Thursday, August 30, 2012

သာသနာ့နယ်မြေအတွင်းသို့ လုပ်ငန်းရှင်တစ်ဦးမှ အတင်းအဓမ္မကျူကျော်ဝင်ရောက်


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးစံပြကျေးရွာ၊ ရှမ်းစုရပ်ကွက်၊ ဗူးနက်ကုန်းတောရကျောင်းတိုက်၏ သာသနာ့နယ်မြေအတွင်းသို့ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ကြည်ဆိုသူမှ တပ်မ(၇၇)တပ်ရင်း အားကိုယ်းဖြင့် အတင်းအဓမ္မကျူးကျော်ဝင်ရောက်ပြီး နွားတဲများတည်ဆောက်ခြင်းနှင့် နွားများလွှတ်ကျောင်းခြင်းတို့ပြုလုပ်
နေ   ကြောင်း သိရှိရသည်။


အချင်းဖြစ် ဗူးနက်ကုန်း(တောရ)ကျောင်းတိုက်သည် မြို့နယ်မြေစာဦးစီးဌာနနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများမှ လက်မှတ်ရေးထိုးပြီး သာသနာ့နယ်မြေအဖြစ် တရားဝင်ခွင့်ပြုချက်ချထားသော ဘုန်းကြီး ကျောင်း ဖြစ်ပါသည်။ ပြီးခဲ့သည့် သြဂုတ်လ (၇)ရက်နေ့တွင် ပဲခူးမြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ရွှေ ရည်ဦး (စားသောက်ဆိုင်ပိုင်ရှင်) ဦးအောင်ကြည်ဦးစီးသောအဖွဲ့(၁၅)ယောက်တို့သည် ကျောင်းထိုင်ဆရာတော် ဦးဧ ကသီ ရန်ကုန်မြို့၊ သံဃာဆေးရုံကြီးတွင် ဆေးစစ်ဆေးယူကြွသွားစဉ် ဆရာတော်၏ ခွင့်ပြုချက်မရဘဲ သာသနာ့ နယ်မြေပိုင်အတွင်းသို့ ကျူးကျော်ဝင်ရောက်၍ ကျောင်းဓမ္မာရုံ၏ ကိုက်(၅၀)အတွင်း၌ မြောက်ဘက်တွင် တဲ(၁)တဲ၊ အနောက်ဘက်တွင် တဲ(၁)တဲ ပေါင်း(၂)တဲ ထိုးကာ နွားအကောင်ရေ(၃၀)ခန့်ကိုထားရှိပြီး နွားများကို ကျောင်းဝန်းအတွင်းသို့ လွှတ်ကျောင်းလျှက်ရှိကြောင်း သိရှိရသည်။
“ဦးဇင်းခရီးကပြန်လာတော့ ဦးအောင်ကြည်၏ မန်နေဂျာ နန္ဒဇော်ကို ကျောင်းကန်ဘုရားနှင့် သာသ နာ့နယ်မြေအတွင်း နွားများနှင့် နွားတဲများမထားသင့်ကြောင်း၊ နွားနှင့်တဲများကို ပြန်လည်ဖယ်ရှားပေးရန် မေ
တ္တာ ရပ် ခံပြီး ပြောခဲ့တယ်၊ သူတို့ကမဖယ်ပေးသည့်အပြင် ဦးဇင်းကို စစ်တပ်နှင့်ရဲခေါ်လာပြီး ခြံစည်း ရိုးလာ ခက် မည်ဟု ခြိမ်ခြောက်ပြောဆိုတယ်၊ ဘုန်းကြီးကျောင်းဧရိယာအတွင်းကို ဦးအောင်ကြည်ဆိုသူက တပ်မ(၇၇)တပ်ရင်းမှ ဗိုလ်ကြီးတွေ ခေါ်ခေါ် လာတယ်၊ ဦးဇင်းတို့ကို ခြိမ်းခြောက်တဲ့သဘောပေါ့၊ တိုင်ချင်ရာတိုင်၊ ဘယ်သူမှဂရုမစိုက်ဘူး၊ ဒီမြို့မှာ သူလုပ် ချင်တာ အ ကုန်ဖြစ်တယ်”ဟု ဦးအောင်ကြည်ဆိုသူမှ ပြောကြားခဲ့ကြောင်း ဆရာတော်ဦးဧကသီမှ တွေ့ကြုံခဲ့ရသော အဖြစ် အပျက်များကို မိန့်ကြားခဲ့ပါသည်။
လုပ်ငန်းရှင်တစ်ဦးဖြစ်သည် ဦးအောင်ကြည်သည် ပဲခူးမြို့နယ်၊ ဘုရားကြီးကျေးရွာအထိ လယ်ယာမြေမျာကို လိုက်လံဝယ်ယူ၍ ငါးကန်များတူကာ ငါးမွေးမြူခြင်း၊ ကျွဲနွားများမွေးမြူခြင်း၊ ပဲခူးမြို့ တပ်မ(၇၇)တပ်ရင်းရှေ့တွင် (ရွှေရည်းဦး) ကာရာအိုကေစားသောက်ဆိုင်ဖွင့်ထောင်စားခြင်း၊ နေအိမ်၌ (ဇေယျဝတီ)အရက်ချက်စက်ရုံတည် ထောင်ထားခြင်းလုပ်ငန်းများနှင့် ကြီးပွားချမ်သာနေသူ တစ်ဦးဖြစ်ပါသည်။ အရာရာကိုငွေအားဖြင့်ဖိ၍ ခိုင်စေနိုင် သောကြောင့် အားလုံးကကြောက်ကြရပါသည်။ သာသနာ့နယ်မြေ လန(၃၉) ကျပြီးသား (၄.၂၀)ဧက ရှိသော ဗူးနက်ကုန်း(တောရ)ကျောင်းတိုက်ကိုလည်း ဆရာတော်ဦးဧကသီမှ မရောင်းသဖြင့် ယခုလို တပ်မ(၇၇)တပ် ရင်း၏ အရှိန်အ၀ါကို အသုံးပြုကာ သာသနာ့နယ်မြေအတွင်း အတင်းအဓမ္မ၀င်ရောက်ကျူးကျော်ခဲ့ခြင်းဖြစ်ပါ သည်။ ကျောင်ထိုင်ဆရာတော် ဦးဧကသီးမှ သက်ဆိုင်ရာ အစိုးရဌာနအသီးသီး တိုင်ကြားခဲ့သော်လည်း ယ နေ့အချိန်အထိ လာရောက်ဖြေရှင်းပေးခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။
(NLM)

No comments:

Post a Comment