သ ကလည်း(၃၂)သိန်းရပြီလို
့ကြားရတယ်။ ကျွန်တော်တို့ အဖွဲ့ အနေနဲ့ ဈေးတွေ၊စင်တာတွေရဲ
့အပြင်ဘက်ကပဲအလှူခံပါတယ်။ စေတနာရှင်ပြည်သူတွေကတော့အလှူခံပုံးထဲ
အရောက်ထည့်ပြီးလှူဒါန်းကြပါတယ်”ဟု
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂဗဟိုလုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး
ကိုမင်းသွေးသစ်မှပြောကြားသည်။
မိုးမြင့်ဆွေ
No comments:
Post a Comment